Gênesis 35

Common Language Bible (MYA) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ဘု​ရား​သ​ခင်​က​ယာ​ကုပ်​အား``ဗေ​သ​လ​အ​ရပ် သို့​ယ​ခု​သွား​၍​နေ​ထိုင်​လော့။ သင်​၏​အစ်​ကို ဧ​သော​ရန်​ကို​ကြောက်​၍​ထွက်​ပြေး​နေ​ရ​စဉ်​က သင်​ဖူး​တွေ့​ရ​သော​ငါ​ဘု​ရား​အ​တွက်​ပူ​ဇော် ရာ​ယဇ်​ပလ္လင်​ကို​တည်​လော့'' ဟု​မိန့်​တော်​မူ ၏။
1 Deus disse a Jacó: — Levante-se, vá para Betel e habite ali. Faça ali um altar ao Deus que lhe apareceu quando você fugia do seu irmão Esaú.
2 ယာ​ကုပ်​သည်​မိ​မိ​၏​မိ​သား​စု​နှင့်​မိ​မိ​ထံ​တွင် နေ​ထိုင်​သူ​အ​ပေါင်း​တို့​အား``သင်​တို့​၌​ရှိ​သော အ​ခြား​ဘု​ရား​များ​ကို​ပစ်​ပယ်​ကြ​လော့။ ကိုယ် ကို​သန့်​စင်​စေ​၍​အ​ဝတ်​ကို​လဲ​လှယ်​ဝတ်​ဆင် ကြ​လော့။-
2 Então Jacó disse à sua família e a todos os que estavam com ele: — Joguem fora os deuses estranhos que há no meio de vocês, purifiquem-se e troquem de roupa.
3 ငါ​တို့​သည်​ဤ​အ​ရပ်​မှ​ဗေ​သ​လ​အ​ရပ်​သို့ သွား​ကြ​မည်။ ငါ​ဒုက္ခ​ရောက်​စဉ်​က​ငါ့​ကို​ကယ်​မ ၍​ငါ​သွား​လေ​ရာ​ရာ​ခ​ရီး​လမ်း​တွင် ငါ​နှင့် အ​တူ​ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​အား​ပူ ဇော်​ရန်​ထို​အ​ရပ်​၌​ယဇ်​ပလ္လင်​တည်​မည်'' ဟု ဆို​လေ​၏။-
3 Vamos nos preparar e ir para Betel. Farei ali um altar ao Deus que me respondeu no dia da minha angústia e me acompanhou no caminho por onde andei.
4 ထို့​ကြောင့်​သူ​တို့​တွင်​ရှိ​သ​မျှ​သော​အ​ခြား ဘု​ရား​များ​ကို​လည်း​ကောင်း၊ သူ​တို့​တွင်​ဆင် ယင်​ထား​သော​နား​ကပ်​များ​ကို​လည်း​ကောင်း ယာ​ကုပ်​ထံ​ပေး​အပ်​ကြ​၏။ ယာ​ကုပ်​သည်​ထို ပစ္စည်း​များ​ကို​ရှေ​ခင်​မြို့​အ​နီး​ဝက်​သစ်​ချ ပင်​ရင်း​၌​မြှုပ်​ထား​လေ​၏။
4 Então deram a Jacó todos os deuses estranhos que tinham em mãos e as argolas que lhes pendiam das orelhas. E Jacó os escondeu debaixo do carvalho que está junto a Siquém.
5 ထို​နောက်​သူ​တို့​စ​ခန်း​သိမ်း​၍​ထွက်​ခွာ​သွား ကြ​သော​အ​ခါ ပတ်​ဝန်း​ကျင်​ရှိ​မြို့​သား​တို့ သည်​အ​လွန်​ကြောက်​ရွံ့​ကြ​သ​ဖြင့် သူ​တို့​ကို လိုက်​လံ​၍​မ​တိုက်​ခိုက်​ဝံ့​ကြ​ချေ။-
5 Quando eles partiram, o terror de Deus invadiu as cidades vizinhas, e não perseguiram os filhos de Jacó.
6 ယာ​ကုပ်​သည်​မိ​မိ​၏​လူ​စု​နှင့်​အ​တူ ခါ​နာန် ပြည်​ရှိ​ဗေ​သ​လ​မြို့​ဟု​ခေါ်​တွင်​သော​လုဇ မြို့​သို့​ရောက်​ရှိ​လာ​လေ​၏။-
