Gênesis 41

Common Language Bible (MYA) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ထို​နောက်​နှစ်​နှစ်​မျှ​ကြာ​သော​အ​ခါ အီ​ဂျစ်​ဘု​ရင် သည်​အိပ်​မက်​မြင်​မက်​လေ​၏။ အိပ်​မက်​ထဲ​တွင် ဘု​ရင်​သည်​နိုင်း​မြစ်​နား​၌​ရပ်​နေ​စဉ်၊-
1 E aconteceu que, ao fim de dois anos inteiros, Faraó sonhou e eis que estava em pé junto ao rio.
2 ဝ​ဖြိုး​၍​အ​ဆင်း​လှ​သော​နွား​မ​ခု​နစ်​ကောင်​သည် မြစ်​ထဲ​မှ​တက်​လာ​ပြီး​လျှင်​မြက်​စား​လျက်​နေ ကြ​၏။-
2 E eis que subiam do rio sete vacas, formosas à vista e gordas de carne, e pastavam no prado.
3 ထို​နွား​တို့​နောက်​မှ​ပိန်​လှီ​၍​အ​ဆင်း​မ​လှ​သော နွား​မ​ခု​နစ်​ကောင်​တို့​သည်​မြစ်​ထဲ​မှ​တက်​လာ ကြ​ပြီး​လျှင် မြစ်​ကမ်း​နား​ပေါ်​သို့​ဦး​စွာ​ရောက် ရှိ​နေ​သော​နွား​များ​အ​နီး​သို့​သွား​၍​ရပ်​နေ ကြ​၏။-
3 E eis que subiam do rio após elas outras sete vacas, feias à vista e magras de carne, e paravam junto às outras vacas na praia do rio.
4 ထို​နောက်​နွား​ပိန်​တို့​က​ဝ​ဖြိုး​သော​နွားမ​ခု​နစ် ကောင်​ကို​မျို​လိုက်​ကြ​၏။ ထို​အ​ချိန်​၌​ဘုရင် အိပ်​ရာ​မှ​နိုး​လေ​၏။-
4 E as vacas feias à vista e magras de carne comiam as sete vacas formosas à vista e gordas. Então, acordou Faraó.
5 ဘု​ရင်​သည်​တစ်​ဖန်​အိပ်​ပျော်​၍​အိပ်​မက်​မက် ပြန်​၏။ အိပ်​မက်​ထဲ​တွင်​စ​ပါး​ပင်​တစ်​ပင်​တည်း မှ​အ​ဆန်​အောင်​၍ ဝင်း​မှည့်​နေ​သော​စပါး​နှံ ခု​နစ်​နှံ​တို့​ထွက်​လျက်​ရှိ​၏။-
5 Depois, dormiu e sonhou outra vez, e eis que brotavam de um mesmo pé sete espigas cheias e boas.
6 ထို​နောက်​အ​လုံး​သေး​၍​သဲ​ကန္တာ​ရ​လေ​ပူ ဒဏ်​ကြောင့် ညှိုး​ခြောက်​သော​စ​ပါး​နှံ​ခု​နစ်​နှံ တို့​လည်း​ထွက်​လာ​ကြ​၏။-
6 E eis que sete espigas miúdas e queimadas do vento oriental brotavam após elas.
7 အ​လုံး​သေး​သော​စ​ပါး​နှံ​တို့​က​အ​ဆန် အောင်​သော​စ​ပါး​နှံ​ခု​နစ်​နှံ​တို့​ကို​မျို​လိုက် ကြ​၏။ ဘု​ရင်​သည်​အိပ်ရာ​မှ​နိုး​လာ​၍​မိ​မိ အိပ်​မက်​နေ​ကြောင်း​သိ​ရ​လေ​၏။-
