Gênesis 30

Common Language Bible (MYA) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ရာ​ခေ​လ​သည်​ယာ​ကုပ်​နှင့်​သား​သ​မီး​မ​ထွန်း ကား​သ​ဖြင့် အစ်​မ​ကို​မ​နာ​လို​ဖြစ်​ပြီး​လျှင် ယာ​ကုပ်​အား``ကျွန်​မ​တွင်​သား​သ​မီး​မ​ရ ပါ​က​သေ​ရ​ပါ​တော့​မည်'' ဟု​ပြော​လေ​၏။
1 Quando Raquel viu que não dava filhos a Jacó, teve inveja de sua irmã. Por isso disse a Jacó: "Dê-me filhos ou morrerei! "
2 ထို​အ​ခါ​ယာ​ကုပ်​သည်​အ​မျက်​ထွက်​၍``ငါ သည်​ဘု​ရား​လော။ ဘု​ရား​က​သာ​သင့်​အား သား​ဖွား​ခွင့်​ကို​ပေး​တော်​မူ​နိုင်​သည်​မ​ဟုတ် လော'' ဟု​ပြန်​ဖြေ​လေ​သည်။
2 Jacó ficou irritado e disse: "Por acaso estou no lugar de Deus, que a impediu de ter filhos? "
3 ရာ​ခေ​လ​က``ကျွန်​မ​အ​တွက်​က​လေး​ရ​စေ​ရန် ကျွန်​မ​၏​ကျွန်​ဗိ​လ​ဟာ​နှင့်​အိပ်​ပါ​လော့။ သူ့ အား​ဖြင့်​က​လေး​ရ​လျှင်​ကျွန်​မ​သည်​အ​မေ တစ်​ယောက်​ဖြစ်​လာ​နိုင်​ပါ​မည်'' ဟု​ဆို​လေ​၏။-
3 Então ela respondeu: "Aqui está Bila, minha serva. Deite-se com ela, para que tenha filhos em meu lugar e por meio dela eu também possa formar família".
4 သူ​သည်​ဗိ​လ​ဟာ​ကို​ယာ​ကုပ်​အား​ပေး​အပ်​၍ ယာ​ကုပ်​သည်​ဗိ​လ​ဟာ​နှင့်​အိပ်​သ​ဖြင့်၊-
4 Por isso ela deu a Jacó sua serva Bila por mulher. Ele deitou-se com ela,
5 ဗိ​လ​ဟာ​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​တစ်​ယောက် ကို​ဖွား​မြင်​လေ​သည်။-
5 Bila engravidou e deu-lhe um filho.
6 ရာ​ခေ​လ​က``ဘု​ရား​သ​ခင်​သည်​ငါ့​ဘက်​၌ တ​ရား​စီ​ရင်​တော်​မူ​ပြီ။ ငါ​၏​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​၍​ငါ့​အား​သား​ကို​ပေး​သ​နား တော်​မူ​ပြီ'' ဟု​ဆို​လျက်​ထို​သား​ကို​ဒန်​ဟူ​၍ နာ​မည်​မှည့်​လေ​၏။-
6 Então Raquel disse: "Deus me fez justiça, ouviu o meu clamor e deu-me um filho". Por isso deu-lhe o nome de Dã.
7 တစ်​ဖန်​ဗိ​လ​ဟာ​သည်​ယာ​ကုပ်​နှင့်​ဒု​တိ​ယ​သား ကို​ရ​လေ​သည်။-
7 Bila, serva de Raquel, engravidou novamente e deu a Jacó o segundo filho.
8 ထို​အ​ခါ​ရာ​ခေ​လ​က``ငါ​သည်​ငါ​၏​အစ်​မ နှင့်​အ​ပြင်း​အ​ထန်​ဆိုင်​ပြိုင်​ခဲ့​ရာ​အ​နိုင်​ရ​လေ ပြီ'' ဟု​ဆို​လျက်​ထို​သား​ကို​န​ဿ​လိ​ဟူ​၍ နာ​မည်​မှည့်​လေ​၏။
