Gênesis 42
Common Language Bible (MYA) vs ARIB
1 ယာကုပ်သည်အီဂျစ်ပြည်တွင်စပါးရှိ ကြောင်းကြားသိရသောအခါ သူ၏သားတို့ အား``သင်တို့အဘယ်ကြောင့်မှိုင်တွေနေကြ သနည်း။-
1 Ora, Jacó soube que havia trigo no Egito, e disse a seus filhos: Por que estais olhando uns para os outros?
2 အီဂျစ်ပြည်၌စပါးရှိကြောင်းငါကြားရသည်။ ငါတို့အစာငတ်၍မသေကြစေရန်သင်တို့ ထိုပြည်သို့သွား၍စပါးဝယ်ကြလော့'' ဟု စေခိုင်းလေ၏။-
2 Disse mais: Tenho ouvido que há trigo no Egito; descei até lá, e de lá comprai-o para nós, a fim de que vivamos e não morramos.
3 ထိုကြောင့်ယောသပ်၏အစ်ကိုတစ်ကျိပ်တို့သည် စပါးဝယ်ရန်အီဂျစ်ပြည်သို့ထွက်ခွာသွားကြ၏။-
3 Então desceram os dez irmãos de José, para comprarem trigo no Egito.
4 ယာကုပ်သည်ယောသပ်၏ညီရင်းဗင်္ယာမိန်ကို ကား ဘေးရောက်မည်စိုးရိမ်သောကြောင့်အစ်ကို များနှင့်အတူမစေလွှတ်ချေ။
4 Mas a Benjamim, irmão de José, não enviou Jacó com os seus irmãos, pois disse: Para que, porventura, não lhe suceda algum desastre.
5 ခါနာန်ပြည်တစ်ပြည်လုံးတွင်အစာခေါင်းပါးခြင်း ကပ်ဆိုက်လျက်ရှိသဖြင့် ယာကုပ်၏သားတို့သည် အခြားသောစပါးဝယ်ရန်သွားသူတို့နှင့်အတူ အီဂျစ်ပြည်သို့သွားကြ၏။-
5 Assim entre os que iam lá, foram os filhos de Israel para comprar, porque havia fome na terra de Canaã.
6 အီဂျစ်ပြည်ဘုရင်ခံဖြစ်သူယောသပ်သည် အပြည် ပြည်မှစပါးဝယ်လာသောသူတို့အားစပါးရောင်း ချလျက်ရှိ၏။ ယောသပ်၏အစ်ကိုတို့သည်လည်း ရောက်ရှိလာကြ၍ယောသပ်၏ရှေ့မှောက်တွင် ပျပ်ဝပ်ကြလေ၏။-
6 José era o governador da terra; era ele quem vendia a todo o povo da terra; e vindo os irmãos de José, prostraram-se diante dele com o rosto em terra.
7 ယောသပ်သည်သူ၏အစ်ကိုတို့ကိုမြင်၍မှတ် မိသော်လည်း အစ်ကိုတို့ကိုမသိဟန်ဆောင် လျက်``သင်တို့အဘယ်အရပ်မှလာကြသနည်း'' ဟုခက်ထန်စွာမေးလေ၏။
7 José, vendo seus irmãos, reconheceu-os; mas portou-se como estranho para com eles, falou-lhes asperamente e perguntou-lhes: Donde vindes? Responderam eles: Da terra de Canaã, para comprarmos mantimento.
8 ယောသပ်ကသူ၏အစ်ကိုတို့ဖြစ်မှန်းသိ သော်လည်း သူတို့ကယောသပ်ကိုမသိကြ။-
8 José, pois, reconheceu seus irmãos, mas eles não o reconheceram.
9 သူသည်သူတို့အကြောင်းနှင့်ပတ်သက်သော အိပ်မက်ကိုသတိရ၍``သင်တို့သည်သူလျှိုများ ဖြစ်၏။ ဤတိုင်းပြည်၏အားနည်းချက်ကိုထောက် လှမ်းရန်လာကြသူများဖြစ်သည်'' ဟုစွပ်စွဲ လိုက်လေ၏။
9 Lembrou-se então José dos sonhos que tivera a respeito deles, e disse-lhes: Vós sois espias, e viestes para ver a nudez da terra.
