Gênesis 48
Common Language Bible (MYA) vs ARIB
1 တစ်နေ့သောအခါယောသပ်သည်ယာကုပ် မကျန်းမမာသည့်သတင်းကိုကြားသိရ သဖြင့် သားနှစ်ယောက်ဖြစ်ကြသောမနာရှေ နှင့်ဧဖရိမ်တို့ကိုခေါ်၍ယာကုပ်ထံသို့သွား လေ၏။-
1 Depois destas coisas disseram a José: Eis que teu pai está enfermo. Então José tomou consigo os seus dois filhos, Manassés e Efraim.
2 ယာကုပ်သည်သားယောသပ်လာကြောင်းကို ကြားသိရလျှင် အားတက်လျက်အိပ်ရာပေါ် တွင်ထိုင်လေ၏။-
2 Disse alguém a Jacó: Eis que José, teu olho, vem ter contigo. E esforçando-se Israel, sentou-se sobre a cama.
3 ယာကုပ်ကယောသပ်အား``အနန္တတန်ခိုးရှင် ဘုရားသခင်သည်ခါနာန်ပြည်၊ လုဇမြို့ ၌ရူပါရုံတွင်ငါ့အားကောင်းချီးပေး၍၊-
3 E disse Jacó a José: O Deus Todo-Poderoso me apareceu em Luz, na terra de Canaã, e me abençoou,
4 `သင်၏အဆက်အနွယ်တို့မှလူမျိုးများစွာ ပေါ်ထွန်းစေခြင်းငှာ သင့်အားသားသမီးများ စွာထွန်းကားစေမည်။ သင်၏အဆက်အနွယ် တို့အားဤပြည်ကိုအမြဲအပိုင်ရစေမည်'' ဟုဆိုလေ၏။
4 e me disse: Eis que te farei frutificar e te multiplicarei; tornar-te-ei uma multidão de povos e darei esta terra à tua descendência depois de ti, em possessão perpétua.
5 ထိုနောက်ဆက်လက်၍``ငါအီဂျစ်ပြည်သို့မ ရောက်မီမွေးဖွားသောသင်၏သားနှစ်ယောက် တို့သည်ငါနှင့်ဆိုင်၏။ ဧဖရိမ်နှင့်မနာရှေ တို့သည်ရုဗင်နှင့်ရှိမောင်တို့ကဲ့သို့ငါ့သား များဖြစ်ကြသည်။-
5 Agora, pois, os teus dois filhos, que nasceram na terra do Egito antes que eu viesse a ti no Egito, são meus: Efraim e Manassés serão meus, como Rúben e Simeão;
6 သင်၌နောက်ထပ်သားများရလျှင်ထိုသား တို့သည်ငါ၏သားများမဟုတ်။ ထိုသားတို့ သည်ဧဖရိမ်နှင့်မနာရှေတို့မှတစ်ဆင့် သာအမွေဆက်ခံခွင့်ရှိစေမည်။-
6 mas a prole que tiveres depois deles será tua; segundo o nome de seus irmãos serão eles chamados na sua herança.
7 ငါသည်သင်၏မိခင်ရာခေလအတွက် ကြောင့်ဤသို့စီမံရသည်။ ငါသည်မက်ဆို ပိုတေးမီးယားပြည်မြောက်ပိုင်းမှပြန်လာ စဉ် သင်၏မိခင်ရာခေလသည်ခါနာန်ပြည် ဧဖရတ်မြို့အနီး၌ကွယ်လွန်၍ငါသည် အလွန်ဝမ်းနည်းပူဆွေး၏။ ငါသည်သူ၏ အလောင်းကိုဧဖရတ်မြို့သို့သွားရာလမ်း အနီး၌သင်္ဂြိုဟ်ခဲ့၏'' ဟုဆိုလေ၏။ (ဧဖရတ် မြို့ကိုယခုအခါဗက်လင်မြို့ဟုခေါ် သည်။)
7 Quando eu vinha de Padã, morreu-me Raquel no caminho, na terra de Canaã, quando ainda faltava alguma distância para chegar a Efrata; sepultei-a ali no caminho que vai dar a Efrata, isto é, Belém.