7 E as espigas miúdas devoravam as sete espigas grandes e cheias. Então, acordou Faraó, e eis que era um sonho.
8 နံ​နက်​အ​ချိန်​ရောက်​သော​အ​ခါ​ဘု​ရင်​သည် စိတ်​သော​က​ရောက်​သ​ဖြင့် အီ​ဂျစ်​ပြည်​ရှိ​မှော် ဆ​ရာ​နှင့်​ပ​ညာ​ရှိ​အ​ပါင်း​တို့​အား​ဆင့်​ခေါ် လေ​၏။ ဘု​ရင်​သည်​မိ​မိ​၏​အိပ်​မက်​ကို​ထို​သူ တို့​အား​ပြော​ပြ​သော်​လည်း တစ်​ယောက်​မျှ အ​နက်​ကို​ဖွင့်​မ​ပြ​နိုင်​ချေ။
8 E aconteceu que, pela manhã, o seu espírito perturbou-se, e enviou e chamou todos os adivinhadores do Egito e todos os seus sábios; e Faraó contou-lhes os seus sonhos, mas ninguém havia que os interpretasse a Faraó.
9 ထို​အ​ခါ​ဖ​လား​တော်​ဆက်​ဝန်​က​ဘု​ရင် အား``ကျွန်​တော်​မျိုး​တွင်​လစ်​ဟင်း​ချက်​တစ်​ခု ရှိ​ကြောင်း​ဝန်​ခံ​ပါ​၏။-
9 Então, falou o copeiro-mor a Faraó, dizendo: Dos meus pecados me lembro hoje.
10 ကိုယ်​တော်​သည်​စား​တော်​ဆက်​ဝန်​နှင့်​ကျွန်​တော် မျိုး​အား​အ​မျက်​တော်​ရှ​သ​ဖြင့် ကိုယ်​ရံ​တော်​မှူး အိမ်​တွင်​အ​ချုပ်​ချ​ထား​ခဲ့​ပါ​သည်။-
10 Estando Faraó mui indignado contra os seus servos e pondo-me sob prisão na casa da guarda, a mim e ao padeiro-mor,
11 တစ်​ည​၌​ကျွန်​တော်​မျိုး​တို့​တစ်​ဦး​စီ​နှင့်​သက် ဆိုင်​သော​အိပ်​မက်​ကို​မြင်​မက်​ကြ​ပါ​သည်။-
11 então, sonhamos um sonho na mesma noite, eu e ele, cada um conforme a interpretação do seu sonho sonhamos.
12 ကျွန်​တော်​မျိုး​တို့​နှင့်​အ​တူ​ကိုယ်​ရံ​တော်​မှူး ၏​ကျွန်​ဟေ​ဗြဲ​လူ​ငယ်​တစ်​ယောက်​ရှိ​ပါ​သည်။ ကျွန်​တော်​မျိုး​တို့​၏​အိပ်​မက်​ကို​သူ့​အား​ပြော ပြ​၍​သူ​သည်​အိပ်​မက်​၏​အနက်​ကို​ဖွင့်​ပြ​ပါ သည်။-
12 E estava ali conosco um jovem hebreu, servo do capitão da guarda, e contamos-lhos, e interpretou-nos os nossos sonhos, a cada um interpretou conforme o seu sonho.
13 သူ​အ​နက်​ဖွင့်​ပြ​သည့်​အ​တိုင်း​ကိုယ်​တော်​သည် ကျွန်​တော်​မျိုး​အား​မူ​လ​ရာ​ထူး​၌​ပြန်​လည် ခန့်​အပ်​၍​စား​တော်​ဆက်​ဝန်​အား​ကွပ်​မျက်​လိုက် ပါ​သည်'' ဟု​လျှောက်​ထား​လေ​၏။
13 E como ele nos interpretou, assim mesmo foi feito: a mim me fez tornar ao meu estado, e a ele fez enforcar.
14 ဘု​ရင်​သည်​ယော​သပ်​ကို​ရှေ့​တော်​သို့​သွင်း​ရန် အ​မိန့်​ပေး​တော်​မူ​သ​ဖြင့် သူ့​အား​အ​ကျဉ်း​ထောင် မှ​ချက်​ချင်း​ထုတ်​ဆောင်​ခဲ့​ကြ​လေ​သည်။ သူ​သည် မုတ်​ဆိတ်​ရိတ်​၍​အ​ဝတ်​လဲ​ပြီး​နောက်​ဘုရင်​ထံ သို့​အ​ခ​စား​ဝင်​လေ​၏။-
14 Então, enviou Faraó e chamou a José, e o fizeram sair logo da cova; e barbeou-se, e mudou as suas vestes, e veio a Faraó.
