Gênesis 44
Common Language Bible (MYA) vs NVT
1 ယောသပ်သည်အိမ်တော်ဝန်အား``ထိုသူတို့ ၏အိတ်များတွင်ရိက္ခာစပါးကိုသူတို့သယ်နိုင် သမျှဖြည့်ပေးလော့။ တစ်ယောက်စီ၏အိတ်ဝ ၌လည်းသူ၏စပါးဖိုးငွေကိုထည့်ပေးလော့။-
1 Então José deu a seguinte ordem ao administrador do palácio: “Coloque nos sacos que eles trouxeram todo o cereal que puderem carregar, e coloque o dinheiro de cada um de volta no saco.
2 အငယ်ဆုံးသောသူ၏အိတ်ဝတွင်ငါ၏ဖလားနှင့် သူ၏စပါးဖိုးငွေကိုထည့်ပေးလော့'' ဟုအမိန့် ပေး၏။ အိမ်တော်ဝန်သည်ယောသပ်မိန့်မှာသည့် အတိုင်းဆောင်ရွက်လေ၏။-
2 Depois, coloque meu copo de prata na boca do saco de mantimento do mais novo, junto com o dinheiro dele”. O administrador fez tudo conforme José ordenou.
3 နံနက်မိုးလင်းသောအခါသူတို့သည်မြည်း များနှင့်တကွထွက်သွားကြလေ၏။-
3 Assim que amanheceu, os irmãos se levantaram e partiram com os jumentos carregados.
4 သူတို့သည်မြို့နှင့်မလှမ်းမကမ်းသောအရပ် သို့ရောက်ကြသောအခါယောသပ်က သူ၏အိမ် တော်ဝန်အား``ထိုသူတို့နောက်သို့အမြန်လိုက်လော့။ သူတို့ကိုမီသောအခါ`သင်တို့သည်အဘယ် ကြောင့်ကျေးဇူးရှင်ကိုကျေးစွပ်ရသနည်း။-
4 Quando haviam percorrido apenas uma distância curta e mal haviam saído da cidade, José disse ao administrador do palácio: “Vá atrás deles e detenha-os. Quando os alcançar, diga-lhes: ‘Por que retribuíram o bem com o mal?
5 ငါ့သခင်၏ငွေဖလားကိုအဘယ်ကြောင့်ခိုးရ သနည်း။ ထိုဖလားသည်ငါ့သခင်သောက်သော ဖလား၊ နိမိတ်ဖတ်သောဖလားဖြစ်၏။ သင်တို့ သည်ကြီးလေးသောပြစ်မှုကိုကူးလွန်လေ ပြီ' ဟုပြောလော့'' ဟူ၍စေခိုင်းလေ၏။
5 Por que roubaram o copo de prata do meu senhor, que ele usa para prever o futuro? Vocês agiram muito mal!’”.
6 အိမ်တော်ဝန်သည်ထိုသူတို့နောက်သို့လိုက်၍ မီသောအခါ ယောသပ်မှာကြားလိုက်သည့် အတိုင်းသူတို့အားပြောလေ၏။-
6 Quando o administrador do palácio alcançou os homens, repetiu para eles as palavras de José.
7 ထိုအခါသူတို့က``အရှင်၊ ကျွန်တော်တို့ကို ဤသို့မစွပ်စွဲပါနှင့်။ ကျွန်တော်တို့သည်ထို သို့သောပြစ်မှုကိုမကူးလွန်ကြောင်းကျိန် ဆိုပါသည်။-
7 “Do que o senhor está falando?”, disseram os irmãos. “Somos seus servos e jamais faríamos uma coisa dessas!
8 ကျွန်တော်တို့၏အိတ်ဝများ၌တွေ့ရှိသော ငွေကိုပင် ခါနာန်ပြည်မှပြန်၍ယူခဲ့ကြောင်း အရှင်သိပါသည်။ သို့ဖြစ်၍ကျွန်တော်တို့ သည်ဘုရင်ခံ၏အိမ်မှရွှေငွေကိုအဘယ် ကြောင့်ခိုးယူရပါမည်နည်း။-
8 Por acaso não devolvemos o dinheiro que encontramos nos sacos? Nós o trouxemos de volta da terra de Canaã. Por que roubaríamos ouro ou prata da casa do seu senhor?