8 ယာကုပ်သည်ယောသပ်၏သားနှစ်ယောက် ကိုမြင်လျှင်``ဤသူငယ်တို့သည်မည်သူနည်း'' ဟုမေး၏။
8 Quando Israel viu os filhos de José, perguntou: Quem são estes?
9 ယောသပ်က``ဘုရားသခင်ကအီဂျစ် ပြည်တွင် ကျွန်တော်အားပေးသနားတော် မူသောသားများဖြစ်ပါသည်'' ဟုဖြေ၏။
9 Respondeu José a seu pai: Eles são meus filhos, que Deus me tem dado aqui. Continuou Israel: Traze-mos aqui, e eu os abençoarei.
10 ယာကုပ်သည်အသက်အရွယ်အိုမင်းပြီ ဖြစ်သောကြောင့် မျက်စိမှုန်၍ကောင်းစွာမ မြင်နိုင်။ ယောသပ်သည်သူ၏သားများကို ယာကုပ်အနီးသို့ခေါ်ခဲ့ရာ သူသည်သူငယ် များကိုဖက်၍နမ်းရှုပ်လေ၏။-
10 Os olhos de Israel, porém, se tinham escurecido por causa da velhice, de modo que não podia ver. José, pois, fê-los chegar a ele; e ele os beijou e os abraçou.
11 ယာကုပ်ကယောသပ်အား``ငါသည်သင့်ကို နောက်တစ်ဖန်မြင်ရဦးမည်ဟုမမျှော်လင့် ခဲ့။ ဘုရားသခင်သည်ယခုငါ့အားသင်၏ သားတို့ကိုပင်မြင်ခွင့်ပေးတော်မူပြီ'' ဟု ဆိုလေ၏။-
11 E Israel disse a José: Eu não cuidara ver o teu rosto; e eis que Deus me fez ver também a tua descendência.
12 ထိုနောက်မိမိ၏သားတို့ကိုအဖ၏ဒူးများ ကြားမှထုတ်ပြီးနောက် ယောသပ်သည်အဖ ၏ရှေ့၌ဦးညွှတ်ချလေ၏။
12 Então José os tirou dos joelhos de seu pai; e inclinou-se à terra diante da sua face.
13 ထိုနောက်ဧဖရိမ်ကိုယာကုပ်၏အနီးလက်ဝဲ ဘက်၌လည်းကောင်း၊ မနာရှေကိုလက်ယာ ဘက်၌လည်းကောင်းရပ်စေ၏။-
13 E José tomou os dois, a Efraim com a sua mão direita, à esquerda de Israel, e a Manassés com a sua mão esquerda, à direita de Israel, e assim os fez chegar a ele.
14 သို့ရာတွင်ယာကုပ်သည်မိမိလက်ကိုယှက် ၍သားငယ်ဖြစ်သူ ဧဖရိမ်၏ဦးခေါင်းပေါ် တွင်လက်ယာလက်ကိုလည်းကောင်း၊ သားကြီး ဖြစ်သူမနာရှေ၏ဦးခေါင်းပေါ်တွင်လက် ဝဲလက်ကိုလည်းကောင်းတင်၍၊
14 Mas Israel, estendendo a mão direita, colocou-a sobre a cabeça de Efraim, que era o menor, e a esquerda sobre a cabeça de Manassés, dirigindo as mãos assim propositadamente, sendo embora este o primogênito.
15 — ausente —
15 E abençoou a José, dizendo: O Deus em cuja presença andaram os meus pais Abraão e Isaque, o Deus que tem sido o meu pastor durante toda a minha vida até este dia,
16 — ausente —
16 o anjo que me tem livrado de todo o mal, abençoe estes mancebos, e seja chamado neles o meu nome, e o nome de meus pois Abraão e Isaque; e multipliquem-se abundantemente no meio da terra.
