Gênesis 34

Common Language Bible (MYA) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 တစ်​နေ့​သ​၌​ယာ​ကုပ်​နှင့်​လေ​အာ​တို့​၏​သ​မီး ဒိ​န​သည် ခါ​နာန်​အ​မျိုး​သ​မီး​တို့​ထံ​အ​လည် အ​ပတ်​သွား​၏။-
1 Certa vez Dina, a filha de Jacó e de Leia, foi fazer uma visita a algumas moças daquele lugar.
2 ထို​ဒေ​သ​ကို​အ​စိုး​ရ​သော​ဟိ​ဝိ​အ​မျိုး​သား ဟာ​မော်​မင်း​၏​သား​ရှေ​ခင်​သည် ဒိ​န​ကို​မြင် လျှင်​အ​ဋ္ဌမ္မ​သိမ်း​ပိုက်​၍​မ​တ​ရား​ပြု​ကျင့် လေ​၏။-
2 Hamor, o heveu, que era chefe daquela região, tinha um filho chamado Siquém. Este viu Dina, pegou-a e a forçou a ter relações com ele.
3 သို့​ရာ​တွင်​သူ​သည်​ဒိ​န​၏​ရုပ်​ရည်​ကို​စွဲ​မက် သ​ဖြင့် မေတ္တာ​သက်​ဝင်​လာ​သော​ကြောင့်​သူ့​အား မေတ္တာ​တုံ့​ပြန်​ရန်​ဖျောင်း​ဖျ​လေ​သည်။-
3 E ele a achou tão atraente, que se apaixonou por ela e procurou fazer com que ela o amasse.
4 ထို့​ကြောင့်​ရှေ​ခင်​သည်​သူ​၏​ဖ​ခင်​အား ဒိ​န​ကို လက်​ထပ်​ယူ​နိုင်​ရန်​ကြောင်း​လမ်း​ပေး​ပါ​ဟု တောင်း​ပန်​လေ​၏။
4 Depois disse ao seu pai: — Peça esta moça em casamento para mim.
5 ယာ​ကုပ်​သည်​သူ​၏​သ​မီး​ဒိ​န​မ​တ​ရား​ပြု ကျင့်​ခံ​ရ​ကြောင်း​ကို​ကြား​သိ​ရ​သော်​လည်း သူ ၏​သား​တို့​သည်​တိရစ္ဆာန်​များ​ကို​စား​ကျက်​၌ ထိန်း​ကျောင်း​ရာ​မှ​ပြန်​မ​ရောက်​ကြ​သေး​သ​ဖြင့် မည်​သို့​မျှ​မ​ပြော​ဘဲ​ဆိတ်​ဆိတ်​နေ​လေ​၏။-
5 Jacó ficou sabendo que Siquém havia desonrado a sua filha Dina. Porém, como os seus filhos estavam no campo com o gado, não disse nada até que eles voltaram para casa.
6 ယာ​ကုပ်​၏​သား​များ​စား​ကျက်​ထဲ​မှ​ပြန်​လာ နေ​ခိုက်၊-
6 Enquanto isso, Hamor, o pai de Siquém, foi falar com Jacó.
7 ရှေ​ခင်​၏​ဖ​ခင်​ဟာ​မော်​သည်​ကြောင်း​လမ်း​ရန် ကိစ္စ​နှင့်​ယာ​ကုပ်​ထံ​သို့​ရောက်​ရှိ​လာ​၏။ ယာ​ကုပ် ၏​သား​တို့​သည်​မိ​မိ​တို့​၏​နှ​မ​အား​ရှေ​ခင် က​မ​တ​ရား​ပြု​ကျင့်​ခြင်း​ဖြင့် ဣ​သ​ရေ​လ တစ်​မျိုး​လုံး​ကို​စော်​ကား​ကြောင်း​ကြား​ရ​သော အ​ခါ မ​ပြု​အပ်​သော​ယုတ်​မာ​မှု​ကို​ပြု​သော ကြောင့်​စိတ်​နာ​၍​အ​လွန်​ဒေါ​သ​အ​မျက်​ထွက် ကြ​လေ​သည်။-
7 Quando os filhos de Jacó chegaram do campo e souberam do caso, ficaram indignados e furiosos, pois Siquém havia feito uma coisa vergonhosa em Israel, desonrando a filha de Jacó. Isso era uma coisa que não se devia fazer.
