Isaías 13
Common Language Bible (MYA) vs NVT
1 ဤဗျာဒိတ်တော်သည်ဘုရားသခင်ထံတော် မှဗာဗုလုန်ပြည်နှင့်ပတ်သက်၍ အာမုတ်၏ သားဟေရှာယခံယူရရှိသည့်ဗျာဒိတ် တော်ဖြစ်၏။
1 Isaías, filho de Amoz, recebeu esta mensagem acerca da Babilônia:
2 တောင်ကတုံးပေါ်တွင်စစ်အလံကိုလွှင့် ထူကြလော့။ မာန်မာနထောင်လွှားသည့်မြို့ တော်တံခါးတို့ကိုတိုက်ခိုက်ရန်ဟစ်အော် ကာ သင်တို့လက်ကိုမြှောက်၍ စစ်သည်တို့ အားအချက်ပေးကြလော့။-
2 “Levantem uma bandeira no topo descoberto de uma colina; convoquem um exército contra a Babilônia. Quando eles entrarem nos palácios dos grandes e poderosos, acenem com a mão para encorajá-los.
3 ထာဝရဘုရားသည် မိမိအမျက်တော်ရှ သောသူတို့ကိုဒဏ်ခတ်ရန်အတွက် မိမိ၏ ယုံကြည်စိတ်ချဂုဏ်ယူဝါကြွားထိုက်သော စစ်သည်တော်တို့ကိုခေါ်ယူတော်မူပြီ။
3 Eu, o S enhor , consagrei esses soldados; sim, chamei guerreiros valentes para executar minha ira, e eles se alegrarão quando eu for exaltado”.
4 တောင်ပေါ်ရှိလူအုပ်ကြီး၏အသံကိုနား ထောင်ကြလော့။ ထိုအသံသည်လူမျိုးတကာ တို့စုရုံးနေကြသောအသံဖြစ်၏။ ဗိုလ်ခြေ တို့၏အရှင်ထာဝရဘုရားသည် မိမိ၏စစ် သည်တော်တို့ကိုတိုက်ပွဲဝင်စေရန်အတွက် အသင့်ပြင်ဆင်လျက်နေတော်မူ၏။-
4 Ouçam o barulho nos montes! Escutem os grandes exércitos marchando! São ruídos e gritos de muitas nações; o S
5 သူတို့သည်ကမ္ဘာအစွန်အဖျားရှိရပ်ဝေး နိုင်ငံများမှ လာရောက်ကြလိမ့်မည်။ ထာဝရ ဘုရားသည်အမျက်ထွက်တော်မူသဖြင့် လက်နက်ဖြင့် နိုင်ငံတစ်ခုလုံးကိုသုတ်သင် ဖျက်ဆီးပစ်ရန်ကြွလာတော်မူပေအံ့။
5 Vêm de países distantes, dos mais longínquos horizontes. São as armas do S com elas destruirá toda a terra.
6 အနန္တတန်ခိုးရှင်သည်ဘေးအန္တရာယ်ဆိုးကို သက်ရောက်စေတော်မူမည့်နေ့ရက်ကာလ တည်းဟူသော ထာဝရဘုရားတရားစီရင် တော်မူရာနေ့ရက်ကာလကျရောက်လာ ရဦးမည်။ ဝေဒနာခံစားလျက်ငိုကြွေး မြည်တမ်းကြလော့။-
6 Gritem de terror, pois o dia do S enhor chegou, o dia em que o Todo-poderoso virá para destruir.
7 လူအပေါင်းတို့၏လက်သည်နုံ့နဲ့၍နေလိမ့် မည်။ ထိုသူတို့သည်သတ္တိကြောင်၍နေလိမ့် မည်။-
7 Todo braço está paralisado de medo, todo coração se derrete,
8 သူတို့အားလုံးပင်ထိတ်လန့်တုန်လှုပ်လျက် သားဖွားသောအမျိုးသမီးကဲ့သို့ပြင်းပြ စွာဝေဒနာခံရကြလိမ့်မည်။ သူတို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ကြောက်စိတ်နှင့်ကြည့်ကြလိမ့်မည်။ သူတို့ ၏မျက်နှာများသည်လည်းရှက်သွေးသန်း လျက်နေလိမ့်မည်။-
8 todos estão apavorados. São tomados de dores agudas de aflição, como as dores da mulher no parto. Apavorados, olham uns para os outros, com o rosto ardendo de medo.
