Gênesis 4
Common Language Bible (MYA) vs ARIB
1 ထိုနောက်အာဒံသည်မယားနှင့်ဆက်ဆံသဖြင့် ဧဝသည်ပဋိသန္ဓေစွဲ၍သားယောကျာ်းကိုဖွား မြင်လေ၏။ ``ထာဝရဘုရားမစတော်မူခြင်း အားဖြင့်သားကိုရပြီ'' ဟုဧဝပြောဆိုလျက် ထိုသားကိုကာဣနဟုနာမည်မှည့်လေ၏။-
1 Conheceu Adão a Eva, sua mulher; ela concebeu e, tendo dado à luz a Caim, disse: Alcancei do Senhor um varão.
2 ထိုနောက်သူ၏ညီအာဗေလကိုဖွားမြင်၏။ အာဗေလသည်သိုးထိန်းဖြစ်၍ ကာဣနကား လယ်သမားဖြစ်၏။-
2 Tornou a dar à luz a um filho-a seu irmão Abel. Abel foi pastor de ovelhas, e Caim foi lavrador da terra.
3 အချိန်အတန်ကြာသောအခါကာဣန သည် အသီးအနှံများကိုထာဝရဘုရား အားပူဇော်ရန်ယူဆောင်ခဲ့၏။-
3 Ao cabo de dias trouxe Caim do fruto da terra uma oferta ao Senhor.
4 အာဗေလသည်လည်းမိမိသိုးအုပ်မှ အဦး ဆုံးပေါက်သောသိုးကိုယူဆောင်ခဲ့၍သတ် ပြီးလျှင် အကောင်းဆုံးသောအပိုင်းများကို ထာဝရဘုရားအားပူဇော်၏။ ထာဝရဘုရား သည်အာဗေလနှင့်သူ၏ပူဇော်သကာကို နှစ်သက်တော်မူ၏။-
4 Abel também trouxe dos primogênitos das suas ovelhas, e da sua gordura. Ora, atentou o Senhor para Abel e para a sua oferta,
5 သို့ရာတွင်ကာဣနနှင့်သူ၏ပူဇော်သကာကို မူကား နှစ်သက်တော်မမူ။ ထို့ကြောင့်ကာဣန သည်အလွန်ဒေါသထွက်၍မျက်မှောင်ကြုတ် လေ၏။-
5 mas para Caim e para a sua oferta não atentou. Pelo que irou-se Caim fortemente, e descaiu-lhe o semblante.
6 ထိုအခါထာဝရဘုရားက``သင်သည်အဘယ် ကြောင့်ဒေါသထွက်၍မျက်မှောင်ကြုတ်ရသ နည်း။-
6 Então o Senhor perguntou a Caim: Por que te iraste? e por que está descaído o teu semblante?
7 သင်သည်မှန်ကန်စွာပြုခဲ့လျှင်မျက်နှာပြုံးရွှင် နိုင်ရမည်။ သို့ရာတွင်သင်သည်မကောင်းမှုကိုပြုခဲ့သဖြင့် အပြစ်တရားသည်သားရဲတိရစ္ဆာန်ကဲ့သို့ သင့် တံခါးအနီးတွင်ချောင်းမြောင်းလျက်ရှိ၏။ အပြစ်ကသင့်ကိုအုပ်စိုးလိုသော်လည်း သင် ကအပြစ်ကိုနိုင်ရမည်'' ဟုကာဣနအားမိန့် တော်မူ၏။
7 Porventura se procederes bem, não se há de levantar o teu semblante? e se não procederes bem, o pecado jaz à porta, e sobre ti será o seu desejo; mas sobre ele tu deves dominar.
