Gênesis 43
Common Language Bible (MYA) vs ARC
1 ခါနာန်ပြည်တွင်အစာခေါင်းပါးခြင်းကပ် သည်ပို၍ဆိုးရွားလာလေ၏။-
1 E a fome era gravíssima na terra.
2 ယာကုပ်၏မိသားစုတို့သည်အီဂျစ်ပြည်မှဝယ် ယူခဲ့သောစပါးကို စားသုံး၍ကုန်သောအခါ ယာကုပ်ကသားတို့အား``အီဂျစ်ပြည်သို့ပြန် သွား၍ရိက္ခာဝယ်ကြဦး'' ဟုစေခိုင်းလေ၏။
2 E aconteceu que, como acabaram de comer o mantimento que trouxeram do Egito, disse-lhes seu pai: Tornai, comprai-nos um pouco de alimento.
3 ယုဒကယာကုပ်အား``အီဂျစ်ပြည်ဘုရင်ခံက ကျွန်တော်တို့၏ညီကိုမခေါ်ဆောင်နိုင်ခဲ့လျှင် သူ၏ရှေ့တော်မှောက်သို့မဝင်ရဟူ၍အတိ အလင်းသတိပေးပါသည်။-
3 Mas Judá respondeu-lhe, dizendo: Fortemente nos protestou aquele varão, dizendo: Não vereis a minha face, se o vosso irmão não vier convosco.
4 အဖကညီကိုကျွန်တော်တို့နှင့်အတူသွား ခွင့်ပြုမည်ဆိုလျှင် ကျွန်တော်တို့သွား၍အဖ အတွက်ရိက္ခာဝယ်ယူပါမည်။-
4 Se enviares conosco o nosso irmão, desceremos e te compraremos alimento;
5 အဖကကျွန်တော်တို့နှင့်အတူညီကိုသွားခွင့် မပေးလျှင် သင်တို့၏ညီမပါခဲ့လျှင်ငါ၏ရှေ့ မှောက်သို့မဝင်ရဟုဘုရင်ခံကအမိန့်ရှိသဖြင့် ကျွန်တော်တို့မသွားဝံ့ပါ'' ဟုပြောလေ၏။
5 mas, se não o enviares, não desceremos, porquanto aquele varão nos disse: Não vereis a minha face, se o vosso irmão não vier convosco.
6 ထိုအခါယာကုပ်က``သင်တို့တွင်ညီတစ်ယောက် ရှိသေးသည်ဟု ထိုသူအားအဘယ်ကြောင့်ပြော ရသနည်း။ ငါ့ကိုဤမျှစိတ်ဆင်းရဲအောင်အဘယ် ကြောင့်ပြုလုပ်ရသနည်း'' ဟုဆို၏။
6 E disse Israel: Por que me fizestes tal mal, fazendo saber àquele varão que tínheis ainda outro irmão?
7 သူတို့က``ထိုသူသည်ကျွန်တော်တို့၏မိသား စုအကြောင်းကို စေ့စေ့စပ်စပ်မေးမြန်းပါသည်။ သူက`သင်တို့၏အဖအသက်ရှင်လျက်ရှိသေး သလော။ သင်တို့တွင်ညီရှိသေးသလော' ဟု မေးပါသည်။ ကျွန်တော်တို့ကသူ၏မေးခွန်း များကိုဖြေရပါသည်။ သူကကျွန်တော်တို့ ၏ညီကိုအီဂျစ်ပြည်သို့ခေါ်ဆောင်ခဲ့ရန်စေ ခိုင်းလိမ့်မည်ဟုကျွန်တော်တို့အဘယ်သို့သိ နိုင်မည်နည်း'' ဟုဖြေကြားကြ၏။
7 E eles disseram: Aquele varão particularmente nos perguntou por nós e pela nossa parentela, dizendo: Vive ainda vosso pai? Tendes mais um irmão? E respondemos-lhe conforme as mesmas palavras. Podíamos nós saber que diria: Trazei vosso irmão?
