Hebreus 4
Common Language Bible (MYA) vs ARIB
1 ငြိမ်ဝပ်ချမ်းသာခံစားခွင့်ကိုငါတို့အား ဘုရားသခင်ပေးတော်မူမည်ဟုကတိ တော်ရှိ၏။ သင်တို့အနက်တစ်စုံတစ်ယောက် မျှ ယင်းငြိမ်ဝပ်ရာချမ်းသာကိုလက်မလွတ် စေရန်သတိပြုကြလော့။-
1 Portanto, tendo-nos sido deixada a promessa de entrarmos no seu descanso, temamos não haja algum de vós que pareça ter falhado.
2 ငါတို့သည်ရှေးခေတ်လူတို့နည်းတူသတင်း ကောင်းကိုကြားကြရ၏။ သို့ရာတွင်ထိုသူ တို့ကြားရသည့်သတင်းကောင်းသည် သူတို့ အတွက်အကျိုးမရှိချေ။ အဘယ်ကြောင့် ဆိုသော် သူတို့သည်သတင်းကောင်းကိုကြား ရသော်လည်း ယုံကြည်ခြင်းဖြင့်လက်မခံ ကြသောကြောင့်ဖြစ်၏။-
2 Porque também a nós foram pregadas as boas novas, assim como a eles; mas a palavra da pregação nada lhes aproveitou, porquanto não chegou a ser unida com a fé, naqueles que a ouviram.
3 သို့ဖြစ်၍ယုံကြည်သူငါတို့သည် ဘုရား သခင်ကတိထားတော်မူသောငြိမ်ဝပ်ရာ ချမ်းသာကိုရရှိကြပေသည်။
3 Porque nós, os que temos crido, é que entramos no descanso, tal como disse: Assim jurei na minha ira: Não entrarão no meu descanso; embora as suas obras estivessem acabadas desde a fundação do mundo;
4 ကျမ်းစာတော်တွင်ခုနစ်ရက်မြောက်သော နေ့နှင့်ပတ်သက်၍``ဘုရားသခင်သည်သတ္တမ နေ့၌ မိမိပြုစရာရှိသမျှသောအမှုကိစ္စ များပြီးစီး၍ ငြိမ်ဝပ်စွာနေတော်မူ၏။'' ဟု ဖော်ပြပါရှိ၏။-
4 pois em certo lugar disse ele assim do sétimo dia: E descansou Deus, no sétimo dia, de todas as suas obras;
5 တစ်ဖန်ဤအကြောင်းအရာနှင့်ပတ်သက် ၍``ထိုသူတို့သည်ငြိမ်ဝပ်ရာချမ်းသာရရှိ ရန် ပြည်တော်သို့အဘယ်အခါ၌မျှဝင် ကြရလိမ့်မည်မဟုတ်'' ဟုဆို၏။-
5 e outra vez, neste lugar: Não entrarão no meu descanso.
6 သတင်းကောင်းကိုဦးစွာပထမကြားရ သူတို့သည် ထိုသတင်းကောင်းကိုမယုံကြည် သဖြင့် ငြိမ်ဝပ်ရာချမ်းသာခံစားခွင့်မရ ကြ။ သို့ဖြစ်၍ထိုငြိမ်ဝပ်ရာချမ်းသာကို အခြားသူတို့ရရှိကြပေသည်။-
6 Visto, pois, restar que alguns entrem nele, e que aqueles a quem anteriormente foram pregadas as boas novas não entraram por causa da desobediência,
7 ယင်းသို့ရရှိကြကြောင်းကို``ယနေ့'' ဟု နာမည်တွင်သောနေ့ရက်တစ်ရက်ကို ဘုရား သခင်သတ်မှတ်ပေးတော်မူသည့်အချက်က သက်သေပြ၏။ ကိုယ်တော်သည်ကျမ်းစာတော် တွင်ဖော်ပြပြီးသည့်အတိုင်း နှစ်ပေါင်းများ စွာကြာသောအခါဒါဝိဒ်မင်းအားဖြင့် ထိုနေ့ရက်ကိုအကြောင်းပြု၍
7 determina outra vez um certo dia, Hoje, dizendo por Davi, depois de tanto tempo, como antes fora dito: Hoje, se ouvirdes a sua voz, não endureçais os vossos corações.
8 အကယ်၍ယောရှုပေးသည့်ငြိမ်ဝပ်ရာချမ်း သာမှာ ဘုရားသခင်ကတိထားတော်မူသည့် ငြိမ်ဝပ်ရာချမ်းသာဖြစ်ပါမူ ဘုရားသခင် သည်အခြားနေ့ရက်တစ်ရက်အကြောင်းကို မိန့်ကြားတော်မူမည်မဟုတ်။-
8 Porque, se Josué lhes houvesse dado descanso, não teria falado depois disso de outro dia.
9 သို့ဖြစ်၍သတ္တမနေ့၌ဘုရားသခင်ငြိမ် ဝပ်စွာနေတော်မူသကဲ့သို့ ကိုယ်တော်၏ လူစုတော်အတွက်ငြိမ်ဝပ်စွာနေရန်နေ့ ရက်တစ်ရက်ရှိသေး၏။-
