Isaías 14

Common Language Bible (MYA) vs BKJ

Sair da comparação
1 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား တစ်​ဖန်​က​ရု​ဏာ​သက် တော်​မူ​ပြန်​၏။ မိ​မိ​ပိုင်​ဆိုင်​သူ​များ​အ​ဖြစ်​ဖြင့် ရွေး​ချယ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သူ တို့​အား​မိ​မိ​တို့​နေ​ရင်း​ပြည်​၌​ပြန်​လည်​နေ ထိုင်​ခွင့်​ပြု​တော်​မူ​လိမ့်​မည်။ လူ​မျိုး​ခြား​များ သည်​သူ​တို့​နှင့်​အ​တူ​လာ​ရောက်​နေ​ထိုင် ကြ​လိမ့်​မည်။-
1 Porque o ­SENHOR terá misericórdia de Jacó, e ainda escolherá Israel, e o estabelecerá em sua própria terra. E os estrangeiros se juntarão a eles. E eles aderirão à casa de Jacó.
2 လူ​မျိုး​တ​ကာ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​သော​ပြည်​တော်​သို့​ပြန်​လာ​နိုင်​ကြ စေ​ရန်​ကူ​ညီ​မ​စ​ကြ​လိမ့်​မည်။ ထို​ပြည်​၌ လူ​မျိုး​ခြား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ကျွန်​များ​ကဲ့​သို့​အ​စေ​ခံ ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​ဖမ်း​ဆီး​ချုပ်​နှောင်​သူ​တို့​သည် ယ​ခု အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဖမ်း ဆီး​ချုပ်​နှောင်​ခြင်း​ကို​ခံ​ရကြ​လိမ့်​မည်။ ဣသ​ရေ​လ​ပြည်​သူ​တို့​သည်​လည်း​အ​ခါ တစ်​ပါး​က​မိ​မိ​တို့​အား ဖိ​နှိပ်​ချုပ်​ချယ် ခဲ့​သူ​တို့​ကို​အုပ်​စိုး​ရကြ​လိမ့်​မည်။
2 E os povos os tomarão, e os trarão para o seu lugar. E a casa de Israel será seus possuidores na terra do ­SENHOR, por servos e criadas. E eles os tomarão cativos, como cativos eles foram, e eles governarão seus opressores.
3 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား မိ​မိ​တို့​ခံ​စား​ရ​သော​ဝေ​ဒ​နာ နှင့်​ဆင်း​ရဲ​ဒုက္ခ​များ​မှ​လည်း​ကောင်း၊ အ​လုပ် ကြမ်း​လုပ်​ကိုင်​ရ​မှု​မှ​လည်း​ကောင်း​သက် သာ​ခွင့်​ပေး​တော်​မူ​လိမ့်​မည်။-
3 E acontecerá isso no dia em que o ­SENHOR te der descanso de tua tristeza, e do teu medo, e da dura servidão em que te escravizaram.
4 ဤ​သို့​ကိုယ်​တော်​ပြု​တော်​မူ​သော​အ​ခါ​၌ သူ​တို့​သည်​ဗာ​ဗု​လုန်​ဘု​ရင်​အား​ပြက်​ရယ် ပြု​ကာ၊
4 Para tu vires a pronunciar este provérbio contra o rei de Babilônia, e dizer: Como terminou o opressor! A cidade dourada acabou!
5 — ausente —
5 O ­SENHOR tem quebrado o bastão do perverso, e o cetro dos governantes.
6 — ausente —
6 Ele que afligiu o povo em cólera com um golpe contínuo, ele que governou as nações em ira, é perseguido e ninguém impede.