8 ယုဒကအဖအား``သူငယ်ကိုကျွန်တော်နှင့် အတူထည့်လိုက်ပါ။ ယခုပင်ခရီးစထွက် ကြပါမည်။ သို့မှသာကျွန်တော်တို့အားလုံး အစာမငတ်ဘဲအသက်ချမ်းသာရာရ ကြပါမည်။-
8 Então, disse Judá a Israel, seu pai: Envia o jovem comigo, e levantar-nos-emos e iremos, para que vivamos e não morramos, nem nós, nem tu, nem os nossos filhos.
9 ကျွန်တော်သည်သူငယ်အတွက်အာမခံပါ မည်။ သူ့အတွက်တာဝန်ယူပါမည်။ သူငယ် ကိုအဖထံသို့ဘေးကင်းလုံခြုံစွာပြန်၍ မခေါ်ဆောင်ခဲ့လျှင် ကျွန်တော်သည်တစ်သက် လုံးအပြစ်တင်ခံရပါစေ။-
9 Eu serei fiador por ele, da minha mão o requererás; se eu não to trouxer e não o puser perante a tua face, serei réu de crime para contigo para sempre.
10 ကျွန်တော်တို့သည်ဤမျှလောက်မနှောင့်နှေး မဆိုင်းတွခဲ့လျှင် အီဂျစ်ပြည်သို့အသွား အပြန်ခရီးနှစ်ခေါက်ရနိုင်ပါပြီ'' ဟုဆို လေ၏။
10 E, se nós não nos tivéssemos detido, certamente já estaríamos segunda vez de volta.
11 ထိုအခါသူတို့အဖက``သို့ဖြစ်လျှင်ဤကဲ့ သို့ပြုလုပ်ကြလော့။ ခါနာန်ပြည်မှအကောင်း ဆုံးထွက်ကုန်များဖြစ်သောဗာလစံစေးအနည်း ငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ သစ်အယ်သီး၊ ဗာတံသီးတို့ကိုဘုရင်ခံအား လက်ဆောင်ဆက်သရန်သင်တို့အိတ်များတွင် ထည့်၍ယူသွားကြလော့။-
11 Então, disse-lhes Israel, seu pai: Pois que assim é, fazei isso; tomai do mais precioso desta terra em vossos sacos e levai ao varão um presente: um pouco de bálsamo, um pouco de mel, especiarias, mirra, terebinto e amêndoas.
12 သင်တို့၏စပါးအိတ်ဝများ၌ထည့်ပေးလိုက် သောငွေကိုပြန်ပေးရမည်ဖြစ်၍ ငွေကိုနှစ်ဆ ယူသွားကြလော့။ ပြန်ထည့်ပေးလိုက်သောငွေ မှာမှားပြီးပြန်ထည့်ပေးလိုက်ဟန်တူသည်။-
12 E tomai em vossas mãos dinheiro dobrado; e o dinheiro que tornou na boca dos vossos sacos tornai a levar em vossas mãos; bem pode ser que fosse erro.
13 သင်တို့ညီကိုခေါ်ဆောင်လျက်ထိုသူထံသို့ သွားကြလော့။-
13 Tomai também a vosso irmão, e levantai-vos, e voltai àquele varão.
14 ထိုသူသည်ဗင်္ယာမိန်နှင့်ရှိမောင်တို့ကိုသင်တို့ အားပြန်အပ်စေရန် အနန္တတန်ခိုးရှင်ဘုရားသခင်သည်ထိုသူ၏စိတ်ကိုပြုပြင်ပေးတော် မူပါစေသော။ အကယ်၍ငါသည်သားတို့ ကိုဆုံးရှုံးရမည်ဆိုလျှင်ဆုံးရှုံးရမည်သာ ဖြစ်သည်'' ဟုဆို၏။
14 E Deus Todo-Poderoso vos dê misericórdia diante do varão, para que deixe vir convosco vosso outro irmão, e Benjamim; e eu, se for desfilhado, desfilhado ficarei.
