Gênesis 29

Common Language Bible (MYA) vs BKJ

Sair da comparação
1 ယာ​ကုပ်​သည်​အ​ရှေ့​ပြည်​သို့​ရှေ့​ရှု​၍​ခ​ရီး​ဆက် ခဲ့​လေ​သည်။-
1 Então, Jacó seguiu na sua jornada, e veio à terra do povo do oriente.
2 ထို​ပြည်​သို့​ရောက်​သော​အ​ခါ​လယ်​ကွင်း​ထဲ​၌​သိုး စု​သုံး​စု​ဝိုင်း​ရံ​လျက်​ရှိ​သော​ရေ​တွင်း​တစ်​တွင်း​ကို မြင်​ရ​လေ​သည်။ ထို​သို့​ဝိုင်း​ရံ​ရ​ခြင်း​မှာ​သိုး​စု​များ ကို​ထို​ရေ​တွင်း​မှ​ရေ​တိုက်​ရ​ခြင်း​ကြောင့်​ဖြစ်​၏။ ရေ တွင်း​အ​ဝ​ကို​ကျောက်​တုံး​ကြီး​ဖြင့်​ပိတ်​ထား​သည်။-
2 E ele olhou, e eis um poço no campo, e eis que ali havia três rebanhos de ovelhas deitados junto a ele, porque daquele poço davam de beber aos rebanhos, e uma grande pedra estava sobre a boca do poço.
3 သိုး​စု​များ​ရေ​တွင်း​အ​နား​သို့​ရောက်​ရှိ​လာ​ကြ သော​အ​ခါ​မှ​သာ သိုး​ထိန်း​တို့​သည်​ထို​ကျောက် တုံး​ကို​ရွှေ့​၍​သိုး​များ​ကို​ရေ​တိုက်​လေ့​ရှိ​ကြ​၏။ ထို​နောက်​သူ​တို့​သည် ကျောက်​တုံး​ကို​ရေ​တွင်း​ဝ ပေါ်​သို့​ပြန်​တင်​ထား​လေ့​ရှိ​ကြ​၏။
3 E ali estavam reunidos todos os rebanhos, e removiam a pedra da boca do poço, e davam de beber às ovelhas, e colocavam a pedra no lugar novamente sobre a boca do poço.
4 ယာ​ကုပ်​က​သိုး​ထိန်း​တို့​အား``အ​ဆွေ​တို့၊ သင် တို့​အ​ဘယ်​အ​ရပ်​က​လာ​ကြ​သ​နည်း'' ဟု​မေး သော်၊
4 E Jacó lhes disse: Meus irmãos, de onde sois? E eles disseram: Nós somos de Harã.
5 တစ်​ဖန်​ယာ​ကုပ်​က``နာ​ခေါ်​၏​သား​လာ​ဗန်​ဆို သူ​ကို​သိ​ပါ​သ​လော'' ဟု​မေး​၏။
5 E ele lhes disse: Conheceis Labão, filho de Naor? E eles disseram: Nós o conhecemos.
6 နောက်​တစ်​ဖန်​ယာ​ကုပ်​က``သူ​ကျန်း​မာ​ပါ သ​လော'' ဟု​မေး​၏။
6 E ele lhes disse: Ele está bem? E eles disseram: Ele está bem. E eis que Raquel, sua filha, está vindo com as ovelhas.
7 ယာ​ကုပ်​က``ယ​ခု​နေ​မြင့်​သေး​သ​ဖြင့်​သိုး​အုပ် များ​ကို​သိမ်း​သွင်း​ရန်​အ​ချိန်​မ​ရောက်​သေး။ သင် တို့​သည်​သိုး​များ​ကို​ရေ​တိုက်​ပြီး​လျှင် စား ကျက်​သို့​ပြန်​၍​ပို့​ဦး​လော့'' ဟု​ပြော​လေ​၏။
7 E ele disse: Eis que ainda é pleno dia, e nem é tempo de reunir o gado; dai de beber às ovelhas, e ide alimentá-las.
8 ထို​အ​ခါ​သူ​တို့​က``ကျွန်ုပ်​တို့​ထို​သို့​မ​ပြု လုပ်​နိုင်​ပါ။ သိုး​အုပ်​အား​လုံး​ဤ​အ​ရပ်​သို့ ရောက်​ရှိ​၍​ကျောက်​တုံး​ကို​ရွှေ့​ပြီး​မှ​သိုး​တို့ ကို​ရေ​တိုက်​ရ​ပါ​သည်'' ဟု​ပြန်​ဖြေ​ကြ​၏။
8 E eles disseram: Não podemos, até que todos os rebanhos sejam reunidos, e até que eles removam a pedra da boca do poço; então damos de beber às ovelhas.
9 ယာ​ကုပ်​သည်​သိုး​ကျောင်း​သား​တို့​နှင့်​စကား ပြော​ဆို​နေ​စဉ်​ဖ​ခင်​၏​သိုး​တို့​ကို​ထိန်း​ကျောင်း ရ​သော​ရာ​ခေ​လ​သည်​သိုး​အုပ်​နှင့်​အ​တူ​လာ နေ​၏။-
9 E enquanto ele ainda falava com eles, veio Raquel com as ovelhas de seu pai, porquanto ela as guardava.
10 ယာ​ကုပ်​သည်​သူ​၏​ဦး​ရီး​လာ​ဗန်​သိုး​အုပ် နှင့်​အ​တူ​ရာ​ခေ​လ​ရောက်​ရှိ​လာ​သော​အ​ခါ ရေ​တွင်း​သို့​သွား​၍​ကျောက်​တုံး​ကို​ရွှေ့​ဖယ်​ပြီး လျှင်​လာ​ဗန်​၏​သိုး​တို့​ကို​ရေ​တိုက်​လေ​၏။-
10 E aconteceu que, quando Jacó viu Raquel, a filha de Labão, irmão de sua mãe, e as ovelhas de Labão, irmão de sua mãe, Jacó se aproximou e removeu a pedra da boca do poço, e deu de beber ao rebanho de Labão, irmão de sua mãe.
