Gênesis 3

Common Language Bible (MYA) vs ACF

Sair da comparação
ACF Almeida Corrigida Fiel
1 မြွေ​သည်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ဖန်​ဆင်း တော်​မူ​သ​မျှ​သော​တိ​ရစ္ဆာန်​တို့​တွင် အ​စဉ်း​လဲ​ဆုံး သတ္တ​ဝါ​ဖြစ်​၏။ ``ဘု​ရား​သ​ခင်​က​ဥ​ယျာဉ်​ထဲ ရှိ​အ​ပင်​များ​မှ​အ​သီး​ကို​မ​စား​ရ​ဟု အ​မှန် ပင်​ပညတ်​ထား​ပါ​သ​လော'' ဟူ​၍​မြွေ​က မိန်း​မ​အား​မေး​၏။
1 Ora, a serpente era mais astuta que todas as alimárias do campo que o SENHOR Deus tinha feito. E esta disse à mulher: É assim que Deus disse: Não comereis de toda a árvore do jardim?
2 မိန်း​မ​က``ငါ​တို့​သည်​ဥ​ယျာဉ်​ထဲ​ရှိ​အ​ပင် များ​၏​အ​သီး​ကို​စား​နိုင်​၏။-
2 E disse a mulher à serpente: Do fruto das árvores do jardim comeremos,
3 သို့​ရာ​တွင်​ဥ​ယျာဉ်​အ​လယ်​၌​ရှိ​သော​အ​ပင်​၏ အ​သီး​ကို​မူ​ကား​မ​စား​ရ။ ကိုင်​ပင်​မ​ကိုင်​ရ။ ကိုင်​မိ​စား​မိ​လျှင်​သေ​ရ​ကြ​မည်​ဟု ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ရှိ​မူ​၏'' ဟူ​၍​ပြန်​ဖြေ​၏။
3 Mas do fruto da árvore que está no meio do jardim, disse Deus: Não comereis dele, nem nele tocareis para que não morrais.
4 ထို​အ​ခါ​မြွေ​က``မ​ဟုတ်​နိုင်​ပါ။ သင်​တို့​သေ မည်​မ​ဟုတ်။-
4 Então a serpente disse à mulher: Certamente não morrereis.
5 ထို​အ​သီး​ကို​စား​လျှင်​သင်​တို့​သည်​ဘု​ရား​သ​ခင် ကဲ့​သို့ အ​ကောင်း​နှင့်​အ​ဆိုး​ကို​ခွဲ​ခြား​သိ​မြင်​လာ နိုင်​မည်။ ထို့​ကြောင့်​ဤ​ကဲ့​သို့​ပ​ညတ်​ရ​ခြင်း​ဖြစ် သည်'' ဟု​ပြန်​ပြော​၏။
5 Porque Deus sabe que no dia em que dele comerdes se abrirão os vossos olhos, e sereis como Deus, sabendo o bem e o mal.
6 မိန်း​မ​သည်​အ​ပင်​၏​တင့်​တယ်​ခြင်း၊ အ​သီး​၏ စား​ချင့်​စ​ဖွယ်​ကောင်း​ခြင်း​ကို​မြင်​ရ​၏။ ထို့​ပြင် ပ​ညာ​ဉာဏ်​ရှိ​လျှင် အံ့​ဘွယ်​ကောင်း​လိမ့်​မည်​ဟု စိတ်​ထင်​လျက်​အ​သီး​ကို​ဆွတ်​၍​စား​လေ​၏။ သူ​၏​ခင်​ပွန်း​အား​လည်း​ပေး​သ​ဖြင့်​သူ​လည်း စား​၏။-
6 E viu a mulher que aquela árvore era boa para se comer, e agradável aos olhos, e árvore desejável para dar entendimento; tomou do seu fruto, e comeu, e deu também a seu marido, e ele comeu com ela.
7 ထို​သို့​စား​ကြ​သည့်​ခ​ဏ​ခြင်း​တွင်​သူ​တို့​သည် အ​သိ​ဉာဏ်​ပွင့်​လာ​၍​အ​ဝတ်​အ​ချည်း​စည်း​ရှိ သည့်​အ​ဖြစ်​ကို​သိ​မြင်​လာ​ကြ​၏။ ထို့​ကြောင့် သူ​တို့​သည် သ​ဖန်း​ရွက်​များ​ကို​သီ​ချုပ်​၍ ကိုယ်​ပေါ်​တွင်​ဝတ်​ဆင်​ထား​ကြ​၏။
7 Então foram abertos os olhos de ambos, e conheceram que estavam nus; e coseram folhas de figueira, e fizeram para si aventais.
8 ထို​နေ့​ည​နေ​ခင်း​၌​သူ​တို့​သည်​ဥ​ယျာဉ်​ထဲ တွင်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ကြွ​လာ တော်​မူ​သော​အ​သံ​ကို​ကြား​ရ​လျှင် သူ​တို့ အား​မ​တွေ့​မ​မြင်​စေ​ရန်​သစ်​ပင်​များ​အ​ကြား တွင်​ပုန်း​ကွယ်​နေ​ကြ​၏။-
8 E ouviram a voz do Senhor Deus, que passeava no jardim pela viração do dia; e esconderam-se Adão e sua mulher da presença do Senhor Deus, entre as árvores do jardim.