15 ဘု​ရင်​က​ယော​သပ်​အား``ငါ​သည်​အိပ်​မက်​ကို မြင်​မက်​၏။ သို့​ရာ​တွင်​မည်​သူ​မျှ​အ​နက်​ကို​ဖွင့် မ​ပြ​နိုင်။ သင်​သည်​အိပ်​မက်​အ​နက်​ကို​ဖွင့်​ပြ နိုင်​စွမ်း​ရှိ​ကြောင်း​ငါ​ကြား​သိ​ရ​သည်'' ဟု မိန့်​တော်​မူ​၏။
15 E Faraó disse a José: Eu sonhei um sonho, e ninguém há que o interprete; mas de ti ouvi dizer que, quando ouves um sonho, o interpretas.
16 ယော​သပ်​က``အ​ရှင်​မင်း​ကြီး​ကျွန်​တော်​မျိုး​၌ ထို​အ​စွမ်း​မ​ရှိ​ပါ။ သို့​ရာ​တွင်​ဘု​ရား​သ​ခင် သည်​ကိုယ်​တော်​အား သင့်​မြတ်​သော​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​ဖွင့်​ပြ​ပါ​လိမ့်​မည်'' ဟု​လျှောက် လေ​၏။
16 E respondeu José a Faraó, dizendo: Isso não está em mim; Deus dará resposta de paz a Faraó.
17 ဘု​ရင်​က``ငါ​သည်​အိပ်​မက်​ထဲ​တွင်​နိုင်း​မြစ် ကမ်း​ပေါ်​၌​ရပ်​နေ​စဉ်၊-
17 Então, disse Faraó a José: Eis que em meu sonho estava eu em pé na praia do rio.
18 ဝ​ဖြိုး​၍​အ​ဆင်း​လှ​သော​နွား​မ​ခု​နစ်​ကောင် သည် မြစ်​တွင်း​မှ​တက်​လာ​ပြီး​လျှင်​မြက်​စား လျက်​နေ​ကြ​၏။-
18 E eis que subiam do rio sete vacas gordas de carne e formosas à vista e pastavam no prado.
19 ထို​နွား​တို့​နောက်​မှ​ပိန်​လှီ​၍​အ​ဆင်း​မ​လှ သော​နွား​မ​ခု​နစ်​ကောင်​တို့​လည်း​ကမ်း​ပေါ်​သို့ တက်​လာ​ကြ​၏။ ထို​မျှ​လောက်​အ​ရုပ်​ဆိုး​သော နွား​များ​ကို​အီ​ဂျစ်​ပြည်​တွင်​ငါ​သည်​တစ်​ခါ မျှ​မ​မြင်​ဘူး​ချေ။-
19 E eis que outras sete vacas subiam após estas, muito feias à vista e magras de carne; não tenho visto outras tais, quanto à fealdade, em toda a terra do Egito.
20 နွား​ပိန်​တို့​က​ဝ​ဖြိုး​သော​နွား​များ​ကို​မျို လိုက်​ကြ​၏။
20 E as vacas magras e feias comiam as primeiras sete vacas gordas;
21 သို့​ရာ​တွင်​သူ​တို့​သည်​ပိန်​မြဲ​ပိန်​လျက်​ရှိ​သ​ဖြင့် ထို​သို့​မျို​လိုက်​ကြောင်း​ကို​မည်​သူ​မျှ​မ​သိ​နိုင် ချေ။ ထို​နောက်​ငါ​သည်​နိုး​လာ​၏။-
21 e entravam em suas entranhas, mas não se conhecia que houvessem entrado em suas entranhas, porque o seu aspecto era feio como no princípio. Então, acordei.
