Isaías 19
Common Language Bible (MYA) vs ARIB
1 ဤဗျာဒိတ်တော်သည်အီဂျစ်ပြည်နှင့် သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။
1 Profecia acerca do Egito. Eis que o Senhor vem cavalgando numa nuvem ligeira, e entra no Egito; e os ídolos do Egito estremecerão diante dele, e o coração dos egípcios se derreterá dentro de si.
2 ထာဝရဘုရားက``ငါသည်အီဂျစ်ပြည်တွင် ပြည်တွင်းစစ်ဖြစ်စေရန်လှုံ့ဆော်၍ညီအစ်ကို အချင်းချင်း၊ အိမ်နီးချင်းအချင်းချင်းခိုက် ရန်ဖြစ်ပွားစေမည်။ ဂုဏ်ပြိုင်ဘက်မြို့များသည် လည်းကောင်း၊ ဂုဏ်ပြိုင်ဘက်မင်းတို့သည်လည်း ကောင်း၊ အချင်းချင်းတိုက်ခိုက်ကာအာဏာ လုကြလိမ့်မည်။-
2 Incitarei egípcios contra egípcios; e cada um pelejará contra o seu irmão, e cada um contra o seu próximo, cidade contra cidade, reino contra reino.
3 ငါသည်အီဂျစ်အမျိုးသားတို့၏ အကြံ အစည်များကိုပျက်စီးစေ၍ သူတို့၏စိတ် ဋ္ဌာတ်ကိုလည်းပျက်ပြားသွားစေမည်။ သူတို့ သည်မိမိတို့ကိုးကွယ်သည့်ရုပ်တုများထံ တွင်အကူအညီတောင်းခံကြလိမ့်မည်။ နတ် ဝင်သည်များထံသွားရောက်မေးမြန်းစုံစမ်း ကာ၊ သူသေတို့၏ဝိညာဉ်များအားအကြံ ဉာဏ်တောင်းခံကြလိမ့်မည်။-
3 E o espírito dos egípcios se esvaecerá dentro deles; eu destruirei o seu conselho; e eles consultarão os seus ídolos, e encantadores, e necromantes e feiticeiros.
4 ငါသည်အီဂျစ်အမျိုးသားတို့အားရက်စက် ကြမ်းကြုတ်သူမင်းဆိုးမင်းညစ်တစ်ပါး၏ လက်သို့အပ်၍ ထိုမင်းကိုသူတို့အားအုပ်စိုး စေမည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။
4 Pelo que entregarei os egípcios nas mãos de um senhor duro; e um rei rigoroso os dominará, diz o Senhor Deus dos exércitos.
5 နိုင်းမြစ်သည်ရေနည်း၍တစ်စတစ်စခန်း ခြောက်သွားလိမ့်မည်။-
5 e as águas do Nilo minguarão, e o rio se esgotará e secará.
6 မြစ်ဝကျွန်းပေါ်ဒေသရှိချောင်းမြောင်းများ သည်လည်း တဖြည်းဖြည်းခန်းခြောက်ကာပုပ် စော်နံ၍လာလိမ့်မည်။ ကူပင်ကိုင်းပင်များ သည်ခြောက်သွေ့သွားကြလိမ့်မည်။-
6 Também os rios exalarão um fedor; diminuirão e secarão os canais do Egito; as canas e os juncos murcharão.
7 နိုင်းမြစ်ကမ်းပေါ်၌စိုက်ပျိုးထားသည့်သီးနှံ ပင်များသည်လည်း ခြောက်ကပ်ပြီးလျှင်လေ တွင်လွင့်ပါသွားကြလိမ့်မည်။-
7 Os prados junto ao Nilo, ao longo das suas margens, sim, tudo o que foi semeado junto dele secará, será arrancado, e deixará de existir.