9 ကျွန်တော်တို့အနက်တစ်ယောက်ယောက်ထံ ၌ထိုဖလားကိုတွေ့လျှင် ထိုသူသည်သေ ဒဏ်သင့်ပါစေ။ ကျန်သောကျွန်တော်တို့သည် လည်းအရှင့်ထံ၌ကျွန်ခံပါမည်'' ဟုဆို လေ၏။
9 Se encontrar o copo de prata com um de nós, que morra quem estiver com ele! E nós, os restantes, seremos seus escravos.”
10 အိမ်တော်ဝန်က``သင်တို့ပြောသည့်အတိုင်း ဖြစ်ပါစေ။ သို့ရာတွင်ဖလားကိုခိုးသောသူ သာလျှင်ငါ၏ကျွန်ဖြစ်စေမည်။ ကျန်သော သူတို့သည်ချမ်းသာခွင့်ရစေမည်'' ဟုဆို၏။-
10 “Sua proposta é justa”, respondeu ele. “Mas apenas aquele que roubou o copo de prata se tornará meu escravo. Os outros estarão livres.”
11 ထိုကြောင့်သူတို့သည်အသီးသီးမိမိတို့ ၏အိတ်များကိုမြေပေါ်သို့အလျင်အမြန် ချ၍ဖွင့်ပြကြ၏။-
11 Sem demora, eles descarregaram os sacos e os abriram.
12 အိမ်တော်ဝန်သည်ညီအစ်ကိုတို့တွင်အသက် အကြီးဆုံးမှအငယ်ဆုံးအထိ အစဉ်လိုက် တစ်ဦးစီ၏အိတ်ကိုရှာဖွေရာဗင်္ယာမိန် အိတ်တွင်ဖလားကိုတွေ့ရလေ၏။-
12 O administrador do palácio examinou a bagagem de cada um, começando pelo mais velho até o mais novo. E o copo foi encontrado no saco de mantimento de Benjamim.
13 ထိုအခါသူတို့သည်စိတ်ပျက်ဝမ်းနည်းလျက် မိမိတို့၏အဝတ်ကိုဆုတ်ဖြဲကြ၏။ ထိုနောက် မြည်းများပေါ်သို့စပါးအိတ်များကိုတင်ပြီး လျှင်မြို့ထဲသို့ပြန်၍လိုက်လာကြလေသည်။
13 Quando os irmãos viram isso, rasgaram as roupas. Depois, colocaram a carga de volta sobre os jumentos e retornaram à cidade.
14 ယုဒနှင့်ညီများတို့သည် ယောသပ်၏အိမ်သို့ ရောက်ရှိကြသောအခါ ယောသပ်သည်အိမ်၌ ရှိနေသေး၏။ သူတို့သည်ယောသပ်၏ရှေ့တွင် ပျပ်ဝပ်ကြ၏။-
14 José ainda estava em seu palácio quando Judá e seus irmãos chegaram, e eles se curvaram até o chão diante dele.
15 ယောသပ်က``သင်တို့အဘယ်ကြောင့်ဤသို့ပြု ဘိသနည်း။ ငါသည်သင်တို့ပြုသမျှတို့ကို နိမိတ်ဖတ်ခြင်းဖြင့်သိနိုင်စွမ်းရှိကြောင်း သင်တို့မသိကြသလော'' ဟုဆိုလေ၏။
15 “O que vocês fizeram?”, exigiu ele. “Não sabem que um homem como eu é capaz de prever o que vai acontecer?”
16 ယုဒက``ကျွန်တော်တို့သည် အရှင်အားမည်သို့ လျှောက်ထားနိုင်ပါမည်နည်း။ မည်ကဲ့သို့ဆင်ခြေ တက်နိုင်ပါမည်နည်း။ ကျွန်တော်တို့မကူးလွန် ကြောင်း မည်ကဲ့သို့သက်သေအထောက်အထား ပြနိုင်ပါအံ့နည်း။ ဘုရားသခင်ကိုယ်တော်တိုင် ကကျွန်တော်တို့၏အပြစ်ကိုဖော်ထုတ်တော် မူပါပြီ။ ဖလားနှင့်တွေ့ရသူတစ်ဦးသာမက ကျွန်တော်တို့အားလုံးအရှင့်ထံ၌ကျွန်ခံပါ မည်'' ဟုလျှောက်ထားလေ၏။
16 Judá respondeu: “Meu senhor, o que podemos dizer? Que explicação podemos dar? Como podemos provar nossa inocência? Deus está nos castigando por causa de nossa maldade. Todos nós voltamos para ser seus escravos, todos nós, e não apenas nosso irmão com quem foi encontrado o copo de prata”.