9 သို့​ရာ​တွင်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် က``သင်​အ​ဘယ်​မှာ​ရှိ​သ​နည်း''ဟု​လူ​အား ခေါ်​တော်​မူ​၏။
9 E chamou o Senhor Deus a Adão, e disse-lhe: Onde estás?
10 ထို​အ​ခါ​လူ​ယောကျာ်း​က``ကိုယ်​တော်​ဥ​ယျာဉ်​ထဲ ၌​ကြွ​လာ​တော်​မူ​သော​အ​သံ​ကို​ကြား​ရ​၍ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သော​ကြောင့်​ကြောက် ၍​ပုန်း​နေ​ပါ​သည်'' ဟု​လျှောက်​လေ​၏။
10 E ele disse: Ouvi a tua voz soar no jardim, e temi, porque estava nu, e escondi-me.
11 ဘု​ရား​သ​ခင်​က``သင်​တို့​တွင်​အ​ဝတ်​အ​ချည်း စည်း​ရှိ​သည်​ဟု မည်​သူ​က​ပြော​သ​နည်း။ သင်​တို့ အား​မ​စား​ရ​ဟု ငါ​ပညတ်​ထား​သော​အ​ပင်​၏ အ​သီး​ကို​စား​သ​လော'' ဟု​မေး​တော်​မူ​၏။
11 E Deus disse: Quem te mostrou que estavas nu? Comeste tu da árvore de que te ordenei que não comesses?
12 လူ​က​လည်း``ကျွန်​တော်​အား​ကိုယ်​တော်​ပေး အပ်​တော်​မူ​သော​မိန်း​မ​က အ​သီး​ကို​ပေး သ​ဖြင့်​ကျွန်​တော်​စား​မိ​ပါ​သည်'' ဟူ​၍​ပြန် လည်​လျှောက်​ထား​၏။
12 Então disse Adão: A mulher que me deste por companheira, ela me deu da árvore, e comi.
13 ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သခင်​က​မိန်း​မ​အား``သင် သည်​အ​ဘယ်​ကြောင့်​ထို​သို့​ပြု​ရ​သ​နည်း'' ဟု မေး​တော်​မူ​လျှင် ``မြွေ​က​ကျွန်​မ​ကို​လှည့်​စား သ​ဖြင့်​စား​မိ​ပါ​သည်'' ဟု​ပြန်​လည်​လျှောက် လေ​၏။
13 E disse o Senhor Deus à mulher: Por que fizeste isto? E disse a mulher: A serpente me enganou, e eu comi.
14 ထို​အ​ခါ​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က မြွေ​အား``သင်​သည် ဤ​သို့​ပြု​လုပ်​သည့်​အ​တွက် ဒဏ်​ခံ​ရ​မည်။ တိရစ္ဆာန်​အ​ပေါင်း​တို့​တွင်​သင်​သာ လျှင် ဤ​ကျိန်​စာ​သင့်​မည်။ ယ​ခု​မှ​စ​၍​သင် သည်​ဝမ်း​ဗိုက်​ဖြင့်​တွား​သွား​လျက် မြေ​မှုန့်​ကို တစ်​သက်​လုံး​စား​ရ​မည်။-
14 Então o Senhor Deus disse à serpente: Porquanto fizeste isto, maldita serás mais que toda a fera, e mais que todos os animais do campo; sobre o teu ventre andarás, e pó comerás todos os dias da tua vida.
15 သင်​နှင့်​မိန်း​မ​သည်​တစ်​ဦး​ကို​တစ်​ဦး​မုန်း​လိမ့်​မည်။ သင်​၏​အ​မျိုး​အ​နွယ်​နှင့်​မိန်းမ​၏​အ​မျိုး​အ​နွယ် သည် ရန်​ငြိုး​ဖွဲ့​လိမ့်​မည်။ လူ​သည်​သင်​၏​ဦး​ခေါင်း ကို​ချေ​လိမ့်​မည်။ သင်​သည်​လည်း သူ​၏​ဖ​နောင့်​ကို ပေါက်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
15 E porei inimizade entre ti e a mulher, e entre a tua semente e a sua semente; esta te ferirá a cabeça, e tu lhe ferirás o calcanhar.
16 မိန်း​မ​အား​လည်း``သင်​သည်​ကိုယ်​ဝန်​ဆောင်​ခြင်း ဖြင့်​ဒုက္ခ​ပို​များ​လာ​မည်။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ ကို​ခံ​ရ​မည်။ သို့​သော်​လည်း​သင်​သည် မိ​မိ​ခင်​ပွန်း ကို​စုံ​မက်​နေ​လိမ့်​မည်။ သင့်​အ​ပေါ်​မှာ​သူ​၏ သြ​ဇာ​ညောင်း​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
16 E à mulher disse: Multiplicarei grandemente a tua dor, e a tua conceição; com dor darás à luz filhos; e o teu desejo será para o teu marido, e ele te dominará.