8 နိုင်းမြစ်တွင်ငါးလုပ်ငန်းဖြင့်အသက်မွေးသူ အပေါင်းတို့သည် ညည်းညူငိုကြွေးကြလိမ့်မည်။ သူတို့၏ငါးမျှားချိပ်များနှင့်ပိုက်ကွန်များ သည်လည်း အသုံးဝင်ကြတော့မည်မဟုတ်။-
8 E os pescadores gemerão, e lamentarão todos os que lançam anzol ao Nilo, e desfalecerão os que estendem rede sobre as águas.
9 ပိတ်ချောချည်ငင်သူတို့သည်စိတ်ပျက်အား လျော့ကြလျက်၊-
9 Envergonhar-se-ão os que trabalham em linho fino, e os que tecem pano branco.
10 ရက်ကန်းသည်များနှင့်အတတ်ပညာရှင် အလုပ်သမားများသည်လက်မှိုင်ချလျက် နေကြလိမ့်မည်။
10 E os que são as colunas do Egito serão esmagados, e todos os que trabalham, por salário serão entristecidos.
11 ဇောနမြို့သူမြို့သားတို့၏ခေါင်းဆောင်များ သည် အသိဉာဏ်တုံးသူများဖြစ်ပါသည် တကား၊ အီဂျစ်ပြည်၏အတိုင်ပင်ခံပညာ ကျော်တို့ကလည်း မိုက်မဲသောအကြံဉာဏ် ကိုပေးကြပါသည်တကား။ သူတို့သည် မိမိတို့ကိုယ်ကိုအဘယ်သို့လျှင် ရှေးဘုရင် များနှင့်ရှေးပညာရှင်တို့၏အဆက်အနွယ် များဖြစ်သည်ဟုမင်းကြီးအားလျှောက်ထား ဝံ့ကြပါသနည်း။-
11 Na verdade estultos são os príncipes de Zoã; o conselho dos mais sábios conselheiros de Faraó se embruteceu. Como pois a Faraó direis: Sou filho de sábios, filho de reis antigos?
12 အို အီဂျစ်မင်း၊ သင်၏အတိုင်ပင်ခံပညာရှိ များကားအဘယ်မှာနည်း။ အီဂျစ်ပြည်အတွက် အနန္တတန်ခိုးရှင်ထာဝရဘုရားအဘယ်သို့ အကြံအစည်တော်ရှိသည်ကိုသူတို့အား မေးမြန်းပါလော့။-
12 Onde estão agora os teus sábios? anunciem-te agora, e te façam saber o que o Senhor dos exércitos determinou contra o Egito.
13 ဇောနမြို့သားများနှင့်နောဗမြို့သားတို့၏ ခေါင်းဆောင်များသည် အသိဉာဏ်တုံးသူများ သာတည်း။ သူတို့အားမိမိတို့လူမျိုး၏ရှေ့ ဆောင်လမ်းပြများဟုယူဆရမည်ဖြစ်သော် လည်း သူတို့ကလမ်းမှားကိုပြ၍ပေးကြ၏။-
13 Estultos tornaram-se os príncipes de Zoã, enganados estão os príncipes de Mênfis; fizeram errar o Egito, os que são a pedra de esquina das suas tribos.
14 ထာဝရဘုရားသည်သူတို့အားမရှင်းမလင်း သည့်အကြံဉာဏ်များကိုပေးစေတော်မူသဖြင့် အီဂျစ်ပြည်သူတို့သည်အမှားမှားအယွင်း ယွင်းဖြစ်လျက်၊ မိမိ၏အံဖတ်ပေါ်တွင်ပြန်လဲ သောသေသောက်ကြူးသူကဲ့သို့ယိမ်းယိုင်၍ နေကြတော့၏။-
14 O Senhor derramou no meio deles um espírito de confusão; e eles fizeram errar o Egito em todas as suas obras, como o bêbedo vai cambaleando no seu vômito.