15 သို့ဖြစ်၍ညီအစ်ကိုတို့သည်လက်ဆောင်များ နှင့်ငွေနှစ်ဆကိုယူ၍ အီဂျစ်ပြည်သို့ထွက်ခွာ သွားကြလေသည်။ သူတို့နှင့်အတူဗင်္ယာမိန် လည်းလိုက်ပါသွားလေ၏။ ထိုပြည်သို့ရောက် သောအခါသူတို့သည်ယောသပ်ထံသို့ဝင် ၍ခစားကြ၏။-
15 E os varões tomaram aquele presente e tomaram dinheiro dobrado em suas mãos e a Benjamim; e levantaram-se, e desceram ao Egito, e apresentaram-se diante da face de José.
16 ယောသပ်သည်သူတို့နှင့်အတူဗင်္ယာမိန်ပါ လာသည်ကိုမြင်လျှင် သူ၏အိမ်တော်ဝန်အား``ဤ သူတို့ကိုငါ့အိမ်သို့ခေါ်ဆောင်သွားလော့။ သား ကောင်တစ်ကောင်ကိုသတ်၍ဟင်းလျာပြင်လော့။ ငါသည်သူတို့နှင့်နေ့လည်စာကိုသုံးဆောင် မည်'' ဟုစေခိုင်းလေ၏။-
16 Vendo, pois, José a Benjamim com eles, disse ao que estava sobre a sua casa: Leva estes varões à casa, e mata reses, e prepara tudo; porque estes varões comerão comigo ao meio-dia.
17 အိမ်တော်ဝန်သည်စေခိုင်းသည့်အတိုင်းထို သူတို့ကိုယောသပ်၏အိမ်သို့ခေါ်ဆောင်ခဲ့ လေ၏။
17 E o varão fez como José dissera e o varão levou aqueles varões à casa de José.
18 ညီအစ်ကိုတို့သည်ယောသပ်အိမ်သို့လိုက်ပါ လာကြစဉ်``ပထမအခေါက်တွင်ငါတို့၏ စပါးအိတ်များ၌ငွေများပြန်ထည့်ပေးလိုက် သည့်ကိစ္စကိုအကြောင်းပြုပြီးလျှင် သူတို့ သည်ငါတို့အားဖမ်းဆီးလျက်မြည်းများကို သိမ်းယူ၍သူ့ထံ၌ကျွန်ခံစေလိမ့်မည်'' ဟု တွေးတောကာစိုးရိမ်ကြောက်ရွံ့ကြ၏။-
18 Então, temeram aqueles varões, porquanto foram levados à casa de José e diziam: Por causa do dinheiro que da outra vez voltou nos nossos sacos, fomos trazidos aqui, para nos criminar e cair sobre nós, para que nos tome por servos e a nossos jumentos.
19 သို့ဖြစ်၍သူတို့သည်အိမ်တံခါးဝသို့ ရောက်သောအခါ ယောသပ်၏အိမ်တော်ဝန်အား၊-
19 Por isso, chegaram-se ao varão que estava sobre a casa de José, e falaram com ele à porta da casa.
20 ``အရှင်၊ ကျွန်တော်တို့သည်ဤပြည်သို့ရိက္ခာ ဝယ်ရန် ယခင်ကတစ်ခေါက်ရောက်ခဲ့ပါသည်။-
20 E disseram: Ai! Senhor meu, certamente descemos, dantes, a comprar mantimento;
21 အိမ်ပြန်ခရီးတွင်စခန်းချ၍စပါးအိတ်များ ကိုဖွင့်လိုက်ရာ တစ်ယောက်စီ၏အိတ်ဝတွင် မိမိ၏စပါးဖိုးငွေမလျော့ဘဲတွေ့ရပါသည်။ ကျွန်တော်တို့သည်ထိုငွေကိုယခုပြန်၍ ယူခဲ့ကြပါသည်။-
21 e aconteceu que, chegando nós à venda e abrindo os nossos sacos, eis que o dinheiro de cada varão estava na boca do seu saco, nosso dinheiro por seu peso; e tornamos a trazê-lo em nossas mãos.