10 သူတို့က``မဟုတ်ပါအရှင်၊ ကိုယ်တော်၏ကျွန် တို့သည်ရိက္ခာဝယ်ယူရန်လာကြပါသည်။-
10 Responderam-lhe eles: Não, senhor meu; mas teus servos vieram comprar mantimento.
11 ကျွန်တော်တို့သည်ဖခင်တစ်ဦးတည်းမှပေါက် ဖွားသောညီအစ်ကိုများဖြစ်ကြပါသည်။ ကိုယ်တော်ကျွန်တို့သည်သူလျှိုများမဟုတ် ပါ။ ရိုးသားသူများဖြစ်ကြပါသည်'' ဟု ပြန်လည်လျှောက်ထားကြ၏။
11 Nós somos todos filhos de um mesmo homem; somos homens de retidão; os teus servos não são espias.
12 ယောသပ်ကလည်း``သင်တို့သည်ရိုးသားသူများ မဟုတ်။ တိုင်းပြည်၏အားနည်းချက်ကိုထောက် လှမ်းရန်လာသူများဖြစ်ကြသည်'' ဟုတစ်ဖန် စွပ်စွဲပြန်၏။
12 Replicou-lhes: Não; antes viestes para ver a nudez da terra.
13 ထိုအခါသူတို့က``ကိုယ်တော်၏ကျွန်တို့သည် ခါနာန်ပြည်၌နေထိုင်သောတစ်ယောက်တည်း သောသူ၏ သားတစ်ကျိပ်နှစ်ယောက်ဖြစ်ကြပါ သည်။ ညီတစ်ယောက်သေဆုံး၍ညီအငယ်ဆုံး သည် ယခုဖခင်နှင့်အတူကျန်ရစ်ခဲ့ပါသည်'' ဟုလျှောက်ကြ၏။
13 Mas eles disseram: Nós, teus servos, somos doze irmãos, filhos de um homem da terra de Canaã; o mais novo está hoje com nosso pai, e outro já não existe.
14 တစ်ဖန်ယောသပ်က``ငါဆိုခဲ့သည့်အတိုင်း သင် တို့သည်သူလျှိုဖြစ်ကြ၏။-
14 Respondeu-lhe José: É assim como vos disse; sois espias.
15 သင်တို့ပြောသမျှမှန်သည်မမှန်သည်ကိုဤသို့ စစ်ဆေးမည်။ ဖာရောဘုရင်၏အမိန့်အာဏာ အရအသက်ရှင်တော်မူသည်အတိုင်း သင်တို့ ၏ညီအငယ်ဆုံးကိုဤအရပ်သို့မခေါ်ဆောင်ခဲ့ လျှင်သင်တို့သည်ဤတိုင်းပြည်မှမထွက်ခွာရ။-
15 Nisto sereis provados: Pela vida de Faraó, não saireis daqui, a menos que venha para cá vosso irmão mais novo.
16 သင်တို့အနက်တစ်ယောက်ယောက်ကိုစေလွှတ်၍ သင်တို့၏ညီကိုခေါ်ဆောင်ခဲ့ရမည်။ သင်တို့၏ စကားမှန်သည်မမှန်သည်ကိုသိနိုင်သည့်တိုင် အောင် ကျန်ရစ်သောသင်တို့ကိုအကျဉ်းချထား မည်။ သင်တို့၏ညီကိုမခေါ်ဆောင်နိုင်ခဲ့လျှင် သင်တို့သည်ဖာရောဘုရင်အသက်ရှင်တော် မူသည်အတိုင်းသူလျှိုများမုချဖြစ်ရမည်'' ဟုဆိုပြီးလျှင်၊-
16 Enviai um dentre vós, que traga vosso irmão, mas vós ficareis presos, a fim de serem provadas as vossas palavras, se há verdade convosco; e se não, pela vida de Faraó, vós sois espias.
