Gênesis 50
Common Language Bible (MYA) vs VC
1 ယောသပ်သည်သူ၏အဖကိုယ်ပေါ်သို့လှဲချ ပြီးလျှင် ပါးကိုနမ်းလျက်ငိုကြွေးလေ၏။-
1 José atirou-se então sobre o rosto de seu pai e o beijou chorando.
2 ထိုနောက်ဆေးသမားတို့အားအဖ၏ အလောင်းကို ဆေးစိမ်ရန်အမိန့်ပေးလေသည်။-
2 Ordenou depois aos médicos que o serviam, que embalsamassem seu pai; e os médicos embalsamaram Israel.
3 ဆေးသမားတို့သည်ထုံးစံရှိသည့်အတိုင်း အလောင်းကိုအရက်လေးဆယ်ကြာအောင်ဆေး စိမ်ကြ၏။ အီဂျစ်အမျိုးသားတို့သည်ယာကုပ် အတွက် ရက်ပေါင်းခုနစ်ဆယ်ကြာမျှငိုကြွေး မြည်တမ်းကြကုန်၏။
3 Gastaram nisso quarenta dias, que é o tempo necessário ao embalsamamento. Os egípcios choraram-no durante setenta dias.
4 ငိုကြွေးမြည်တမ်းခြင်းရက်များ ကုန်ဆုံးသော အခါယောသပ်ကဖာရောဘုရင်၏အမှုထမ်း တို့အား၊ ဖာရောဘုရင်နားတော်သို့ဤသို့လျှောက် ကြပါလော့။-
4 Passado o tempo do pranto, José disse à casa do faraó: "Se achei graça aos vossos olhos, dizei de minha parte ao faraó
5 ``ကျွန်တော်၏အဖသေအံ့ဆဲဆဲတွင်သူ့အား ခါနာန်ပြည်ရှိသူဝယ်ထားသောသင်္ချိုင်း၌ သင်္ဂြိုဟ်ရမည်ဟု ကျွန်တော်အားကတိသစ္စာပြု စေခဲ့ပါသည်။ သို့ဖြစ်၍အဖ၏အလောင်းကို သင်္ဂြိုဟ်ရန် ခါနာန်ပြည်သို့သွား၍အလောင်း ကိုသင်္ဂြိုဟ်ပြီးလျှင်အီဂျစ်ပြည်သို့ပြန်လာ ပါမည်''ဟုဆိုလေ၏။
5 que meu pai me fez jurar-lhe: Eu vou morrer, disse-me ele; tu me enterrarás no túmulo que adquiri na terra de Canaã. Permite-me, pois, subir e enterrar meu pai; depois voltarei".
6 ယောသပ်မှာကြားသည့်အတိုင်းအမှုထမ်း တို့က ဘုရင်အားတင်လျှောက်ကြသောအခါ ဘုရင်က``သင်၏အဖအားကတိသစ္စာပြု ထားသည့်အတိုင်း သွား၍အဖ၏အလောင်း ကိုသင်္ဂြိုဟ်ပါလော့'' ဟုအခွင့်ပေးလိုက်လေ၏။
6 O faraó respondeu: "Vai sepultar teu pai como ele te fez jurar".
7 သို့ဖြစ်၍ယောသပ်သည် သူ၏အဖကိုသင်္ဂြိုဟ် ခြင်းငှာသွားလေ၏။ ဖာရောဘုရင်၏အရာ ရှိများ၊ နန်းတော်မှအကြီးအကဲများနှင့် အီဂျစ်ပြည်မှအရာရှိအပေါင်းတို့သည် ယောသပ်နှင့်အတူလိုက်ပါပို့ဆောင်ကြ၏။-
7 José partiu para sepultar seu pai. Todos os servos do faraó, os anciãos de sua casa e todos os anciãos do Egito,
8 ယောသပ်၏မိသားစု၊ သူ၏ညီအစ်ကိုများ နှင့်သူ၏ဆွေမျိုးသားချင်းအပေါင်းတို့သည် လည်း သူနှင့်အတူလိုက်ပါလာခဲ့ကြ၏။ သူ တို့၏ကလေးငယ်များ၊ သိုး၊ ဆိတ်နှင့်နွား အုပ်များသာလျှင်ဂေါရှင်အရပ်တွင်ကျန် ရစ်ခဲ့ကြ၏။-
8 toda a casa de José, seus irmãos e a casa de seu pai o seguiram. Deixaram na terra de Gessém somente seus filhinhos, suas ovelhas e seus bois.
