Gênesis 8

Common Language Bible (MYA) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 ဘု​ရား​သ​ခင်​သည်​နော​ဧ​နှင့်​တ​ကွ​သင်္ဘော​ပေါ် တွင် ရှိ​သ​မျှ​သော​တိ​ရစ္ဆာန်​အ​ပေါင်း​တို့​ကို​မေ့ တော်​မ​မူ။ သို့​ဖြစ်​၍​လေ​ကို​တိုက်​စေ​သ​ဖြင့် ရေ​သည်​စ​၍​ကျ​ဆင်း​လေ​၏။-
1 Lembrou-se Deus de Noé e de todos os animais selváticos e de todos os animais domésticos que com ele estavam na arca; Deus fez soprar um vento sobre a terra, e baixaram as águas.
2 သ​မုဒ္ဒ​ရာ​စမ်း​ပေါက်​များ​နှင့်​မိုးကောင်း​ကင်​ရေ တံ​ခါး​များ​သည်​လည်း​ပိတ်​လေ​၏။ မိုး​စဲ​၍၊-
2 Fecharam-se as fontes do abismo e também as comportas dos céus, e a copiosa chuva dos céus se deteve.
3 ရေ​သည်​ရက်​ပေါင်း​တစ်​ရာ့​ငါး​ဆယ်​ကြာ အောင်​တ​ဖြည်း​ဖြည်း​ကျ​ဆင်း​လေ​၏။-
3 As águas iam-se escoando continuamente de sobre a terra e minguaram ao cabo de cento e cinquenta dias.
4 သင်္ဘော​သည်​သတ္တ​မ​လ​တစ်​ဆယ့်​ခု​နစ်​ရက် နေ့​တွင် အာ​ရ​ရတ်​တောင်​တစ်​ခု​ပေါ်​တွင်​တင် နေ​လေ​၏။-
4 No dia dezessete do sétimo mês, a arca repousou sobre as montanhas de Ararate.
5 ရေ​သည်​ဆက်​၍​ကျ​ဆင်း​သ​ဖြင့်​ဒ​သ​မ​လ တစ်​ရက်​နေ့​တွင် တောင်​ထိပ်​များ​ပေါ်​လာ​ကုန်​၏။
5 E as águas foram minguando até ao décimo mês, em cujo primeiro dia apareceram os cimos dos montes.
6 အ​ရက်​လေး​ဆယ်​လွန်​သော်​နော​ဧ​သည်​ပြူ​တင်း ပေါက်​ကို​ဖွင့်​၍ ကျီး​အ​တစ်​ကောင်​ကို​လွှတ် လိုက်​၏။-
6 Ao cabo de quarenta dias, abriu Noé a janela que fizera na arca
7 ကျီး​အ​လည်း​ပြန်​မ​လာ​တော့​ချေ။ မြေ​ကြီး ပေါ်​တွင်​ရေ​ခန်း​ခြောက်​သည့်​တိုင်​အောင်​လူး လာ​ပျံ​သန်း​လျက်​သာ​နေ​၏။-
7 e soltou um corvo, o qual, tendo saído, ia e voltava, até que se secaram as águas de sobre a terra.
8 တစ်​ဖန်​နော​ဧ​သည်​ရေ​ကျ​သည်​မကျ​သည်​ကို သိ​ရှိ​ရန် ချိုး​ငှက်​တစ်​ကောင်​ကို​လွှတ်​လိုက်​၏။-
8 Depois, soltou uma pomba para ver se as águas teriam já minguado da superfície da terra;
9 မြေ​ပြင်​တစ်​ခု​လုံး​ရေ​လွှမ်း​လျက်​ရှိ​သေး​သ​ဖြင့် ချိုး​ငှက်​သည်​နား​စ​ရာ​နေ​ရာ​မ​တွေ့​ရ​ချေ။ ထို့ ကြောင့်​သင်္ဘော​သို့​ပြန်​လာ​ခဲ့​ရာ​နော​ဧ​သည် လက် ဆန့်​၍​ချိုး​ကို​ဖမ်း​ယူ​ပြီး​လျှင်​သင်္ဘော​ထဲ​သို့ ပြန်​သွင်း​ထား​လေ​၏။-
9 mas a pomba, não achando onde pousar o pé, tornou a ele para a arca; porque as águas cobriam ainda a terra. Noé, estendendo a mão, tomou-a e a recolheu consigo na arca.