7 ဤ​အ​ခါ​ကျ​မှ​ကမ္ဘာ​တစ်​ခု​လုံး​သည် ငြိမ် သက်​အေး​ချမ်း​လျက်​လူ​အ​ပေါင်း​တို့​သည် လည်း​ရွှင်​ပြ​စွာ​သီ​ချင်း​ဆို​ရကြ​၏။-
7 A terra toda está em repouso e está quieta. Eles irrompem em canto.
8 လေ​ဗ​နုန်​တော​မှ​ထင်း​ရှူး​ပင်​များ​နှင့်​အာ​ရစ် ပင်​(သစ်​က​တိုး) တို့​က​သင်​ကျ​ဆုံး​ပြီ​ဖြစ် ၍​ငါ​တို့​အား​ခုတ်​လှဲ​မည့်​သူ​မ​ရှိ​တော့​ဟု ဆို​၍​ဗာ​ဗု​လုန်​ဘု​ရင်​ကျ​ဆုံး​မှု​အ​တွက် ရွှင်​လန်း​ဝမ်း​မြောက်​ကြ​ကုန်​၏။
8 Sim, os pinheiros se alegram em ti e os cedros do Líbano, dizendo: Desde que tu estás caído, nenhum lenhador sobe contra nós.
9 ``မ​ရ​ဏ​နိုင်​ငံ​သည် ဗာ​ဗု​လုန်​ဘု​ရင်​အား​ကြို ဆို​လက်​ခံ​ရန်​အ​သင့်​ပြင်​ဆင်​လျက်​နေ​၏။ ကမ္ဘာ မြေ​ကြီး​ပေါ်​တွင်​ရှိ​စဉ်​အ​ခါ​က​တန်​ခိုး​ကြီး မား​ခဲ့​သူ​တို့​၏​နာမ်​ဝိ​ညာဉ်​များ​သည် လှုပ်​ရှား သွား​လာ​လျက်​နေ​ကြ​၏။ ဘု​ရင်​တို့​၏​ဝိ​ညာဉ် များ​သည်​လည်း မိ​မိ​တို့​ရာ​ဇ​ပလ္လင်​များ​မှ တက်​ကြွ​လျက်​နေ​ကြ​၏။-
9 O inferno abaixo está agitado para ti, para encontrar-te à tua chegada; ele instigou a morte para ti, todos os príncipes da terra; ele tem levantado de seus tronos todos os reis das nações.
10 သူ​တို့​အား​လုံး​က​ဗာ​ဗု​လုန်​ဘု​ရင်​အား`သင် သည်​ယ​ခု​အ​ခါ၊ ငါ​တို့​ကဲ့​သို့​ချည့်​နဲ့​လျက်​နေ ပါ​ပြီ​တ​ကား၊ ငါ​တို့​လူ​စု​တွင်​အ​ပါ​အ​ဝင် ဖြစ်​လေ​ပြီ​တ​ကား။-
10 Todos eles falarão e te dirão: Tu também te tornaste fraco como nós? Tens te tornado como nós?
11 အ​ခါ​တစ်​ပါး​က​သင်​သည်​စောင်း​သံ​များ ဖြင့်​ဂုဏ်​ပြု​ဖျော်​ဖြေ​ခြင်း​ကို​ခံ​ခဲ့​ရ​သော် လည်း ယ​ခု​အ​ခါ​မ​ရ​ဏ​နိုင်​ငံ​သို့​ရောက်​ရှိ နေ​ပါ​ပြီ​တ​ကား။ လောက်​ကောင်​များ​ကို​အိပ် ရာ​လုပ်​၍​လဲ​လျောင်း​ကာ​တီ​ကောင်​များ​ကို စောင်​လုပ်​၍​ခြုံ​ရ​လေ​ပြီ​တ​ကား' ဟု​ဟစ် အော်​ပြော​ဆို​ကြ​၏။''