17 သူတို့အားလုံးကိုသုံးရက်ချုပ်ထားလေ၏။
17 E meteu-os juntos na prisão por três dias.
18 တတိယနေ့၌ ယောသပ်ကသူတို့အား``ငါ ဘုရားကိုကြောက်ရွံ့ရိုသေသောသူဖြစ်၏။ သင် တို့အသက်ချမ်းသာစေရန် ဤသို့ပြုလုပ်လော့။-
18 Ao terceiro dia disse-lhes José: Fazei isso, e vivereis; porque eu temo a Deus.
19 သင်တို့ရိုးသားကြောင်းကိုသက်သေပြရန်သင် တို့အနက်တစ်ယောက်ယောက်သည် ဤအကျဉ်း ထောင်ထဲ၌နေရစ်ခဲ့ရမည်။ ကျန်သောသူတို့ ကရိက္ခာပြတ်နေသောသင်တို့၏မိသားစု အတွက် ဝယ်ယူသောစပါးကိုယူဆောင်သွား ကြလော့။-
19 Se sois homens de retidão, que fique um dos irmãos preso na casa da vossa prisão; mas ide vós, levai trigo para a fome de vossas casas,
20 ထိုနောက်သင်တို့၏ညီအငယ်ဆုံးကိုငါ့ထံသို့ ခေါ်ဆောင်ခဲ့ရမည်။ ထိုသို့ပြုလုပ်လျှင်သင်တို့ ၏စကားမှန်ကန်ကြောင်းသိရမည်။ သင်တို့သည် လည်းအသက်ချမ်းသာရာရလိမ့်မည်'' ဟု ဆိုလေ၏။
20 e trazei-me o vosso irmão mais novo; assim serão verificadas vossas palavras, e não morrereis. E eles assim fizeram.
21 ထိုနောက်သူတို့အချင်းချင်းက``အကယ်စင်စစ် ငါတို့ညီအားပြုခဲ့သမျှအတွက် ယခုငါတို့ ခံရကြလေပြီ။ သနားညှာတာရန်ငါတို့၏ညီ ကတောင်းပန်သောအခါ ငါတို့သည်သူ၏စိတ် ဆင်းရဲခြင်းကိုမြင်လျက်နှင့်သူ့အားမသနား မညှာတာခဲ့ချေ။ ထို့ကြောင့်ငါတို့သည်ယခု ဝဋ်လည်နေရကြ၏'' ဟုပြောဆိုကြ၏။
21 Então disseram uns aos outros: Nós, na verdade, somos culpados no tocante a nosso irmão, porquanto vimos a angústia da sua alma, quando nos rogava, e não o quisemos atender; é por isso que vem sobre nós esta angústia.
22 ထိုအခါရုဗင်က``ငါသည်သင်တို့အားသူငယ် ကို ဘေးဒုက္ခမရောက်စေပါနှင့်ဟူ၍သတိပေး ခဲ့သော်လည်းသင်တို့သည်နားမထောင်ကြ။ ထို့ ကြောင့်ငါတို့သည်ယခုဝဋ်လည်နေရကြပြီ'' ဟုဆိုလေ၏။-
22 Respondeu-lhes Rúben: Não vos dizia eu: Não pequeis contra o menino; Mas não quisestes ouvir; por isso agora é requerido de nós o seu sangue.
23 သူတို့အချင်းချင်းပြောဆိုသမျှကိုယောသပ် နားလည်၏။ ယောသပ်သည်သူတို့နှင့်ပြောဆိုရာ တွင်စကားပြန်ကိုအသုံးပြုသောကြောင့် သူ တို့အချင်းချင်းပြောဆိုသမျှကိုသူနား လည်မည်မဟုတ်ဟုသူတို့ထင်မှတ်ကြ၏။
23 E eles não sabiam que José os entendia, porque havia intérprete entre eles.
24 ထိုနောက်ယောသပ်သည်သူတို့ထံမှထွက်သွား၍ ငိုကြွေးလေ၏။ သူသည်ဣန္ဒြေဆည်နိုင်သောအခါ သူတို့ထံပြန်၍ သူတို့အနက်ရှိမောင်ကိုရွေး ထုတ်လျက်သူတို့၏ရှေ့တွင်ချည်နှောင်စေ၏။
24 Nisto José se retirou deles e chorou. Depois tornou a eles, falou-lhes, e tomou a Simeão dentre eles, e o amarrou perante os seus olhos.
