Gênesis 7

Common Language Bible (MYA) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​နော​ဧ​အား``သင် နှင့်​တ​ကွ သင်​၏​မိ​သား​စု​အား​လုံး​တို့​သင်္ဘော​ထဲ သို့​ဝင်​ကြ​စေ။ ကမ္ဘာ​ပေါ်​တွင်​သင်​တစ်​ယောက်​တည်း သာ သူ​တော်​ကောင်း​ဖြစ်​ကြောင်း​ငါ​တွေ့​မြင်​ရ​၏။-
1 Depois o Senhor Deus disse a Noé: — Entre na barca, você e toda a sua família, pois eu tenho visto que você é a única pessoa que faz o que é certo.
2 သင်​နှင့်​အ​တူ​သန့်​စင်​သော​တိရစ္ဆာန်​များ​မှ​တစ် မျိုး​လျှင် ခု​နစ်​စုံ​စီ​ကို​ခေါ်​ဆောင်​လော့။ မ​သန့်​စင် သော​တိရစ္ဆာန်​များ​မှ တစ်​မျိုး​လျှင်​အ​ထီး​နှင့် အ​မ​တစ်​စုံ​စီ​ကို​သာ​ခေါ်​ဆောင်​ရ​မည်။-
2 Leve junto com você sete casais de cada espécie de animal puro e um casal de cada espécie de animal impuro .
3 ငှက်​တစ်​မျိုး​လျှင်​ခုနစ်​စုံ​စီ​ကို​လည်း​ခေါ်​ဆောင် လော့။ တိ​ရစ္ဆာန်​နှင့်​ငှက်​များ​မြေ​ကြီး​ပေါ်​တွင် အ​သက်​ရှင်​၍​မျိုး​ပွား​နိုင်​စေ​ရန်​ဤ​သို့​ပြု လုပ်​လော့။-
3 Leve também sete casais de cada espécie de ave para que se conservem as espécies que existem na terra.
4 ခု​နစ်​ရက်​ကြာ​လျှင်​ဖန်​ဆင်း​ခဲ့​သ​မျှ​သော သတ္တ​ဝါ​များ​ကို​သေ​ကြေ​ပျက်​စီး​စေ​ခြင်း​ငှာ ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​အ​ရက်​လေး​ဆယ်​ကြာ​မျှ နေ့​ည​မ​ပြတ်​မိုး​ကို​ငါ​ရွာ​စေ​မည်'' ဟု မိန့်​တော်​မူ​၏။-
4 Pois daqui a sete dias eu vou fazer chover durante quarenta dias e quarenta noites. Assim vou acabar com todos os seres vivos que criei.
5 နော​ဧ​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​သည့်​အ​တိုင်း​ဆောင်​ရွက်​လေ​၏။
5 E Noé fez tudo conforme o que o Senhor Deus havia mandado.
6 ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​ရေ​လွှမ်း​မိုး​သော​အ​ခါ နော​ဧ​သည်​အ​သက်​ခြောက်​ရာ​ရှိ​သ​တည်း။-
6 Noé tinha seiscentos anos de idade quando as águas do dilúvio cobriram a terra.
7 နော​ဧ​နှင့်​သူ​၏​မ​ယား၊ သား​များ​နှင့်​ချွေး​မ များ​သည် ရေ​လွှမ်း​မိုး​ခြင်း​ဘေး​မှ​လွတ်​မြောက် ရန်​သင်္ဘော​ထဲ​သို့​ဝင်​ရောက်​ကြ​၏။-
7 A fim de escapar do dilúvio, ele entrou na barca junto com os seus filhos, a sua mulher e as suas noras.
8 — ausente —
8 Os animais puros e os impuros, os que se arrastam pelo chão e as aves
9 — ausente —
9 entraram com Noé na barca de dois em dois, macho e fêmea, como Deus havia mandado.
10 ခု​နစ်​ရက်​ကြာ​သော်​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် ရေ​လွှမ်း​လေ​၏။
10 Sete dias depois, as águas do dilúvio começaram a cobrir a terra.
11 နော​ဧ​အ​သက်​ခြောက်​ရာ​ပြည့်​သော​နှစ်၊ ဒု​တိ​ယ လ​တစ်​ဆယ့်​ခု​နစ်​ရက်​နေ့​၌​သ​မုဒ္ဒ​ရာ​စမ်း​ပေါက် တို့​ပွင့်​လေ​၏။ မိုး​ကောင်း​ကင်​ရေ​တံ​ခါး​အား​လုံး တို့​လည်း​ပွင့်​သ​ဖြင့်၊-
11 Nesse tempo Noé tinha seiscentos anos. No dia dezessete do segundo mês, se arrebentaram todas as fontes do grande mar , e foram abertas as janelas do céu,
12 ကမ္ဘာ​မြေ​ကြီး​တွင်​အ​ရက်​လေး​ဆယ်​ကြာ​မျှ နေ့​ည​မ​ပြတ်​မိုး​ရွာ​သွန်း​လေ​၏။-
12 e caiu chuva sobre a terra durante quarenta dias e quarenta noites.