8 Então disse Raquel: "Tive grande luta com minha irmã e venci". Pelo que o chamou Naftali.
9 လေ​အာ​သည်​လည်း​မိ​မိ​၌​သား​ဖွား​ခြင်း​ရပ်​ဆိုင်း သွား​ကြောင်း​သိ​မြင်​ရ​သော​အ​ခါ သူ​၏​ကျွန်​မ ဇိ​လ​ပ​ကို​ယာ​ကုပ်​အား​မ​ယား​အ​ဖြစ်​ပေး အပ်​လေ​သည်။-
9 Quando Lia viu que tinha parado de ter filhos, tomou sua serva Zilpa e a deu a Jacó por mulher.
10 သို့​ဖြစ်​၍​ဇိ​လ​ပ​သည်​ယာ​ကုပ်​နှင့်​သား​တစ် ယောက်​ကို​ရ​လေ​၏။-
10 Zilpa, serva de Lia, deu a Jacó um filho.
11 ထို​နောက်​လေ​အာ​က``ငါ​၌​ကောင်း​ကျိုး​ဆိုက် ရောက်​လာ​ပြီ'' ဟု​ဆို​လျက်​ထို​သား​ကို​ဂဒ် နာ​မည်​ဖြင့်​မှည့်​လေ​၏။-
11 Então disse Lia: "Que grande sorte! " Por isso o chamou Gade.
12 တစ်​ဖန်​ဇိ​လ​ပ​သည်​ယာ​ကုပ်​နှင့်​သား တစ်​ယောက်​ရ​ပြန်​သော်၊-
12 Zilpa, serva de Lia, deu a Jacó mais um filho.
13 လေ​အာ​က``ငါ​၌​မင်္ဂ​လာ​ရှိ​၏။ အ​ခြား​သော မိန်း​မ​တို့​က​ငါ့​အား​မင်္ဂလာ​ရှိ​သူ​ဟု​ခေါ်​ကြ လိမ့်​မည်'' ဟု​ဆို​လျက်​ထို​သား​ကို​အာ​ရှာ နာ​မည်​ဖြင့်​မှည့်​လေ​သည်။
13 Então Lia exclamou: "Como sou feliz! As mulheres dirão que sou feliz". Por isso lhe deu o nome de Aser.
14 ဂျုံ​စ​ပါး​ရိတ်​သိမ်း​ချိန်​၌​ရုဗင်​သည်​လယ်​ထဲ​သို့ သွား​ရာ​၌ အ​နု​ဆေး​သီး​ကို​တွေ့​သ​ဖြင့်​မိ​ခင် လေ​အာ​ထံ​သို့​ယူ​ခဲ့​သည်။ ရာ​ခေ​လ​က​လေ​အာ အား``သင့်​သား​ယူ​ခဲ့​သော​အ​နု​ဆေး​သီး​အ​ချို့ ကို​ပေး​ပါ'' ဟု​တောင်း​လေ​၏။
14 Durante a colheita do trigo, Rúben saiu ao campo, encontrou algumas mandrágoras e as trouxe a Lia, sua mãe. Então Raquel disse a Lia: "Dê-me algumas mandrágoras do seu filho".
15 လေ​အာ​က``သင်​သည်​ငါ​၏​လင်​ယောကျာ်း​ကို​ယူ​ရုံ ဖြင့်​အား​မ​ရ​ဘဲ ယ​ခု​ငါ့​သား​၏​အ​နု​ဆေး​သီး ကို​ယူ​ချင်​ပြန်​ပြီ​လော'' ဟု​ဆို​လေ​၏။
15 Mas ela respondeu: "Não lhe foi suficiente tomar de mim o marido? Vai tomar também as mandrágoras que o meu filho trouxe? " Então disse Raquel: "Jacó se deitará com você esta noite, em troca das mandrágoras trazidas pelo seu filho".
16 ည​နေ​ခင်း​၌​ယာ​ကုပ်​လယ်​ထဲ​မှ​ပြန်​လာ​သော အ​ခါ လေ​အာ​သည်​ဆီး​ကြို​၍``ကျွန်​မ​၏​သား​ရ ခဲ့​သော​အ​နု​ဆေး​သီး​ကို​ရာ​ခေ​လ​အား​ပေး သ​ဖြင့် ရှင်​ကျွန်​မ​နှင့်​အ​တူ​ယ​နေ့​ည​အိပ်​ရ​မည်'' ဟု​ပြော​ရာ​ထို​ည​၌​ယာ​ကုပ်​သည်​လေ​အာ​နှင့် အိပ်​လေ​၏။
16 Quando Jacó chegou do campo naquela tarde, Lia saiu ao seu encontro e lhe disse: "Hoje você me possuirá, pois eu comprei esse direito com as mandrágoras do meu filho". E naquela noite ele se deitou com ela.
