Isaías 10

Common Language Bible (MYA) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ ငါ​၏​လူ​မျိုး တော်​အား​နှိပ်​စက်​ညှင်း​ဆဲ​ရန်​မ​တ​ရား​သည့် ဥ​ပ​ဒေ​များ​ကို​ထုတ်​ကြ​၏။-
1 Ai dos que decretam leis injustas, dos que escrevem decretos opressivos,
2 ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​ဆင်း​ရဲ​သူ​တို့ အား မိ​မိ​တို့​ရ​ပိုင်​ခွင့်​များ​ကို​မ​ရ​ရှိ​ကြ စေ​ရန်၊ တ​ရား​သ​ဖြင့်​သင်​တို့​သည်​စီ​ရင် ဆုံး​ဖြတ်​မှု​များ​ကို​မ​ခံ​ရကြ​စေ​ရန်​ပြု ကြ​၏။ မု​ဆိုး​မ​များ​နှင့်​မိ​ဘ​မဲ့​သူ​တို့​၏ ဥစ္စာ​ပစ္စည်း​များ​ကို​လည်း​သိမ်း​ယူ​ကြ​၏။-
2 para negarem justiça aos pobres, para privarem do seu direito os aflitos do meu povo, a fim de despojarem as viúvas e roubarem os órfãos!
3 သင်​တို့​အား​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ်​ခတ် တော်​မူ​သော​အ​ခါ သင်​တို့​အ​ဘယ်​သို့​ပြု ကြ​ပါ​မည်​နည်း။ ကိုယ်​တော်​သည်​သင်​တို့​အား ရပ်​ဝေး​ဒေ​သ​မှ​ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​တွေ့ ကြုံ​စေ​တော်​မူ​သော​အ​ခါ၊ သင်​တို့​အ​ဘယ် သို့​ပြု​ကြ​ပါ​မည်​နည်း။ အ​ကူ​အ​ညီ​တောင်း ခံ​ရန်​အ​ဘယ်​သူ​ထံ​သို့​ပြေး​ကြ​ပါ​မည်​နည်း။ မိ​မိ​တို့​၏​စည်း​စိမ်​ဥစ္စာ​များ​ကို​အ​ဘယ်​မှာ သို​ဝှက်​ထား​ကြ​ပါ​မည်​နည်း။-
3 Mas o que vocês vão fazer no dia do castigo, na calamidade que vem de longe? A quem vão pedir socorro e onde deixarão a sua glória?
4 သင်​တို့​သည်​တိုက်​ပွဲ​တွင်​ကျ​ဆုံး​ရကြ​လိမ့် မည်။ သို့​မ​ဟုတ်​လျှင်​လည်း​သုံ့​ပန်း​များ​အ​ဖြစ် ဖြင့် ဆွဲ​သွား​ခြင်း​ကို​ခံ​ရကြ​လိမ့်​မည်။ သို့​နှင့် လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​တော် မ​ပြေ​ဘဲ​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ရန် လက် တော်​ကို​ချိန်​ရွယ်​လျက်​ပင်​ထား​တော်​မူ လိမ့်​မည်။
4 Nada mais lhes resta a fazer, a não ser curvar-se entre os prisioneiros e cair entre os mortos. Nem com tudo isto se desviou a ira de Deus, e a mão dele continua estendida.
5 ထာ​ဝ​ရ​ဘု​ရား​က``အို အာ​ရှု​ရိ​အ​မျိုး​သား တို့၊ ငါ​အ​မျက်​ထွက်​သော​သူ​တို့​အား​အာ​ရှု​ရိ အ​မျိုး​သား​တို့​ကို​တင်း​ပုတ်​အ​ဖြစ်​ဖြင့်​ငါ အ​သုံး​ပြု​မည်။-
5 “Ai da Assíria, cetro da minha ira! A vara em sua mão é o instrumento do meu furor.
