Gênesis 46
Common Language Bible (MYA) vs VC
1 ယာကုပ်သည်မိမိ၏ပစ္စည်းဥစ္စာရှိသမျှကို ထုပ်ပိုး၍ ခရီးထွက်ခဲ့ရာဗေရရှေဘအရပ် သို့ရောက်လျှင် သူ၏အဖဣဇာက်၏ဘုရားသခင်အားယဇ်ပူဇော်လေ၏။-
1 Israel partiu com tudo o que lhe pertencia. Chegou a Bersabéia, onde ofereceu sacrifícios ao Deus de seu pai Isaac.
2 ညအချိန်၌သူမြင်ရသောရူပါရုံတွင် ဘုရားသခင်က``ယာကုပ်၊ ယာကုပ်'' ဟုခေါ် တော်မူ၏။
2 Em uma visão noturna Deus disse-lhe: "Jacó! Jacó!" "Eis-me aqui", respondeu ele.
3 ဘုရားသခင်က``ငါသည်ဘုရားသခင်ဖြစ် ၏။ သင့်အဖ၏ဘုရားသခင်ဖြစ်၏။ သင်သည် အီဂျစ်ပြည်သို့သွားရမည်ကိုမစိုးရိမ်နှင့်။ ထိုပြည်တွင်ငါသည်သင်၏အဆက်အနွယ် တို့အားလူမျိုးကြီးဖြစ်လာစေမည်။-
3 E Deus disse: "Eu sou Deus, o Deus de teu pai. Não temas descer ao Egito, porque ali farei de ti uma grande nação.
4 ငါသည်သင်နှင့်အတူအီဂျစ်ပြည်သို့ကြွသွား မည်။ ငါကိုယ်တိုင်သင်၏အဆက်အနွယ်တို့ကို ဤပြည်သို့ပြန်လည်ခေါ်ဆောင်ခဲ့မည်။ သင်သည် ယောသပ်၏ပြုစုခြင်းကိုခံလျက်စုတေရ လိမ့်မည်'' ဟုမိန့်တော်မူ၏။
4 Descerei contigo ao Egito, e eu mesmo te farei de novo subir de lá. José fechar-te-á os olhos."
5 ထိုနောက်ယာကုပ်သည်ဗေရရှေဘအရပ်မှ ထွက်လာခဲ့လေသည်။ သူ၏သားတို့သည်မိမိ တို့၏အဖယာကုပ်၊ သူတို့၏မယားများ၊ သား သမီးငယ်များအားဖာရောဘုရင်ပို့လိုက် သောလှည်းများကိုစီးစေကြ၏။-
5 E Jacó deixou Bersabéia. Os filhos de Israel levaram seu pai, assim como seus filhos e suas mulheres, nos carros que o faraó tinha enviado para os transportar.
6 — ausente —
6 Tomaram também seus rebanhos e os bens que tinham adquirido na terra de Canaã,
7 — ausente —
7 e Jacó com toda a sua família partiu para o Egito. Levou consigo os seus filhos e seus netos, suas filhas e suas netas, enfim, toda a sua família.
8 ယာကုပ်နှင့်အတူအီဂျစ်ပြည်သို့သွားရောက် ကြသော မိသားစုတို့၏နာမည်စာရင်းကို ဖော်ပြပေအံ့။ သားဦးရုဗင်နှင့်၊-
8 Eis os nomes dos filhos de Israel que foram para o Egito: Jacó e seus filhos.
9 ရုဗင်၏သားများဖြစ်ကြသော ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိ၊-
9 O primogênito de Jacó: Rubem. Os filhos de Rubem: Henoc, Falu, Esron e Carmi.
10 ရှိမောင်နှင့်သူ၏သားများဖြစ်ကြသောယေ မွေလ၊ ယာမိန်၊ သြဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန် အမျိုးသမီးနှင့်ရသောသားရှောလ။-
10 Os filhos de Simeão: Jamuel, Jamin, Aod, Jaquim, Soar, e Saul, filho da Cananéia.
11 လေဝိနှင့်သူ၏သားများဖြစ်ကြသောဂေရရှုံ၊ ကောဟတ်၊ မေရာရိ။-
11 Os filhos de Levi: Gerson, Gaat e Merari.
12 ယုဒနှင့်သူ၏သားများဖြစ်ကြသောရှေလ၊ ဖာရက်၊ ဇာရ (ယုဒ၏အခြားသားများဖြစ် ကြသောဧရနှင့်သြနန်တို့သည်ခါနာန်ပြည် ၌သေဆုံးကြ၏။) ဖာရက်၏သားများဖြစ် ကြသောဟေဇရုံနှင့်ဟာမုလ။-
12 Os filhos de Judá: Her, Onã, Sela, Farés e Zara. Her e Onã, porém, morreram em Canaã. Os filhos de Farés: Hesron e Hamul.
