Gênesis 39

Common Language Bible (MYA) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 ဣ​ရှ​မေ​လ​အ​မျိုး​သား​တို့​သည်​ယော​သပ်​အား အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင်​သွား​၍ ပြည့်​ရှင်​ဖာ​ရော ဘု​ရင်​၏​ကိုယ်​ရံ​တော်​တပ်​မှူး​ပေါ​တိ​ဖာ​ထံ​၌ ရောင်း​ကြ​၏။-
1 José foi levado ao Egito, e Potifar, oficial de Faraó, comandante da guarda, egípcio, comprou-o dos ismaelitas que o tinham levado para lá.
2 ထာ​ဝ​ရ​ဘု​ရား​သည်​ယော​သပ်​နှင့်​အ​တူ​ရှိ သ​ဖြင့်​သူ​သည်​ကြံ​စည်​လုပ်​ကိုင်​တိုင်း​အောင် မြင်​၏။ သူ​သည်​သူ​၏​သ​ခင်​အီ​ဂျစ်​အ​မျိုး သား​၏​အိမ်​တွင်​နေ​ထိုင်​လေ​သည်။-
2 O Senhor era com José, que veio a ser homem próspero; e estava na casa de seu senhor egípcio.
3 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ​၍​သူ​ပြု လေ​သ​မျှ​တို့​တွင် အောင်​မြင်​ကြောင်း​သူ​၏​သ​ခင် တွေ့​မြင်​ရ​သည်။-
3 Vendo Potifar que o Senhor era com ele e que tudo o que ele fazia o Senhor prosperava em suas mãos,
4 ပေါ​တိ​ဖာ​သည်​ယော​သပ်​အား​ကျေ​နပ်​နှစ်​သက် သ​ဖြင့် သူ​၏​ကိုယ်​ရေး​ကိုယ်​တာ​မှူး​အ​ဖြစ်​ခန့် ထား​လျက် သူ​ပိုင်​ဆိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း​နှင့်​အိမ် မှု​ကိစ္စ​တို့​ကို​အုပ်​ထိန်း​စေ​လေ​သည်။-
4 logrou José mercê perante ele, a quem servia; e ele o pôs por mordomo de sua casa e lhe passou às mãos tudo o que tinha.
5 ထို​အ​ချိန်​မှ​အ​စ​ပြု​၍​ထာ​ဝ​ရ​ဘု​ရား​သည် ယော​သပ်​ကြောင့် ထို​အီ​ဂျစ်​အ​မျိုး​သား​၏​အိမ် ထောင်​ကို​လည်း​ကောင်း၊ သူ​၏​အိမ်​စီး​ပွား​နှင့်​လယ် ယာ​စီး​ပွား​တို့​ကို​လည်း​ကောင်း၊ ကောင်း​ချီး​ပေး တော်​မူ​၏။-
5 E, desde que o fizera mordomo de sua casa e sobre tudo o que tinha, o Senhor abençoou a casa do egípcio por amor de José; a bênção do Senhor estava sobre tudo o que tinha, tanto em casa como no campo.
6 ပေါ​တိ​ဖာ​သည်​မိ​မိ​ပိုင်​သ​မျှ​ပစ္စည်း​အား​လုံး တို့​ကို​ယော​သပ်​လက်​သို့​လွှဲ​အပ်​ထား​၏။ သူ​စား သော​အ​စာ​မှ​လွဲ​၍​မည်​သည့်​အ​ရာ​၌​မျှ​ဝင် ရောက်​စွက်​ဖက်​ခြင်း​မ​ပြု​ချေ။
6 Potifar tudo o que tinha confiou às mãos de José, de maneira que, tendo-o por mordomo, de nada sabia, além do pão com que se alimentava. José era formoso de porte e de aparência.
7 ယော​သပ်​သည်​ကိုယ်​လုံး​ကိုယ်​ပေါက်​ကောင်း​၍ လူ ချော​လူ​လှ​တစ်​ယောက်​ဖြစ်​ရ​ကား​ကာ​လ​အ​တန် ကြာ​သော​အ​ခါ သူ့​သ​ခင်​မ​သည်​ယော​သပ်​အား စွဲ​လန်း​လာ​သ​ဖြင့်​သူ​နှင့်​အ​တူ​အိပ်​ရန်​ဖြား ယောင်း​လေ​၏။-
7 Aconteceu, depois destas coisas, que a mulher de seu senhor pôs os olhos em José e lhe disse: Deita-te comigo.
8 သို့​ရာ​တွင်​ယော​သပ်​က​ငြင်း​ဆန်​လျက်``သ​ခင်​သည် ကျွန်​တော်​အား​အ​ရာ​ရာ​ကို​မျက်​နှာ​လွှဲ​အပ်​ထား ပါ​သည်။ သ​ခင်​ပိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း​ကို​ထိန်း​သိမ်း ရန်​ကျွန်​တော်​အား​တာ​ဝန်​ပေး​အပ်​ထား​ပါ​သည်။-
8 Ele, porém, recusou e disse à mulher do seu senhor: Tem-me por mordomo o meu senhor e não sabe do que há em casa, pois tudo o que tem me passou ele às minhas mãos.