22 တစ်​ဖန်​ငါ​သည်​အိပ်​မက်​မြင်​မက်​ပြန်​၏။ ထို​အိပ် မက်​ထဲ​တွင်​အ​ဆန်​အောင်​၍ ဝင်း​မှည့်​သော​စပါး​နှံ ခုနစ်​နှံ​တို့​သည် စ​ပါး​ပင်​တစ်​ပင်​တည်း​မှ​ထွက် လျက်​ရှိ​သည်​ကို​ငါ​မြင်​ရ​၏။-
22 Depois, vi em meu sonho, e eis que de um mesmo pé subiam sete espigas cheias e boas.
23 ထို​နောက်​အ​လုံး​သေး​၍​သဲ​ကန္တာရ​၏​လေ​ပူ ဒဏ်​ကြောင့် ညှိုး​ခြောက်​သော​စပါး​နှံ​ခုနစ်​နှံ​တို့ လည်း​ထွက်​လာ​ကြ​၏။-
23 E eis que sete espigas secas, miúdas e queimadas do vento oriental brotavam após elas.
24 အ​လုံး​သေး​သော​စပါး​နှံ​တို့​က​အ​ဆန်​အောင် သော​စ​ပါး​နှံ​တို့​ကို​မျို​လိုက်​ကြ​၏။ ငါ​၏​အိပ် မက်​ကို​မှော်​ဆ​ရာ​တို့​အား​ပြော​ပြ​သော်​လည်း မည်​သူ​မျှ​ငါ့​အား​အ​နက်​ကို​ဖွင့်​မ​ပြ​နိုင်'' ဟု​မိန့်​တော်​မူ​၏။
24 E as sete espigas miúdas devoravam as sete espigas boas. E eu disse-o aos magos, mas ninguém houve que mo interpretasse.
25 ထို​အ​ခါ​ယော​သပ်​က``အ​ရှင်​မင်း​ကြီး​မြင် မက်​သော​အိပ်​မက်​နှစ်​ရပ်​တို့​သည်​အ​နက်​တစ် မျိုး​တည်း​ရှိ​ပါ​သည်။ ဘု​ရား​သ​ခင်​က​မိ​မိ ပြု​တော်​မူ​မည့်​အ​မှု​ကို​ကိုယ်​တော်​အား​အ​သိ ပေး​ခြင်း​ဖြစ်​ပါ​သည်။-
25 Então, disse José a Faraó: O sonho de Faraó é um só; o que Deus há de fazer, notificou-o a Faraó.
26 ဝ​ဖြိုး​သော​နွား​မ​ခု​နစ်​ကောင်​တို့​သည်​ခု​နစ် နှစ်​ကို​ဆို​လို​ပါ​၏။ အ​ဆန်​အောင်​သော​စပါး​နှံ ခု​နစ်​နှံ​တို့​သည်​လည်း​ခု​နစ်​နှစ်​ကို​ဆို​လို​ပါ ၏။ အိပ်​မက်​တို့​သည်​အ​နက်​တစ်​မျိုး​တည်း​ရှိ ပါ​၏။-
26 As sete vacas formosas são sete anos; as sete espigas formosas também são sete anos; o sonho é um só.
27 နောက်​မှ​တက်​လာ​သော​နွား​ခု​နစ်​ကောင်​နှင့် အ​လုံး​သေး​၍ သဲ​ကန္တာရ​၏​လေ​ပူ​ဒဏ်​ကြောင့် ညှိုး​ခြောက်​သော​စ​ပါး​နှံ​ခု​နစ်​နှံ​တို့​သည် အ​စာ​ခေါင်း​ပါး​သည့်​ခု​နစ်​နှစ်​ကို​ဆို​လို ပါ​၏။-
27 E as sete vacas magras e feias à vista, que subiam depois delas, são sete anos, como as sete espigas miúdas e queimadas do vento oriental; serão sete anos de fome.
28 ကျွန်​တော်​မျိုး​သည်​အ​ရှင်​မင်း​ကြီး​အား လျှောက်​ထား​ခဲ့​သည့်​အ​တိုင်း ဘု​ရား​သ​ခင် က​မိ​မိ​ပြု​တော်​မူ​မည့်​အ​မှု​ကို​ကိုယ်​တော် အား​အ​သိ​ပေး​ခြင်း​ဖြစ်​ပါ​သည်။-
28 Esta é a palavra que tenho dito a Faraó; o que Deus há de fazer, mostrou-o a Faraó.
29 အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​တွင်​အ​စား​အ​စာ ပေါ​ကြွယ်​ဝ​သော​နှစ်​ခု​နစ်​နှစ်​ရှိ​ပါ​လိမ့်​မည်။-