6 ဘု​ရား​မဲ့​လူ​မျိုး၊ ငါ​၏​အ​မျက်​တော်​ကို​လှုံ့ ဆော်​ပေး​သည့်​လူ​တို့​အား​တိုက်​ခိုက်​ရန်​အာ ရှု​ရိ​အ​မျိုး​သား​တို့​ကို​ငါ​စေ​လွှတ်​ခဲ့​၏။ သူ​တို့​သည်​လု​ယက်​ခိုး​ဝှက်​ကာ​ထို​လူ​စု​ကို မြေ​မှုန့်​သ​ဖွယ် လမ်း​များ​ပေါ်​တွင်​ကျော်​နင်း ကြ​စေ​ရန်​ငါ​စေ​လွှတ်​ခဲ့​သ​တည်း'' ဟု မိန့်​တော်​မူ​၏။
6 Eu a envio contra uma nação ímpia, e contra o povo da minha indignação lhe dou ordens, para que dele roube a presa e lhe tome o despojo, e o ponha para ser pisado aos pés, como a lama das ruas.
7 သို့​ရာ​တွင်​အာ​ရှု​ရိ​ဘု​ရင်​သည်​အ​ကြမ်း​ဖက် လို​သ​ဖြင့် မိ​မိ​ကိုယ်​ပိုင်​အ​ကြံ​အ​စည်​များ ကို​ပြု​လုပ်​ထား​လေ​သည်။ သူ​သည်​တိုင်း​နိုင်​ငံ အ​မြောက်​အ​မြား​ကို​ဖျက်​ဆီး​ပစ်​ရန်​သန္နိ ဋ္ဌာန်​ချ​ကာ၊-
7 Ela, porém, assim não pensa, o seu coração não entende assim; pelo contrário, em seu coração só pensa em destruir e exterminar não poucas nações.
8 ``ငါ​၏​တပ်​မှူး​မှန်​သ​မျှ​တို့​သည်​ဘု​ရင် များ​ဖြစ်​ကြ​ပါ​သည်​တ​ကား။-
8 Porque diz: ‘Não são meus comandantes todos eles reis?
9 ကာ​လ​နော​မြို့​နှင့်​ခါ​ခေ​မိတ်​မြို့၊ ဟာ​မတ်​မြို့ နှင့်​အာ​ပဒ်​မြို့၊ ရှ​မာ​ရိ​မြို့​နှင့်​ဒ​မာ​သက်​မြို့ တို့​ကို​ငါ​နှိမ်​နင်း​ခဲ့​၏။-
9 Não é Calno como Carquemis? Não é Hamate como Arpade? E Samaria, como Damasco?
10 ရုပ်​တု​ကိုး​ကွယ်​သည့်​တိုင်း​ပြည်​များ​ကို​အ​ပြစ် ဒဏ်​ပေး​ရန် ငါ​သွား​ရောက်​ခဲ့​၏။ ထို​တိုင်း​ပြည် တွင် ယေ​ရု​ရှ​လင်​မြို့​နှင့်​ဒ​မာ​သက်​မြို့​များ မှာ​ထက် ရုပ်​တု​ဆင်း​တု​ပေါ​များ​သည်​သာ တည်း။-
10 O meu poder atingiu os reinos dos ídolos, ainda que as suas imagens de escultura eram melhores do que as de Jerusalém e do que as de Samaria.
11 ရှမာရိ​မြို့​ကို​ရုပ်​တု​ဆင်း​တု​များ​နှင့်​တ​ကွ ငါ သုတ်​သင်​ဖျက်​ဆီး​ပြီး​လေ​ပြီ။ ယေ​ရု​ရှ​လင် မြို့​နှင့်​ထို​မြို့​သား​တို့​ဝတ်​ပြု​ကိုး​ကွယ်​သည့် ရုပ်​တု​များ​ကို​လည်း ထို​နည်း​တူ​ငါ​ပြု​မည်'' ဟု​ဝါ​ကြွား​၏။