22 ရိက္ခာထပ်၍ဝယ်ရန်ငွေပိုလည်းယူခဲ့ပါသည်။ ကျွန်တော်တို့၏စပါးအိတ်များတွင်မည်သူ ကငွေကိုပြန်ထည့်ထားသည်ကိုမသိရပါ'' ဟုပြောပြလေ၏။
22 Também trouxemos outro dinheiro em nossas mãos, para comprar mantimento; não sabemos quem tenha posto o nosso dinheiro nos nossos sacos.
23 အိမ်တော်ဝန်က``သင်တို့မစိုးရိမ်ကြနှင့်။ မ ကြောက်ကြနှင့်။ သင်တို့ဘုရား၊ သင်တို့အဖ ၏ဘုရားသည်စပါးအိတ်များထဲ၌သင်တို့ အတွက် ထိုငွေကိုထည့်ခြင်းဖြစ်ရမည်။ သင် တို့ထံမှစပါးဖိုးငွေကိုကျွန်ုပ်လက်ခံရရှိ ပြီးဖြစ်သည်'' ဟုဆိုလေ၏။ ထိုနောက်သူသည် ရှိမောင်ကိုသူတို့ထံသို့ခေါ်ထုတ်ခဲ့လေသည်။
23 E ele disse: Paz seja convosco, não temais; o vosso Deus, e o Deus de vosso pai, vos tem dado um tesouro nos vossos sacos; o vosso dinheiro me chegou a mim. E trouxe-lhes fora a Simeão.
24 အိမ်တော်ဝန်သည်သူတို့ကိုအိမ်ထဲသို့ဝင်စေ ၏။ သူတို့၏ခြေများကိုဆေးကြောရန်ရေကို ပေး၍သူတို့၏မြည်းများကိုအစာကျွေး ၏။-
24 Depois, levou o varão aqueles varões à casa de José e deu- lhes água, e lavaram os seus pés; também deu pasto aos seus jumentos.
25 မွန်းတည့်အချိန်၌ယောသပ်သည်သူတို့နှင့် အတူစားသောက်မည်ဟုကြားသိရသဖြင့် သူတို့သည်မိမိတို့၏လက်ဆောင်များကို အသင့်ပြင်ထားကြ၏။-
25 E prepararam o presente, para quando José viesse ao meio-dia; porque tinham ouvido que ali haviam de comer pão.
26 ယောသပ်အိမ်သို့ပြန်လာသောအခါသူတို့ သည် မိမိတို့နှင့်ပါလာသောလက်ဆောင်များ ကိုအိမ်ထဲသို့ယူဆောင်လာပြီးလျှင် ယောသပ် အားဆက်သ၍သူ၏ရှေ့တွင်ပျပ်ဝပ်ကြ လေသည်။-
26 Vindo, pois, José à casa, trouxeram-lhe ali o presente que estava na sua mão; e inclinaram-se a ele até à terra.
27 ယောသပ်သည်သူတို့အားနှုတ်ခွန်းဆက်ပြီး နောက်``သင်တို့ပြောသောသင်တို့၏ဖခင်အို သည်ကျန်းမာပါ၏လော။ သူအသက်ရှင်လျက် ရှိပါသေးသလော'' ဟုမေးမြန်းလေ၏။