9 ရထားစီးသူရဲနှင့်မြင်းစီးသူရဲများလည်း လိုက်ပါလာကြသဖြင့် အလွန်များစွာသော အလုံးအရင်းတို့သည်ယောသပ်နှင့်အတူ လိုက်ပါပို့ဆောင်ကြ၏။
9 Carros e cavaleiros acompanhavam-no, de sorte que a caravana era muito grande.
10 သူတို့သည်ယော်ဒန်မြစ်အရှေ့ဘက်၊ အာတဒ် အမည်ရှိကောက်နယ်တလင်းသို့ရောက်ရှိကြ သောအခါ ဟစ်အော်၍ငိုကြွေးမြည်တမ်းကြ ၏။ ထိုအရပ်တွင်ယောသပ်သည် ယာကုပ်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းသည့်ပွဲ ကိုကျင်းပလေ၏။-
10 Chegando à eira de Atad, além do Jordão, fizeram uma grande e solene lamentação, e José celebrou, em honra de seu pai, um pranto de sete dias.
11 ထိုဒေသတွင်နေထိုင်ကြသောခါနာန်အမျိုး သားတို့ကအာတဒ်ကောက်နယ်တလင်း၌ လူ များငိုကြွေးမြည်တမ်းနေကြခြင်းကိုမြင် ရသောအခါ``အီဂျစ်အမျိုးသားတို့သည် အလွန်ဝမ်းနည်းကြေကွဲလျက်ရှိကြပါသည် တကား'' ဟုဆိုကြ၏။ သို့ဖြစ်၍ယော်ဒန်မြစ် အရှေ့ဘက်တွင်ရှိသောထိုဒေသကိုအဗေ လမိဇရိမ်ဟူ၍နာမည်မှည့်ကြ၏။
11 Vendo esse pranto na eira de Atad, o povo daquela terra disse: "Grande pranto é esse dos egípcios!" Daí o nome de Abel-Misraim dado a esse lugar, que está situado além do Jordão.
12 ယာကုပ်၏သားတို့သည်အဖမှာခဲ့သည့် အတိုင်း၊-
12 Os filhos de Jacó fizeram, pois, o que ele lhes tinha ordenado.
13 ဖခင်၏အလောင်းကိုခါနာန်ပြည်သို့ယူ ဆောင်ခဲ့ပြီးလျှင် ဟိတ္တိအမျိုးသားဧဖရုန် ထံမှသင်္ချိုင်းမြေအဖြစ်အာဗြဟံဝယ်ယူ ထားသော မံရေမြို့အရှေ့မပ္ပေလမြေကွက်၌ ရှိသည့်သင်္ချိုင်းတွင်သင်္ဂြိုဟ်ကြလေသည်။-
13 Levaram-no para Canaã e enterraram-no na caverna da terra de Macpela, que Abraão tinha comprado, juntamente com a propriedade de Efrom, o hiteu, defronte de Mambré, para ter a propriedade de uma sepultura.
14 ယောသပ်သည်အဖကိုသင်္ဂြိုဟ်ပြီးနောက်သူ ၏ညီအစ်ကိုများမှစ၍ အခြားလိုက်ပါလာ ကြသူအပေါင်းတို့နှင့်တကွအီဂျစ်ပြည် သို့ပြန်ခဲ့လေသည်။
14 Depois do enterro, José voltou para o Egito com seus irmãos e todos os que o tinham acompanhado nos funerais de seu pai.
15 ယာကုပ်အနိစ္စရောက်ပြီးနောက်ညီအစ်ကိုတို့ က``ငါတို့သည်ယောသပ်အားဒုက္ခရောက်စေခဲ့ သည့်အတွက် သူကအငြိုးထား၍လက်စားချေ မည်ကိုစိုးရိမ်ရသည်'' ဟုအချင်းချင်းပြော ဆိုကြ၏။-
15 Os irmãos de José, vendo que seu pai morrera, disseram entre si: "Será que José nos tomará em aversão e irá vingar-se de todo o mal que lhe fizemos?"
16 — ausente —
16 Mandaram, pois, dizer-lhe: "Antes de morrer, teu pai recomendou-nos
17 — ausente —
17 que te pedíssemos perdão do crime que teus irmãos cometeram, de seu pecado, de todo o mal que te fizeram. Perdoa, pois, agora esse crime àqueles que servem o Deus de teu pai". Ouvindo isso, José chorou.