29 E eis que vêm sete anos, e haverá grande fartura em toda a terra do Egito.
30 ထို​နှစ်​များ​လွန်​လျှင်​အ​စာ​ခေါင်း​ပါး​သော နှစ်​ခု​နစ်​နှစ်​ဆိုက်​ရောက်​လာ​ပါ​လိမ့်​မည်။ ထို အ​ခါ​အ​စား​အ​စာ​ပေါ​ကြွယ်​ဝ​သော​နှစ် များ​ကို​လူ​တို့​သ​တိ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး​ကြောင့်​တစ်​ပြည် လုံး​ပျက်​စီး​ရ​လိမ့်​မည်။-
30 E, depois deles, levantar-se-ão sete anos de fome, e toda aquela fartura será esquecida na terra do Egito, e a fome consumirá a terra;
31 ရောက်​လတ္တံ့​သော​အ​စာ​ခေါင်း​ပါး​ခြင်း​ကပ် သည်​အ​လွန်​ဆိုး​ရွား​မည်​ဖြစ်​ရ​ကား လူ​တို့ သည်​ပေါ​ကြွယ်​ဝ​သော​နှစ်​များ​ကို​လုံးဝ​မေ့ ပျောက်​ကုန်​ကြ​ပါ​လိမ့်​မည်။-
31 e não será conhecida a abundância na terra, por causa daquela fome que haverá depois, porquanto será gravíssima.
32 ကိုယ်​တော်​သည်​အိပ်​မက်​ကို​နှစ်​ကြိမ်​တိုင် အောင်​မြင်​မက်​ရ​သ​ဖြင့် အ​ဋ္ဌိပ္ပါယ်​မှာ​ဘု​ရား​သ​ခင်​သည်​ဤ​အ​မှု​ကို​ပြ​ဋ္ဌာန်း​ပြီး​ဖြစ် ၍​မ​ကြာ​မီ​စီ​ရင်​တော်​မူ​လိမ့်​မည်။
32 E o sonho foi duplicado duas vezes a Faraó é porque esta coisa é determinada de Deus, e Deus se apressa a fazê-la.
33 ``သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ဉာဏ်​ပ​ညာ အ​မြော်​အ​မြင်​ရှိ​သူ​တစ်​ဦး​ကို​ရွေး​၍ တိုင်း ပြည်​ကို​အုပ်​ချုပ်​စေ​တော်​မူ​ပါ။-
33 Portanto, Faraó se proveja agora de um varão inteligente e sábio e o ponha sobre a terra do Egito.
34 ပေါ​ကြွယ်​ဝ​သော​နှစ်​ခု​နစ်​နှစ်​တွင်​ထွက်​သ​မျှ သော​ကောက်​ပဲ​သီး​နှံ​ထဲ​မှ ငါး​ပုံ​တစ်​ပုံ​ကို ကောက်​ယူ​သိမ်း​ဆည်း​ရန် တစ်​ပြည်​လုံး​၌​ကြီး ကြပ်​ရေး​မှူး​များ​ကို​ခန့်​ထား​တော်​မူ​ပါ။-
34 Faça isso Faraó, e ponha governadores sobre a terra, e tome a quinta parte da terra do Egito nos sete anos de fartura.
35 ထို​သူ​တို့​အား​လာ​မည့်​ပေါ​ကြွယ်​ဝ​သော​နှစ် များ​အ​တွင်း​ရိက္ခာ​စု​ဆောင်း​စေ​၍ မြို့​များ​၌ သို​လှောင်​စေ​ပြီး​လျှင်​စောင့်​ရှောက်​စေ​တော် မူ​ပါ။-
35 E ajuntem toda a comida destes bons anos, que vêm, e amontoem trigo debaixo da mão de Faraó, para mantimento nas cidades, e o guardem.
36 အီ​ဂျစ်​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​သော​ခု​နစ် နှစ်​အ​တွက် ထို​ရိက္ခာ​ကို​သို​လှောင်​ထား​သော အား​ဖြင့် အီ​ဂျစ်​ပြည်​သူ​ပြည်​သား​တို့​သည် အ​စာ​ငတ်​သည့်​ဘေး​မှ​လွတ်​မြောက်​နိုင်​ပါ လိမ့်​မည်'' ဟု​ဖာ​ရော​ဘု​ရင်​အား​လျှောက်​ထား လေ​၏။
36 Assim, será o mantimento para provimento da terra, para os sete anos de fome que haverá na terra do Egito; para que a terra não pereça de fome.