17 ဘု​ရား​သ​ခင်​သည်​လေ​အာ​၏​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​တော်​မူ​သ​ဖြင့် သူ​သည်​ကိုယ်​ဝန်​ဆောင် ၍​ပဉ္စမ​သား​ကို​ဖွား​မြင်​လေ​သည်။-
17 Deus ouviu Lia, e ela engravidou e deu a Jacó o quinto filho.
18 ထို​အ​ခါ​လေ​အာ​က``ငါ​သည်​ငါ​၏​ကျွန်​မ ကို​လင်​ယောကျာ်း​အား​ပေး​အပ်​သော​ကြောင့် ဘု​ရား​သ​ခင်​က​ငါ့​အား​ဆု​ချ​တော်​မူ​ပြီ'' ဟု​ဆို​လျက် ထို​သား​ကို​ဣ​သ​ခါ​ဟူ​၍​နာ​မည်​မှည့်​လေ​သည်။-
18 Disse Lia: "Deus me recompensou por ter dado a minha serva ao meu marido". Por isso deu-lhe o nome de Issacar.
19 တစ်​ဖန်​လေ​အာ​သည်​ကိုယ်​ဝန်​ဆောင်​၍​ဆ​ဋ္ဌ​မ သား​ကို​ဖွား​မြင်​သည်။-
19 Lia engravidou de novo e deu a Jacó o sexto filho.
20 ထို​အ​ခါ​သူ​က``ဘု​ရား​သ​ခင်​သည်​ငါ့​အား လက်​ဆောင်​ကောင်း​ကို​ပေး​သ​နား​တော်​မူ​ပြီ။ ငါ သည်​သား​ခြောက်​ယောက်​ကို​ဖွား​မြင်​ပေး​သ​ဖြင့် ယ​ခု​ငါ​၏​လင်​ယောကျာ်း​သည်​ငါ့​ကို​မြတ်​နိုး လိမ့်​မည်'' ဟု​ဆို​လျက်​ထို​သား​ကို​ဇာ​ဗု​လုန် ဟူ​၍​နာ​မည်​မှည့်​လေ​၏။-
20 Disse Lia: "Deus presenteou-me com uma dádiva preciosa. Agora meu marido me tratará melhor; afinal já lhe dei seis filhos". Por isso deu-lhe o nome de Zebulom.
21 ထို​နောက်​သူ​သည်​သ​မီး​တစ်​ယောက်​ကို​ဖွား​မြင် သ​ဖြင့်​ဒိ​န​ဟူ​၍​နာ​မည်​မှည့်​လေ​သည်။
21 Algum tempo depois, ela deu à luz uma menina a quem chamou Diná.
22 ဘု​ရား​သ​ခင်​သည်​ရာ​ခေ​လ​ကို​သ​တိ​ရ​၍ သူ ၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​သ​ဖြင့် သား​သ​မီး​ဖွား​ခွင့်​ကို​ပေး​တော်​မူ​၏။-
22 Então Deus lembrou-se de Raquel. Deus ouviu o seu clamor e a tornou fértil.
23 သူ​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​တစ်​ယောက်​ကို​ဖွား မြင်​လေ​၏။ ထို​အ​ခါ​သူ​က``ဘု​ရား​သ​ခင်​သည် ငါ့​အား​သား​ကို​ပေး​သ​နား​တော်​မူ​ခြင်း​ဖြင့် ငါ​ကဲ့​ရဲ့​ခံ​ရ​ခြင်း​ကို​ဖယ်​ရှား​တော်​မူ​ပြီ။-
23 Ela engravidou, e deu à luz um filho e disse: "Deus tirou de mim a minha humilhação".
24 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​သား​ကို​ထပ် ၍​ပေး​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​လျက်​ထို သား​ကို​ယော​သပ်​ဟူ​၍​နာ​မည်​မှည့်​လေ​သည်။
24 Deu-lhe o nome de José e disse: "Que o Senhor me acrescente ainda outro filho".
25 ယော​သပ်​ကို​ဖွား​မြင်​ပြီး​နောက်​ယာ​ကုပ်​က လာ​ဗန်​အား``ကျွန်ုပ်​ကို​နေ​ရင်း​ပြည်​သို့​ပြန် ခွင့်​ပေး​ပါ။-