11 Será que não posso fazer com Jerusalém e os seus ídolos o mesmo que fiz com Samaria e os seus ídolos?’”
12 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဇိ​အုန် တောင်​နှင့်​ယေ​ရု​ရှ​လင်​မြို့​တွင်​ဆောင်​ရွက်​ရန် အ​မှု​ပြီး​စီး​သော​အ​ခါ၊ အာ​ရှု​ရိ​ဘု​ရင် အား မိ​မိ​၏​ဝါ​ကြွား​မှု​နှင့်​မာန်​မာ​န​ကြီး မှု​တို့​အ​တွက်​အ​ပြစ်​ဒဏ်​ခတ်​မည်'' ဟု​မိန့် တော်​မူ​၏။
12 Por isso, quando o Senhor tiver acabado toda a sua obra no monte Sião e em Jerusalém, então castigará a arrogância do coração do rei da Assíria e o excessivo orgulho dos seus olhos.
13 အာ​ရှု​ရိ​ဘု​ရင်​က``ဤ​အ​မှု​ကို​ငါ​ကိုယ်​တိုင် ပြု​ခဲ့​၏။ ငါ​သည်​ခွန်​အား​ကြီး​၏။ ပ​ညာ​ရှိ​၍ တတ်​သိ​လိမ္မာ​၏။ တိုင်း​နိုင်​ငံ​တို့​၏​နယ်​နိ​မိတ် ကို​ဖယ်​ရှား​ပြီး​လျှင် သူ​တို့​သို​လှောင်​ထား​သည့် ရိက္ခာ​များ​ကို​သိမ်း​ယူ​ခဲ့​၏။ ထို​တိုင်း​နိုင်​ငံ များ​တွင်​နေ​ထိုင်​သူ​တို့​အား ငါ​သည်​နွား နင်း​သ​ကဲ့​သို့​နင်း​ချေ​ပစ်​ခဲ့​၏။-
13 Porque o rei disse: “Eu fiz isso com o poder da minha mão e com a minha sabedoria, porque sou inteligente. Removi os limites dos povos, roubei os seus tesouros, e como valente abati os que se assentavam em tronos.
14 ကမ္ဘာ​ပေါ်​ရှိ​တိုင်း​နိုင်​ငံ​တို့​သည်​ငှက်​သိုက်​နှင့် တူ​၍ ငါ​သည်​ထို​နိုင်​ငံ​တို့​၏​စည်း​စိမ်​ဥစ္စာ​ကို ငှက်​ဥ​များ​သ​ဖွယ်​လွယ်​ကူ​စွာ​သိမ်း​ယူ​ခဲ့ လေ​ပြီ။ အ​ဘယ်​သူ​မျှ​အ​တောင်​ကို​မ​ခတ်၊ ပါး​စပ်​ကို​မ​ဟ​ရဲ​ကြ​ဟု​ဝါ​ကြွား​လေ သည်။
14 Meti a mão nas riquezas dos povos como se mete a mão num ninho; e, como se ajuntam os ovos abandonados, assim eu ajuntei toda a terra, e não houve quem batesse as asas, ou abrisse o bico, ou desse um pio.”
15 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ပု​ဆိန်​သည် မိ​မိ​ကို​အ​သုံး​ပြု​သူ​ထက်​ကြီး​မြတ်​သည် ဟု​ဆို​နိုင်​ပါ​မည်​လော။ လွှ​သည်​လည်း​မိ​မိ ကို​ကိုင်​၍​တိုက်​သူ​ထက်​အ​ရေး​ပါ​အ​ရာ ရောက်​သည်​ဟု​ဆို​နိုင်​ပါ​မည်​လော။ တင်း​ပုတ် က​လူ​ကို​ကိုင်​သည်​မ​ဟုတ်၊ လူ​က​တင်း​ပုတ် ကို​ကိုင်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။
15 Será que o machado pode se gloriar contra aquele que corta com ele? Ou será que a serra pode se engrandecer contra o que a maneja? Seria como se o cetro movesse quem o segura ou o bastão levantasse quem não é madeira!