13 ဣသခါနှင့်သူ၏သားများဖြစ်ကြသော တောလ၊ ဖုဝါ၊ ယောဘ၊ ရှိမရုန်။-
13 Os filhos de Issacar: Tola, Fua, Jó e Semron.
14 ဇာဗုလုန်နှင့်သူ၏သားများဖြစ်ကြသော သရက်၊ ဧလုန်၊ ယာလေလ။-
14 Os filhos de Zabulon: Sared, Elon e Jaelel.
15 ဤသူတို့သည်ယာကုပ်နှင့်မယားလေအာ တို့မှမက်ဆိုပိုတေးမီးယားပြည်မြောက်ပိုင်း တွင်ပေါက်ဖွားသောသားနှင့်မြေးများဖြစ် ကြသည်။ ထိုသားတို့အပြင်သမီးဒိနရှိ သေး၏။ ထို့ကြောင့်လေအာမှပေါက်ဖွားသော သားမြေးစုစုပေါင်းမှာသုံးဆယ့်သုံးယောက် ရှိသတည်း။
15 São estes os filhos que Lia deu a Jacó em Padã-Arã, assim como sua filha Dina. Total de seus filhos e filhas: trinta e três pessoas.
16 ဂဒ်နှင့်သူ၏သားဖြစ်ကြသောဇိဖျုန်၊ ဟ္ဂိ၊ ရှုနိ၊ ဧဇဗုန်၊ ဧရိ၊ အရောဒိ၊ အရေလိ။-
16 Os filhos de Gad: Sefion, Hagi, Suni, Esebon, Heri, Arodi e Areli.
17 အာရှာနှင့်သူ၏သားသမီးများဖြစ်ကြသော ယိမန၊ ဣရွှာ၊ ဣရွှိ၊ ဗေရိယနှင့်သူတို့၏နှမ စေရ။ ဗေရိယ၏သားများဖြစ်ကြသောဟေဗာ နှင့်မာလချေလ။-
17 Os filhos de Aser: Jamné, Jesua, Jessui e Beria, assim como sua irmã Sara. Os filhos de Beria: Heber e Melquiel.
18 ဤသူတစ်ဆယ့်ခြောက်ယောက်တို့သည်လာဗန်က သူ၏သမီးလေအာအားပေးအပ်သောအထိန်း ဇိလပနှင့် ယာကုပ်တို့မှပေါက်ဖွားသောသား သမီးနှင့်မြေးများဖြစ်ကြသတည်း။
18 São estes os filhos que Zelfa, dada por Labão à sua filha Lia, deu à luz a Jacó: dezesseis pessoas.
19 ယာကုပ်၏မယားရာခေလသည် သားများ ဖြစ်ကြသောယောသပ်နှင့်ဗင်္ယာမိန်တို့ကို ဖွားမြင်၏။-
19 Filhos de Raquel, mulher de Jacó: José e Benjamim.
20 ယောသပ်သည်အီဂျစ်ပြည်ရှိသြနမြို့မှယဇ် ပုရောဟိတ်ပေါတိဖေရ၏သမီးအာသနတ် နှင့်သားနှစ်ယောက်ဖြစ်ကြသောမနာရှေနှင့် ဧဖရိမ်တို့ကိုရသည်။-
20 No Egito José tivera de Asenet, filha de Putifar, sacerdote de On, Manassés e Efraim.
21 ဗင်္ယာမိန်၏သားများဖြစ်ကြသောဗေလ၊ ဗေခါ၊ အာရှာဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒ။-
21 Os filhos de Benjamim: Bela, Bocor, Asbel, Gera, Naamã, Equi, Ros, Mofim, Ofim e Ared.
22 ဤသူတစ်ဆယ့်လေးယောက်တို့သည်ယာကုပ် နှင့်ရာခေလတို့မှပေါက်ဖွားသောသားမြေး များဖြစ်ကြသတည်း။
22 São estes os filhos que Raquel deu a Jacó. Total: quatorze pessoas.
23 ဒန်နှင့်သူ၏သားဟုရှိမ်၊-
23 Filho de Dan: Husim.
24 နဿလိနှင့်သူ၏သားများဖြစ်ကြသော ယာဇေလ၊ ဂုနိ၊ ယေဇာ၊ ရှိလင်။-
24 Filhos de Neftali: Jasier, Guni, Jeser e Salém.
25 ဤသူခုနစ်ယောက်တို့သည်လာဗန်ကသူ့ သမီးရာခေလအားပေးအပ်သောအထိန်း ဗိလဟာနှင့်ယာကုပ်တို့မှပေါက်ဖွားသော သားမြေးများဖြစ်ကြသတည်း။
25 São estes os filhos que Bala, dada por Labão à sua filha Raquel, deu à luz a Jacó. Total: sete pessoas.
26 ယာကုပ်၏ချွေးမများမှအပအီဂျစ်ပြည် သို့သွားရောက်သောယာကုပ်၏သွေးရင်းသား ရင်းစုစုပေါင်းမှာခြောက်ဆယ့်ခြောက်ယောက် ရှိသတည်း။-
26 O total das pessoas saídas de Jacó, que vieram com ele para o Egito, sem contar as mulheres de seus filhos, era de setenta ao todo.