25 Depois que Raquel deu à luz José, Jacó disse a Labão: "Deixe-me voltar para a minha terra natal.
26 ကျွန်ုပ်​သည်​ဦး​ရီး​ထံ​၌​အ​လုပ်​လုပ်​၍​ရ​သော မ​ယား​များ​နှင့်​တ​ကွ သား​သ​မီး​တို့​ကို​ခေါ် ဆောင်​လျက်​ထွက်​ခွာ​သွား​ပါ​ရ​စေ။ ကျွန်ုပ်​သည် ဦး​ရီး​အ​တွက်​မည်​မျှ​ကြိုး​စား​လုပ်​ကိုင်​ပေး ခဲ့​ကြောင်း​ဦး​ရီး​သိ​ပါ​၏'' ဟု​ပြော​လေ​၏။
26 Dê-me as minhas mulheres, pelas quais o servi, e os meus filhos, e partirei. Você bem sabe quanto trabalhei para você".
27 ထို​အ​ခါ​လာ​ဗန်​က``ငါ​လည်း​ပြော​ပါ​ရ​စေ။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကြောင့်​ငါ့​အား ကောင်း​ချီး​ပေး​တော်​မူ​ကြောင်း​ကို​ငါ​သိ မြင်​လာ​ရ​ပြီ။-
27 Mas Labão lhe disse: "Se mereço sua consideração, peço-lhe que fique. Por meio de adivinhação descobri que o Senhor me abençoou por sua causa".
28 သင်​အ​လို​ရှိ​သော​အ​ခ​ကို​ပြော​ပါ။ ထို​အ​ခ ကို​ငါ​ပေး​မည်'' ဟု​ဆို​လေ​၏။
28 E acrescentou: "Diga o seu salário, e eu lhe pagarei".
29 ယာ​ကုပ်​က``ကျွန်ုပ်​သည်​ဦး​ရီး​အ​တွက်​မည်​ကဲ့ သို့​လုပ်​ကိုင်​ပေး​ခဲ့​ကြောင်း​ကို​လည်း​ကောင်း၊ ကျွန်ုပ် ၏​ထိန်း​ကျောင်း​မှု​ကြောင့်​ဦး​ရီး​၏​တိ​ရစ္ဆာန်​များ မည်​မျှ​တိုး​ပွား​လာ​ကြောင်း​ကို​လည်း​ကောင်း ဦး​ရီး​သိ​မြင်​ရ​ပါ​ပြီ။-
29 Jacó lhe respondeu: "Você sabe quanto trabalhei para você e como os seus rebanhos cresceram sob os meus cuidados.
30 ကျွန်ုပ်​မ​ရောက်​မီ​က​ဦး​ရီး​၌​တိ​ရစ္ဆာန်​အ​နည်း ငယ်​မျှ​သာ​ရှိ​၍ ယ​ခု​မြောက်​မြား​စွာ​တိုး​ပွား လျက်​ရှိ​ပါ​သည်။ ကျွန်ုပ်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား သည်​ဦး​ရီး​အား​ကောင်း​ချီး​ပေး​တော်​မူ​ပြီ။ ယ​ခု​ကျွန်ုပ်​သည်​ကိုယ့်​စီး​ပွား​ကို​ရှာ​ရ​မည့် အ​ချိန်​ရောက်​ပါ​ပြီ'' ဟု​ဆို​လေ​၏။
30 O pouco que você possuía antes da minha chegada aumentou muito, pois o Senhor o abençoou depois que vim para cá. Contudo, quando farei algo em favor da minha própria família? "
31 ထို​အ​ခါ​လာ​ဗန်​က``သင့်​အ​တွက်​အ​ခ​မည် မျှ​ပေး​ရ​မည်​နည်း'' ဟု​မေး​၏။
31 Então Labão perguntou: "Que você quer que eu lhe dê? " "Não me dê coisa alguma", respondeu Jacó. "Voltarei a cuidar dos seus rebanhos se você concordar com o seguinte:
32 ယ​နေ့​ကျွန်ုပ်​သည်​တိ​ရစ္ဆာန်​အုပ်​တို့​ကို​လှည့်​လည် ၍​ကြည့်​ရှု​ပါ​မည်။ ၎င်း​တို့​အ​ထဲ​တွင်​တွေ့​ရှိ​ရ သော​သိုး​အ​နက်​နှင့်​အ​ပြောက်​အ​ကျား​ဆိတ် များ​ကို​ကျွန်ုပ်​ယူ​ပါ​မည်။ ထို​တိ​ရစ္ဆာန်​တို့​သည် ကျွန်ုပ်​အ​တွက်​အ​ခ​ဖြစ်​ပါ​စေ။-
32 Hoje passarei por todos os seus rebanhos e tirarei do meio deles todas as ovelhas salpicadas e pintadas, todos os cordeiros pretos e todas as cabras pintadas e salpicadas. Eles serão o meu salário.