16 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ယ​ခု အ​ခါ​ဝ​လင်​စွာ​စား​ရ​ကြ​သူ​တို့​အား​အ​ပြစ် ဒဏ်​ခတ်​ရန် အ​နာ​ရော​ဂါ​ကပ်​ရောက်​စေ​တော် မူ​လိမ့်​မည်။ သူ​တို့​၏​ကိုယ်​ခန္ဓာ​အ​တွင်း​ပိုင်း သည်​မီး​ကဲ့​သို့​အ​ဆက်​မ​ပြတ်​ပူ​လောင်​၍ နေ​လိမ့်​မည်။-
16 Por isso, o Senhor, o Senhor dos Exércitos, fará definhar os soldados deles, todos robustos, e debaixo da sua glória acenderá uma chama, como a chama de fogo.
17 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​လင်း​ဖြစ် တော်​မူ​၍ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်​ဆူး​ပင်​အ​မျိုး​မျိုး​ပါ​မ​ကျန် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို တစ်​နေ့​ချင်း​၌ ကျွမ်း​လောင်​စေ​တတ်​သော​မီး​ကဲ့​သို့​ဖြစ် လိမ့်​မည်။-
17 Porque a Luz de Israel virá a ser como fogo, e o seu Santo, como labareda, que, num só dia, queimará e consumirá as ervas daninhas e os espinheiros da Assíria.
18 သေ​စေ​တတ်​သော​အ​နာ​ရော​ဂါ​ကြောင့်​လူ သည်​ဆုံး​ပါး​ပျက်​စီး​သွား​ရ​သည်​နည်း​တူ စိမ်း​လန်း​စို​ပြေ​သော​သစ်​တော​များ​နှင့်​လယ် ယာ​များ​သည်​လုံး​ဝ​ပျက်​ပြုန်း​၍​သွား​ရ ကြ​လိမ့်​မည်။-
18 Também destruirá totalmente a glória da sua floresta e do seu campo fértil; e será como quando um doente vai definhando.
19 သစ်​ပင်​များ​အ​နည်း​ငယ်​မျှ​သာ​ကျန်​ရှိ တော့​မည်​ဖြစ်​၍ ယင်း​တို့​ကို​က​လေး​သူ​ငယ် ပင်​လျှင်​ရေ​တွက်​၍​ကြည့်​နိုင်​လိမ့်​မည်။
19 As árvores que restarem na sua floresta serão tão poucas, que até uma criança poderá contá-las.
20 အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​ကြ​သည့်​ဣ​သ ရေ​လ​ပြည်​သူ​တို့​သည် မိ​မိ​တို့​အား​လုံး​နည်း ပါး​သုတ်​သင်​ဖျက်​ဆီး​ခဲ့​သည့်​လူ​မျိုး​ကို အား မ​ကိုး​တော့​မည့်​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ လိမ့်​မည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​အ​မှန်​တ​ကယ် ယုံ​ကြည်​ကိုး​စား​ကြ​လိမ့်​မည်။-
20 Naquele dia, os restantes de Israel e os da casa de Jacó que tiverem escapado nunca mais se apoiarão naquele que os feriu, mas se apoiarão no Senhor , o Santo de Israel.
21 ဣ​သ​ရေ​လ​ပြည်​သူ​အ​ချို့​တို့​သည်​လည်း မိ​မိ​တို့​၏​တန်​ခိုး​တော်​ရှင်​ဘု​ရား​သ​ခင် ၏​အ​ထံ​တော်​သို့​ပြန်​လာ​ကြ​လိမ့်​မည်။-
21 Um resto voltará; sim, um resto de Jacó voltará para o Deus Forte.
22 ယ​ခု​အ​ခါ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် သ​မုဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ​များ​သော် လည်း အ​ချို့​သာ​လျှင်​အ​ထံ​တော်​သို့​ပြန် လာ​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​သူ​တို့ အား​သုတ်​သင်​ဖျက်​ဆီး​ပစ်​ရန် စီ​မံ​ထား​ပြီး ဖြစ်​ပေ​သည်။ သူ​တို့​သည်​လည်း​ယင်း​သို့​သုတ် သင်​ဖျက်​ဆီး​ခြင်း​ကို​လုံး​ဝ​ခံ​ထိုက်​ကြ သ​တည်း။-
22 Porque ainda que o seu povo, ó Israel, seja como a areia do mar, apenas um resto voltará. Uma destruição está determinada, transbordante de justiça.