15 ချမ်းသာသူဖြစ်စေ၊ ဆင်းရဲသူဖြစ်စေ၊ ကြီး မြတ်သူဖြစ်စေ၊ ယုတ်ညံ့သူဖြစ်စေ၊ အဘယ် သူမျှမိမိတို့အီဂျစ်ပြည်ကိုအကူ အညီပေးနိုင်ကြလိမ့်မည်မဟုတ်။
15 E não haverá para o Egito coisa alguma que possa fazer cabeça ou cauda, ramo ou junco.
16 အီဂျစ်အမျိုးသားတို့သည်မိန်းမကဲ့သို့ သဝန်ကြောင်ကြမည့်အချိန်ကာလ ကျရောက် လာလိမ့်မည်။ အနန္တတန်ခိုးရှင်ထာဝရဘုရား သည်သူတို့အားအပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကိုချိန်ရွယ်လျက်ထားတော်မူ သည်ကိုတွေ့မြင်ကြသောအခါ၊ သူတို့ သည်ကြောက်လန့်တုန်လှုပ်ကြလိမ့်မည်။-
16 Naquele dia os egípcios serão como mulheres, e tremerão e temerão por vibrar o Senhor dos exércitos a sua mão contra eles.
17 အီဂျစ်ပြည်သူတို့သည်မိမိတို့အတွက် အနန္တ တန်ခိုးရှင်ထာဝရဘုရားပြင်ဆင်ထားတော် မူသည့်ကံကြမ္မာကိုပြန်လည်သတိရသည့် အခါတိုင်းယုဒပြည်ကိုကြောက်ကြလိမ့်မည်။
17 E a terra de Judá será um espanto para o Egito; todo aquele a quem isso se anunciar se assombrará, por causa do propósito que o Senhor dos exércitos determinou contra eles.
18 ထိုအချိန်ကာလကျရောက်လာသောအခါ အီဂျစ်ပြည်မြို့ကြီးငါးမြို့တွင်ဟေဗြဲ ဘာသာစကားကိုသုံးစွဲကြလိမ့်မည်။ ထို မြို့များရှိလူတို့သည်ကျိန်ဆို၍ထာဝရ ဘုရားအားသစ္စာကတိပြုကြလိမ့်မည်။ ထို မြို့တို့အနက်မှမြို့တစ်မြို့သည်နေမင်း၏ မြို့ဟုနာမည်တွင်လိမ့်မည်။
18 Naquele dia haverá cinco cidades na terra do Egito que falem a língua de Canaã e façam juramento ao Senhor dos exércitos. Uma destas se chamará Cidade de destruição.
19 ထိုအချိန်ကာလကျရောက်လာသောအခါ အီဂျစ်ပြည်တွင်ထာဝရဘုရားအတွက် ယဇ်ပလ္လင်တစ်ခုကိုတည်ထားလိမ့်မည်။ ကိုယ် တော်အားအနုမောဒနာပြု၍စိုက်ထူထား သည့်ကျောက်တိုင်တစ်ခုသည်နယ်စပ်တွင်ရှိ လိမ့်မည်။-
19 Naquele dia haverá um altar dedicado ao Senhor no meio da terra do Egito, e uma coluna se erigirá ao Senhor, na sua fronteira.
20 ထိုအရာတို့သည်အီဂျစ်ပြည်တွင် အနန္တတန်ခိုး ရှင်ထာဝရဘုရားရှိတော်မူကြောင်းသက်သေ ခံအမှတ်လက္ခဏာများဖြစ်လိမ့်မည်။ ပြည်သူတို့ သည်ဖိနှိပ်ချုပ်ချယ်ခြင်းကိုခံရ၍ ထာဝရ ဘုရားထံတော်သို့ကူမတော်မူရန်ဟစ်အော် ကြသောအခါ ကိုယ်တော်သည်သူတို့အား ကယ်တင်မည့်သူတစ်ဦးကိုစေလွှတ်တော် မူလိမ့်မည်။-
20 E servirá isso de sinal e de testemunho ao Senhor dos exércitos na terra do Egito; quando clamarem ao Senhor por causa dos opressores, ele lhes enviará um salvador, que os defenderá e os livrará.