37 ဖာ​ရော​ဘု​ရင်​နှင့်​မှူး​မတ်​အ​ပေါင်း​တို့​သည် ယော​သပ်​တင်​ပြ​သော​စီ​မံ​ချက်​ကို​နှစ်​သက် လက်​ခံ​ကြ​၏။-
37 E esta palavra foi boa aos olhos de Faraó e aos olhos de todos os seus servos.
38 ထို​နောက်​ဘု​ရင်​က​မှူး​မတ်​တို့​အား``ယော​သပ် သည်​ဘု​ရား​ထံ​မှ​ဉာဏ်​ပ​ညာ​ကို​ရ​ရှိ​သူ​ဖြစ် ၏။ သူ့​ထက်​သာ​သော​သူ​ကို​ငါ​တို့​ရှာ​၍​မ တွေ့​နိုင်'' ဟု​မိန့်​တော်​မူ​၏။-
38 E disse Faraó a seus servos: Acharíamos um varão como este, em quem haja o Espírito de Deus?
39 ဘု​ရင်​က​ယော​သပ်​အား``ဘု​ရား​က​သင့်​အား ဤ​အ​မှု​အ​ရာ​တို့​ကို​ဖွင့်​ပြ​တော်​မူ​သည်​ဖြစ် ၍ သင့်​ထက်​ဉာဏ်​ပ​ညာ​အ​မြော်​အ​မြင်​သာ သူ​မ​ရှိ​နိုင်။-
39 Depois, disse Faraó a José: Pois que Deus te fez saber tudo isto, ninguém há tão inteligente e sábio como tu.
40 ငါ​သည်​သင့်​အား​ငါ့​တိုင်း​ပြည်​ကို​အုပ်​ချုပ် စေ​မည်။ ငါ​၏​ပြည်​သား​အား​လုံး​တို့​သည် သင်​၏​အ​မိန့်​ကို​နာ​ခံ​ရ​မည်။ ထီး​နန်း​အ​ရိုက် အ​ရာ​အား​ဖြင့်​သာ​လျှင်​သင့်​ထက်​ငါ​ကြီး မြတ်​မည်။-
40 Tu estarás sobre a minha casa, e por tua boca se governará todo o meu povo; somente no trono eu serei maior que tu.
41 ယ​ခု​ငါ​သည်​သင့်​အား​အီ​ဂျစ်​တစ်​ပြည်​လုံး ကို​အုပ်​စိုး​ရ​သော​ဘု​ရင်​ခံ​အ​ဖြစ်​ခန့်​အပ်​သည်'' ဟု​မိန့်​မြွက်​လေ​၏။-
41 Disse mais Faraó a José: Vês aqui te tenho posto sobre toda a terra do Egito.
42 ဖာ​ရော​ဘု​ရင်​သည်​မိ​မိ​၏​တံ​ဆိပ်​တော်​ပါ ရှိ​သော​လက်​စွပ်​ကို​ချွတ်​ပြီး​လျှင် ယော​သပ် ၏​လက်​တွင်​ဝတ်​ဆင်​ပေး​တော်​မူ​၏။ ယော​သပ် အား​ပိတ်​ချော​ဝတ်​ရုံ​ကို​လည်း​ဝတ်​စေ​၍ လည်​ပင်း​တွင်​ရွှေ​စ​လွယ်​ကို​ဆွဲ​ပေး​တော် မူ​၏။-
42 E tirou Faraó o anel da sua mão, e o pôs na mão de José, e o fez vestir de vestes de linho fino, e pôs um colar de ouro no seu pescoço.