11 Tua pompa é trazida até a sepultura, e o ruído de tuas violas; o verme está espalhado sob ti e os vermes te cobrem.
12 အို နံ​နက်​အ​ရုဏ်​၏​သား၊ ဗာ​ဗု​လုန်​ဘု​ရင်၊ ထွန်း လင်း​တောက်​ပ​သည့်​မိုး​သောက်​ကြယ်၊ သင်​သည် မိုး​ကောင်း​ကင်​မှ​ပြုတ်​ကျ​ရ​လေ​ပြီ။ အ​တိတ် ကာ​လ​က​သင်​သည်​လူ​မျိုး​တ​ကာ​ကို​နှိမ် နင်း​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​မြေ ပေါ်​သို့​ပစ်​ချ​ခြင်း​ကို​ခံ​ရ​လေ​ပြီ။-
12 Como caíste do céu, Ó Lúcifer, filho da manhã! Tu, que foste derrubado ao chão, que enfraqueces as ­nações!
13 သင်​သည်​မိုး​ကောင်း​ကင်​သို့​အ​ရောက်​တက်​၍ အ​မြင့်​ဆုံး​သော​ကြယ်​များ​၏​အ​ထက်​တွင် မိ​မိ​၏​ရာ​ဇ​ပလ္လင်​ကို​တည်​ထား​ရန်​သံန္နိ​ဋ္ဌာန် ပြု​ခဲ့​၏။ သင်​သည်​နတ်​ဘု​ရား​တို့​စု​ဝေး​ရာ မြောက်​အ​ရပ်​ရှိ​တောင်​တော်​ပေါ်​တွင်​ဘု​ရင် တစ်​ပါး​ပီ​ပီ​ထိုင်​နေ​ရ​လိမ့်​မည်​ဟု​ထင်​မှတ် ခဲ့​၏။-
13 Porque tu tens dito em teu coração: Eu ascenderei em direção ao céu. Eu exaltarei meu trono acima das estrelas de Deus. Eu também sentarei sobre o monte da congregação, nos lados do norte.
14 ``ငါ​သည်​မိုး​တိမ်​များ​ပေါ်​သို့​တက်​၍​အ​နန္တ တန်​ခိုး​ရှင်​နှင့်​တူ​အောင်​ပြု​မည်'' ဟု​ဆင့်​ဆို ခဲ့​၏။-
14 Eu ascenderei acima das alturas das nuvens. Eu serei semelhante ao Altíssimo.
15 သို့​ရာ​တွင်​ထို​သို့​ဖြစ်​မည့်​အ​စား​သင်​သည် မ​ရ​ဏ​နိုင်​ငံ​တွင်​အနက်​ရှိုင်း​ဆုံး​သော​အ​ရပ် သို့​ရောက်​ရှိ​လျက်​နေ​ရ​၏။
15 Contudo, tu serás derrubado ao inferno, para os lados do abismo.
16 သူ​သေ​တို့​သည်​သင့်​ကို​အ​ကြောင်​သား​ငေး​၍ ကြည့်​နေ​ကြ​လိမ့်​မည်။ သူ​တို့​က``ကမ္ဘာ​ကို​တုန် လှုပ်​စေ​၍​တိုင်း​နိုင်​ငံ​တို့​ကို​ချောက်​ချား​စေ သော​သူ​ကား​ဤ​သူ​ပင်​လော။-
16 Aqueles que te veem te observarão e considerarão a teu respeito, dizendo: É este o homem que fez a terra tremer, que sacudiu reinos?
17 မြို့​များ​ကို​ပျက်​ပြုန်း​စေ​၍​ကမ္ဘာ​လော​က ကို သဲ​ကန္တာ​ရ​ဖြစ်​စေ​သူ​ကား​ဤ​သူ​ပင်​လော။ အ​ကျဉ်း​သ​မား​တို့​ကို​အ​စဉ်​ချုပ်​နှောင်​ထား ကာ မိ​မိ​တို့​နေ​ရပ်​သို့​ပြန်​၍​မ​လွှတ်​ဘဲ​နေ သူ​ကား​ဤ​သူ​ပင်​လော'' ဟု​မေး​မြန်း​ကြ လိမ့်​မည်။
