Gênesis 9

Common Language Bible (MYA) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ဘု​ရား​သ​ခင်​သည်​နော​ဧ​နှင့်​သူ​၏​သား​တို့​အား​ကောင်း​ချီး​ပေး​၍``သင်​တို့​၏​သား​စဉ်​မြေး​ဆက်​တို့​သည်​မြေ​ကြီး​ပေါ်​တွင် နေ​ရာ​အ​နှံ့​အ​ပြား​နေ​ထိုင်​နိုင်​ကြ​စေ​ရန်​သား​သ​မီး​မြောက်​မြား​စွာ​မွေး​ဖွား​ကြ​လော့။-
1 Deus abençoou Noé e seus filhos, dizendo-lhes: "Sejam férteis, multipliquem-se e encham a terra.
2 တိ​ရစ္ဆာန်၊ ငှက်၊ ငါး​အ​ပေါင်း​တို့​သည်​သင်​တို့​ကို​ကြောက်​ရွံ့​ရ​ကြ​လိမ့်​မည်။ ထို​သတ္တ​ဝါ​တို့​ကို​သင်​တို့​လက်​၌​ငါ​အပ်​ပေး​၏။-
2 Todos os animais da terra tremerão de medo diante de vocês: os animais selvagens, as aves do céu, as criaturas que se movem rente ao chão e os peixes do mar; eles estão entregues em suas mãos.
3 သင်​တို့​သည်​ထို​သတ္တ​ဝါ​နှင့်​အ​သီး​အ​ရွက်​တို့​ကို​စား​သုံး​နိုင်​ကြ​၏။ ထို​အ​ရာ​အား​လုံး​ကို​သင်​တို့​စား​သုံး​ရန်​ငါ​ပေး​၏။-
3 Tudo o que vive e se move lhes servirá de alimento. Assim como lhes dei os vegetais, agora lhes dou todas as coisas.
4 သင်​တို့​မ​စား​ရ​သော​အ​ရာ​တစ်​ခု​ရှိ​၏။ ထို​အ​ရာ​ကား​သွေး​ပါ​ရှိ​သည့်​အ​သား​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သွေး​၌​အ​သက်​တည်​ရှိ​သော​ကြောင့်​ဖြစ်​သ​တည်း။-
4 "Mas não comam carne com sangue, que é vida.
5 လူ့​အ​သက်​ကို​သတ်​သော​သူ​အား​ဒဏ်​ခံ​စေ​မည်။ လူ​ကို​သတ်​သော​တိ​ရစ္ဆာန်​အား​ငါ​သည်​သေ​ဒဏ်​ခံ​စေ​မည်။-
5 A todo que derramar sangue, tanto homem como animal, pedirei contas; a cada um pedirei contas da vida do seu próximo.
6 လူ​ကို​ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​တူ​စွာ​ဖန်​ဆင်း​တော်​မူ​သ​ဖြင့် လူ​ကို​သတ်​သော​သူ​အား​လူ့​လက်​ဖြင့်​သတ်​လိမ့်​မည်။
6 "Quem derramar sangue do homem, pelo homem seu sangue será derramado; porque à imagem de Deus foi o homem criado.
7 ``သင်​တို့​၏​သား​စဉ်​မြေး​ဆက်​တို့​သည်​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် နေ​ရာ​အ​နှံ့​အ​ပြား​နေ​ထိုင်​နိုင်​စေ​ရန်​သား​သ​မီး​မြောက်​မြား​စွာ​မွေး​ဖွား​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
7 "Mas vocês, sejam férteis e multipliquem-se; espalhem-se pela terra e proliferem nela".
8 ဘု​ရား​သ​ခင်​သည်​နော​ဧ​နှင့်​သူ​၏​သား​တို့​အား၊-
8 Então disse Deus a Noé e a seus filhos, que estavam com ele:
9 ``သင်​တို့​နှင့်​လည်း​ကောင်း၊ သင်​တို့​မှ​ဆင်း​သက်​သော​မျိုး​ဆက်​များ​နှင့်​လည်း​ကောင်း၊-
9 "Vou estabelecer a minha aliança com vocês e com os seus futuros descendentes,
10 သင်္ဘော​ထဲ​မှ​သင်​တို့​နှင့်​အ​တူ​ထွက်​လာ​သော​သက်​ရှိ​သတ္တ​ဝါ​ဖြစ်​သည့်​ငှက်​နှင့်​တိရစ္ဆာန်​အ​ပေါင်း​တို့​နှင့်​လည်း​ကောင်း​ငါ​သည်​ယ​ခု​ပ​ဋိ​ညာဉ်​ပြု၏။-
10 e com todo ser vivo que está com vocês: as aves, os rebanhos domésticos e os animais selvagens, todos os que saíram da arca com vocês, todos os seres vivos da terra.