10 ခု​နစ်​ရက်​စောင့်​ဆိုင်း​နေ​ပြီး​လျှင်​ထို​ချိုး​ငှက် ကို​အ​ပြင်​သို့​တစ်​ဖန်​လွှတ်​လိုက်​၏။-
10 Esperou ainda outros sete dias e de novo soltou a pomba fora da arca.
11 ည​နေ​ချမ်း​အ​ချိန်​တွင်​ချိုး​ငှက်​သည်​နှုတ်​သီး​ဖြင့် သံ​လွင်​ရွက်​စိမ်း​ကို​ကိုက်​ချီ​လျက်​နော​ဧ​ထံ​သို့ ပြန်​လာ​၏။ ထို့​ကြောင့်​ရေ​ကျ​ပြီ​ဖြစ်​ကြောင်း နော​ဧ​သိ​ရှိ​ရ​လေ​၏။-
11 À tarde, ela voltou a ele; trazia no bico uma folha nova de oliveira; assim entendeu Noé que as águas tinham minguado de sobre a terra.
12 နော​ဧ​သည်​ခု​နစ်​ရက်​ထပ်​၍​စောင့်​ဆိုင်း​နေ​ပြီး နောက် ထို​ချိုး​ငှက်​ကို​အ​ပြင်​သို့​လွှတ်​လိုက်​ပြန် ရာ​ဤ​တစ်​ကြိမ်​တွင်​ပြန်​၍​မ​လာ​တော့​ချေ။
12 Então, esperou ainda mais sete dias e soltou a pomba; ela, porém, já não tornou a ele.
13 နော​ဧ​အ​သက်​ခြောက်​ရာ​တစ်​နှစ်​ရှိ​သော​အ​ခါ ပ​ထ​မ​လ​တစ်​ရက်​နေ့​တွင်​မြေ​ပြင်​ပေါ်​၌​ရေ ခန်း​လေ​၏။ နော​ဧ​သည်​သင်္ဘော​အ​မိုး​ကို​ဖွင့်​၍ အ​ပြင်​ဘက်​သို့​မျှော်​ကြည့်​သည့်​အ​ခါ​မြေ ပြင်​မှာ​ခြောက်​သွေ့​စ​ရှိ​ကြောင်း​တွေ့​မြင်​ရ​၏။-
13 Sucedeu que, no primeiro dia do primeiro mês, do ano seiscentos e um, as águas se secaram de sobre a terra. Então, Noé removeu a cobertura da arca e olhou, e eis que o solo estava enxuto.
14 ဒု​တိ​ယ​လ​နှစ်​ဆယ့်​ခု​နစ်​ရက်​နေ့​တွင်​မြေ​ပြင် သည်​လုံး​ဝ​ခြောက်​သွေ့​လေ​၏။
14 E, aos vinte e sete dias do segundo mês, a terra estava seca.
15 ဘု​ရား​သ​ခင်​က​နော​ဧ​အား၊
15 Então, disse Deus a Noé:
16 ``သင်​သည်​သင်​၏​မ​ယား၊ သား​များ၊ ချွေး​မ​များ နှင့်​တ​ကွ​သင်္ဘော​ထဲ​မှ​ထွက်​ကြ​လော့။-
16 Sai da arca, e, contigo, tua mulher, e teus filhos, e as mulheres de teus filhos.
17 ငှက်​နှင့်​တိရစ္ဆာန်​အ​ပေါင်း​တို့​သည်​ကမ္ဘာ​မြေ​ကြီး ပေါ်​မှာ​မျိုး​ပွား​စေ​ရန် ယင်း​တို့​ကို​သင်​နှင့်​အ​တူ ထုတ်​ဆောင်​လော့'' ဟု​မိန့်​တော်​မူ​၏။-
17 Os animais que estão contigo, de toda carne, tanto aves como gado, e todo réptil que rasteja sobre a terra, faze sair a todos, para que povoem a terra, sejam fecundos e nela se multipliquem.