8 ဟာ​မော်​က​သူ​တို့​အား``ငါ့​သား​ရှေ​ခင်​သည် သင်​တို့​၏​သ​မီး​ကို​ချစ်​ကြိုက်​နေ​ပါ​ပြီ။ သင်​တို့​၏​သ​မီး​နှင့်​ထိမ်း​မြား​လက်​ထပ် ခွင့်​ပေး​ကြ​ပါ။-
8 Mas Hamor lhes disse: — O meu filho Siquém está apaixonado pela filha de vocês. Eu peço que vocês deixem que ela case com ele.
9 ငါ​တို့​လူ​မျိုး​နှင့်​သင်​တို့​လူ​မျိုး​ထိမ်း​မြား နိုင်​ရန်​သ​ဘော​တူ​ကြ​ပါ​စို့။-
9 Fiquemos parentes; nós casaremos com as filhas de vocês, e vocês casarão com as nossas.
10 သင်​တို့​ဤ​ပြည်​၌​ငါ​တို့​နှင့်​အ​တူ​နေ​ထိုင်​ကြ ပါ။ ကြိုက်​နှစ်​သက်​ရာ​အ​ရပ်​ကို​ရွေး​၍​နေ​ကြ ပါ။ လွတ်​လပ်​စွာ​ရောင်း​ဝယ်​ဖောက်​ကား​ကြ​ပါ။ ပစ္စည်း​ဥစ္စာ​ကို​လည်း​ပိုင်​ဆိုင်​ကြ​ပါ'' ဟု​ဆို လေ​၏။
10 Fiquem aqui com a gente, morando na nossa região. Comprem terras onde quiserem e façam negócios por aqui.
11 ထို​နောက်​ရှေ​ခင်​က​ဒိ​န​၏​ဖ​ခင်​နှင့်​အစ်​ကို တို့​အား``သင်​တို့​ထံ​မှ​မျက်​နှာ​သာ​ရ​မည်​ဆို လျှင်​သင်​တို့​တောင်း​သ​မျှ​ကို​ပေး​ပါ​မည်။-
11 Depois Siquém disse ao pai e aos irmãos de Dina: — Façam este favor para mim, e eu lhes darei o que quiserem.
12 သင်​တို့​အ​လို​ရှိ​သ​မျှ​မင်္ဂ​လာ​ကြေး​နှင့် လက်​ဖွဲ့​ပစ္စည်း​ကို​အ​မြင့်​ဆုံး​သတ်​မှတ်​တောင်း ဆို​ကြ​ပါ။ ဒိ​န​ကို​လက်​ထပ်​ခွင့်​ပေး​မည်​ဆို လျှင်​သင်​တို့​တောင်း​ဆို​သ​မျှ​ကို​ပေး​ပါ​မည်'' ဟု​ပြော​လေ​၏။
12 Peçam os presentes que quiserem e digam quanto querem que eu pague pela moça, mas deixem que ela case comigo.
13 ယာ​ကုပ်​၏​သား​တို့​သည်​မိ​မိ​တို့​၏​နှ​မ​ဒိ​န အား ရှေ​ခင်​က​အ​သ​ရေ​ပျက်​အောင်​ပြု​ကျင့်​ခဲ့ သ​ဖြင့် ရှေ​ခင်​နှင့်​သူ​၏​ဖ​ခင်​ကို​ပ​ရိ​ယာယ်​သုံး ၍​ဖြေ​ကြား​လေ​၏။-
13 Como Siquém havia desonrado a irmã deles, os filhos de Jacó foram falsos na resposta que deram a ele e ao seu pai Hamor.