9 သနားညှာတာမှုကင်းမဲ့သည့်ဒေါသအမျက် တော်ဒဏ်ကိုခံရကြမည့်နေရက်ကာလတည်း ဟူသော ထာဝရဘုရားတရားစီရင်တော်မူ ရာနေ့ရက်ကာလကျရောက်လာလိမ့်မည်။ ကမ္ဘာ မြေကြီးသည်လူသူဆိတ်ညံရာဖြစ်လျက် နေလိမ့်မည်။ အပြစ်ကူးလွန်သူမှန်သမျှ သည်လည်းသုတ်သင်ပယ်ရှင်းခြင်းကိုခံ ရကြလိမ့်မည်။-
9 Vejam, o dia do S enhor está chegando, o dia terrível de sua fúria e ira ardente! A terra ficará desolada, e os pecadores serão destruídos.
10 ကြယ်နက္ခတ်အပေါင်းတို့သည်မတောက်ဘဲ နေလိမ့်မည်။ နေထွက်လာသောအခါမှောင် လျက်နေလိမ့်မည်။ လသည်လည်းအလင်း ရောင်ကိုပေးလိမ့်မည်မဟုတ်။
10 Os céus acima deles escurecerão, e as estrelas deixarão de brilhar. O sol estará escuro ao nascer, e a lua não iluminará.
11 ထာဝရဘုရားက``ငါသည်ဘေးအန္တရာယ် ဆိုးကိုကမ္ဘာမြေပေါ်သို့သက်ရောက်စေ၍ သူ ယုတ်မာတို့အားမိမိတို့၏အပြစ်များ အတွက်အပြစ်ဒဏ်ခတ်မည်။ ငါသည်မာန် မာနကြီးသူမှန်သမျှကိုရှုတ်ချ၍ စိတ် ကြီးဝင်ကာရက်စက်ကြမ်းကြုတ်သူ အပေါင်းအားအပြစ်ဒဏ်ခတ်မည်။-
11 “Eu, o S enhor , castigarei o mundo por sua maldade, os perversos por seu pecado. Esmagarei a pretensão dos arrogantes, humilharei o orgulho dos poderosos.
12 အသက်မသေဘဲကျန်ရှိသူတို့သည် ရွှေ ထက်လည်းကောင်းရှားလိမ့်မည်။-
12 Tornarei as pessoas mais escassas que o ouro, mais raras que o ouro puro de Ofir.
13 အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် အမျက်တော်ကိုပြတော်မူသောအခါ မိုး ကောင်းကင်သည်တုန်လှုပ်၍ကမ္ဘာမြေကြီး သည်လည်းတည်နေရာမှရွေ့လျားသွား လိမ့်မည်။
13 Pois sacudirei os céus; a terra se moverá de seu lugar, quando o S no dia de sua ira ardente.”
14 မုဆိုးတို့၏ဘေးမှကစင့်ကလျားထွက်ပြေး ကြသည့်ဒရယ်များကဲ့သို့၊ ထိန်းကျောင်းသူမရှိ သည့်သိုးများကဲ့သို့ ဗာဗုလုန်ပြည်တွင်နေထိုင် သူလူမျိုးခြားတို့သည် မိမိတို့၏နေရင်း ပြည်သို့ပြန်ပြေးကြလိမ့်မည်။-
14 Todos na Babilônia correrão como uma gazela perseguida, como ovelhas sem pastor. Tentarão encontrar seu povo e fugir para sua terra.