9 ဤ​အိမ်​တွင်​သ​ခင်​၏​သြ​ဇာ​ညောင်း​ရ​သ​ကဲ့​သို့ ကျွန်​တော်​၏​သြ​ဇာ​လည်း​ညောင်း​ရ​ပါ​သည်။ သ​ခင်​သည်​သ​ခင်​မ​မှ​လွဲ​လျှင်​ကျွန်​တော်​၏ လက်​သို့​မ​အပ်​သော​အ​ရာ​ဟူ​၍​မ​ရှိ​ပါ။ သို့ ဖြစ်​၍​ကျွန်​တော်​သည်​အ​ဘယ်​သို့​လျှင် ဤ​မျှ ဆိုး​ယုတ်​သော​အ​မှု​ကို​ပြု​၍​ဘု​ရား​သ​ခင် ကို​ပြစ်​မှား​နိုင်​ပါ​မည်​နည်း'' ဟု​ပြော​လေ​၏။-
9 Ele não é maior do que eu nesta casa e nenhuma coisa me vedou, senão a ti, porque és sua mulher; como, pois, cometeria eu tamanha maldade e pecaria contra Deus?
10 သ​ခင်​မ​သည်​ယော​သပ်​အား​နေ့​စဉ်​သွေး​ဆောင် သော်​လည်း​သူ​သည်​အ​မြဲ​ငြင်း​ဆန်​လေ​၏။
10 Falando ela a José todos os dias, e não lhe dando ele ouvidos, para se deitar com ela e estar com ela,
11 တစ်​နေ့​သ​၌​အ​ခြား​သော​အ​စေ​ခံ​တစ်​ယောက် မျှ​အိမ်​ထဲ​၌​မ​ရှိ​ခိုက် ယော​သပ်​သည်​မိ​မိ​အ​လုပ် တာ​ဝန်​ကို​ဆောင်​ရွက်​ရန်​အိမ်​ထဲ​သို့​ဝင်​ရောက် လာ​ရာ၊-
11 sucedeu que, certo dia, veio ele a casa, para atender aos negócios; e ninguém dos de casa se achava presente.
12 သ​ခင်​မ​က​ယော​သပ်​အား``ငါ​နှင့်​အ​တူ​အိပ် ပါ'' ဟု​ဆို​၍​သူ​၏​ဝတ်​ရုံ​ကို​ကိုင်​ဆွဲ​ထား လေ​၏။ ယော​သပ်​သည်​လည်း​ဝတ်​ရုံ​ကို​သ​ခင်​မ ၏​လက်​ထဲ​၌​စွန့်​ပစ်​ထား​ခဲ့​၍​အိမ်​အ​ပြင်​သို့ ကိုယ်​လွတ်​ထွက်​ပြေး​လေ​သည်။-
12 Então, ela o pegou pelas vestes e lhe disse: Deita-te comigo; ele, porém, deixando as vestes nas mãos dela, saiu, fugindo para fora.
13 သ​ခင်​မ​သည်​မိ​မိ​၏​လက်​ထဲ​၌​ဝတ်ရုံ​ကို​ထား ခဲ့​၍ အိမ်​ပြင်​သို့​ယော​သပ်​ထွက်​ပြေး​သည်​ကို မြင်​သော​အ​ခါ၊-
13 Vendo ela que ele fugira para fora, mas havia deixado as vestes nas mãos dela,
14 အ​စေ​ခံ​တို့​ကို​အော်​ခေါ်​လျက်``ဤ​မှာ​ကြည့် စမ်း​ပါ။ သင်​တို့​၏​သခင်​က​ခေါ်​ထား​သော​ဤ ဟေ​ဗြဲ​အ​မျိုး​သား​က​ငါ​တို့​ကို​စော်​ကား ပါ​ပြီ။ သူ​သည်​ငါ့​အ​ခန်း​ထဲ​သို့​ဝင်​၍​ငါ နှင့်​အ​တူ​အိပ်​ရန်​ကြံ​သ​ဖြင့်​ငါ​အ​သံ ကုန်​ဟစ်​အော်​လိုက်​ရ​ပါ​သည်။-
14 chamou pelos homens de sua casa e lhes disse: Vede, trouxe-nos meu marido este hebreu para insultar-nos; veio até mim para se deitar comigo; mas eu gritei em alta voz.