17 ယောသပ်က``ထိုသို့ငါမပြုလုပ်နိုင်။ ဖလား နှင့်တွေ့ရသူကိုသာလျှင်ငါ၏ကျွန်ဖြစ်စေ မည်။ ကျန်သောသူတို့သည်သင်တို့၏အဖထံ သို့ဘေးကင်းလုံခြုံစွာပြန်သွားကြလော့''ဟု ဆိုလေ၏။
17 José, no entanto, disse: “Eu jamais faria uma coisa dessas! Apenas o homem que roubou o copo será meu escravo. Os outros podem voltar em paz para a casa de seu pai”.
18 ထိုနောက်ယုဒသည်ယောသပ်ထံသို့ချဉ်းကပ် ၍``အရှင်အားစကားတစ်ခွန်းကိုလျှောက်တင် ပါရစေ။ ကျွန်တော်အားအမျက်ထွက်တော်မ မူပါနှင့်။ အရှင်သည်ဖာရောဘုရင်ကဲ့သို့ ပင်ကြီးမြတ်တော်မူပါ၏။-
18 Então Judá deu um passo à frente e disse: “Por favor, meu senhor, permita que seu servo lhe diga apenas uma palavra. Peço que não perca a paciência comigo, embora o senhor seja tão poderoso quanto o próprio faraó.
19 အရှင်က`သင်တို့တွင်ဖခင်ရှိသေးသလော။ ညီရှိ သေးသလော' ဟုမေးပါသည်။-
19 “Meu senhor perguntou a nós, seus servos: ‘Vocês têm pai ou irmão?’.
20 ကျွန်တော်တို့ကအသက်အရွယ်အိုမင်းသော ဖခင်ရှိပါသည်။ ဖခင်အသက်ကြီးမှရသော ညီတစ်ယောက်လည်းရှိပါသေးသည်။ ထိုသူငယ် ၏အစ်ကိုအရင်းသေဆုံးပြီဖြစ်သောကြောင့် သူ၏မိခင်ဖွားသည့်သားများအနက်ဤ သားတစ်ယောက်တည်းသာကျန်ရှိပါသည်။ သူ၏ဖခင်ကသူ့အားအလွန်ချစ်ပါသည်' ဟုပြောကြားခဲ့ပါသည်။-
20 E nós respondemos: ‘Sim, meu senhor, nosso pai é idoso e tem um filho mais novo, nascido em sua velhice. O irmão desse filho, por parte de pai e mãe, morreu. Ele é o único filho de sua mãe, e nosso pai o ama muito’.
21 အရှင်က`ထိုသူငယ်ကိုခေါ်ဆောင်ခဲ့ကြ၊ ငါ တွေ့မြင်လိုသည်' ဟုမိန့်ကြားပါသည်။-
21 “O senhor nos disse: ‘Tragam-no aqui para que eu possa vê-lo com os próprios olhos’.
22 ကျွန်တော်တို့က`သူငယ်သည်အဖနှင့်မခွဲနိုင် ပါ။ အဖနှင့်ခွဲခွာခဲ့လျှင်အဖသေပါလိမ့် မည်' ဟုပြောပါသည်။-
22 E nós respondemos: ‘Meu senhor, o rapaz não pode deixar o pai, pois, se o fizesse, o pai morreria’.
23 ထိုအခါအရှင်က`သင်တို့၏ညီမပါလာလျှင် ငါ့ထံသို့နောက်တစ်ဖန်မဝင်ရ' ဟုမိန့်ကြား ပါသည်။
23 Mas o senhor nos disse: ‘Vocês não me verão novamente se não trouxerem seu irmão’.
24 ``ကျွန်တော်တို့အဖထံသို့ပြန်ရောက်ကြသော အခါ အရှင်မိန့်ကြားသမျှကိုအဖအားပြန် ကြားပါသည်။-
24 “Assim, voltamos para seu servo, nosso pai, e contamos a ele o que o senhor tinha dito.