17 Que tornou o mundo como um deserto e destruiu as suas cidades, que não abriu o cárcere de seus ­prisioneiros?
18 ကမ္ဘာ​မြေ​ပေါ်​ရှိ​ဘု​ရင်​အ​ပေါင်း​တို့​သည် မိ​မိ တို့​၏​လှ​ပ​သော​သင်္ချိုင်း​များ​တွင်​လဲ​လျောင်း လျက်​ရှိ​ကြ​၏။-
18 Todos os reis das nações, todos eles, repousam em glória, cada um em sua própria casa.
19 သို့​ရာ​တွင်​သင့်​မှာ​မူ​သင်္ချိုင်း​မ​ရှိ။ ပုပ်​ပျက်​စေ ရန်​သင်​၏​အ​လောင်း​ကို​စွန့်​ပစ်​ထား​လိုက်​ကြ လေ​ပြီ။ ထို​အ​လောင်း​သည်​တိုက်​ပွဲ​တွင်​ကျ ဆုံး​သည့်​အ​သေ​ကောင်​များ​နှင့်​ဖုံး​လျက်၊ ဋ္ဌား​နှင့်​ထိုး​ဖောက်​ခံ​ရ​၍​ကျောက်​တွင်း​ထဲ သို့​ပစ်​ချ​ကျော်​နင်း​ခြင်း​ကို​ခံ​ရ​၏။-
19 Porém, tu és lançado para fora de tua sepultura como um ramo abominável, e como as vestimentas daqueles que são assassinados, atravessados com uma espada, precipitados para as pedras da cova, como um cadáver pisoteado.
20 သင်​သည်​မိ​မိ​၏​တိုင်း​ပြည်​ကို​ပျက်​ပြုန်း​စေ​၍ ကိုယ့်​ပြည်​သူ​တို့​ကို​သတ်​ဖြတ်​ပစ်​သည်​ဖြစ်​၍ အ​ခြား​ဘု​ရင်​များ​ကဲ့​သို့​သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်​မ​ဟုတ်။ သင်​၏​ဆိုး​ညစ်​သော အ​မျိုး​အ​နွယ်​ဝင်​တို့​သည်​လည်း တစ်​ဦး​တစ် ယောက်​မျှ​အ​သက်​မ​သေ​ဘဲ​ကျန်​ရစ်​လိမ့် မည်​မ​ဟုတ်။-
20 Tu não serás congregado a eles em funeral, uma vez que tu tens destruído tua terra e assassinado teu povo. A descendência dos malfeitores nunca terá renome.
21 ဘိုး​ဘေး​တို့​၏​အ​ပြစ်​ကြောင့်​သား​တို့​အား ကွပ် မျက်​မှု​ကို​အ​စ​ပြု​ကြ​စေ။ ဤ​ဘု​ရင်​၏​သား မြေး​တို့​အ​နက်​အ​ဘယ်​သူ​မျှ​ကမ္ဘာ​မြေ​ပေါ် တွင်​အုပ်​စိုး​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်​မ​ဟုတ်။
21 Prepare matança para seus filhos, como resultado da iniquidade de seus pais, para que eles não se levantem, nem tomem posse da terra, nem preencham a face do mundo com cidades.
22 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည် ဗာ​ဗု​လုန်​မြို့​ကို​တိုက်​ခိုက်​၍​ပျက်​စီး​ယို​ယွင်း စေ​မည်။ ထို​မြို့​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို ဖျက်​ဆီး​ပစ်​မည်။ က​လေး​သူ​ငယ်​များ​ပင်​လျှင် အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​လိမ့်​မည်​မ​ဟုတ်။-
22 Porque eu me levantarei contra eles, diz o ­SENHOR dos Exércitos, e cortarei de Babilônia o nome, e remanescente, e filho e sobrinho, diz o ­SENHOR.