17 ယောကျာ်း​အား​လည်း``ထို​အ​ပင်​၏​အ​သီး​ကို မ​စား​ရ​ဟု ငါ​ပ​ညတ်​ထား​သော်​လည်း သင် ၏​မယား​၏​စ​ကား​ကို​နား​ထောင်​၍​စား​လေ ပြီ။ သင်​ထို​သို့​ပြု​ခြင်း​ကြောင့်​မြေ​သည်​ကျိန် စာ​သင့်​ရ​၏။ သင်​သည်​မိ​မိ​ဝမ်း​စာ​အ​တွက် မြေ​မှ​သီး​နှံ​ထွက်​စေ​ရန် တစ်​သက်​လုံး​ပင်​ပန်း စွာ​လုပ်​ကိုင်​ရ​မည်။-
17 E a Adão disse: Porquanto deste ouvidos à voz de tua mulher, e comeste da árvore de que te ordenei, dizendo: Não comerás dela, maldita é a terra por causa de ti; com dor comerás dela todos os dias da tua vida.
18 မြေ​မှ​ဆူး​ချုံ​နှင့်​ပေါင်း​ပင်​များ​ပေါက်​လိမ့်​မည်။ သင်​သည်​အ​ရိုင်း​ပေါက်​သော​အ​ပင်​တို့​ကို​စား ရ​မည်။-
18 Espinhos, e cardos também, te produzirá; e comerás a erva do campo.
19 သင်​သည်​မြေ​မှ​ဖြစ်​လာ​၍​မြေ​သို့​ပြန်​သွား ရ​သည်​တိုင်​အောင် မြေ​မှ​သီး​နှံ​ထွက်​စေ​ရန်​ချွေး ထွက်​လျက်​ပင်​ပန်း​စွာ​လုပ်​ကိုင်​ရ​မည်။ သင်​သည် မြေ​မှ​ဖြစ်​လာ​၍ မြေ​သို့​ပြန်​သွား​ရ​မည်'' ဟု မိန့်​တော်​မူ​၏။
19 No suor do teu rosto comerás o teu pão, até que te tornes à terra; porque dela foste tomado; porquanto és pó e em pó te tornarás.
20 အာ​ဒံ သည်​မိ​မိ​၏​မယား​အား​ဧဝ​ဟု​မှည့်​ခေါ်​လေ ၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည် လူ​သတ္တဝါ အ​ပေါင်း​တို့​၏​မိ​ခင်​ဖြစ်​သော​ကြောင့်​တည်း။-
20 E chamou Adão o nome de sua mulher Eva; porquanto era a mãe de todos os viventes.
21 ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​အာ​ဒံ နှင့်​ဧ​ဝ​တို့​အ​တွက် သား​ရေ​ဝတ်​လုံ​များ​ပြု လုပ်​၍​သူ​တို့​အား​ဝတ်​ဆင်​ပေး​တော်​မူ​၏။
21 E fez o Senhor Deus a Adão e à sua mulher túnicas de peles, e os vestiu.
22 ထို​နောက်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က``လူ သည်​ငါ​တို့​ကဲ့​သို့​ဖြစ်​လာ​၍ အ​ကောင်း​နှင့်​အ ဆိုး​ကို​သိ​မြင်​လာ​လေ​ပြီ။ အ​မြဲ​အ​သက် ရှင်​စေ​သော​အ​ပင်​မှ​အ​သီး​ကို​ဆွတ်​စား​၍ အ​မြဲ​အ​သက်​ရှင်​ခွင့်​မ​ပြု​ရ'' ဟု​မိန့်​တော် မူ​၏။-
22 Então disse o Senhor Deus: Eis que o homem é como um de nós, sabendo o bem e o mal; ora, para que não estenda a sua mão, e tome também da árvore da vida, e coma e viva eternamente,
23 ထို့​ကြောင့်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ကို​ဧ​ဒင်​ဥ​ယျာဉ်​ထဲ​မှ​နှင်​ထုတ်​၍ မြေ​မှ ဖြစ်​သော​လူ​အား​မြေ​ကို​ထွန်​ယက်​စိုက်​ပျိုး စေ​တော်​မူ​၏။-
23 O Senhor Deus, pois, o lançou fora do jardim do Éden, para lavrar a terra de que fora tomado.
24 ထို​နောက်​အ​သက်​ရှင်​စေ​သော​အ​ပင်​အ​နီး သို့​မည်​သူ​မျှ​မ​ချဉ်း​ကပ်​နိုင်​စေ​ရန် လည်​ပတ် လျက်​ရှိ​သော​ဋ္ဌား​မီး​စက်​လက်​နက်​နှင့်​တ​ကွ ခေ​ရု​ဗိမ် တို့​ကို​ဥယျာဉ်​အ​ရှေ့​ဘက်​တွင်​အ​စောင့်​ချ ထား​တော်​မူ​၏။
24 E havendo lançado fora o homem, pôs querubins ao oriente do jardim do Éden, e uma espada inflamada que andava ao redor, para guardar o caminho da árvore da vida.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Gênesis 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.