25 ယောသပ်ကသူ၏အစ်ကိုတို့၏အိတ်များတွင် စပါးအပြည့်ထည့်ပေး၍ တစ်ယောက်စီထံမှရ သောစပါးဖိုးငွေကိုအသီးသီးတို့၏အိတ်၌ ပြန်ထည့်ပေးရန်နှင့် လမ်းခရီး၌စားရန်ရိက္ခာ ကိုလည်းထည့်ပေးရန်အမိန့်ပေးသည့်အတိုင်း တာဝန်ခံကပြု၏။-
25 Então ordenou José que lhes enchessem de trigo os sacos, que lhes restituíssem o dinheiro a cada um no seu saco, e lhes dessem provisões para o caminho. E assim lhes foi feito.
26 ယောသပ်၏အစ်ကိုတို့သည်မြည်းများပေါ် တွင် စပါးအိတ်များကိုတင်ပြီးနောက်ထွက် ခွာသွားကြလေ၏။-
26 Eles, pois, carregaram o trigo sobre os seus jumentos, e partiram dali.
27 ညအိပ်စခန်းချရန်အရပ်သို့ရောက်ကြသော အခါ သူတို့အထဲမှတစ်ယောက်ကမြည်းကို အစာကျွေးရန် သူ၏အိတ်ကိုဖွင့်လိုက်ရာအိတ် ဝတွင်မိမိ၏ငွေကိုတွေ့ရလေ၏။-
27 Quando um deles abriu o saco, para dar forragem ao seu jumento na estalagem, viu o seu dinheiro, pois estava na boca do saco.
28 သူကညီအစ်ကိုတို့အား``ကျွန်ုပ်၏ငွေကိုပြန် ထည့်ပေးလိုက်ပါသည်တကား'' ဟုဆို၍စပါး အိတ်ထဲကငွေကိုပြလေ၏။ ထိုအခါသူတို့ သည်စိတ်တုန်လှုပ်ချောက်ချားလျက်``ဘုရားသခင်သည်ငါတို့အားမည်သို့ပြုတော်မူဘိ သနည်း'' ဟု အချင်းချင်းပြောဆိုကြ၏။
28 E disse a seus irmãos: Meu dinheiro foi-me devolvido; ei-lo aqui no saco. Então lhes desfaleceu o coração e, tremendo, viravam-se uns para os outros, dizendo: Que é isto que Deus nos tem feito?
29 ခါနာန်ပြည်ရှိသူတို့၏အဖယာကုပ်ထံ သို့ရောက်ကြသောအခါ ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကိုဖခင်အားပြောပြကြလေ သည်။-
29 Depois vieram para Jacó, seu pai, na terra de Canaã, e contaram-lhe tudo o que lhes acontecera, dizendo:
30 သူတို့က``အီဂျစ်ပြည်ကိုအစိုးရသူသည် ကျွန် တော်တို့အားခက်ထန်စွာပြောဆိုဆက်ဆံပါ သည်။ ကျွန်တော်တို့သည်သူ၏တိုင်းပြည်ကို ထောက်လှမ်းသောသူလျှိုများဖြစ်သည်ဟု စွပ်စွဲပါသည်။-
30 O homem, o senhor da terra, falou-nos asperamente, e tratou-nos como espias da terra;
31 ကျွန်တော်တို့က`ကျွန်တော်တို့သည်ရိုးသား သောသူများဖြစ်ပါသည်။ သူလျှိုမဟုတ်ပါ။-
31 mas dissemos-lhe: Somos homens de retidão; não somos espias;
32 ဖခင်တစ်ဦးတည်းမှပေါက်ဖွားသောညီအစ်ကို တစ်ကျိပ်နှစ်ယောက်ဖြစ်ကြပါသည်။ တစ်ယောက် သည်သေဆုံး၍ ညီအငယ်ဆုံးသည်အဖနှင့် ခါနာန်ပြည်၌ရှိနေပါသည်' ဟုလျှောက်ကြ ပါသည်။-
32 somos doze irmãos, filhos de nosso pai; um já não existe e o mais novo está hoje com nosso pai na terra de Canaã.