33 နောင်​အ​ခါ​ကျွန်ုပ်​၌​ရိုး​သား​မှု​ရှိ​မ​ရှိ​ကို​ဦး ရီး​လွယ်​ကူ​စွာ​သိ​ရှိ​နိုင်​ပါ​မည်။ ဦး​ရီး​က ကျွန်ုပ်​အား​အ​ခ​အ​ဖြစ်​နှင့်​ပေး​သော​သိုး​ဆိတ် များ​ကို​စစ်​ဆေး​ကြည့်​ရှု​သော​အ​ခါ​၌ အ​ကွက် အ​ပြောက်​ပါ​သော​ဆိတ်​နှင့်​မည်း​နက်​သော​သိုး များ​က​လွဲ​၍ အ​ခြား​သိုး​ဆိတ်​များ​ကို​တွေ့ ရှိ​ပါ​က​၎င်း​တို့​ကို​ခိုး​ယူ​ကြောင်း​သိ​နိုင် ပါ​လိမ့်​မည်'' ဟု​ဆို​လေ​၏။
33 E a minha honestidade dará testemunho de mim no futuro, toda vez que você resolver verificar o meu salário. Se estiver em meu poder alguma cabra que não seja salpicada ou pintada, e algum cordeiro que não seja preto, poderá considerá-los roubados. "
34 လာ​ဗန်​က``သ​ဘော​တူ​ပါ​သည်။ သင်​၏​အ​ကြံ ပေး​ချက်​အ​တိုင်း​လိုက်​နာ​ကြ​စို့'' ဟု​ပြော​လေ​၏။-
34 E disse Labão: "De acordo. Seja como você disse".
35 ထို​နေ့​၌​ပင်​လာ​ဗန်​သည်​အ​ပြောက်​အ​ကျား ဆိတ်​ထီး၊ အ​ကွက်​အ​ပြောက်​သို့​မ​ဟုတ်​အ​ဖြူ ပြောက်​ပါ​ရှိ​သော​ဆိတ်​မ​ရှိ​သ​မျှ​တို့​ကို​လည်း ကောင်း၊ သိုး​အ​နက်​အား​လုံး​တို့​ကို​လည်း​ကောင်း ရွေး​ထုတ်​ပြီး​လျှင်​မိ​မိ​၏​သား​တို့​လက်​သို့ ပေး​အပ်​လေ​၏။-
35 Naquele mesmo dia Labão separou todos os bodes que tinham listras ou manchas brancas, todas as cabras que tinham pintas ou manchas brancas, e todos os cordeiros pretos e os colocou aos cuidados de seus filhos.
36 ထို​နောက်​ထို​သိုး​ဆိတ်​များ​ကို ယာ​ကုပ်​နှင့်​သုံး ရက်​ခ​ရီး​အ​ကွာ​အ​ရပ်​သို့​ပို့​ဆောင်​ထား​စေ​၏။ ယာ​ကုပ်​က​မူ​လာ​ဗန်​၌​ကျန်​ရှိ​သော​အ​ခြား သိုး​ဆိတ်​တို့​ကို​ထိန်း​ကျောင်း​လျက်​နေ​လေ​သည်။
36 Afastou-se então de Jacó, à distância equivalente a três dias de viagem, e Jacó continuou a apascentar o resto dos rebanhos de Labão.
37 ယာ​ကုပ်​သည်​ထင်း​ရှူး​ပင်၊ ဗာ​ဒံ​ပင်၊ ပိုး​ဇာ​ပင် တို့​၏​သစ်​စိမ်း​ကိုင်း​များ​ကို​ယူ​၍ အ​ဖြူ​တန်း များ​ပေါ်​အောင်​အ​ခွံ​ကို​ခွာ​ပစ်​ပြီး​နောက်၊-
37 Jacó pegou galhos verdes de estoraque, amendoeira e plátano e neles fez listras brancas, descascando-os parcialmente e expondo assim a parte branca interna dos galhos.