17 ယောသပ်သည်အဖက ဧဖရိမ်၏ဦးခေါင်း ပေါ်တွင်လက်ယာလက်တင်သည်ကိုမြင်ရ သောအခါ စိတ်မချမ်းမသာဖြစ်၏။ သူသည် ဧဖရိမ်၏ဦးခေါင်းပေါ်မှ အဖ၏လက်ကို မနာရှေ၏ဦးခေါင်းပေါ်သို့ပြောင်းရွှေ့တင် စေလိုသဖြင့်၊-
17 Vendo José que seu pai colocava a mão direita sobre a cabeça de Efraim, foi-lhe isso desagradável; levantou, pois, a mão de seu pai, para a transpor da cabeça de Efraim para a cabeça de Manassés.
18 ``အဖလက်အထားမှားနေပါသည်။ ဤသူ ငယ်သည်သားကြီးဖြစ်ပါ၏။ သူ၏ဦးခေါင်း ပေါ်မှာအဖ၏လက်ယာလက်ကိုတင်ပါ'' ဟုဆိုလေ၏။
18 E José disse a seu pai: Nãa assim, meu pai, porque este é o primogênito; põe a mão direita sobre a sua cabeça.
19 သို့ရာတွင်သူ၏အဖကငြင်းဆန်၍``ငါ့သား၊ အဖသိပါသည်။ မနာရှေ၏အဆက်အနွယ် တို့သည်လည်းလူမျိုးကြီးဖြစ်လိမ့်မည်။ သို့ သော်လည်းသူ့ညီသည် သူ့ထက်သာ၍ကြီး မြတ်မည်ဖြစ်၍ သူ၏အဆက်အနွယ်တို့သည် လူမျိုးကြီးများဖြစ်လာလိမ့်မည်'' ဟုဆို လေ၏။
19 Mas seu pai, recusando, disse: Eu o sei, meu filho, eu o sei; ele também se tornará um povo, ele também será grande; contudo o seu irmão menor será maior do que ele, e a sua descendência se tornará uma multidão de nações.
20 သို့ဖြစ်၍ယာကုပ်က``ဣသရေလအမျိုးသား တို့သည်သင်တို့၏နာမည်များကိုအသုံး ပြုလျက်ကောင်းချီးပေးကြလိမ့်မည်။ သူတို့ က`ဧဖရိမ်နှင့်မနာရှေတို့ကဲ့သို့သင့်ကိုကြီး ပွားစေရန်ဘုရားသခင်ကူမတော်မူပါစေ သော' ဟုဆိုကြလိမ့်မည်'' ဟူ၍ထိုနေ့၌သူ ငယ်တို့အားကောင်းချီးပေးလေ၏။ ဤနည်း အားဖြင့်ယာကုပ်သည်ဧဖရိမ်၏နာမည် ကိုမနာရှေ၏နာမည်ရှေ့၌ထားသတည်း။
20 Assim os abençoou naquele dia, dizendo: Por ti Israel abençoará e dirá: Deus te faça como Efraim e como Manassés. E pôs a Efraim diante de Manassés.
21 ထိုနောက်ယာကုပ်သည်ယောသပ်အား``ငါသည် ယခုသေအံ့ဆဲဆဲရှိပြီ။ သို့သော်လည်းဘုရားသခင်သည်သင်တို့နှင့်အတူရှိ၍ ဘိုးဘေးတို့ နေထိုင်ရာပြည်သို့ပြန်လည်ပို့ဆောင်တော်မူ လိမ့်မည်။-
21 Depois disse Israel a José: Eis que eu morro; mas Deus será convosco, e vos fará tornar para a terra de vossos pais.
22 ငါသည်ဋ္ဌားနှင့်လေးလက်နက်တို့ဖြင့်အာ မောရိအမျိုးသားတို့လက်မှသိမ်းယူရရှိ သောမြေသြဇာထက်သန်သည့် ရှေခင်နယ်ကို သင်၏အစ်ကိုတို့အားငါမပေး။ သင့်အား သာငါပေး၏'' ဟုဆိုလေ၏။
22 E eu te dou um pedaço de terra a mais do que a teus irmãos, o qual tomei com a minha espada e com o meu arco da mão dos amorreus.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Gênesis 48, comparar traduções ou montar um estudo — tudo direto pelo WhatsApp.