33 ထိုပြည်ကိုအုပ်စိုးသူက`သင်တို့သည်ရိုးသား သူများဖြစ်ကြောင်းကို ငါသိနိုင်ရန်ဤသို့ပြု လုပ်ရမည်။ သင်တို့အနက်တစ်ယောက်ကိုငါထံ ၌ထားခဲ့ရမည်။ ကျန်သောသူတို့ကရိက္ခာပြတ် နေသောသင်တို့၏မိသားစုထံသို့စပါးယူ ၍ပြန်ကြလော့။-
33 Respondeu-nos o homem, o senhor da terra: Nisto conhecerei que vós sois homens de retidão: Deixai comigo um de vossos irmãos, levai trigo para a fome de vossas casas, e parti,
34 သင်တို့၏ညီအငယ်ဆုံးကိုငါ့ထံသို့ခေါ် ဆောင်ခဲ့လော့။ ထိုသို့ပြုလုပ်လျှင်သင်တို့ သူလျှိုမဟုတ်၊ ရိုးသားသူများဖြစ်သည်ကို ငါသိနိုင်မည်။ ထိုနောက်သင်တို့၏ညီကိုသင် တို့ထံသို့ငါပြန်အပ်မည်။ သင်တို့သည်လည်း ဤပြည်တွင်နေထိုင်၍ရောင်းဝယ်ဖောက်ကား နိုင်ကြမည်' '' ဟူ၍ဆိုကြ၏။
34 e trazei-me vosso irmão mais novo; assim saberei que não sois espias, mas homens de retidão; então vos entregarei o vosso irmão e negociareis na terra.
35 သူတို့သည်စပါးအိတ်များကိုသွန်ချကြ သောအခါ လူတိုင်းကမိမိ၏ငွေထုပ်ကိုမိမိ အိတ်ထဲတွင်တွေ့ရလေသော် အဖနှင့်တကွ သားတို့သည်ကြောက်လန့်ကြ၏။-
35 E aconteceu que, despejando eles os sacos, eis que o pacote de dinheiro de cada um estava no seu saco; quando eles e seu pai viram os seus pacotes de dinheiro, tiveram medo.
36 သူတို့အဖက``သင်တို့သည်ငါ့သားများကို တစ်ယောက်ပြီးတစ်ယောက်ဆုံးပါးစေတော့ မည်လော။ ယောသပ်လည်းမရှိ။ ရှိမောင်လည်း မရှိ။ ယခုဗင်္ယာမိန်ကိုခေါ်ဆောင်သွားကြ ဦးမည်လော။ ငါ၌အတိဒုက္ခရောက်ရပါ သည်တကား'' ဟုဆိုလေ၏။
36 Então Jacó, seu pai, disse-lhes: Tendes-me desfilhado; José já não existe, e não existe Simeão, e haveis de levar Benjamim! Todas estas coisas vieram sobre mim.
37 ထိုအခါရုဗင်ကအဖအား``ဗင်္ယာမိန်ကို အဖထံသို့ကျွန်တော်ပြန်၍မခေါ်နိုင်ခဲ့ လျှင် ကျွန်တော်၏သားနှစ်ယောက်သေဒဏ်ခံ ရပါစေ။ သူ့အတွက်ကျွန်တော်တာဝန်ယူ ပါမည်။ အဖထံသို့သူ့ကိုကျွန်တော်အရောက် ပြန်လည်ခေါ်ဆောင်ခဲ့ပါမည်'' ဟုပြောလေ၏။
37 Mas Rúben falou a seu pai, dizendo: Mata os meus dois filhos, se eu to não tornar a trazer; entrega-o em minha mão, e to tornarei a trazer.
38 သို့ရာတွင်ယာကုပ်က``ငါ့သားကိုသင်တို့နှင့် အတူမလွှတ်နိုင်။ သူ၏အစ်ကိုသေဆုံးပြီဖြစ် ၍သူတစ်ယောက်တည်းကျန်ရစ်သည်။ ငါသည် အသက်အရွယ်အိုမင်းပါပြီ။ အကယ်၍ခရီး လမ်းတွင်သူသည်ဘေးဥပဒ်နှင့်တွေ့ကြုံရ သော် ငါသည်ဝမ်းနည်းကြေကွဲလျက်သေ ရပါမည်'' ဟုဆိုလေ၏။
38 Ele porém disse: Não descerá meu filho convosco; porquanto o seu irmão é morto, e só ele ficou. Se lhe suceder algum desastre pelo caminho em que fordes, fareis descer minhas cãs com tristeza ao Seol.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Gênesis 42, comparar traduções ou montar um estudo — tudo direto pelo WhatsApp.