25 ထိုနောက်အဖက`သင်တို့သွား၍ငါတို့အတွက် ရိက္ခာဝယ်ဦးလော့' ဟုစေခိုင်းပါသည်။-
25 Passado algum tempo, quando ele disse: ‘Voltem e comprem mais mantimentos’,
26 ကျွန်တော်တို့က`ကျွန်တော်တို့မသွားပါရစေနှင့်။ ကျွန်တော်တို့၏ညီအငယ်ဆုံးမလိုက်ပါခဲ့လျှင် ဘုရင်ခံထံသို့ဝင်ရမည်မဟုတ်ပါ။ ကျွန်တော် တို့၏ညီအငယ်ဆုံးလိုက်ပါမည်ဆိုလျှင် ကျွန်တော်တို့သွားပါမည်' ဟုဖခင်အားပြန် ပြောပါသည်။-
26 nós respondemos: ‘Só poderemos voltar se nosso irmão mais novo nos acompanhar. Não temos como ver o homem outra vez, a menos que nosso irmão mais novo esteja conosco’.
27 ဖခင်က`သင်တို့သိသည့်အတိုင်းရာခေလသည် သားနှစ်ယောက်တည်းဖွားမြင်၍၊-
27 “Então meu pai nos disse: ‘Como vocês sabem, minha mulher teve dois filhos,
28 သားတစ်ယောက်မှာမရှိတော့ပြီ။ သူသည်သားရဲ တိရစ္ဆာန်တို့၏ကိုက်ဖြတ်ခြင်းကိုခံခဲ့ရလေပြီ။ ထို့ကြောင့်ငါသည်ယနေ့ထက်တိုင်သူ့ကိုမမြင်ရ။-
28 e um deles foi embora e nunca mais voltou. Sem dúvida, foi despedaçado por algum animal selvagem, e eu nunca mais o vi.
29 ယခုဤသားကိုသင်တို့ခေါ်ဆောင်သွား၍သူသည် ဘေးဥပဒ်နှင့်တွေ့ကြုံရသော် သင်တို့အဖေအို ကြီးသည်ဝမ်းနည်းကြေကွဲလျက်သေရပါမည်' ဟုဆိုပါသည်။
29 Se agora vocês levarem de mim o irmão dele e lhe acontecer algum mal, vocês me mandarão velho e infeliz para a sepultura’.
30 — ausente —
30 “E agora, meu senhor, não posso voltar para a casa de meu pai sem o rapaz. A vida de nosso pai está ligada à vida do rapaz.
31 — ausente —
31 Quando ele vir que o rapaz não está conosco, morrerá. Nós, seus servos, seremos, de fato, responsáveis por mandar para a sepultura seu servo, nosso pai, em profunda tristeza.
32 ထို့အပြင်ကျွန်တော်သည်သူငယ်အတွက်ဖခင် ထံ၌အာမခံခဲ့သူပင်ဖြစ်ပါသည်။ ကျွန်တော် က`သူငယ်ကိုဖခင်ထံသို့ပြန်၍မခေါ်ဆောင်ခဲ့ လျှင်ကျွန်တော်သည်တစ်သက်လုံးအပြစ်ခံ ပါရစေ' ဟုဖခင်အားကတိပေးခဲ့ပါသည်။-
32 Meu senhor, garanti a meu pai que levaria o rapaz de volta. Disse-lhe: ‘Se não o trouxer de volta, carregarei a culpa para sempre’.
33 ထို့ကြောင့်သူငယ်၏ကိုယ်စားကျွန်တော်သည် အရှင့်ထံ၌ကျွန်ခံနေရစ်ပါရစေ။ သူငယ် ကိုသူ၏အစ်ကိုများနှင့်ပြန်ခွင့်ပြုရန်တောင်း ပန်ပါသည်။-
33 “Por isso, peço ao senhor que me permita ficar aqui como escravo no lugar do rapaz e que o deixe voltar com os irmãos dele.
34 ကျွန်တော်သည်သူငယ်မပါဘဲဖခင်ထံသို့မည် သို့ပြန်နိုင်ပါမည်နည်း။ ဖခင်ခံရမည့်စိတ်ဆင်း ရဲခြင်းကိုကျွန်တော်မမြင်ရက်နိုင်ပါ'' ဟု လျှောက်ထားလေ၏။
34 Pois, como poderei voltar a meu pai sem o rapaz? Não suportaria ver a angústia que isso lhe causaria!”.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Gênesis 44, comparar traduções ou montar um estudo — tudo direto pelo WhatsApp.