21 ထာဝရဘုရားသည်မိမိကိုအီဂျစ်အမျိုး သားတို့သိရှိလာအောင်ပြုတော်မူလိမ့်မည်။ ထိုအခါသူတို့သည်ကိုယ်တော်အားသိမှတ် လာကြလျက်ဝတ်ပြုကိုးကွယ်ကြလိမ့်မည်။ အထံတော်သို့လည်းယဇ်နှင့်ပူဇော်သကာ များကိုယူဆောင်လာကြလိမ့်မည်။ သူတို့သည် ကိုယ်တော်၏ရှေ့တော်၌သစ္စာကတိထားပြီး လျှင်ယင်းသစ္စာကတိအတိုင်းပြုမူကြ လိမ့်မည်။-
21 E o Senhor se dará a conhecer ao Egito e os egípcios conhecerão ao Senhor naquele dia, e o adorarão com sacrifícios e ofertas, e farão votos ao Senhor, e os cumprirão.
22 ထာဝရဘုရားသည်အီဂျစ်အမျိုးသားတို့ အား အပြစ်ဒဏ်ခတ်တော်မူမည်ဖြစ်သော်လည်း သူတို့၏ဒဏ်ရာဒဏ်ချက်များကိုပျောက်ကင်း စေတော်မူပေအံ့။ သူတို့သည်ထာဝရဘုရား ထံတော်သို့ပြောင်းလဲလာသဖြင့် သူတို့တောင်း လျှောက်သံကိုနားထောင်လျက် သူတို့ရောဂါ ကိုပျောက်ကင်းစေတော်မူမည်။
22 E ferirá o Senhor aos egípcios; feri-los-á, mas também os curará; e eles se voltarão para o Senhor, que ouvirá as súplicas deles e os curará.
23 ထိုအချိန်ကာလကျရောက်လာသောအခါ အီဂျစ်ပြည်နှင့်အာရှုရိပြည်စပ်ကြားတွင် လမ်းမကြီးတစ်သွယ်ဖောက်လုပ်ထားလိမ့်မည်။ ထိုပြည်များမှလူတို့သည်တစ်ပြည်နှင့်တစ် ပြည်အပြန်အလှန်ကူးသန်းသွားလာလျက် အတူတကွကိုးကွယ်ဝတ်ပြုမှုကိုပြု ကြလိမ့်မည်။-
23 Naquele dia haverá estrada do Egito até a Assíria, e os assírios virão ao Egito, e os egípcios irão à Assíria; e os egípcios adorarão com os assírios.
24 ထိုအချိန်ကာလကျရောက်လာသောအခါ ဣသရေလပြည်သည်အီဂျစ်ပြည်၊ အာရှုရိ ပြည်နှင့်ရင်ဘောင်တန်းလျက်နေလိမ့်မည်။ ထို နိုင်ငံသုံးခုသည်ကမ္ဘာတစ်ဝှမ်းလုံးအတွက် ကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေလိမ့်မည်။-
24 Naquele dia Israel será o terceiro com os egípcios e os assírios, uma benção no meio da terra;
25 အနန္တတန်ခိုးရှင်ထာဝရဘုရားကထို ပြည်တို့ကိုကောင်းချီးပေး၍``ငါ၏လူစု အီဂျစ်အမျိုးသားတို့၊ ငါဖန်ဆင်းထားသူ အာရှုရိအမျိုးသားတို့နှင့် ငါရွေးကောက် သောလူမျိုးတော်ဣသရေလအမျိုးသား တို့၊ သင်တို့အားငါကောင်းချီးပေးမည်'' ဟုမိန့်တော်မူ၏။
25 porquanto o Senhor dos exércitos os tem abençoado, dizendo: Bem-aventurado seja o Egito, meu povo, e a Assíria, obra de minhas mãos, e Israel, minha herança.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Isaías 19, comparar traduções ou montar um estudo — tudo direto pelo WhatsApp.