14 သူ​တို့​က``ကျွန်ုပ်​တို့​၏​နှ​မ​ကို​အ​ရေ​ဖျား​လှီး ခြင်း​မင်္ဂ​လာ​မ​ခံ​ရ​သူ​နှင့်​ထိမ်း​မြား​ပေး​ခွင့် မ​ရှိ​ပါ။ ထို​သို့​ပြု​လျှင်​ကျွန်ုပ်​တို့​အ​တွက် ရှက်​ဖွယ်​ဖြစ်​ပါ​သည်။-
14 Eles disseram assim: — Não podemos deixar que a nossa irmã case com um homem que não tenha sido
15 ကျွန်ုပ်​တို့​သ​ဘော​တူ​လက်​ခံ​နိုင်​မည့်​အ​ချက် တစ်​ချက်​တည်း​သာ​ရှိ​ပါ​သည်။ ထို​အ​ချက်​မှာ သင်​တို့​တွင်​ရှိ​သော​ယောကျာ်း​အား​လုံး​ကျွန်ုပ် တို့​ကဲ့​သို့​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို ခံ​ရ​မည်​ဖြစ်​သည်။-
15 Só podemos aceitar com esta condição: que vocês fiquem como nós, quer dizer, que todos os seus homens sejam circuncidados.
16 ထို​သို့​ပြု​လျှင်​ကျွန်ုပ်​တို့​သ​မီး​များ​ကို​သင် တို့​နှင့်​ထိမ်း​မြား​၍ သင်​တို့​သ​မီး​များ​ကို​ကျွန်ုပ် တို့​ထိမ်း​မြား​မည်။ သင်​တို့​ထံ​တွင်​နေ​ထိုင်​ကာ လူ​တစ်​မျိုး​တည်း​ဖြစ်​ရန်​သ​ဘော​တူ​ပါ​မည်။-
16 Aí, sim, vocês poderão casar com as nossas filhas, e nós casaremos com as filhas de vocês. Nós viveremos no meio de vocês, e seremos todos um povo só.
17 သို့​ရာ​တွင်​သင်​တို့​က​ကျွန်ုပ်​တို့​၏​တောင်း​ဆို ချက်​ကို​ပယ်​၍ အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ ကို​မ​ခံ​ကြ​ပါ​မူ​ကျွန်ုပ်​တို့​သည် နှ​မ​ကို​ပြန် သိမ်း​၍​သင်​တို့​ထံ​မှ​ထွက်​ခွာ​သွား​ပါ​မည်'' ဟု​ပြော​ကြ​လေ​၏။
17 Mas, se vocês não aceitarem a nossa condição e não quiserem ser circuncidados, nós iremos embora e levaremos a nossa irmã.
18 ဟာ​မော်​နှင့်​သူ​၏​သား​ရှေ​ခင်​တို့​အ​တွက်​ထို တောင်း​ဆို​ချက်​ကို​လက်​ခံ​နိုင်​ဖွယ်​ရှိ​၏။ ရှေ​ခင် သည်​ယာ​ကုပ်​၏​သမီး​ကို​အ​လွန်​စွဲ​မက်​နေ သ​ဖြင့်၊-
18 Hamor e o seu filho Siquém concordaram com a condição.
19 ယာ​ကုပ်​၏​သား​များ​ပေး​သော​အ​ကြံ​ကို ချက်​ချင်း​လက်​ခံ​လိုက်​လေ​သည်။ ရှေ​ခင်​သည် ကား​မိ​မိ​၏​အ​မျိုး​သား​ချင်း​တို့​တွင်​အ​ရေး ပါ​အ​ရာ​ရောက်​ဆုံး​သော​ပ္ဂိုလ်​ဖြစ်​၏။
19 Sem perda de tempo, o moço foi circuncidado, pois estava apaixonado pela filha de Jacó. E Siquém era a pessoa mais respeitada na família do seu pai.