38 သိုး​ဆိတ်​များ​၏​ရေ​သောက်​ခွက်​များ​ရှေ့​တွင် ထို​သစ်​ကိုင်း​များ​ကို​ချ​ထား​လေ​သည်။ တိ​ရစ္ဆာန် တို့​သည်​ရေ​သောက်​လာ​သော​အ​ခါ မိတ်​လိုက် တတ်​သော​ကြောင့်​ထို​သို့​ချ​ထား​ခြင်း​ဖြစ်​သည်။-
38 Depois fixou os galhos descascados junto aos bebedouros, na frente dos rebanhos, no lugar onde costumavam beber água. Na época do cio, os rebanhos vinham beber e
39 သိုး​ဆိတ်​တို့​သည်​သစ်​ကိုင်း​များ​ရှေ့​တွင်​မိတ် လိုက်​ကြ​သ​ဖြင့် အ​ကွက်​အ​ပြောက်​အ​ကျား သား​ကောင်​များ​ပေါက်​ပွား​လာ​ကြ​သည်။
39 se acasalavam diante dos galhos. E geravam filhotes listrados, salpicados e pintados.
40 ယာ​ကုပ်​သည်​သိုး​အုပ်​နှင့်​ဆိတ်​အုပ်​တို့​ကို​ခွဲ ခြား​ထား​ပြီး​လျှင် လာ​ဗန်​၏​တိရစ္ဆာန်​အုပ်​ထဲ​မှ အ​ပြောက်​အ​ကျား​နှင့်​မည်း​နက်​သော​အ​ကောင် တို့​ကို​မျက်​နှာ​မူ​စေ​သည်။ ထို​နည်း​အား​ဖြင့် သူ​ပိုင်​သော​သိုး​ဆိတ်​များ​ပွား​များ​လာ​၍ လာ​ဗန်​၏​သိုး​ဆိတ်​အုပ်​နှင့်​သီး​ခြား​ထား ရှိ​လေ​သည်။
40 Jacó separava os filhotes do rebanho dos demais, e fazia com que esses ficassem juntos dos animais listrados e pretos de Labão. Assim foi formando o seu próprio rebanho que separou do de Labão.
41 ယာ​ကုပ်​သည်​သန်​စွမ်း​သော​တိရစ္ဆာန်​များ​မိတ် လိုက်​ကြ​သည့်​အ​ခါ သစ်​ကိုင်း​များ​ကို​မြင်​၍ မိတ်​လိုက်​စေ​ရန်​ရေ​သောက်​ခွက်​များ​၌​သစ် ကိုင်း​များ​ကို​ချ​ထား​လေ့​ရှိ​၏။-
41 Toda vez que as fêmeas mais fortes estavam no cio, Jacó colocava os galhos nos bebedouros, em frente dos animais, para que estes se acasalassem perto dos galhos;
42 ချည့်​နဲ့​သော​တိ​ရစ္ဆာန်​များ​ရှေ့​၌​မူ​သစ်​ကိုင်း များ​ကို​မ​ချ​ထား​ချေ။ မ​ကြာ​မီ​လာ​ဗန် ပိုင်​သော​သိုး​ဆိတ်​များ​သည်​အား​အင်​ချည့်​နဲ့ ၍​ယာ​ကုပ်​ပိုင်​သော​သိုး​ဆိတ်​များ​သည်​သန် စွမ်း​ကြ​၏။-
42 mas, se os animais eram fracos, não os colocava ali. Desse modo, os animais fracos ficavam para Labão e os mais fortes para Jacó.
43 ဤ​နည်း​အား​ဖြင့်​ယာ​ကုပ်​သည်​ပစ္စည်း​ဥစ္စာ အ​လွန်​ချမ်း​သာ​လာ​လေ​၏။ သူ​၌​သိုး​အုပ်၊ ဆိတ်​အုပ်၊ ကျွန်၊ ကု​လား​အုတ်၊ မြည်း​စ​သည် တို့​တိုး​ပွား​များ​ပြား​လာ​လေ​သည်။
43 Assim o homem ficou extremamente rico, tornando-se dono de grandes rebanhos e de servos e servas, camelos e jumentos.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Gênesis 30, comparar traduções ou montar um estudo — tudo direto pelo WhatsApp.