6 Assim, Jacó chegou a Luz, chamada Betel, que fica na terra de Canaã, ele e todo o povo que estava com ele.
7 ထို​အ​ရပ်​တွင်​ယဇ်​ပလ္လင်​ကို​တည်​၍​သူ​၏​အစ်​ကို ထံ​မှ​ထွက်​ပြေး​နေ​ရ​စဉ်​က ဘု​ရား​သ​ခင်​ကို ထို​အ​ရပ်​၌​ဖူး​တွေ့​ခဲ့​ရ​သော​ကြောင့်​ဗေ​သ​လ ဟု​ခေါ်​တွင်​စေ​၏။-
7 E edificou ali um altar. E àquele lugar deu o nome de El-Betel, porque ali Deus havia se revelado a ele quando estava fugindo do seu irmão.
8 ရေ​ဗက္က​၏​အ​ထိန်း​ဒေ​ဗော​ရ​ကွယ်​လွန်​၍ ဗေ​သ​လ တောင်​ဘက်​ရှိ​ဝက်​သစ်​ချ​ပင်​အောက်​၌​အ​လောင်း ကို​မြှုပ်​လေ​သည်။ ထို​ကြောင့်​ထို​အ​ပင်​ကို``မျက်​ရည် ယို​ဝက်​သစ်​ချ​ပင်'' ဟု​နာ​မည်​မှည့်​လေ​၏။
8 Débora, a ama de Rebeca, morreu e foi sepultada ao pé de Betel, debaixo do carvalho que se chama Alom-Bacute.
9 ယာ​ကုပ်​သည်​ပါ​ဒ​နာ​ရံ​ပြည်​မှ​ပြန်​လည် ရောက်​ရှိ​သော​အ​ခါ ဘု​ရား​သ​ခင်​ကို​ရူ​ပါ​ရုံ တွင်​တစ်​ဖန်​မြင်​ရ​လေ​၏။ ဘု​ရား​သ​ခင်​သည် သူ့​အား​ကောင်း​ချီး​ပေး​လျက်၊-
9 Depois que Jacó havia retornado de Padã-Arã, Deus lhe apareceu outra vez e o abençoou.
10 ``သင်​၏​နာ​မည်​သည်​ယာ​ကုပ်​ဖြစ်​၏။ သို့​ရာ​တွင် ယ​ခု​မှ​စ​၍​သင်​၏​နာမည်​ကို​ဣ​သ​ရေ​လ​ဟူ​၍ ခေါ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​ယာ​ကုပ်​အား​ဣ​သ​ရေ​လ​နာ​မည် ဖြင့်​သ​မုတ်​တော်​မူ​၏။-
10 Deus disse a ele: — Você se chama Jacó, mas o seu nome não será mais Jacó; o seu nome será Israel. E lhe deu o nome de Israel.
11 တစ်​ဖန်​ဘု​ရား​သ​ခင်​က​သူ့​အား``ငါ​သည် အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ဖြစ်​၏။ သား သ​မီး​များ​စွာ​မွေး​ဖွား​လော့။ လူ​အ​မျိုး​မျိုး တို့​သည်​သင်​မှ​ဆင်း​သက်​ကြ​လိမ့်​မည်။ သင် ၏​အ​မျိုး​အ​နွယ်​မှ​ဘု​ရင်​များ​ပေါ်​ထွန်း လိမ့်​မည်။-
11 Disse-lhe mais: — Eu sou o Deus Todo-Poderoso; seja fecundo e multiplique-se; uma nação e multidão de nações sairão de você, e reis procederão de você.
12 ငါ​သည်​အာ​ဗြ​ဟံ​နှင့်​ဣ​ဇာက်​တို့​အား​ပေး သော​ပြည်​ကို​သင့်​အား​လည်း​ကောင်း၊ သင်​၏ အ​ဆက်​အ​နွယ်​တို့​အား​လည်း​ကောင်း​ငါ ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။-