15 သူတို့အထဲမှအဖမ်းခံရသူတို့သည် ဋ္ဌားဖြင့်ထိုးသတ်ခြင်းကိုခံကြလိမ့်မည်။-
15 Quem for capturado será morto, atravessado com a espada.
16 သူတို့သည်ခိုကိုးရာမဲ့ငေးလျက်ကြည့်နေ စဉ် သူတို့၏နို့စို့ကလေးများသည်ဆောင့်ဖွပ် ၍ အသတ်ခံရကြလိမ့်မည်။ သူတို့၏အိမ်များ မှာအလုအယက်ခံရ၍ သူတို့၏ဇနီးများ သည်မုဒိန်းအကျင့်ခံရကြလိမ့်မည်'' ဟုမိန့် တော်မူ၏။
16 Suas crianças serão massacradas diante de seus olhos; suas casas serão saqueadas, e suas esposas, violentadas.
17 ထာဝရဘုရားက``ငါသည်မေဒိအမျိုး သားတို့အား ဗာဗုလုန်ပြည်ကိုတိုက်ခိုက် ရန်လှုံ့ဆော်လျက်ရှိ၏။ သူတို့သည်ငွေကို ပမာဏမပြု။ ရွှေကိုလည်းမမက်မော။-
17 “Vejam, instigarei o reino da Média contra a Babilônia; não se poderá comprá-lo com prata, nem suborná-lo com ouro.
18 မိမိတို့၏လေးမြားများဖြင့်လူငယ်လူရွယ် တို့ကို ပစ်ခတ်သတ်ကြလိမ့်မည်။ သူတို့သည် နို့စို့သူငယ်များအားကရုဏာပြလိမ့်မည် မဟုတ်။ ကလေးသူငယ်တို့ကိုလည်းသနား လိမ့်မည်မဟုတ်။-
18 Matarão os jovens com flechas, não terão misericórdia dos bebês indefesos, nem compaixão das crianças.”
19 ဗာဗုလုန်မြို့သည်မြို့တကာတို့တွင်အလှဆုံး ဖြစ်၍ မြို့သူမြို့သားတို့ဂုဏ်ယူဝါကြွားရာ ဖြစ်ပေသည်။ သို့ရာတွင်ငါထာဝရဘုရားသည် သောဒုံနှင့်ဂေါမောရမြို့တို့ကိုပြုခဲ့သည်နည်း တူဗာဗုလုန်မြို့ကိုလည်းပျက်သုဉ်းစေမည်။-
19 A Babilônia, o mais glorioso dos reinos, o esplendor e o orgulho dos caldeus, será devastada como Sodoma e Gomorra, quando Deus as destruiu.
20 ထိုမြို့တွင်အဘယ်အခါ၌မျှလူတို့နေထိုင် ရကြလိမ့်မည်မဟုတ်။ အဘယ်အာရပ်အမျိုး သားခရီးသည်မျှလည်းတဲထိုးတည်းခိုရ ကြလိမ့်မည်မဟုတ်။ အဘယ်သိုးထိန်းမျှ လည်းထိုအရပ်တွင်မိမိ၏သိုးအုပ်ကိုထိန်း ကျောင်းရလိမ့်မည်မဟုတ်။-
20 A Babilônia jamais voltará a ser habitada; permanecerá vazia geração após geração. Nômades não acamparão ali, pastores não levarão suas ovelhas para passar a noite.
21 ထိုအရပ်သည်တောတိရစ္ဆာန်များကျက်စားရာ နေရာ၊ ဇီးကွက်များအသိုက်လုပ်ရာဖြစ်လိမ့်မည်။ ယင်းအရပ်တွင်ငှက်ကုလားအုတ်များနေ၍ တော ဆိတ်များသည်လည်း အဆောက်အဦးပျက်များ ၏အကြိုအကြားတွင်ခုန်ပေါက်မြူးတူးကြ လိမ့်မည်။-
21 Animais do deserto habitarão na cidade arruinada, criaturas uivantes rondarão as casas. Corujas viverão entre as ruínas, bodes selvagens ali saltarão.
22 မျှော်စင်များနှင့်နန်းတော်အဆောက်အဦး များသည်တောခွေးနှင့်ခွေးအများဟောင်ကြ သည့်အသံဖြင့် ပဲ့တင်ထပ်လျက်နေလိမ့်မည်။ ဗာဗုလုန်မြို့အပြစ်ဒဏ်သင့်မည့်နေ့ရက်ကာ လရောက်ရှိလာလေပြီ။ ထိုမြို့တည်ရှိမည့် နေ့ရက်ကာလသည်လည်းဆုံးခန်းတိုင် ရောက်လုပြီ။
22 Hienas uivarão nas fortalezas, chacais farão tocas nos palácios luxuosos. Os dias da Babilônia estão contados; logo chegará a hora de sua destruição.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Isaías 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.