23 ငါ​သည်​ဗာ​ဗု​လုန်​မြို့​ကို​ညွန်​ပျောင်း​ဖြစ်​စေ ၍၊ ဇီး​ကွက်​တို့​သည်​ထို​အ​ရပ်​တွင်​နေ​ကြ​လိမ့် မည်။ ငါ​သည်​တံ​မြက်​လှည်း​သူ​ကဲ့​သို့​ဗာ​ဗု​လုန် မြို့​မှ​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို​သုတ်​သင် ပယ်​ရှင်း​မည်။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်​ငါ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ပင် ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
23 Eu também farei dela uma possessão de ouriços e pequenos lagos de água. E eu a varrerei com a vassoura de destruição, diz o ­SENHOR dos Exércitos.
24 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​ကျိန် ဆို​လျက်``ငါ​အ​ကြံ​အ​စည်​ပြု​ထား​သည့် အ​မှု​အ​ရာ​တို့​သည်​ဖြစ်​ပျက်​ကြ​လိမ့်​မည်။ သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​သည့်​အ​တိုင်း​ဖြစ်​ပျက် ရကြ​လိမ့်​မည်။-
24 O ­SENHOR dos Exércitos tem jurado, dizendo: Certamente como eu tenho projetado, isto então acontecerá. E da forma que tenho proposto então isto prevalecerá.
25 ငါ​သည်​မိ​မိ​၏​ဣ​သ​ရေ​လ​ပြည်​တော်​တွင် အာ​ရှု​ရိ​အ​မျိုး​သား​တို့​အား​သုတ်​သင်​ဖျက် ဆီး​၍၊ ငါ​၏​တောင်​ရိုး​များ​အ​ပေါ်​တွင်​သူ တို့​ကို​ခြေ​နှင့်​ကျော်​နင်း​ပစ်​မည်။ ငါ​၏​လူ​မျိုး တော်​အား သူ​တို့​ထမ်း​ရ​ကြ​သည့်​ထမ်း​ပိုး နှင့်​ဒုက္ခ​ဝန်​ထုပ်​များ​မှ​လွတ်​မြောက်​စေ​မည်။-
25 Para que eu venha quebrar os assírios em minha terra, e sobre meus montes os pisarei. Então o seu jugo se apartará deles e o seu fardo se apartará de seus ombros.
26 ဤ​ကား​ကမ္ဘာ​လော​က​အ​တွက်​ငါ​၏​အ​ကြံ အ​စည်​တော်​ပင်​ဖြစ်​၍၊ ငါ​သည်​လူ​မျိုး​တ​ကာ တို့​အား​အ​ပြစ်​ဒဏ်​ခတ်​ရန်​လက်​တော်​ကို​ချိန် ရွယ်​လျက်​ထား​သ​တည်း'' ဟု​မိန့်​ကြား​တော် မူ​၏။-
26 Isto é o plano que é proposto sobre toda a terra, e isto é a mão que é estendida sobre todas as nações.
27 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဤ အ​တိုင်း​ပြု​တော်​မူ​ရန်​သန္နိ​ဋ္ဌာန်​ချ​မှတ်​တော် မူ​လေ​ပြီ။ ကိုယ်​တော်​သည်​လည်း အ​ပြစ်​ဒဏ် ခတ်​ရန်​လက်​တော်​ကို​ချိန်​ရွယ်​လျက်​ထား တော်​မူ​၏။ ကိုယ်​တော်​အား​အ​ဘယ်​သူ​မျှ ဆီး​တား​နိုင်​လိမ့်​မည်​မ​ဟုတ်။
27 Porque o ­SENHOR dos Exércitos tem planejado e quem irá anular isto? E sua mão está estendida, quem a fará retornar?
28 ဤ​ဗျာ​ဒိတ်​တော်​သည်​အာ​ခတ်​မင်း​နတ်​ရွာ စံ​သည့်​နှစ်​၌​ပြန်​ကြား​သော​ဗျာ​ဒိတ်​တော် ဖြစ်​၏။