12 A terra que dei a Abraão e a Isaque darei também a você e, depois de você, à sua descendência.
13 ထို့​နောက်​ဘု​ရား​သ​ခင်​သည်​သူ့​ထံ​မှ​ကြွ သွား​တော်​မူ​၏။-
13 E Deus se retirou dele, elevando-se do lugar onde lhe havia falado.
14 ယာ​ကုပ်​သည်​ဘု​ရား​သ​ခင်​က​သူ့​အား​မိန့်​ကြား တော်​မူ​သော​အ​ရပ်​တွင်​မှတ်​တိုင်​ကို​စိုက်​ထူ​၍ ၎င်း​အ​ပေါ်​တွင်​စ​ပျစ်​ရည်​နှင့်​ဆီ​လောင်း​လျက် ဆက်​ကပ်​လေ​၏။-
14 Então Jacó pôs uma coluna de pedra no lugar onde Deus havia falado com ele e derramou uma libação e azeite sobre ela.
15 သူ​သည်​ထို​အ​ရပ်​ကို​ဗေ​သ​လ​ဟု​နာ​မည်​မှည့် ခေါ်​လေ​သည်။
15 Ao lugar onde Deus lhe havia falado, Jacó deu o nome de Betel.
16 ယာ​ကုပ်​နှင့်​သူ​၏​မိ​သား​စု​တို့​သည်​ဗေ​သ​လ အ​ရပ်​မှ​ခ​ရီး​ထွက်​ခဲ့​ကြ​ရာ ဧ​ဖ​ရတ်​မြို့​သို့ မ​ရောက်​မီ​ခ​ရီး​အ​တန်​ကွာ​နေ​ရာ​သို့​ရောက် သော်​ရာ​ခေ​လ​သည်​မီး​ဖွား​ရန်​အ​ချိန်​စေ့​၍ ဝေ​ဒ​နာ​ပြင်း​ပြ​စွာ​ခံ​ရ​လေ​၏။-
16 Partiram de Betel, e, havendo ainda pequena distância para chegar a Efrata, Raquel deu à luz um filho, num parto que foi muito difícil.
17 သူ​သည်​သား​ကို​ဖွား​ချိန်​၌​ဝေ​ဒ​နာ​အ​ပြင်း ဆုံး​ခံ​ရ​၏။ ထို​အ​ခါ​ဝမ်း​ဆွဲ​က​သူ့​ကို``ရာ​ခေ​လ၊ မ​စိုး​ရိမ်​နှင့်။ သား​တစ်​ယောက်​ထပ်​၍​ရ​ပြီ'' ဟု ပြော​လေ​၏။-
17 Em meio às dores, a parteira disse a Raquel: — Não tenha medo, pois você ainda terá este filho.
18 သို့​ရာ​တွင်​သူ​သည်​သေ​အံ့​ဆဲ​ဆဲ​အ​ချိန်​တွင် ထို​သား​ကို​ဗေ​နော​နိ​ဟူ​၍​နာ​မည်​မှည့်​လေ သည်။ ဖ​ခင်​က​မူ​ထို​သား​ကို​ဗင်္ယာ​မိန်​ဟု​နာ မည်​မှည့်​လေ​၏။
18 Ao sair-lhe a alma (porque morreu), deu ao filho o nome de Benoni. Mas seu pai lhe chamou Benjamim.
19 ရာ​ခေ​လ​ကွယ်​လွန်​သော်​ဗက်​လင်​မြို့​ဟု​ခေါ် တွင်​သော ဧ​ဖ​ရတ်​မြို့​သို့​သွား​ရာ​လမ်း​အ​နီး တွင်​သူ့​အ​လောင်း​ကို​သင်္ဂြိုဟ်​ကြ​လေ​၏။-
19 Assim, Raquel morreu e foi sepultada no caminho de Efrata, que é Belém.
20 ယာ​ကုပ်​သည်​သင်္ချိုင်း​ပေါ်​တွင်​မှတ်​တိုင်​ကို​စိုက် ထူ​ခဲ့​ရာ ယ​နေ့​ထက်​တိုင်​ထို​မှတ်​တိုင်​ကို​ရာ ခေ​လ​၏​သင်္ချိုင်း​မှတ်​တိုင်​ဟု​ခေါ်​တွင်​လေ​သည်။-
20 Jacó levantou uma coluna sobre a sepultura de Raquel. Essa é a coluna da sepultura de Raquel até o dia de hoje.
21 ထို​နောက်​ယာ​ကုပ်​သည်​ခ​ရီး​ဆက်​ခဲ့​၍​ဧ​ဒါ လင့်​စင်​အ​လွန်​၌​စ​ခန်း​ချ​လေ​သည်။