27 အီဂျစ်ပြည်တွင်ယောသပ်၌သားနှစ်ယောက် ဖွားမြင်၏။ သို့ဖြစ်၍အီဂျစ်ပြည်သို့သွား ရောက်သော ယာကုပ်၏မိသားစုဦးရေမှာ လူပေါင်းခုနစ်ဆယ်ယောက်ဖြစ်သတည်း။
27 José teve dois filhos nascidos no Egito. O total das pessoas da família de Jacó que foram para o Egito era de setenta.
28 ယာကုပ်သည်ဂေါရှင်အရပ်၌မိမိနှင့်တွေ့ ဆုံရန်ယုဒကိုကြိုတင်စေလွှတ်၍ ယောသပ် အားပြောစေ၏။ သူတို့သည်ဂေါရှင်အရပ် သို့ရောက်ရှိကြ၏။-
28 Jacó tinha enviado Judá adiante dele para informar a José de sua chegada a Gessém. Quando chegaram a Gessém,
29 ယောသပ်သည်အဖဣသရေလအားကြိုဆို ရန်ဂေါရှင်အရပ်သို့ရထားဖြင့်သွားလေ၏။ ဖခင်ရှေ့သို့ရောက်သောအခါဖခင်ကိုဖက် ၍ကြာရှည်စွာငိုကြွေးလေ၏။-
29 José mandou preparar o seu carro e montou para ir ao encontro de seu pai em Gessém. E, logo que o viu, jogou-se ao seu pescoço e chorou longo tempo em seus braços.
30 ယာကုပ်ကယောသပ်အား``ငါသည်သင့်မျက်နှာ ကိုမြင်ရ၍သင်အသက်ရှင်လျက်ရှိသေးသည် ကိုသိရသဖြင့်သေပျော်ပါပြီ'' ဟုဆိုလေ၏။
30 "Agora posso morrer, disse-lhe Israel, porque vi o teu rosto, e vives ainda!"
31 ထိုနောက်ယောသပ်ကသူ၏အစ်ကိုတို့နှင့် အခြားသားချင်းတို့အား``ကျွန်ုပ်သည်ဖာရော ဘုရင်ထံသို့သွား၍ခါနာန်ပြည်မှကျွန်တော် မျိုး၏အဖနှင့်ညီအစ်ကိုတို့သည်ကျွန်တော် မျိုးထံသို့ရောက်ရှိလာကြပါပြီ။-
31 José disse aos seus irmãos: "Vou avisar o faraó, dizendo: Meus irmãos e a família de meu pai que estavam em Canaã, vieram para junto de mim;
32 သူတို့သည်သိုးထိန်းများဖြစ်၍တိရစ္ဆာန်များ ကိုထိန်းကျောင်းရပါသည်။ သူတို့သည်သိုး ဆိတ်နှင့်ရှိသမျှပစ္စည်းများကိုယူဆောင်ခဲ့ ကြပါပြီဟုလျှောက်ထားပါမည်။-
32 os homens são pastores, criadores de animais, e trouxeram suas ovelhas e seus bois com tudo o que lhes pertence.
33 ဖာရောဘုရင်ကသင်တို့ကိုဆင့်ခေါ်၍ သင်တို့၏အလုပ်အကိုင်ကိုမေးလျှင်၊-
33 Quando o faraó mandar chamar-vos e vos perguntar qual é vossa profissão,
34 ကျွန်တော်မျိုးတို့သည်ဘိုးဘေးများလက်ထက် မှစ၍ ယနေ့အထိသိုးနွားများကိုမွေးမြူသူ များဖြစ်ကြပါသည်ဟုလျှောက်ရမည်။ သို့မှ သာလျှင်သင်တို့အားဂေါရှင်အရပ်၌နေထိုင် ခွင့်ပေးလိမ့်မည်'' ဟူ၍မှာကြားလေ၏။ အီဂျစ် အမျိုးသားတို့သည် သိုးထိန်းများကိုစက်ဆုတ် ရွံရှာကြသောကြောင့်ယောသပ်ကထိုသို့ပြော ခိုင်းခြင်းဖြစ်သည်။
34 responder-lhe-eis: Teus servos foram sempre criadores de animais, desde sua juventude até o presente, e nossos pais também. Desse modo podereis ficar na terra de Gessém, porque os egípcios têm aversão aos pastores."
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Gênesis 46, comparar traduções ou montar um estudo — tudo direto pelo WhatsApp.