20 ဟာ​မော်​နှင့်​သူ​၏​သား​ရှေ​ခင်​တို့​သည် မြို့ တံ​ခါး​ဝ​ရှိ​စည်း​ဝေး​ရာ​နေ​ရာ​သို့​သွား​၍ မြို့​သား​တို့​အား၊-
20 Depois Hamor e o seu filho Siquém foram até o portão da cidade, onde eram tratados os negócios, e disseram aos moradores da cidade:
21 ``ဤ​သူ​တို့​သည်​ငါ​တို့​ကို​ဖော်​ရွေ​ကြ​ပါ​၏။ သူ​တို့​အား​ငါ​တို့​ပြည်​၌​နေ​၍​လွတ်​လပ်​စွာ သွား​လာ​ခွင့်​ရှိ​ကြ​ပါ​စေ။ ငါ​တို့​ပြည်​သည် သူ​တို့​နေ​သာ​အောင်​ကျယ်​ဝန်း​ပါ​သည်။ ငါ တို့​သည်​သူ​တို့​၏​သ​မီး​များ​ကို​ထိမ်း​မြား ၍​သူ​တို့​က​လည်း​ငါ​တို့​၏​သ​မီး​များ​ကို ထိမ်း​မြား​ပါ​စေ။-
21 — Essa gente é amiga. Vamos deixar que eles fiquem morando e negociando aqui, pois há terras que chegam para eles. Nós poderemos casar com as filhas deles, e eles poderão casar com as nossas.
22 သို့​ရာ​တွင်​ငါ​တို့​ယောကျာ်း​အား​လုံး​က​သူ တို့​နည်း​တူ အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို ခံ​ကြ​ပါ​မှ သူ​တို့​သည်​ငါ​တို့​နှင့်​အ​တူ​နေ ထိုင်​၍ ငါ​တို့​နှင့်​လူ​တစ်​မျိုး​တည်း​ဖြစ်​နိုင်​မည် ဟု​ဆို​ပါ​သည်။-
22 Mas eles só concordam em viver entre nós e se tornar um só povo com a gente se aceitarmos esta condição: todos os nossos homens precisam ser circuncidados, como eles são.
23 သူ​တို့​အား​ငါ​တို့​နှင့်​အ​တူ​နေ​ထိုင်​စေ​ရန်​သ ဘော​တူ​ကြ​မည်​ဆို​လျှင် သူ​တို့​၏​သိုး၊ ဆိတ်​မှ စ​၍​တိ​ရစ္ဆာန်​များ​နှင့်​ဥစ္စာ​ပစ္စည်း​များ​ကို​လည်း ငါ​တို့​ပိုင်​ဆိုင်​လာ​မည်​မ​ဟုတ်​ပါ​လော'' ဟု ပြော​လေ​၏။-
23 E será que não ficaremos com todo o gado deles e com tudo o que eles têm? É só aceitarmos a condição, e eles ficarão morando entre nós.
24 မြို့​သား​တို့​သည်​လည်း​ဟာ​မော်​နှင့်​သူ​၏​သား ရှေ​ခင်​တို့​၏​အ​ကြံ​ပေး​ချက်​ကို​သ​ဘော​တူ လက်​ခံ​၍ ယောကျာ်း​မှန်​သ​မျှ​အ​ရေ​ဖျား​လှီး ခြင်း​မင်္ဂ​လာ​ကို​ခံ​ကြ​၏။
24 Todos os homens maiores de idade concordaram com Hamor e com o seu filho Siquém e foram circuncidados.
25 ထို​နောက်​သုံး​ရက်​မြောက်​သော​နေ့​၌​မြို့​သား တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကြောင့်​ဝေ​ဒ​နာ ခံ​နေ​ရ​စဉ် ယာ​ကုပ်​၏​သား​များ​ဖြစ်​ကြ​သော ဒိ​န​၏​အစ်​ကို​ရှိ​မောင်​နှင့်​လေ​ဝိ​တို့​သည်​ဋ္ဌား ကို​စွဲ​ကိုင်​လျက် မြို့​တွင်း​သို့​အ​မှတ်​မ​ထင်​ဝင် ရောက်​ပြီး​လျှင်​ယောကျာ်း​ရှိ​သ​မျှ​တို့​ကို​သတ် လေ​၏။-
25 Três dias depois, quando os homens sentiam fortes dores, dois filhos de Jacó, Simeão e Levi, irmãos de Dina, pegaram as suas espadas, entraram na cidade sem ninguém notar e mataram todos os homens.
