Hebreus 5
Common Language Bible (MYA) vs VC
1 ယဇ်ပုရောဟိတ်မင်းမည်သည်ကားအပြစ် ဖြေရာယဇ်နှင့် ပူဇော်သကာများကိုဆက်သ ရန်အတွက် လူတို့၏ကိုယ်စားဘုရားသခင် ၏အမှုတော်ကိုထမ်းဆောင်ရန် ရွေးချယ်ခန့် ထားခြင်းခံရသူဖြစ်၏။-
1 Em verdade, todo pontífice é escolhido entre os homens e constituído a favor dos homens como mediador nas coisas que dizem respeito a Deus, para oferecer dons e sacrifícios pelos pecados.
2 သူကိုယ်တိုင်၌ပင်လျှင်အားနည်းချက်အမျိုး မျိုးရှိသဖြင့် အသိပညာကင်းမဲ့၍မှားယွင်း သူတို့အားကိုယ်ချင်းစာတရားထားနိုင်၏။-
2 Sabe compadecer-se dos que estão na ignorância e no erro, porque também ele está cercado de fraqueza.
3 သူကိုယ်တိုင်အားနည်းချက်ရှိသောကြောင့် အပြစ်ဖြေရာယဇ်ကိုလူတို့၏အတွက် သာမက မိမိ၏အတွက်လည်းဆက်သ ရပေသည်။-
3 Por isso, ele deve oferecer sacrifícios tanto pelos próprios pecados quanto pelos pecados do povo.
4 အဘယ်သူမျှမိမိကိုယ်ကို ယဇ်ပုရောဟိတ် မင်းအဖြစ်ဖြင့်မခန့်ထားနိုင်။ ဘုရားသခင် သည်အာရုန်အား ယဇ်ပုရောဟိတ်မင်းအဖြစ် ခန့်ထားတော်မူသကဲ့သို့ ကိုယ်တော်၏ရွေး ကောက်ခန့်ထားခြင်းခံရမှသာလျှင် ယဇ် ပုရောဟိတ်မင်းဖြစ်နိုင်ပေသည်။
4 Ninguém se apropria desta honra, senão somente aquele que é chamado por Deus, como Aarão.
5 ထိုနည်းတူစွာခရစ်တော်သည်လည်းယဇ် ပုရောဟိတ်မင်း၏ဂုဏ်ပုဒ်ကို မိမိအလို အလျောက်ခံယူတော်မူသည်မဟုတ်။ ဘုရား သခင်ကကိုယ်တော်အား၊
5 Assim também Cristo não se atribuiu a si mesmo a glória de ser pontífice. Esta lhe foi dada por aquele que lhe disse: Tu és meu Filho, eu hoje te gerei {Sl 2,7},
6 အခြားကျမ်းချက်တွင်လည်း
6 como também diz em outra passagem: Tu és sacerdote eternamente, segundo a ordem de Melquisedec {Sl 109,4}.
7 ခရစ်တော်သည်လူ့ဇာတိနှင့်သက်တော်ထင်ရှား ရှိစဉ်အခါက မိမိအားသေခြင်းမှကယ်တင် တော်မူနိုင်သောဘုရားသခင်၏ထံတော်သို့ ကြွေးကြော်ကာမျက်ရည်ကျလျက်ဆုတောင်း ပတ္ထနာပြုတော်မူ၏။ ဘုရားသခင်သည်လည်း ကိုယ်တော်၏ဆုတောင်းပတ္ထနာကိုနားညောင်း တော်မူပေသည်။ အဘယ်ကြောင့်ဆိုသော်ကိုယ် တော်သည်စိတ်နှလုံးနှိမ့်ချလျက် ဘုရား သခင်၏အလိုတော်ကိုဝန်ခံတော်မူသော ကြောင့်တည်း။-
7 Nos dias de sua vida mortal, dirigiu preces e súplicas, entre clamores e lágrimas, àquele que o podia salvar da morte, e foi atendido pela sua piedade.
8 ကိုယ်တော်သည်ဘုရားသခင်၏သားတော် ပင်ဖြစ်သော်လည်း ဆင်းရဲဒုက္ခများကိုခံခြင်း အားဖြင့်နာခံတတ်ရန်သင်ယူတော်မူ၏။-
8 Embora fosse Filho de Deus, aprendeu a obediência por meio dos sofrimentos que teve.
9 ကိုယ်တော်သည်ပြီးပြည့်စုံလင်ခြင်းသို့ရောက် သောအခါ မိမိကိုနာခံသောသူအပေါင်း တို့၏ထာဝရကယ်တင်ခြင်းအရှင်ဖြစ် လာတော်မူ၍၊-
9 E uma vez chegado ao seu termo, tornou-se autor da salvação eterna para todos os que lhe obedecem,
10 ကိုယ်တော်အားမေလခိဇေဒက်၏အရိုက် အရာကိုဆက်ခံသူ ယဇ်ပုရောဟိတ်မင်းဟု အမည်နာမကိုဘုရားသခင်ပေးတော်မူ သတည်း။
10 porque Deus o proclamou sacerdote segundo a ordem de Melquisedec.
11 ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါတို့ပြော ဆိုစရာများစွာရှိ၏။ သို့ရာတွင်သင်တို့သည် ဉာဏ်လေးသူများဖြစ်သဖြင့် သင်တို့အား ရှင်းလင်းဖော်ပြရန်ခက်ပေသည်။-
11 Teríamos muita coisa a dizer sobre isso, e coisas bem difíceis de explicar, dada a vossa lentidão em compreender...
12 သင်တို့သည်ယခုအချိန်အခါလောက်ဆိုလျှင် ဋ္ဌမ္မပညာပို့ချသူများဖြစ်သင့်ကြလေပြီ။ သို့ ရာတွင်သင်တို့အားဘုရားသခင်၏တရား တော်အခြေခံကို တစ်စုံတစ်ယောက်ကသင်ကြား ပေးရန်လိုနေသေးပါသည်တကား။ သင်တို့သည် မာသောအစားအစာကိုစားမည့်အစားနို့ ကိုသာလျှင်သောက်နေကြသေး၏။-
12 A julgar pelo tempo, já devíeis ser mestres! Contudo, ainda necessitais que vos ensinem os primeiros rudimentos da palavra de Deus; e vos tornastes tais, que precisais de leite em vez de alimento sólido!
13 နို့ကိုသောက်သုံး၍အသက်ရှင်သူသည်နို့စို့ သူငယ်ဖြစ်၍ အမှန်နှင့်အမှားကိုကိုယ်တွေ့ သိရှိနားလည်သူမဟုတ်။-
13 Ora, quem se alimenta de leite não é capaz de compreender uma doutrina profunda, porque é ainda criança.
14 မာသောအစားအစာသည်ကားအရွယ်ရောက် ပြီးသူတို့အတွက်ဖြစ်၏။ သူတို့သည်လေ့ကျင့် မှုအားဖြင့် အကောင်းနှင့်အဆိုးကိုပိုင်းခြားသိ ရှိသူများဖြစ်ကြ၏။
14 Mas o alimento sólido é para os adultos, para aqueles que a experiência já exercitou na distinção do bem e do mal.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Hebreus 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.