Isaías 21

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ဤ​ဗျာ​ဒိတ်​တော်​သည်​ဗာ​ဗု​လုန်​နှင့်​သက်​ဆိုင် သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။
1 Oráculo do deserto marítimo. Como um furacão desencadeado do meio-dia, assim vem isto do deserto, de uma terra horrível.
2 ရက်​စက်​ကြမ်း​ကြုတ်​မှု​များ၊ သစ္စာ​ဖောက်​မှု နှင့်​သုတ်​သင်​ဖျက်​ဆီး​မှု​တို့​ကို​ဗျာ​ဒိတ် ရူ​ပါ​ရုံ​တွင်​ငါ​မြင်​ရ​ပြီ။
2 Uma visão sinistra me foi revelada: O salteador rouba, o destruidor devasta. Arroja-te, ó Elão, assaltai, ó medos; não tenhais piedade.
3 ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​မြင်​ရ​ကြား​ရ​သော​အ​မှု အ​ရာ​များ​ကြောင့် ငါ​သည်​သား​ဖွား​သည့်​အ​မျိုး သ​မီး​သ​ဖွယ်​ထိတ်​လန့်​၍​ဝေ​ဒ​နာ​ခံ​ရ​၏။-
3 Por essa causa tenho os rins atenazados, e sou tomado de dores como uma mulher no parto. Atordoa-me o sofrimento, cega-me o terror;
4 ငါ​၏​ဦး​ခေါင်း​သည်​ချာ​ချာ​လည်​လျက်​ငါ သည်​ကြောက်​စိတ်​ဖြင့်​တုန်​လှုပ်​၍​နေ​၏။ ငါ သည်​ညဥ့်​ဦး​ယံ​ကို​တမ်း​တ​လျက်​နေ​ခဲ့​၏။ သို့​ရာ​တွင်​ထို​အ​ချိန်​သည် ငါ့​အား​ထိတ်​လန့် မှု​ကို​ဖြစ်​စေ​သည်​မှ​တစ်​ပါး​အ​ဘယ်​သို့ မျှ​မ​ပြု။
4 minha razão desvaira, o terror me invade, e o crepúsculo desejado causa-me espanto.
5 ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ည​စာ​စား​ပွဲ​ကြီး​တစ် ခု​အ​သင့်​ပြင်​ဆင်​ထား​သည်​ကို​ငါ​မြင်​ရ​၏။ ဧည့်​သည်​တို့​ထိုင်​ရန်​အ​တွက်​ကော်​ဇော​များ ကို​ခင်း​ထား​လေ​သည်။ သူ​တို့​သည်​စား​သောက် လျက်​နေ​ကြ​စဉ်``တပ်​မှူး​တို့၊ သင်​တို့​၏​ဒိုင်း​လွှား များ​ကို​အ​သင့်​ပြင်​ကြ​လော့'' ဟူ​သော​အ​မိန့် တော်​တစ်​ရပ်​ရုတ်​တ​ရက်​ထွက်​ပေါ်​၍​လာ​၏။
5 Põem a mesa, estendem o tapete, comem e bebem... Alerta, capitães! Untai o escudo.
6 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``သင် သွား​၍​ကင်း​စောင့်​တစ်​ဦး​ကို​ချ​ထား​ပြီး လျှင် သူ​တွေ့​မြင်​ရ​သည့်​အ​ရာ​များ​ကို အ​စီ​ရင်​ခံ​ရန်​မှာ​ကြား​လော့။-
6 Porque o Senhor me disse: Vai postar uma sentinela! Que ela te anuncie o que vir!
7 အ​ကယ်​၍​နှစ်​ယောက်​တစ်​တွဲ​နှစ်​ယောက်​တစ်​တွဲ မြင်း​စီး​သူ​ရဲ​များ​လာ​သည်​ကို​လည်း​ကောင်း၊ မြည်း​များ​ကု​လား​အုတ်​များ​ကို​စီး​၍​လူ​တို့ လာ​ကြ​သည်​ကို​လည်း​ကောင်း​မြင်​လျှင် ထို​သူ တို့​အား​သတိ​ထား​၍​ကြည့်​ရန်​ကင်း​စောင့်​ကို မှာ​ကြား​ထား​လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။
7 Se vir uma fila de cavaleiros, dois a dois, uma fila de asnos, outra de camelos, que preste atenção, muita atenção.
8 ကင်း​စောင့်​က``အ​ရှင်၊ အ​ကျွန်ုပ်​သည်​ဤ​မျှော်​စင် ပေါ်​တွင်​ရပ်​၍ နေ့​ရော​ည​ပါ​ကင်း​စောင့်​လျက် နေ​ပါ​၏'' ဟု​အော်​၍​ပြော​ကြား​စဉ်၊
8 E então grite: Eu vejo! Em meu posto de guarda, Senhor, eu me mantenho o dia inteiro; em meu observatório permaneço de pé todas as noites.