11 သင်​တို့​နှင့်​ငါ​ယ​ခု​ပြု​သော​ပ​ဋိ​ညာဉ်​စ​ကား​ဟူ​မူ​ကား`သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​နောင်​မည်​သည့်​အ​ခါ​၌​မျှ​ရေ​လွှမ်း​မိုး​၍​နောက်​တစ်​ဖန်​မ​ပျက်​စီး​စေ​ရ။-
11 Estabeleço uma aliança com vocês: Nunca mais será ceifada nenhuma forma de vida pelas águas de um dilúvio; nunca mais haverá dilúvio para destruir a terra".
12 သင်​နှင့်​တ​ကွ​သက်​ရှိ​သတ္တ​ဝါ​အား​လုံး​တို့​နှင့် ငါ​ထာ​ဝ​စဉ်​ပြု​သော​ပ​ဋိ​ညာဉ်​၏​လက္ခ​ဏာ​သက်​သေ​အ​ဖြစ်​ဖြင့်၊-
12 E Deus prosseguiu: "Este é o sinal da aliança que estou fazendo entre mim e vocês e com todos os seres vivos que estão com vocês, para todas as gerações futuras:
13 မိုး​တိမ်​ထဲ​၌​ငါ​၏​သက်​တံ့​ကို​ပေါ်​စေ​မည်။ ထို​သက်​တံ​သည်​ကမ္ဘာ​လော​က​နှင့်​ငါ​ပြု​သော​ပ​ဋိ​ညာဉ်​၏​လက္ခ​ဏာ​သက်​သေ​ဖြစ်​လိမ့်​မည်။-
13 o meu arco que coloquei nas nuvens. Será o sinal da minha aliança com a terra.
14 ငါ​သည်​မိုး​ကောင်း​ကင်​သို့​တိမ်​များ​တက်​လာ​စေ​၍ တိမ်​ထဲ​တွင်​သက်​တံ့​ပေါ်​လာ​သည့်​အ​ခါ​တိုင်း၊-
14 Quando eu trouxer nuvens sobre a terra e nelas aparecer o arco-íris,
15 သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​ကို​နောက်​တစ်​ဖန်​ရေ​လွှမ်း​မိုး​ခြင်း​ဘေး​ဒဏ်​ဖြင့် မ​သေ​ကြေ​မ​ပျက်​စီး​ရ​ဟု​သင်​တို့​နှင့်​တ​ကွ​တိ​ရစ္ဆာန်​အ​ပေါင်း​တို့​အား​ငါ​ထား​သော​ကတိ​ကို​သ​တိ​ရ​မည်။-
15 então me lembrarei da minha aliança com vocês e com os seres vivos de todas as espécies. Nunca mais as águas se tornarão um dilúvio para destruir toda forma de vida.
16 တိမ်​များ​ထဲ​၌​သက်တံ့​ပေါ်​လာ​သော​အ​ခါ ထို​သက်​တံ့​ကို​ငါ​မြင်​ရ​၍ ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​နှင့်​ငါ​ထာ​ဝ​စဉ်​ပြု​သော​ပ​ဋိ​ညာဉ်​ကို​သ​တိ​ရ​မည်' ဟူ​၍​ဖြစ်​သည်။-
16 Toda vez que o arco-íris estiver nas nuvens, olharei para ele e me lembrarei da aliança eterna entre Deus e todos os seres vivos de todas as espécies que vivem na terra".
17 ဤ​သည်​ကား​ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​နှင့် ငါ​ပြု​သော​က​တိ​တော်​၏​လက္ခ​ဏာ​သက်​သေ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
17 Concluindo, disse Deus a Noé: "Esse é o sinal da aliança que estabeleci entre mim e toda forma de vida que há sobre a terra".