18 ထို့​ကြောင့်​နော​ဧ​သည် သူ​၏​မ​ယား၊ သား​များ၊ ချွေး​မ​များ​နှင့်​အ​တူ​သ​င်္ဘော​ထဲ​မှ​ထွက်​လာ ၏။-
18 Saiu, pois, Noé, com seus filhos, sua mulher e as mulheres de seus filhos.
19 တိ​ရစ္ဆာန်​နှင့်​ငှက်​အ​ပေါင်း​တို့​သည်​လည်း ယင်း​တို့ အ​မျိုး​အ​လိုက်​သင်္ဘော​ထဲ​မှ​ထွက်​လာ​ကြ​လေ ၏။
19 E também saíram da arca todos os animais, todos os répteis, todas as aves e tudo o que se move sobre a terra, segundo as suas famílias.
20 နော​ဧ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန်​ယဇ် ပလ္လင်​ကို​တည်​၍ သန့်​စင်​သော​တိရစ္ဆာန်​နှင့်​ငှက်​အ​မျိုး မျိုး​ထဲ​မှ​တစ်​ကောင်​ကျ​စီ​ယူ​လျက် ပလ္လင်​ထက်​တွင် အ​ကောင်​လိုက်​မီးရှို့​ပူ​ဇော်​လေ​၏။-
20 Levantou Noé um altar ao Senhor e, tomando de animais limpos e de aves limpas, ofereceu holocaustos sobre o altar.
21 ထာ​ဝ​ရ​ဘု​ရား​သည်​မွှေး​ကြိုင်​သော​ရ​နံ့​ကို နှစ်​သက်​တော်​မူ​၍``လူ​တို့​၏​အ​ကျင့်​ကြောင့်​နောင် မည်​သည့်​အ​ခါ​၌​မျှ မြေ​ကြီး​ကို​ကျိန်​စာ​သင့် စေ​မည်​မ​ဟုတ်။ လူ​သည်​ငယ်​ရွယ်​စဉ်​မှ​စ​၍​စိတ် နှ​လုံး​အ​ကြံ​အ​စည်​ဆိုး​ယုတ်​ကြောင်း​ငါ​သိ​၏။ ငါ​သည်​သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​ကို ယ​ခု အ​ကြိမ်​ကဲ့​သို့​နောက်​တစ်​ဖန်​သေ​ကြေ​ပျက်​စီး စေ​မည်​မ​ဟုတ်။-
21 E o Senhor aspirou o suave cheiro e disse consigo mesmo: Não tornarei a amaldiçoar a terra por causa do homem, porque é mau o desígnio íntimo do homem desde a sua mocidade; nem tornarei a ferir todo vivente, como fiz.
22 ကမ္ဘာ​တည်​သ​မျှ​စိုက်​ပျိုး​ရ​သော​အ​ချိန်​နှင့် ရိတ်​သိမ်း​ရ​သော​အ​ချိန်​ရှိ​စေ​မည်။ အ​အေး​နှင့် အ​ပူ၊ နွေ​ရာ​သီ​နှင့်​ဆောင်း​ရာ​သီ၊ နေ့​ည​မ​ပြတ် ရှိ​စေ​မည်'' ဟု​စိတ်​ပြ​ဋ္ဌာန်း​တော်​မူ​၏။
22 Enquanto durar a terra, não deixará de haver sementeira e ceifa, frio e calor, verão e inverno, dia e noite.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Gênesis 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.