15 သူ​သည်​ငါ​ဟစ်​အော်​သံ​ကြောင့်​သူ​၏​ဝတ်​ရုံ​ကို ငါ့​လက်​ထဲ​မှာ​စွန့်​ပစ်​ခဲ့​ပြီး​လျှင်​ထွက်​ပြေး ပါ​သည်'' ဟု​ပြော​လေ​၏။
15 Ouvindo ele que eu levantava a voz e gritava, deixou as vestes ao meu lado e saiu, fugindo para fora.
16 ပေါ​တိ​ဖာ​အိမ်​သို့​ပြန်​ရောက်​သည့်​တိုင်​အောင် သူ သည်​ယော​သပ်​၏​ဝတ်​ရုံ​ကို​သိမ်း​ထား​ပြီး​လျှင်၊-
16 Conservou ela junto de si as vestes dele, até que seu senhor tornou a casa.
17 ပေါ​တိ​ဖာ​အိမ်​သို့​ပြန်​လာ​သော​အ​ခါ``ကိုယ်​တော် ဤ​အိမ်​သို့​ခေါ်​လာ​သော​ဟေ​ဗြဲ​အ​မျိုး​သား ကျွန်​သည် ကျွန်​မ​အ​ခန်း​ထဲ​သို့​ဝင်​၍​ကျွန်​မ ကို​စော်​ကား​ရန်​ကြံ​ပါ​သည်။-
17 Então, lhe falou, segundo as mesmas palavras, e disse: O servo hebreu, que nos trouxeste, veio ter comigo para insultar-me;
18 ကျွန်​မ​က​အော်​ဟစ်​သော​အ​ခါ​သူ​သည်​ဝတ်​ရုံ ကို ကျွန်​မ​လက်​ထဲ​မှာ​ထား​ခဲ့​ပြီး​ထွက်​ပြေး​ပါ သည်'' ဟု​တိုင်​ကြား​လေ​၏။
18 quando, porém, levantei a voz e gritei, ele, deixando as vestes ao meu lado, fugiu para fora.
19 ပေါ​တိ​ဖာ​သည်​အ​လွန်​အ​မျက်​ထွက်​၍၊-
19 Tendo o senhor ouvido as palavras de sua mulher, como lhe tinha dito: Desta maneira me fez o teu servo; então, se lhe acendeu a ira.
20 ယော​သပ်​ကို​ဖမ်း​ဆီး​လျက်​ဘု​ရင်​၏​အ​မျက်​သင့် သူ​များ​ထား​ရာ​ထောင်​ထဲ​တွင်​အ​ကျဉ်း​ချ​ထား လေ​၏။ ယော​သပ်​သည်​ထောင်​ထဲ​မှာ​နေ​ရ​သော်​လည်း၊-
20 E o senhor de José o tomou e o lançou no cárcere, no lugar onde os presos do rei estavam encarcerados; ali ficou ele na prisão.
21 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ​၍​သူ့ အား​ကောင်း​ချီး​ပေး​သ​ဖြင့် သူ​သည်​ထောင်​မှူး ထံ​၌​မျက်​နှာ​သာ​ရ​လေ​၏။-
21 O Senhor , porém, era com José, e lhe foi benigno, e lhe deu mercê perante o carcereiro;
22 ထောင်​မှူး​သည်​ယော​သပ်​အား​အ​ခြား​သော​အ​ကျဉ်း သား​အား​လုံး​တို့​ကို​အုပ်​ထိန်း​ကွပ်​ကဲ​ရန်​နှင့် ထောင် ထဲ​တွင်​ရှိ​သ​မျှ​ကိစ္စ​တို့​ကို​စီ​မံ​ရန်​တာ​ဝန်​လွှဲ အပ်​ထား​လေ​သည်။-
22 o qual confiou às mãos de José todos os presos que estavam no cárcere; e ele fazia tudo quanto se devia fazer ali.
23 ထာ​ဝ​ရ​ဘု​ရား​သည်​ယော​သပ်​နှင့်​အ​တူ​ရှိ​၍ သူ​တာ​ဝန်​ယူ​ဆောင်​ရွက်​သ​မျှ​တို့​၌​အောင်​မြင် စေ​တော်​မူ​သော​ကြောင့် ထောင်​မှူး​သည်​ယော​သပ် အား​တာ​ဝန်​များ​ကို​စိတ်​ချ​ယုံ​ကြည်​စွာ လွှဲ​အပ်​လေ​သည်။
23 E nenhum cuidado tinha o carcereiro de todas as coisas que estavam nas mãos de José, porquanto o Senhor era com ele, e tudo o que ele fazia o Senhor prosperava.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Gênesis 39, comparar traduções ou montar um estudo — tudo direto pelo WhatsApp.