18 သင်္ဘော​ထဲ​မှ​ထွက်​လာ​ခဲ့​ကြ​သော​နော​ဧ​၏​သား​များ​မှာ​ရှေ​မ၊ ဟာ​မ​နှင့်​ယာ​ဖက်​တို့​ဖြစ်​ကြ​၏။ (ဟာ​မ​သည်​ခါ​နာန်​၏​အ​ဖ​ဖြစ်​၏။-)
18 Os filhos de Noé que saíram da arca foram Sem, Cam e Jafé. Cam é o pai de Canaã.
19 ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည် နော​ဧ​၏​သား​သုံး​ယောက်​တို့​မှ​ဆင်း​သက်​ပေါက်​ပွား​လာ​ကြ​ကုန်​၏။
19 Esses foram os três filhos de Noé; a partir deles toda a terra foi povoada.
20 နော​ဧ​သည်​တောင်​သူ​လယ်​သ​မား​တစ်​ဦး​ဖြစ်​၍ စ​ပျစ်​ခြံ​ကို​အ​ဦး​ဆုံး​စိုက်​ပျိုး​ခဲ့​သူ​ဖြစ်​၏။-
20 Noé, que era agricultor, foi o primeiro a plantar uma vinha.
21 သူ​သည်​စ​ပျစ်​ရည်​သောက်​၍​မူး​ယစ်​လာ​သ​ဖြင့် မိ​မိ​အ​ဝတ်​များ​ကို​ချွတ်​ပစ်​ပြီး​လျှင် တဲ​ထဲ​၌​ကိုယ်​တုံး​လုံး​နေ​လေ​၏။-
21 Bebeu do vinho, embriagou-se e ficou nu dentro da sua tenda.
22 ခါ​နာန်​၏​ဖ​ခင်​ဟာ​မ​သည်​သူ​၏​ဖ​ခင်​ကိုယ်​တုံး​လုံး​ရှိ​သည့်​အ​ဖြစ်​ကို​မြင်​ရ​လျှင် အ​ပြင်​သို့​ထွက်​၍​အစ်​ကို​နှစ်​ယောက်​တို့​အား​ပြော​ပြ​လေ​၏။-
22 Cam, pai de Canaã, viu a nudez do pai e foi contar aos dois irmãos que estavam do lado de fora.
23 ထို​အ​ခါ​ရှေ​မ​နှင့်​ယာဖက်​တို့​သည်​ဝတ်​ရုံ​တစ်​ထည်​ကို မိ​မိ​တို့​၏​ပ​ခုံး​များ​ပေါ်​တွင်​တင်​၍​ယူ​ခဲ့​ကြ​၏။ သူ​တို့​သည်​တဲ​ထဲ​သို့​ကျော​ခိုင်း​ဝင်​လာ​ကြ​ပြီး​လျှင် သူ​တို့​၏​ဖ​ခင်​အား​လွှမ်း​ခြုံ​ပေး​ကြ​၏။ ဖ​ခင်​ကိုယ်​တုံး​လုံး​ရှိ​သည့်​အ​ဖြစ်​ကို​မ​မြင်​စေ​ရန် မျက်​နှာ​လွှဲ​ထား​ကြ​၏။-
23 Mas Sem e Jafé pegaram a capa, levantaram-na sobre os ombros e, andando de costas para não verem a nudez do pai, cobriram-no.
24 နော​ဧ​အ​မူး​ပြေ​၍​သ​တိ​ရ​လာ​သ​ဖြင့် အ​ငယ်​ဆုံး​သား​ပြု​မူ​ပုံ​ကို​သိ​ရှိ​ရ​သော​အ​ခါ၊
24 Quando Noé acordou do efeito do vinho e descobriu o que seu filho caçula lhe havia feito,
25 ``ခါ​နာန်​သည်​ကျိန်​စာ​သင့်​ပါ​စေ​သော။
25 disse: "Maldito seja Canaã! Escravo de escravos será para os seus irmãos".
26 ရှေ​မ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏
26 Disse ainda: "Bendito seja o Senhor, o Deus de Sem! Seja Canaã seu escravo.
27 ဘု​ရား​သ​ခင်​သည်​ယာ​ဖက်​ကို​ချီး​မြှင့်​ပါ​စေ​သော။
27 Amplie Deus o território de Jafé; habite ele nas tendas de Sem, e seja Canaã seu escravo".
28 ရေ​လွှမ်း​မိုး​ခြင်း​ဘေး​လွန်​ပြီး​နောက်​နော​ဧ​သည် နှစ်​ပေါင်း​သုံး​ရာ​ငါး​ဆယ်​ဆက်​လက်​အ​သက်​ရှင်​နေ​ထိုင်​၍၊-
28 Depois do Dilúvio Noé viveu trezentos e cinqüenta anos.
29 အ​သက်​ကိုး​ရာ​ငါး​ဆယ်​နှစ်​ရှိ​သော်​ကွယ်​လွန်​လေ​၏။
29 Viveu ao todo novecentos e cinqüenta anos e morreu.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Gênesis 9, comparar traduções ou montar um estudo — tudo direto pelo WhatsApp.