8 ကာဣနသည်ညီအာဗေလအား``လမ်းလျှောက် ထွက်ကြမည်'' ဟုခေါ်၍လယ်ထဲသို့ရောက်ရှိ ကြလျှင် ညီအာဗေလကိုရန်ဘက်ပြုကာ သတ်လေ၏။
8 Falou Caim com o seu irmão Abel. E, estando eles no campo, Caim se levantou contra o seu irmão Abel, e o matou.
9 ထာဝရဘုရားက``သင့်ညီအာဗေလအဘယ် မှာရှိသနည်း'' ဟုကာဣနအားမေးတော် မူ၏။
9 Perguntou, pois, o Senhor a Caim: Onde está Abel, teu irmão? Respondeu ele: Não sei; sou eu o guarda do meu irmão?
10 ထာဝရဘုရားက``သင်သည်အဘယ်ကြောင့် ဤဆိုးယုတ်သောအမှုကိုပြုရသနည်း။ သင့် ညီအသွေး၏အသံသည်မြေထဲမှ ငါ့ထံသို့ အော်ဟစ်လျက်ရှိသည်တကား။-
10 E disse Deus: Que fizeste? A voz do sangue de teu irmão está clamando a mim desde a terra.
11 သင်သည်ကျိန်စာသင့်၍မြေကိုထွန်ယက်စိုက် ပျိုးမှုမပြုနိုင်တော့ပြီ။ သင့်လက်ချက်ကြောင့် ထွက်သောသင့်ညီ၏သွေးကို မြေသည်ခံတွင်း ဖြင့်ခံယူသကဲ့သို့စုတ်ယူခဲ့လေပြီ။-
11 Agora maldito és tu desde a terra, que abriu a sua boca para da tua mão receber o sangue de teu irmão.
12 သင်သည်မြေကိုထွန်ယက်စိုက်ပျိုးသော်လည်း အသီးအနှံထွက်မည်မဟုတ်။ သင်သည်အိုး အိမ်မဲ့လျက်မြေကြီးပေါ်တွင်လှည့်လည် နေရမည်'' ဟုမိန့်တော်မူ၏။
12 Quando lavrares a terra, não te dará mais a sua força; fugitivo e vagabundo serás na terra.
13 ထိုအခါကာဣနက``ကိုယ်တော်ပေးသော အပြစ်ဒဏ်သည် ပြင်းထန်လွန်းလှပါ၏။-
13 Então disse Caim ao Senhor: É maior a minha punição do que a que eu possa suportar.
14 ကိုယ်တော်သည်အကျွန်ုပ်ကိုဤမြေမှနှင်ထုတ် တော်မူပါပြီ။ ကိုယ်တော်၏မျက်မှောက်တော်မှ လည်းနှင်ထုတ်တော်မူပါပြီ။ အိုးအိမ်မဲ့လျက် မြေကြီးပေါ်တွင် လှည့်လည်နေရပါမည်။ တွေ့ သမျှသောသူတို့သည် အကျွန်ုပ်အားသတ် ကြပါလိမ့်မည်'' ဟုပြန်၍လျှောက်၏။
14 Eis que hoje me lanças da face da terra; também da tua presença ficarei escondido; serei fugitivo e vagabundo na terra; e qualquer que me encontrar matar-me-á.
15 ထာဝရဘုရားက``သင်၌ထိုသို့မဖြစ်စေရ။ သင့်အားသတ်သောသူမည်သည်ကား ခုနစ်ဆ သောအပြစ်ဒဏ်ကိုခံရမည်'' ဟုမိန့်တော်မူ ၏။ သို့ဖြစ်၍ထာဝရဘုရားသည် ကာဣန ကိုတွေ့ရှိသူသည်သူ့ကိုမသတ်ရန် သတိ ပေးသည့်အမှတ်လက္ခဏာဖြင့်သူ့အပေါ် တွင်မှတ်သားပေးတော်မူ၏။-
15 O Senhor, porém, lhe disse: Portanto quem matar a Caim, sete vezes sobre ele cairá a vingança. E pôs o Senhor um sinal em Caim, para que não o ferisse quem quer que o encontrasse.
16 ကာဣနသည်လည်းထာဝရဘုရားထံတော် မှထွက်သွား၍ ဧဒင်အရှေ့ဘက်ရှိ``လှည့်လည် ရာ'' ဟုတွင်သောအရပ်၌နေထိုင်လေ၏။
16 Então saiu Caim da presença do Senhor, e habitou na terra de Node, ao oriente do Éden.
17 ကာဣနသည်သူ၏မယားနှင့်ဆက်ဆံသဖြင့် မယား၌ပဋိသန္ဓေစွဲ၍ဧနောက်နာမည်ရှိသား ကိုဖွားမြင်လေ၏။ သူသည်မြို့ကိုတည်၍သား ၏နာမည်ကိုအစွဲပြုလျက် ထိုမြို့ကိုဧနောက် မြို့ဟုမှည့်ခေါ်၏။-
17 Conheceu Caim a sua mulher, a qual concebeu, e deu à luz a Enoque. Caim edificou uma cidade, e lhe deu o nome do filho, Enoque.