28 No ano em que o rei Acaz morreu foi esta tribulação.
29 အို ဖိ​လိတ္တိ​အ​မျိုး​သား​တို့၊ သင်​တို့​အား​ရိုက် နှက်​သည့်​တုတ်​သည်​ကျိုး​၍​သွား​ပြီ​ဖြစ်​သော် လည်း​သင်​တို့​ဝမ်း​မြောက်​ကြ​ရန်​အ​ကြောင်း မ​ရှိ။ မြွေ​တစ်​ကောင်​သေ​သော​အ​ခါ​ထို​မြွေ ထက်​ဆိုး​သည့်​အ​ခြား​မြွေ​တစ်​ကောင်​ပေါက် ၍​လာ​လိမ့်​မည်။ မြွေ​ဥ​မှ​အ​ဆိပ်​ပြင်း​သော န​ဂါး​ပျံ​ပေါက်​ဖွား​လာ​တတ်​ပါ​သည် တ​ကား။-
29 Não te regozijes, a Palestina inteira, porque a vara do que te golpeava está quebrada, pois proveniente da cauda da serpente surgirá uma cocatrice e seu fruto será uma flamejante serpente voadora.
30 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် ထဲ​မှ ဆင်း​ရဲ​နွမ်း​ပါး​သူ​တို့​ကို သိုး​ထိန်း​သ​ဖွယ် စောင့်​ရှောက်​တော်​မူ​၍​ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​စေ တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​မူ​ကား ကြောက်​မက်​ဖွယ်​ရာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း ဘေး​ဆိုက်​ရောက်​စေ​တော်​မူ​မည်​ဖြစ်​၍ သင်​တို့ တစ်​စုံ​တစ်​ယောက်​မျှ​အ​သက်​မ​သေ​ဘဲ​ကျန် ရှိ​ရ​လိမ့်​မည်​မ​ဟုတ်။
30 E o primogênito do pobre alimentar-se-á, e o necessitado repousará em segurança. E eu matarei tua raiz com a inanição, e ele assassinará teu remanescente.
31 အို ဖိ​လိတ္တိ​မြို့​အ​ပေါင်း​တို့၊ ညည်း​တွား​မြည် တမ်း​လျက်​အ​ကူ​အ​ညီ​အော်​ဟစ်​တောင်း​ခံ ကြ​လော့။ သင်​တို့​အား​လုံး​ပင်​ထိတ်​လန့်​တုန် လှုပ်​လျက်​ရှိ​နေ​ကြ​လော့။ သူ​ရဲ​ဘော​ကြောင် သူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ပါ​သည့်​တပ် မ​တော်​ကြီး​တစ်​ခု​သည်​ဖုတ်​တ​ထောင်း ထောင်း​နှင့်​မြောက်​အ​ရပ်​မှ​ချီ​တက်​လာ​နေ​၏။
31 Geme, ó portão. Chora, ó cidade. Tu, palestina inteira, estás derretida, pois virá do norte uma fumaça e ninguém estará sozinho em seus momentos fixados.
32 ဖိ​လိ​တ္တိ​ပြည်​မှ​ရောက်​ရှိ​လာ​သော​သံ​တ​မန် တို့​အား ငါ​တို့​အ​ဘယ်​သို့​ပြန်​ကြား​ရ​ပါ မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​မြို့ ကို​တည်​တော်​မူ​ပြီ​ဖြစ်​၍ ထို​မြို့​တွင်​ကိုယ် တော်​၏​ဒုက္ခ​သည်​လူ​စု​သည်​ဘေး​မဲ့​လုံ​ခြုံ မှု​ကို​ရ​ရှိ​ကြ​တော့​မည်​ဖြစ်​ကြောင်း သူ​တို့ အား​ငါ​တို့​ပြော​ကြား​ကြ​ကုန်​အံ့။
32 O que deverá alguém então responder aos mensageiros da nação? Que o ­SENHOR tem fundado a Sião e o pobre dentre o seu povo confiará nisto.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Isaías 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.