9 Portanto resta ainda um repouso sabático para o povo de Deus.
10 အဘယ်ကြောင့်ဆိုသော်ဘုရားသခင်ကတိ ထားတော်မူသောငြိမ်ဝပ်ရာချမ်းသာကိုရရှိ သူသည် ဘုရားသခင်နည်းတူမိမိအလုပ်မှ ငြိမ်ဝပ်စွာနေမည်ဖြစ်သောကြောင့်တည်း။-
10 Pois aquele que entrou no descanso de Deus, esse também descansou de suas obras, assim como Deus das suas.
11 သို့ဖြစ်၍မယုံကြည်သဖြင့်ငြိမ်ဝပ်ရာချမ်း သာကိုမရရှိသောသူတို့ကဲ့သို့ မည်သူမျှ မဖြစ်စေဘဲငြိမ်ဝပ်ရာချမ်းသာကိုရရှိ နိုင်ရန်ငါတို့သည်အစွမ်းကုန်ကြိုးစား ကြစို့။
11 Ora, à vista disso, procuremos diligentemente entrar naquele descanso, para que ninguém caia no mesmo exemplo de desobediência.
12 ဘုရားသခင်၏နှုတ်ကပတ်တော်သည်သက်ရှင် လှုပ်ရှား၍ သန်လျက်တကာတို့ထက်ထက်မြက် ၏။ အသက်နှင့်ဝိညာဉ်တွေ့ဆုံရာအထိလည်း ကောင်း၊ အရိုးဆစ်နှင့်ခြင်ဆီတွေ့ရာအထိ လည်းကောင်းထုတ်ချင်းခွင်းတတ်၏။ လူ၏စိတ် နှလုံးအကြံအစည်နှင့်လိုအင်ဆန္ဒများ ကိုစစ်ဆေးတတ်၏။-
12 Porque a palavra de Deus é viva e eficaz, e mais cortante do que qualquer espada de dois gumes, e penetra até a divisão de alma e espírito, e de juntas e medulas, e é apta para discernir os pensamentos e intenções do coração.
13 ဘုရားသခင်၏မျက်မှောက်၌မထင်ရှားသော အရာဟူ၍တစ်စုံတစ်ရာမျှမရှိ။ ဖန်ဆင်း တော်မူသောအရာခပ်သိမ်းသည်မျက်မှောက် တော်၌ထင်ရှားလျက်ရှိ၏။ ငါတို့အားလုံး သည်မိမိတို့ပြုသမျှအတွက် ကိုယ်တော်၏ စစ်ကြောစီရင်ခြင်းကိုခံကြရလိမ့်မည်။
13 E não há criatura alguma encoberta diante dele; antes todas as coisas estão nuas e patentes aos olhos daquele a quem havemos de prestar contas.
14 သို့ဖြစ်၍ငါတို့သည်မိမိတို့၏ဘာသာတရား ကိုစွဲမြဲစွာဆုပ်ကိုင်ထားကြကုန်အံ့။ အဘယ် ကြောင့်ဆိုသော်ငါတို့၌ဘုရားသခင်၏သား တော်သခင်ယေရှုတည်းဟူသော ကြီးမြတ်သည့် ယဇ်ပုရောဟိတ်မင်းရှိတော်မူသောကြောင့် ဖြစ်၏။ ထိုအရှင်သည်ဘုရားသခင်ရှေ့ တော်မှောက်သို့ကြွဝင်တော်မူသည်။-
14 Tendo, portanto, um grande sumo sacerdote, Jesus, Filho de Deus, que penetrou os céus, retenhamos firmemente a nossa confissão.
15 ငါတို့၏ယဇ်ပုရောဟိတ်မင်းသည်ငါတို့၏ အားနည်းချက်များအတွက်မကြင်နာနိုင်သူ မဟုတ်။ ငါတို့နည်းတူစုံစမ်းသွေးဆောင်ခြင်း အမျိုးမျိုးကိုခံခဲ့ရသူဖြစ်တော်မူ၏။ သို့ ရာတွင်ကိုယ်တော်သည်အပြစ်ဒုစရိုက်နှင့် ကင်းလွတ်တော်မူ၏။-
15 Porque não temos um sumo sacerdote que não possa compadecer-se das nossas fraquezas; porém um que, como nós, em tudo foi tentado, mas sem pecado.
16 သို့ဖြစ်၍ကူညီရန်လိုအပ်ချိန်၌ကရုဏာ တော်နှင့်ကျေးဇူးတော်ကိုခံစားခြင်းငှာ ငါတို့သည်ရဲရင့်သောစိတ်နှင့်ကျေးဇူးတော် ရှိရာဘုရားသခင်၏ပလ္လင်တော်သို့တိုးဝင် ချဉ်းကပ်ကြစို့။
16 Cheguemo-nos, pois, confiadamente ao trono da graça, para que recebamos misericórdia e achemos graça, a fim de sermos socorridos no momento oportuno.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Hebreus 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.