23 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း တစ်​ပြည်​လုံး​ကို အ​မှန်​ပင်​သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ လိမ့်​မည်။
23 Porque essa destruição, já determinada, o Senhor, o Senhor dos Exércitos, a executará no meio de toda esta terra.
24 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန် မြို့​တွင်​နေ​ထိုင်​ကြ​သူ မိ​မိ​တို့​၏​လူ​မျိုး​တော် အား``အာ​ရှု​ရိ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် အ​မျိုး​သား​တို့​နည်း​တူ သင်​တို့​အား​ဖိ​နှိပ် ကြ​သော်​လည်း သင်​တို့​သည်​သူ​တို့​ကို​မ ကြောက်​ကြ​နှင့်။-
24 Por isso, assim diz o Senhor, o Senhor dos Exércitos: — Povo meu, que mora em Sião, não tenha medo da Assíria, quando ela castigar você com uma vara e levantar contra você o seu bastão à maneira dos egípcios.
25 သင်​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​ပြီး​နောက် မ​ကြာ​မီ​ပင်​ငါ​သည်​သူ​တို့​အား​သုတ် သင်​ပယ်​ရှင်း​မည်။-
25 Pois daqui a bem pouco se cumprirá a minha indignação e a minha ira, para a consumir.
26 အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘုရား​သည် သြ​ရ​ဘ​ကျောက်​အ​နီး​တွင် မိ​ဒျန်​အ​မျိုး​သား တို့​အား​ငါ​၏​နှင်​တံ​နှင့်​ရိုက်​ဆုံး​မ​ခဲ့​သည် နည်း​တူ​သူ​တို့​ကို​လည်း​ရိုက်​ဆုံး​မ​မည်။ ငါ သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​အား​ဆင်း​ရဲ ဒုက္ခ​ရောက်​စေ​ခဲ့​သည့်​နည်း​တူ သူ​တို့​ကို လည်း​ဆင်း​ရဲ​ဒုက္ခ​ရောက်​စေ​မည်။-
26 Porque o Senhor dos Exércitos suscitará contra ela um flagelo, como a matança de Midiã junto ao rochedo de Orebe. O seu bordão estará sobre o mar, e ele o levantará como fez no Egito.
27 ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ငါ​သည်​သင်​တို့​အား​အာ​ရှု​ရိ​အ​မျိုး​သား တို့​၏​လက်​မှ​လွတ်​မြောက်​စေ​မည်။ သင်​တို့ ၏​ပ​ခုံး​ပေါ်​တွင်​ဝန်​ထုပ်​ဝန်​ပိုး​ဖြစ်​တော့ မည်​မ​ဟုတ်။ သင်​တို့​သည်​အ​လွန်​ဝ​ဖြိုး လာ​သော​ကြောင့် သင်​တို့​၏​ထမ်း​ပိုး​များ ကျိုး​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
27 Naquele dia, o peso deles será tirado dos ombros de vocês, e o jugo deles será removido do pescoço de vocês, jugo que será despedaçado por causa da gordura.
28 ရန်​သူ​များ​သည်​အာ​ရပ်​မြို့​သို့​ရောက်​ရှိ​နေ ကြ​၏။ သူ​တို့​သည်​မိ​ဂ​ရုန်​မြို့​ကို​ဖြတ်​သန်း ၍​လာ​ခဲ့​ကြ​၏။ မိ​မိ​တို့​၏​စား​နပ်​ရိက္ခာ​များ ကို​မိတ်​မတ်​မြို့​တွင်​ထား​ခဲ့​ကြ​လေ​သည်။-