18 ဧနောက်သည်ဣရဒ်ဟုအမည်တွင်သောသားကို ရ၏။ ဣရဒ်၏သားကားမဟုယေလ၊ မဟု ယေလ၏သားကားမသုရှလ၊ မသုရှလ ၏သားကားလာမက်ဖြစ်၏။-
18 A Enoque nasceu Irade, e Irade gerou a Meujael, e Meujael gerou a Metusael, e Metusael gerou a Lameque.
19 လာမက်သည်အာဒနှင့်ဇိလနာမည်ရှိ မယားနှစ်ယောက်နှင့်စုံဖက်၏။-
19 Lameque tomou para si duas mulheres: o nome duma era Ada, e o nome da outra Zila.
20 အာဒသည်ယာဗလဟုအမည်တွင်သောသားကို ဖွားမြင်၏။ ယာဗလသည်ကားသိုးနွားတို့ကို ထိန်းကျောင်း၍ တဲရှင်၌နေထိုင်သူတို့၏ဖခင် ဖြစ်သတည်း။-
20 E Ada deu à luz a Jabal; este foi o pai dos que habitam em tendas e possuem gado.
21 သူ့ညီနာမည်မှာယုဗလဖြစ်၍ စောင်းနှဲတို့ကို တီးမှုတ်သောဂီတသမားအပေါင်းတို့၏ဖခင် ဖြစ်သတည်း။-
21 O nome do seu irmão era Jubal; este foi o pai de todos os que tocam harpa e flauta.
22 ဇိလသည်တုဗလကာဣနနာမည်ရှိသားကို ဖွားမြင်၏။ ထိုသူသည်ပန်းတဉ်းသမား၊ ပန်းပဲ သမားတို့၏ဖခင်ဖြစ်သတည်း။ တုဗလ ကာဣန၏နှမကားနေမဖြစ်၏။
22 A Zila também nasceu um filho, Tubal-Caim, fabricante de todo instrumento cortante de cobre e de ferro; e a irmã de Tubal-Caim foi Naamá.
23 လာမက်ကမိမိမယားတို့အား``ငါ့မယား အာဒနှင့် ဇိလတို့ငါ့စကားကိုနားထောင်ကြလော့။
23 Disse Lameque a suas mulheres: Ada e Zila, ouvi a minha voz; escutai, mulheres de Lameque, as minhas palavras; pois matei um homem por me ferir, e um mancebo por me pisar.
24 ကာဣနကိုသတ်သူသည်ခုနစ်ဆသော အပြစ်ဒဏ်ကို ခံရမည်ဆိုလျှင်ငါ့ကိုသတ်သူကား၊
24 Se Caim há de ser vingado sete vezes, com certeza Lameque o será setenta e sete vezes.
25 အာဒံနှင့်ဧဝတို့တွင်သားတစ်ယောက်ထပ်၍ ဖွား မြင်လေ၏။ ဧဝက``ကာဣနသတ်ခဲ့သောအာဗေလ အစား သားတစ်ယောက်ကိုဘုရားသခင်ကပေး တော်မူပြီ'' ဟုဆိုလျက်ထိုသားကိုရှေသဟု နာမည်မှည့်လေ၏။-
25 Tornou Adão a conhecer sua mulher, e ela deu à luz um filho, a quem pôs o nome de Sete; porque, disse ela, Deus me deu outro filho em lugar de Abel; porquanto Caim o matou.
26 ရှေသသည်လည်းသားရ၍ထိုသားကိုဧနုတ် ဟုမှည့်ခေါ်၏။ ထိုခေတ်ကာလမှစ၍ လူတို့ သည်ထာဝရဘုရား၏နာမတော်ကိုအမှီ ပြုလျက်ကိုးကွယ်ကြလေ၏။
26 A Sete também nasceu um filho, a quem pôs o nome de Enos. Foi nesse tempo, que os homens começaram a invocar o nome do Senhor.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Gênesis 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.