43 ထို့​နောက်​ဒု​တိ​ယ​ရ​ထား​တော်​ကို​ယော​သပ်​စီး ၍ သူ​၏​ကိုယ်​ရံ​တော်​တို့​က​ရ​ထား​ရှေ့​က​သွား လျက်``လမ်း​ဖယ်​ကြ၊ လမ်း​ဖယ်​ကြ'' ဟု​အော်​ဟစ် ကြ​၏။ ထို​သို့​ဖြင့်​ယော​သပ်​သည်​အီ​ဂျစ်​တစ် ပြည်​လုံး​ကို​အုပ်​ချုပ်​ရ​သော​ဘု​ရင်​ခံ​အ​ဖြစ် ခန့်​အပ်​ခြင်း​ကို​ခံ​ရ​လေ​သည်။-
43 E o fez subir no segundo carro que tinha, e clamavam diante dele: Ajoelhai. Assim, o pôs sobre toda a terra do Egito.
44 ထို​နောက်​ဖာ​ရော​ဘု​ရင်​က​ယော​သပ်​အား``ငါ သည်​ဖာ​ရော​ဘု​ရင်​ဖြစ်​၏။ အီ​ဂျစ်​တစ်​ပြည် လုံး​တွင်​သင်​၏​ခွင့်​ပြု​ချက်​မ​ရ​ဘဲ​နှင့်​အ​ဘယ် သူ​မျှ​လက်​ခြေ​ကို​မ​ကြွ​ရ'' ဟု​မိန့်​တော်​မူ​၏။-
44 E disse Faraó a José: Eu sou Faraó; porém sem ti ninguém levantará a sua mão ou o seu pé em toda a terra do Egito.
45 — ausente —
45 E chamou Faraó o nome de José Zafenate-Paneia e deu-lhe por mulher a Asenate, filha de Potífera, sacerdote de Om; e saiu José por toda a terra do Egito.
46 — ausente —
46 E José era da idade de trinta anos quando esteve diante da face de Faraó, rei do Egito. E saiu José da face de Faraó e passou por toda a terra do Egito.
47 ရိက္ခာ​ပေါ​ကြွယ်​ဝ​သော​ခု​နစ်​နှစ်​အ​တွင်း တွင် တိုင်း​ပြည်​သည်​သီး​နှံ​ထွက်​အ​လွန်​ကောင်း​၏။-
47 E a terra produziu nos sete anos de fartura a mãos-cheias.
48 ယော​သပ်​သည်​ခု​နစ်​နှစ်​အ​တွင်း​လယ်​များ မှ​ထွက်​သ​မျှ​သော​စ​ပါး​သီး​နှံ​များ​ကို စု​သိမ်း​၍ မြို့​များ​၌​သို​လှောင်​ထား​လေ​သည်။ လယ်​များ​မှ​ထွက်​သော​စ​ပါး​သီး​နှံ​ကို​နီး စပ်​ရာ​မြို့​အ​သီး​သီး​တွင်​သို​လှောင်​စေ​သည်။-
48 E ajuntou todo o mantimento dos sete anos que houve na terra do Egito; e guardou o mantimento nas cidades, pondo nas cidades o mantimento do campo que estava ao redor de cada cidade.
49 သူ​စု​ဆောင်း​ရ​ရှိ​သော​စ​ပါး​သီး​နှံ​တို့​သည် ပင်​လယ်​သဲ​လုံး​တစ်​မျှ​များ​လှ​သော​ကြောင့် မ​ချင်​တွယ်​ဘဲ​ထား​ရ​လေ​သည်။
49 Assim, ajuntou José muitíssimo trigo, como a areia do mar, até que cessou de contar, porquanto não havia numeração.
50 အ​စာ​ခေါင်း​ပါး​ခြင်း​နှစ်​များ​မ​ဆိုက်​ရောက်​မီ ယော​သပ်​သည် မ​ယား​အာ​သ​နတ်​နှင့်​သား​နှစ် ယောက်​ရ​ရှိ​လေ​သည်။-
50 E nasceram a José dois filhos (antes que viesse o ano de fome), que lhe deu Asenate, filha de Potífera, sacerdote de Om.
51 ယော​သပ်​က``ဘု​ရား​သ​ခင်​သည်​ငါ​ခံ​ရ​သော ဆင်း​ရဲ​ဒုက္ခ​ကို​လည်း​ကောင်း၊ အ​ဖ​၏​အိမ်​သား အ​ပေါင်း​တို့​ကို​လည်း​ကောင်း​မေ့​ပျောက်​စေ​တော် မူ​ပြီ'' ဟု​ဆို​၍​သူ​၏​သား​ဦး​ကို​မ​နာ​ရှေ​ဟု နာ​မည်​မှည့်​လေ​၏။-
51 E chamou José o nome do primogênito Manassés, porque disse: Deus me fez esquecer de todo o meu trabalho e de toda a casa de meu pai.