9 မြင်း​စီး​သူ​ရဲ​တို့​သည်​နှစ်​ယောက်​တစ်​တွဲ​နှစ် ယောက်​တစ်​တွဲ​ရုတ်​တ​ရက်​ပေါ်​လာ​ကြ​၏။ ထို ကြောင့်​ကင်း​စောင့်​က``ဗာ​ဗု​လုန်​မြို့​ကျ​ဆုံး သွား​လေ​ပြီ။ သူ​တို့​ကိုး​ကွယ်​သည့်​ရုပ်​တု​မှန် သ​မျှ​သည်​လည်း​မြေ​ပေါ်​တွင်​ကျိုး​ပဲ့​ကြေ​မွ လျက်​နေ​ပါ​၏'' ဟု​သ​တင်း​ပေး​ပို့​လိုက်​၏။
9 Eis que vem a cavalaria, cavaleiros dois a dois. Tomam a palavra e dizem-me: Caiu, caiu Babilônia! Todos os simulacros de seus deuses foram despedaçados contra a terra.
10 ငါ​၏​အ​မျိုး​သား​တို့၊ သင်​တို့​သည်​ဂျုံ​နှံ သ​ဖွယ်​အ​နင်း​အ​နယ်​ခံ​ခဲ့​ရ​ကြ​၏။ သို့​ရာ တွင်​ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​ကြား​ရ​သည့်​သ​တင်း​ကို ယ​ခု​သင်​တို့​အား​ကြေ​ညာ​ပြီး​လေ​ပြီ။
10 Ó povo meu, pisado, malhado como o grão, o que aprendi do Senhor dos exércitos, do Deus de Israel, eu te anuncio.
11 ဤ​ဗျာ​ဒိတ်​တော်​သည်​ဧ​ဒုံ​ပြည်​နှင့်​သက် ဆိုင်​သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။
11 Oráculo contra Edom. Gritam-me de Seir: Sentinela, em que pé está a noite? Sentinela, em que pé está a noite?
12 ငါ​က​လည်း``မိုး​သောက်​ယံ​ရောက်​တော့​မည်၊ သို့​ရာ​တွင်​ညဥ့်​ယံ​ပြန်​လည်​ကျ​ရောက်​လာ လိမ့်​မည်။ သင်​ထပ်​မံ​မေး​မြန်း​လို​လျှင်​နောက် တစ်​ဖန်​လာ​၍​မေး​မြန်း​လော့'' ဟု​ဖြေ​ကြား လိုက်​၏။
12 E a sentinela responde: A manhã chega, igualmente a noite. Se quereis sabê-lo, voltai a interrogar.
13 ဤ​ဗျာ​ဒိတ်​တော်​ကား​အာ​ရပ်​ပြည်​နှင့်​သက် ဆိုင်​သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။
13 Oráculo das estepes. Passai a noite nas brenhas da estepe, caravanas de dedanitas;
14 သင်​တို့​ထံ​သို့​လာ​ရောက်​ကြ​သည့်​ရေ​ငတ် သူ​တို့​အား​ရေ​ကို​ပေး​ကြ​လော့။ အ​ချင်း တေ​မ​ပြည်​သူ​တို့၊ စစ်​ပြေး​ဒုက္ခ​သည်​တို့ အား​အ​စား​အ​စာ​များ​ကို​ပေး​ကြ​လော့။-
14 ide levar água àqueles que têm sede, habitantes da terra de Pemá, ide oferecer pão aos fugitivos.
15 လူ​တို့​သည်​မိ​မိ​တို့​အား​ခုတ်​ရန်​အ​သင့် ရှိ​သည့်​ဋ္ဌား​များ​၏​ဘေး​မှ​လည်း​ကောင်း၊ ပစ်​ရန်​အ​သင့်​ရှိ​သည့်​လေး​မြား​တို့​၏​ဘေး မှ​လည်း​ကောင်း၊ စစ်​ဘေး​အန္တ​ရာယ်​ဟူ​သ​မျှ​မှ လည်း​ကောင်း​လွတ်​မြောက်​ရန်​ထွက်​ပြေး​လျက် ရှိ​ကြ​၏။
15 Porque fogem diante das espadas, diante da espada nua, diante do arco retesado, diante do rude combate.
16 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``တစ်​နှစ် တိ​တိ​ကြာ​သော​အ​ခါ ကေ​ဒါ​လူ​မျိုး​စု​၏ ဘုန်း​အ​သ​ရေ​သည်​လုံး​ဝ​ကွယ်​ပျောက်​သွား လိမ့်​မည်။-
16 Porque eis o que me disse o Senhor: Ainda {um} ano, contado como os anos do mercenário, e desaparecerá o império de Cedar.
17 ထို​လူ​မျိုး​စု​တွင်​ရဲ​စွမ်း​သတ္တိ​အ​ရှိ​ဆုံး​ဖြစ် သော​လေး​သည်​တော်​တို့​သည်​လည်း အ​နည်း ငယ်​မျှ​သာ​လျှင်​ကျန်​ရှိ​ပေ​တော့​မည်။ ဤ​ကား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စကား​ပင် ဖြစ်​၏'' ဟု​မိန့်​တော်​မူ​ပါ​၏။
17 E só ficará um punhado dos valentes arqueiros, filhos de Cedar. O Senhor, Deus de Israel, o disse.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Isaías 21, comparar traduções ou montar um estudo — tudo direto pelo WhatsApp.