18 ထိုနောက်ယောသပ်၏ညီအစ်ကိုတို့သည်သူ့ ထံသို့ဝင်ရောက်၍ရှေ့တွင်ပျပ်ဝပ်လျက်``ကိုယ် တော်၏ကျွန်များရှေ့တော်သို့ရောက်ရှိနေ ကြပါသည်'' ဟုလျှောက်ကြ၏။
18 Seus irmãos vieram jogar-se aos seus pés, dizendo: "Somos teus escravos!"
19 ထိုအခါယောသပ်ကညီအစ်ကိုတို့အား``အစ် ကိုတို့မစိုးရိမ်ကြပါနှင့်။ ဘုရားသခင်က သာလျှင်တရားစီရင်၍ဒဏ်ပေးပိုင်တော်မူ၏။ ကျွန်ုပ်မူကားထိုသို့မပြုနိုင်ပါ။-
19 José disse-lhes: "Não temais: posso eu pôr-me no lugar de Deus?
20 အစ်ကိုတို့သည်ကျွန်ုပ်အားမကောင်းကြံခဲ့ ကြပါသော်လည်းဘုရားသခင်က ကျွန်ုပ် တို့ယနေ့တွေ့မြင်ရသည့်အတိုင်းလူများ အသက်ချမ်းသာစေရန်ထိုမကောင်းမှုမှ အကျိုးတရားကိုဖော်ခဲ့တော်မူပြီ။-
20 Vossa intenção era de fazer-me mal, mas Deus tirou daí um bem; era para fazer, como acontece hoje, com que se conservasse a vida a um grande povo.
21 မစိုးရိမ်ကြပါနှင့်။ ကျွန်ုပ်သည်သင်တို့နှင့် သင်တို့၏သားသမီးများအားကြည့်ရှုစောင့် ရှောက်ထားပါမည်'' ဟုဆိုလေ၏။ ဤနည်းအား ဖြင့်ယောသပ်သည်ညီအစ်ကိုတို့အားနှစ်သိမ့် စကားပြော၍စိတ်ချမ်းသာရာရစေလေ၏။
21 Não temais, pois: eu vos sustentarei a vós e a vossos filhos". Estas palavras, que lhes foram direito ao coração, reconfortaram-nos.
22 အီဂျစ်ပြည်တွင်ယောသပ်သည်သူ၏သား ချင်းများနှင့်အတူနေထိုင်၍ အသက်တစ် ရာ့တစ်ဆယ်ရှိသော်ကွယ်လွန်လေသည်။-
22 José habitou no Egito, e também a família de seu pai. Viveu cento e dez anos.
23 သူသည်ဧဖရိမ်၏သားသမီးနှင့်မြေးတို့ ကိုတွေ့မြင်သွားရ၏။ မနာရှေ၏သားမာခိ ရ၏သားသမီးတို့ကိုလည်းပြုစုခဲ့ရ၏။-
23 Viu os descendentes de Efraim até a terceira geração. Igualmente, os filhos de Maquir, filho de Manassés, vieram à luz sobre os joelhos de José.
24 ယောသပ်ကသူ၏ညီအစ်ကိုတို့အား``ကျွန်ုပ် သည်သေရတော့အံ့။ ကျွန်ုပ်မရှိသော်လည်း ဘုရားသခင်သည်သင်တို့အားအမှန်မုချ ကြည့်ရှုစောင့်ရှောက်တော်မူလိမ့်မည်။ သင်တို့ ကိုဤပြည်မှထုတ်ဆောင်၍အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားပေးမည်ဟုကျိန်ဆိုကတိ ထားတော်မူသောပြည်သို့ခေါ်ဆောင်သွား တော်မူလိမ့်မည်'' ဟုဆို၏။-
24 José disse a seus irmãos: "Vou morrer; mas Deus vos visitará seguramente e vos fará subir desta terra para a terra que jurou dar a Abraão, Isaac e a Jacó".
25 ထိုနောက်ဣသရေလအမျိုးသားတို့ အား``ဘုရားသခင်သည်သင်တို့ကိုထို ပြည်သို့ပို့ဆောင်သောအခါ ငါ၏အရိုး တို့ကိုသင်တို့နှင့်အတူဆောင်သွားပါမည် ဟုငါ့အားကတိပေးပါလော့'' ဟုဆို လျက်ကျိန်ဆိုကတိပေးစေ၏။-
25 E José fez que os filhos de Israel jurassem: "Quando Deus vos visitar, disse ele, levareis daqui os meus ossos".
26 သို့ဖြစ်၍ယောသပ်သည်အသက်တစ်ရာ့တစ် ဆယ်ရှိသော်ကွယ်လွန်လေ၏။ သူတို့သည်သူ ၏ရုပ်အလောင်းကိုကြာရှည်ခံအောင်ဆေးစိမ် ၍ အီဂျစ်ပြည်၌ခေါင်းသွင်းထားကြသတည်း။ ရှင်မောရှေရေးထားသောကမ္ဘာဦးကျမ်းပြီး၏။
26 José morreu com a idade de cento e dez anos. Foi embalsamado e depositado num sarcófago no Egito.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Gênesis 50, comparar traduções ou montar um estudo — tudo direto pelo WhatsApp.