Hebreus 8
Common Language Bible (MYA) vs BKJ
1 ယခုဆိုခဲ့ပြီးသောအကြောင်းအရာများ တွင် အရေးကြီးသည့်အချက်မှာ ငါတို့တွင်ထိုသို့ သောယဇ်ပုရောဟိတ်မင်းရှိခြင်းပင်ဖြစ်ပေသည်။ ကိုယ်တော်သည်ကောင်းကင်ဘုံရှိဘုန်းတန်ခိုးရှင် ၏ပလ္လင်တော်လက်ယာဘက်၌ထိုင်နေတော်မူ၏။-
1 Ora, de todas as coisas que falamos, eis o resumo: Temos um sumo sacerdote tal, que está assentado à destra do trono da Majestade nos céus.
2 ကိုယ်တော်သည်အလွန်သန့်ရှင်းရာဌာနတော် တည်းဟူသောတဲတော်စစ်၌ အမှုတော်ဆောင် လျက်နေတော်မူ၏။ ထိုတဲတော်စစ်ကားလူတို့ တည်ဆောက်သောတဲတော်မဟုတ်၊ ဘုရားရှင် တည်ဆောက်တော်မူသောတဲတော်ဖြစ်သတည်း။
2 Um ministro do santuário, e do verdadeiro tabernáculo, que o Senhor levantou, e não o homem.
3 ယဇ်ပုရောဟိတ်မင်းမည်သည်ပူဇော်သကာ ဆက်သရန်နှင့်ယဇ်ပူဇော်ရန်ခန့်ထားခြင်းခံ ရသူဖြစ်၏။ သို့ဖြစ်၍ငါတို့၏ယဇ်ပုရော ဟိတ်မင်းမှာလည်းဆက်သပူဇော်ရန် ပူဇော် သကာတစ်စုံတစ်ရာရှိရပေမည်။-
3 Porque todo sumo sacerdote é ordenado para oferecer dons e sacrifícios; pelo que era necessário que esse homem também tivesse alguma coisa que oferecer.
4 ကိုယ်တော်သည်လောကတွင်ရှိနေတော်မူမည် ဆိုပါလျှင် ယဇ်ပုရောဟိတ်လုံးဝဖြစ်နိုင်လိမ့် မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်ပညတ်တရား အရပူဇော်သကာများကိုဆက်သသူယဇ် ပုရောဟိတ်များရှိသောကြောင့်ပင်ဖြစ်၏။-
4 Porque, se ele estivesse na terra, não devia ser sacerdote, visto que há sacerdotes que oferecem dons segundo a lei,
5 ယဇ်ပုရောဟိတ်များပြုသောအမှုအရာများ သည် ကောင်းကင်ဘုံရှိအမှုအရာများ၏ပုံတူ နှင့်အရိပ်အရောင်မျှသာဖြစ်ပေသည်။ မောရှေ ပြုခဲ့သည့်အမှုအရာများသည်လည်း ဤနည်း အတိုင်းပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော်သူ သည်ပဋိညာဉ်တဲတော်ကိုတည်ဆောက်မည်ပြု သောအခါ ဘုရားသခင်က``တောင်ပေါ်တွင် သင့်အားငါပြခဲ့သည့်ပုံစံနှင့်အညီ အလုံး စုံတို့ကိုပြုလုပ်ရန်သတိမမေ့နှင့်'' ဟု ညွှန်ကြားတော်မူခဲ့သောကြောင့်ဖြစ်၏။-
5 que servem ao exemplo e sombra das coisas celestiais, como Moisés foi admoestado por Deus quando estava prestes a construir o tabernáculo. Ele diz: Olha, cuida em fazer todas as coisas de acordo com o modelo que no monte se te mostrou.
6 သို့ရာတွင်ဘုရားနှင့်လူအကြားတွင်သခင် ယေရှုစီစဉ်ပေးသည့်ပဋိညာဉ်တရားတော် သည် ပို၍ကောင်းမွန်သောအရာများဆိုင်ရာ ကတိတော်များအပေါ်တွင်အခြေခံသဖြင့် ပဋိညာဉ်တရားဟောင်းထက်ပိုမိုကောင်းမြတ် သကဲ့သို့ သခင်ယေရှုထမ်းဆောင်ရသည့်ယဇ် ပုရောဟိတ်တာဝန်ဝတ္တရားများသည်လည်း ထို ယဇ်ပုရောဟိတ်တို့၏တာဝန်ဝတ္တရားများ ထက်သာလွန်ကြီးမြတ်ပေသည်။
6 Mas agora ele alcançou um ministério mais excelente, quanto também é o mediador de um melhor pacto, que foi estabelecido sobre melhores promessas.
7 အကယ်၍ပထမပဋိညာဉ်တော်တွင်အပြစ် ဆိုစရာရှိပါမူ၊ ဒုတိယပဋိညာဉ်တော်ကို ပြုတော်မူရန်လိုမည်မဟုတ်။-
7 Porquanto, se o primeiro pacto fora sem defeito, nenhum lugar se teria buscado para o segundo.
8 သို့ရာတွင်ဘုရားသခင်သည်မိမိ၏လူစု တော်အားအပြစ်တင်တော်မူလျက်၊
8 E achando falta neles, ele diz: Eis que virão dias, diz o Senhor, em que farei um novo pacto com a casa de Israel e com a casa de Judá.
9 ဤပဋိညာဉ်သည်သူတို့၏ဘိုးဘေးများအား လက်ဆွဲ၍
9 Não conforme o pacto que fiz com seus pais no dia em que os tomei pela mão, para guiá-los para fora da terra do Egito; pois não permaneceram em meu pacto, e eu não mais os considerei, diz o Senhor.
10 နောင်အခါ၌ဣသရေလအမျိုးသားတို့နှင့် ငါပြုမည့်ပဋိညာဉ်ဟူမူကား၊
10 Porque este é o pacto que farei com a casa de Israel depois daqueles dias, diz o Senhor: Eu porei as minhas leis em suas mentes, e as escreverei em seus corações; eu serei para eles um Deus, e eles serão para mim um povo;
11 အဘယ်သူမျှမိမိ၏အမျိုးသားချင်း ကိုသော်လည်းကောင်း၊
11 e eles não ensinarão, cada homem ao seu próximo, nem cada um ao seu irmão, dizendo: Conhece o Senhor; porque todos me conhecerão, do menor até o maior.
12 ငါသည်သူတို့၏အပြစ်များကိုဖြေလွှတ်၍
12 Porque serei misericordioso para com suas injustiças, e de seus pecados e de suas iniquidades não me lembrarei mais.
13 ကိုယ်တော်သည်ယင်းသို့ပဋိညာဉ်သစ်အကြောင်း ကိုမိန့်တော်မူသောအားဖြင့် ပထမပဋိညာဉ် ကိုဟောင်းနွမ်းစေတော်မူ၏။ ဟောင်းနွမ်းလာသော အရာသည်လည်းမကြာမီပျောက်ကွယ်သွား လိမ့်မည်။
13 Assim ele diz: Um novo pacto, ele tornou o primeiro velho. Ora, o que se deteriora e envelhece está pronto para desaparecer.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Hebreus 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.