26 သူ​တို့​သည်​ဟာ​မော်​နှင့်​သူ​၏​သား​ရှေ​ခင်​ကို လည်း​ခုတ်​သတ်​၍ ရှေ​ခင်​၏​အိမ်​မှ​ဒိ​န​ကို​ကယ် ယူ​ခဲ့​ပြီး​လျှင်​အိမ်​သို့​ပြန်​လာ​ခဲ့​ကြ​လေ​၏။-
26 E Hamor e Siquém também foram mortos. Em seguida Simeão e Levi tiraram Dina da casa de Siquém e saíram.
27 ယာ​ကုပ်​၏​အ​ခြား​သော​သား​တို့​က​လည်း​သူ တို့​၏​နှ​မ​အ​သ​ရေ​ဖျက်​ခံ​ရ​ခြင်း​ကို​လက်​စား ချေ​ရန် မိ​မိ​တို့​သတ်​ခဲ့​သော​သူ​တို့​ထံ​သွား​၍​မြို့ ကို​လု​ယက်​ဖျက်​ဆီး​ကြ​လေ​သည်။-
27 Depois da matança os outros filhos de Jacó roubaram as coisas de valor que havia na cidade para se vingar da desonra da sua irmã.
28 သူ​တို့​သည် သိုး​အုပ်၊ ဆိတ်​အုပ်၊ နွား​အုပ်၊ မြည်း အုပ်​နှင့်​မြို့​တွင်း​မြို့​ပြင်​၌​ရှိ​သ​မျှ​သော ပစ္စည်း​များ​ကို​လု​ယူ​ခဲ့​ကြ​သည်။-
28 Eles levaram as ovelhas e as cabras, o gado, os jumentos e tudo o que havia na cidade e no campo.
29 မြို့​သား​တို့​၏​အ​ဖိုး​တန်​ပစ္စည်း​ရှိ​သ​မျှ​နှင့်၊ သား​မ​ယား​နှင့်​က​လေး​သူ​ငယ်​အား​လုံး၊ အိမ်​တွင်း​၌​တွေ့​သ​မျှ​သော​ပစ္စည်း​များ​ကို သိမ်း​ယူ​ခဲ့​ကြ​သည်။
29 Tiraram das casas todas as coisas de valor e levaram como prisioneiras as mulheres e as crianças.
30 ထို​အ​ခါ​ယာ​ကုပ်​က​ရှိ​မောင်​နှင့်​လေ​ဝိ​တို့ အား``သင်​တို့​သည်​ငါ့​ကို​ဒုက္ခ​ရောက်​စေ​ပြီ။ ဤ ပြည်​မှ​ခါ​နာန်​အ​မျိုး​သား​နှင့်​ဖေ​ရ​ဇိ​အ​မျိုး သား​တို့​သည်​ငါ့​ကို​မုန်း​ကြ​လိမ့်​မည်။ ငါ့​ထံ​၌ လူ​အင်​အား​အ​နည်း​ငယ်​သာ​ရှိ​သည်။ အ​ကယ်​၍ သူ​တို့​စည်း​ရုံး​ကြ​ပြီး​လျှင်​ငါ့​ကို​တိုက်​ခိုက် ပါ​က ငါ​တို့​မိ​သား​စု​အား​လုံး​သေ​ကြေ ပျက်​စီး​ရ​ကြ​လိမ့်​မည်'' ဟု​ပြော​လေ​၏။
30 Então Jacó disse a Simeão e a Levi: — Vocês me puseram numa situação difícil. Agora os cananeus, os perizeus e todos os moradores destas terras vão ficar com ódio de mim. Eu não tenho muitos homens. Se eles se ajuntarem e me atacarem, a minha família inteira será morta.
31 သူ​တို့​က``ကျွန်​တော်​တို့​၏​နှ​မ​ကို​ပြည့်​တန် ဆာ​အ​ဖြစ်​မ​ခံ​နိုင်​ပါ'' ဟု​ပြန်​ပြော​ကြ​၏။
31 Mas eles responderam: — Nós não podíamos deixar que a nossa irmã fosse tratada como uma prostituta.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Gênesis 34, comparar traduções ou montar um estudo — tudo direto pelo WhatsApp.