13 ထို​နေ့​၌​ပင်​နော​ဧ​နှင့်​သူ​၏​မ​ယား၊ သား​သုံး ယောက်​ဖြစ်​ကြ​သော​ရှေ​မ၊ ဟာ​မ၊ ယာ​ဖက်​နှင့် သူ​တို့​၏​မယား​တို့​သည်​သင်္ဘော​ထဲ​သို့​ဝင်​ကြ​၏။-
13 Nesse mesmo dia Noé e a sua mulher entraram na barca junto com os seus filhos Sem, Cam e Jafé e as suas mulheres.
14 တိရစ္ဆာန်​အ​ယဉ်​အ​ရိုင်း၊ အ​ကြီး​အ​ငယ်​အ​မျိုး မျိုး​နှင့် ငှက်​အ​မျိုး​မျိုး​တို့​သည်​လည်း သူ​တို့ နှင့်​အ​တူ​သင်္ဘော​ထဲ​သို့​ဝင်​ကြ​၏။-
14 Com eles entraram animais de todas as espécies: os domésticos e os selvagens, os que se arrastam pelo chão e as aves.
15 — ausente —
15 Todos os animais entraram com Noé na barca, de dois em dois.
16 — ausente —
16 Entraram machos e fêmeas de cada espécie, de acordo com o que Deus havia mandado Noé fazer. Aí o Senhor fechou a porta da barca.
17 အ​ရက်​လေး​ဆယ်​ကြာ​မျှ​ကမ္ဘာ​မြေ​ကြီး​ပေါ် တွင် ဆက်​လက်​၍​ရေ​လွှမ်း​မိုး​လာ​ရာ​သင်္ဘော​သည် မြေ​ပေါ်​မှ​ကြွ​တက်​၏။-
17 O dilúvio durou quarenta dias. A água subiu e levantou a barca, e ela começou a boiar.
18 ရေ​ပို​၍​နက်​လာ​သော​အ​ခါ သင်္ဘော​သည်​ရေ​ပေါ် ၌​ပေါ်​လာ​၏။-
18 A água foi subindo, e a barca continuou a boiar.
19 ရေ​နက်​သည်​ထက်​နက်​လာ​ပြန်​သ​ဖြင့် အ​မြင့် ဆုံး​သော​တောင်​တို့​သည်​ပင်​လျှင်​ရေ​မြုပ်​ကြ ကုန်​၏။-
19 A água subiu tanto, que cobriu todas as montanhas mais altas da terra.
20 ထို​နောက်​တောင်​ထိပ်​များ​အ​ထက်​သို့​နှစ်​ဆယ့် ငါး​ပေ​အ​ထိ​ရေ​တက်​လာ​လေ​၏။-
20 E depois ainda subiu mais sete metros.
21 ထို​အ​ခါ​ကမ္ဘာ​မြေ​ကြီး​ပေါ်​မှ​လူ၊ တိရစ္ဆာန်၊ ငှက် စ​သော​သက်​ရှိ​သတ္တဝါ​အ​ပေါင်း​တို့​သည်​သေ ကြေ​ပျက်​စီး​ကြ​ကုန်​၏။-
21 Morreram todos os seres vivos que havia na terra, isto é, as aves, os animais domésticos, os animais selvagens, os animais que se arrastam pelo chão e os seres humanos.
22 သို့​ဖြစ်​၍​အ​သက်​ရှင်​သ​မျှ​သော​သတ္တဝါ​တို့ သေ​ကြေ​ကြ​ကုန်​၏။-
22 Morreu tudo o que havia na terra, tudo o que tinha vida e respirava.
23 ထာ​ဝ​ရ​ဘု​ရား​သည် လူ၊ တိ​ရစ္ဆာန်၊ ငှက်​စ​သော သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​ကို​သုတ်​သင်​ဖျက် ဆီး​တော်​မူ​၏။ သင်္ဘော​ပေါ်​၌​နော​ဧ​နှင့်​အ​တူ ရှိ​သ​မျှ​တို့​သာ​လျှင်​အ​သက်​ချမ်း​သာ​ရာ ရ​ကြ​၏။-
23 Somente Noé e os que estavam com ele na barca ficaram vivos. O resto foi destruído, isto é, os seres humanos, os animais domésticos, os animais selvagens e os que se arrastam pelo chão e as aves.
24 မြေ​ပြင်​ပေါ်​တွင် ရက်​ပေါင်း​တစ်​ရာ့​ငါး​ဆယ် ပတ်​လုံး​ရေ​လွှမ်း​လျက်​ရှိ​နေ​၏။
24 Só cento e cinquenta dias depois é que a água começou a baixar.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Gênesis 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.