27 E ele lhes perguntou como estavam e disse: Vosso pai, o velho de quem falastes, está bem? Ainda vive?
28 သူတို့က``အရှင့်ကျွန်၊ ကျွန်တော်တို့၏အဖသည် ကျန်းမာ၍အသက်ရှင်လျက်ရှိပါ၏'' ဟုဖြေ ကြ၏။ ထိုနောက်သူတို့သည်ယောသပ်အား ဦးညွှတ်ရှိခိုးကြ၏။
28 E eles disseram: Bem está o teu servo, nosso pai vive ainda. E abaixaram a cabeça e inclinaram-se.
29 ယောသပ်သည်မိမိအမိ၏သားမိမိ၏ညီ ဗင်္ယာမိန်ကိုမြင်သောအခါ``ဤသူငယ်သည် သင်တို့၏ညီအငယ်ဆုံးဆိုသူဖြစ်ပါသ လော။ လူကလေးသင့်အားဘုရားကောင်းချီး ပေးပါစေသော'' ဟုဆိုလေ၏။-
29 E ele levantou os olhos, e viu a Benjamim, seu irmão, filho de sua mãe, e disse: Este é o vosso irmão mais novo, de quem me falastes? Depois, ele disse: Deus te abençoe, meu filho.
30 ယောသပ်သည်ညီကိုမြင်ရသဖြင့်ကြင်နာ သောစိတ်ရှိ၍ မျက်ရည်မဆည်နိုင်သောကြောင့် မိမိ၏အခန်းတွင်းသို့ဝင်၍ငိုကြွေးလေ၏။-
30 E José apressou-se, porque o seu íntimo moveu-se para o seu irmão; e procurou onde chorar, e entrou na câmara, e chorou ali.
31 ထိုနောက်သူသည်မျက်နှာသစ်ပြီးလျှင်အပြင် သို့ထွက်လာ၍ မိမိ၏စိတ်ကိုထိန်းလျက်စား သောက်ပွဲကိုပြင်ရန်အမိန့်ပေးလေသည်။-
31 Depois, lavou o rosto e saiu; e conteve-se e disse: Ponde pão.
32 ယောသပ်အဖို့စားပွဲတစ်ပွဲ၊ သူ၏အစ်ကိုတို့ အဖို့စားပွဲတစ်ပွဲ၊ အီဂျစ်အမျိုးသားတို့ အဖို့စားပွဲတစ်ပွဲတည်ခင်းကြ၏။ အီဂျစ် အမျိုးသားတို့သည်ဟေဗြဲအမျိုးသားတို့ နှင့်အတူစားသောက်လျှင် ဂုဏ်သိမ်သည်ဟု ယူဆကြသောကြောင့်ဟေဗြဲအမျိုးသား တို့နှင့်အတူတူမစားကြ။-
32 E puseram-lhe a ele à parte, e a eles à parte, e aos egípcios que comiam com ele à parte; porque os egípcios não podem comer pão com os hebreus, porquanto é abominação para os egípcios.
33 ညီအစ်ကိုတို့သည်အသက်ကြီးစဉ်ငယ်လိုက် ယောသပ်၏ရှေ့တွင်ထိုင်ရကြ၏။ သူတို့သည် မိမိတို့အားနေရာချထားပုံကိုမြင်ကြ သဖြင့် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ကြည့်၍အံ့အားသင့်လျက်ရှိကြ၏။-
33 E assentaram-se diante dele, o primogênito segundo a sua primogenitura e o menor segundo a sua menoridade; do que os varões se maravilhavam entre si.
34 ယောသပ်သည်မိမိစားပွဲမှအစားအစာ များကိုသူတို့ထံသို့ပို့ပေး၏။ ဗင်္ယာမိန်သည် အခြားသူများထက်ငါးဆပို၍ရလေ၏။ သို့ဖြစ်၍သူတို့သည်ယောသပ်နှင့်အတူ စားသောက်ပျော်မြူးကြလေ၏။
34 E apresentou-lhe as porções que estavam diante dele; porém a porção de Benjamim era cinco vezes maior do que a de qualquer deles. E eles beberam e se regalaram com ele.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Gênesis 43, comparar traduções ou montar um estudo — tudo direto pelo WhatsApp.