28 A Assíria vem a Aiate, passa por Migrom e em Micmás larga a sua bagagem.
29 သူ​တို့​သည်​တောင်​ကြား​လမ်း​ကို​ဖြတ်​ပြီး လျှင် ဂေ​ဗ​မြို့​တွင်​စ​ခန်း​ချ​လျက်​နေ​ကြ​၏။ ထို​အ​ခါ​ရာ​မ​မြို့​သား​တို့​သည်​ကြောက် လန့်​ကြ​ကုန်​လျက် ရှော​လု​မင်း​၏​ဌာ​နေ​ဖြစ် သော​ဂိ​ဗာ​မြို့​မှ​လူ​တို့​သည်​လည်း​ထွက် ပြေး​ကြ​ကုန်​၏။-
29 Passa o desfiladeiro, aloja-se em Geba, já Ramá treme, Gibeá de Saul foge.
30 အို ဂလ္လိမ်​မြို့​သူ​မြို့​သား​တို့၊ ကြွေး​ကြော်​ကြ လော့။ အို လဲ​ရှ​မြို့၊ ထို​ကြွေး​ကြော်​သံ​ကို​နား ထောင်​ကြ​လော့။ အာ​န​သုတ်​မြို့​သူ​မြို့​သား တို့၊ တုံ့​ပြန်​ပြော​ကြား​ကြ​လော့။-
30 Grite bem alto, ó filha de Galim! Escute, ó Laís! Pobre Anatote!
31 မာ​ဒ​မေ​န​မြို့​သူ​မြို့​သား​နှင့်​ဂေ​ဗိမ်​မြို့​သူ မြို့​သား​တို့​သည် မိ​မိ​တို့​အ​သက်​ဘေး​မှ လွတ်​မြောက်​ရန်​ထွက်​ပြေး​ကြ​လေ​ပြီ။-
31 Madmena se dispersa; os moradores de Gebim fogem para salvar-se.
32 ရန်​သူ​တို့​သည်​ယ​နေ့​နော​ဘ​မြို့​တွင်​ရှိ​ကြ ၏။ သူ​တို့​သည်​ထို​မြို့​မှ​နေ​၍​ဇိ​အုန်​တောင် နှင့် ယေ​ရု​ရှ​လင်​မြို့​အား​လက်​သီး​ဆုပ်​၍ ပြ​ကြ​၏။
32 Nesse mesmo dia, a Assíria parará em Nobe; agitará o punho fechado para o monte da filha de Sião, a colina de Jerusalém.
33 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သစ် ပင်​မှ​ခုတ်​ဖြတ်​ချ​လိုက်​သည့်​သစ်​ကိုင်း​များ သ​ဖွယ် သူ​တို့​အား​ပြို​လဲ​ပျက်​စီး​စေ​တော်​မူ လိမ့်​မည်။ သူ​တို့​တွင်​မာန်​မာ​န​ထောင်​လွှား​ဆုံး၊ အ​ကြီး​မြတ်​ဆုံး​သော​သူ​တို့​ကို​ခုတ်​လှဲ ရှုတ်​ချ​တော်​မူ​လိမ့်​မည်။-
33 Mas eis que o Senhor, o cortará os ramos com violência; as árvores de grande porte serão derrubadas, e as mais altas serão abatidas.
34 တော​နက်​အ​တွင်း​မှ​သစ်​ပင်​တို့​သည်​ပု​ဆိန် ဒဏ်​ဖြင့်​လဲ​ကျ​ရ​သ​ကဲ့​သို့၊ လေ​ဗ​နုန်​တော မှ​အ​ဖိုး​အ​တန်​ဆုံး​သော​သစ်​ပင်​များ​လဲ ကျ​ကြ​သ​ကဲ့​သို့​သူ​တို့​အား​ထာ​ဝ​ရ ဘု​ရား​သည်​ပြို​လဲ​စေ​တော်​မူ​လိမ့်​မည်။
34 Cortará com o machado as árvores da floresta, e o Líbano cairá pela mão de um poderoso.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Isaías 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.