52 ဒု​တိ​ယ​သား​ရ​သော​အ​ခါ``ဘု​ရား​သ​ခင် သည်​ငါ​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​သော​ပြည်​တွင် ငါ့​အား သား​သ​မီး​ရ​တ​နာ​ထွန်း​ကား​စေ​တော်​မူ​ပြီ'' ဟု​ဆို​၍​ထို​သား​ကို​ဧ​ဖ​ရိမ်​ဟု​နာ​မည်​မှည့် လေ​၏။
52 E o nome do segundo chamou Efraim, porque disse: Deus me fez crescer na terra da minha aflição.
53 အီ​ဂျစ်​ပြည်​တွင်​ရိက္ခာ​ပေါ​ကြွယ်​ဝ​သော ခု​နစ်​နှစ်​ကာ​လ​ကုန်​ဆုံး​လေ​၏။-
53 Então, acabaram-se os sete anos de fartura que havia na terra do Egito,
54 ထို​နောက်​ယော​သပ်​ပြော​ခဲ့​သည့်​အ​တိုင်း​အ​စာ ခေါင်း​ပါး​သော​ခု​နစ်​နှစ်​ကပ်​ဆိုက်​ရောက်​လာ​လေ ၏။ အ​ခြား​သော​တိုင်း​ပြည်​အ​သီး​သီး​တို့​တွင် လည်း​အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​ကျ​ရောက်​လျက် ရှိ​သည်။ သို့​ရာ​တွင်​အီ​ဂျစ်​ပြည်​၌​ရိက္ခာ​ရှိ​လျက် ပင်။-
54 e começaram a vir os sete anos de fome, como José tinha dito; e havia fome em todas as terras, mas em toda a terra do Egito havia pão.
55 အီ​ဂျစ်​ပြည်​သား​တို့​သည်​အ​စာ​ခေါင်း​ပါး ခြင်း​ဒဏ်​ကို​ခံ​ရ​ကြ​သော​အ​ခါ ဖာ​ရော​ဘုရင် အား​ရိက္ခာ​ပေး​ရန်​တောင်း​ဆို​ကြ​၏။ ထို​အ​ခါ ဖာ​ရော​ဘု​ရင်​က``ယော​သပ်​ထံ​သို့​သွား​ကြ။ သူ​ပြော​သည့်​အ​တိုင်း​ပြု​ကြ​လော့''ဟု​မိန့် တော်​မူ​လေ​၏။-
55 E, tendo toda a terra do Egito fome, clamou o povo a Faraó por pão; e Faraó disse a todos os egípcios: Ide a José; o que ele vos disser fazei.
56 အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​သည်​အီ​ဂျစ်​ပြည် အ​ရပ်​ရပ်​သို့​ဆိုက်​ရောက်​၍​အ​လွန်​ဆိုး​ရွား လာ​သ​ဖြင့် ယော​သပ်​သည်​စပါး​ကျီ​ရှိ​သ​မျှ တို့​ကို​ဖွင့်​၍​အီ​ဂျစ်​ပြည်​သား​တို့​အား​စပါး ရောင်း​ချ​လေ​၏။-
56 Havendo, pois, fome sobre toda a terra, abriu José tudo em que havia mantimento e vendeu aos egípcios; porque a fome prevaleceu na terra do Egito.
57 ကမ္ဘာ​အ​ရပ်​ရပ်​တွင်​လည်း​အ​စာ​ခေါင်း​ပါး ခြင်း​ကပ်​ဆိုက်​လျက်​ရှိ​သ​ဖြင့် အ​ပြည်​ပြည် မှ​လူ​တို့​သည်​ယော​သပ်​ထံ​သို့​စပါး​ဝယ်​ရန် လာ​ရောက်​ကြ​ကုန်​၏။
57 E todas as terras vinham ao Egito, para comprar de José, porquanto a fome prevaleceu em todas as terras.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Gênesis 41, comparar traduções ou montar um estudo — tudo direto pelo WhatsApp.