21 Então Israel partiu e armou a sua tenda além da torre de Éder.
22 ယာ​ကုပ်​သည်​ထို​အ​ရပ်​တွင်​နေ​ထိုင်​စဉ်​ရု​ဗင် သည် ဖ​ခင်​၏​မ​ယား​ငယ်​ဗိ​လ​ဟာ​နှင့်​ဖောက် ပြန်​မှား​ယွင်း​လေ​၏။ ယာ​ကုပ်​သည်​ထို​အ​ကြောင်း ကို​ကြား​သိ​လေ​သည်။
22 E aconteceu que, habitando Israel naquela terra, Rúben foi e se deitou com Bila, concubina de seu pai. E Israel ficou sabendo disso. Eram doze os filhos de Israel.
23 လေ​အာ​မှ​ဖွား​မြင်​သော​သား​များ​မှာ​ရု​ဗင် (ယာ​ကုပ်​၏​သား​ဦး) ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ​နှင့်​ဇာ​ဗု​လုန်​တို့​ဖြစ်​သည်။
23 Rúben, o primogênito de Jacó, Simeão, Levi, Judá, Issacar e Zebulom, filhos de Lia;
24 ရာ​ခေ​လ​၏​သား​များ​မှာ​ယော​သပ်​နှင့် ဗင်္ယာ​မိန်​တို့​ဖြစ်​သည်။-
24 José e Benjamim, filhos de Raquel;
25 ရာ​ခေ​လ​၏​ကျွန်​မ​ဗိ​လ​ဟာ​၏​သား​များ မှာ​ဒန်​နှင့်​န​ဿ​လိ​တို့​ဖြစ်​သည်။-
25 Dã e Naftali, filhos de Bila, serva de Raquel;
26 လေ​အာ​၏​ကျွန်​မ​ဇိ​လ​ပ​၏​သား​များ​မှာ ဂဒ်​နှင့်​အာ​ရှာ​တို့​ဖြစ်​သည်။ ဤ​သား​တို့​သည် မက်​ဆို​ပို​တေး​မီး​ယား​ပြည်​မြောက်​ပိုင်း​၌ ဖွား​မြင်​ခဲ့​ကြ​သည်။
26 e Gade e Aser, filhos de Zilpa, serva de Lia. São estes os filhos de Jacó, que lhe nasceram em Padã-Arã.
27 ယာ​ကုပ်​သည်​အာ​ဗြ​ဟံ​နှင့်​ဣ​ဇာက်​တို့​နေ​ထိုင် ခဲ့​သော​ဟေ​ဗြုန်​မြို့​အ​နီး​မံ​ရေ​အ​ရပ်​ရှိ​သူ ၏​ဖ​ခင်​ဣ​ဇာက်​ထံ​သို့​ရောက်​ရှိ​လာ​လေ​၏။-
27 Jacó veio a Isaque, seu pai, a Manre, a Quiriate-Arba (que é Hebrom), onde peregrinaram Abraão e Isaque.
28 ဣ​ဇာက်​သည်​အ​သက်​တစ်​ရာ့​ရှစ်​ဆယ်​ထိ​အ​သက် ရှင်​၏။ သူ​သည်​အ​ရွယ်​ကြီး​ရင့်​၍​နေ့​ရက်​နှစ် ပေါင်း​များ​စွာ​ပြည့်​ပြီ​ဖြစ်​သော​ကြောင့် နောက် ဆုံး​ထွက်​သက်​ကို​ရှူ​၍​ကွယ်​လွန်​လေ​သည်။ သူ​သည်​မိ​မိ​လူ​မျိုး​စု​နှင့်​စု​ဝေး​ခွင့်​ရ​၏။-
28 Os dias da vida de Isaque foram cento e oitenta anos.
29 သူ​၏​သား​များ​ဖြစ်​ကြ​သော​ဧ​သော​နှင့် ယာ​ကုပ်​တို့​က​သူ့​အား​သင်္ဂြိုဟ်​ကြ​၏။
29 Após uma longa velhice, Isaque expirou e morreu, sendo reunido ao seu povo; e Esaú e Jacó, seus filhos, o sepultaram.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Gênesis 35, comparar traduções ou montar um estudo — tudo direto pelo WhatsApp.