11 ထို​နောက်​သူ​သည်​ရာ​ခေ​လ​ကို​နမ်း​၍ ဝမ်း သာ​သော​ကြောင့်​ငို​ကြွေး​လေ​၏။-
11 E Jacó beijou Raquel, e levantando a voz, chorou.
12 သူ​က``ငါ​သည်​ရေ​ဗက္က​၏​သား၊ သင့်​ဖ​ခင်​၏ ဆွေ​မျိုး​ရင်း​ချာ​ဖြစ်​သည်'' ဟု​ရာ​ခေ​လ​အား ပြော​လေ​၏။
12 E Jacó contou a Raquel que ele era irmão do pai dela, e que ele era filho de Rebeca; e ela correu e contou a seu pai.
13 လာ​ဗန်​သည်​သူ​၏​တူ​ယာ​ကုပ်​၏​သ​တင်း​ကို ကြား​ရ​လျှင်​ပြေး​၍ သူ့​အား​ဆီး​ကြို​ဖက်​ယမ်း နမ်း​ရှုပ်​ပြီး​လျှင်​နေ​အိမ်​သို့​ခေါ်​ဆောင်​ခဲ့​လေ သည်။ ယာ​ကုပ်​က​ဖြစ်​ခဲ့​သ​မျှ​အ​ကြောင်း​ကို အ​ကုန်​အ​စင်​ပြော​ပြ​သော​အ​ခါ၊-
13 E aconteceu que, quando Labão ouviu as notícias de Jacó, filho de sua irmã, ele correu para encontrá-lo, e o abraçou, e o beijou, e o trouxe para sua casa. E ele contou a Labão todas estas coisas.
14 လာ​ဗန်​က``သင်​သည်​ငါ​၏​သွေး​ရင်း​သား​ရင်း ပင်​ဖြစ်​ပါ​သည်​တ​ကား'' ဟု​ဆို​လေ​၏။ ယာ​ကုပ် သည်​လည်း​ဦး​ရီး​အိမ်​တွင်​တစ်​လ​ကြာ​မျှ​နေ ထိုင်​လေ​သည်။
14 E Labão lhe disse: Certamente tu és meu osso e minha carne. E ficou com ele por um período de um mês.
15 လာ​ဗန်​က​ယာ​ကုပ်​အား``သင်​သည်​ငါ​၏​ဆွေ​မျိုး ဖြစ်​သော​ကြောင့် ငါ့​အ​တွက်​အ​ခ​မဲ့​လုပ်​ကိုင်​မ ပေး​သင့်။ သင်​လို​ချင်​သည့်​အ​ခ​ကို​တောင်း​လော့'' ဟု​ဆို​လေ​၏။-
15 E Labão disse a Jacó: Porque tu és meu irmão, deverias portanto servir-me por nada? Dize-me, qual será o teu salário?
16 လာ​ဗန်​တွင်​သ​မီး​နှစ်​ယောက်​ရှိ​၏။ သ​မီး အ​ကြီး​၏​နာ​မည်​သည်​လေ​အာ​ဖြစ်​၍ သ​မီး​အ​ငယ်​၏​နာ​မည်​မှာ​ရာ​ခေ​လ​ဖြစ်​၏။-
16 E Labão tinha duas filhas. O nome da mais velha era Lia, e o nome da mais nova era Raquel.
17 လေ​အာ​သည်​မျက်​လုံး​မျက်​ဖန်​လှ​၏။ ရာ​ခေ​လ မူ​ကား​ကိုယ်​လုံး​ကိုယ်​ပေါက်​လှ​၍​ရှု​ချင်​ဖွယ် ကောင်း​၏။
17 Lia era de olhos ternos, mas Raquel era formosa e bem favorecida.
18 ယာ​ကုပ်​သည်​ရာ​ခေ​လ​ကို​ချစ်​သ​ဖြင့်``ရာ​ခေ​လ နှင့်​ထိမ်း​မြား​ပေး​မည်​ဆို​လျှင်​ဦး​ရီး​ထံ​၌​ခု​နစ် နှစ်​အ​လုပ်​လုပ်​ပေး​ပါ​မည်'' ဟု​ပြော​လေ​၏။
18 E Jacó amou Raquel, e disse: Eu te servirei sete anos por Raquel, tua filha mais nova.
19 လာ​ဗန်​က``ရာ​ခေ​လ​အား​အ​ခြား​သူ​တစ်​ယောက် နှင့်​ပေး​စား​ရ​သည်​ထက် သင်​နှင့်​ပေး​စား​ရ​သည် က​ပို​၍​သင့်​မြတ်​ပါ​မည်။ ငါ​နှင့်​အ​တူ​နေ​လော့'' ဟု​ဖြေ​ကြား​လေ​သည်။-
19 E Labão disse: É melhor que eu a dê a ti do que dá-la a outro homem; habita comigo.
20 ယာ​ကုပ်​သည်​ရာ​ခေ​လ​ကို​ထိမ်း​မြား​နိုင်​ရန်​ခု​နစ် နှစ်​အ​လုပ်​လုပ်​၏။ သူ​သည်​ရာ​ခေ​လ​ကို​ချစ်​သော ကြောင့်​ထို​မျှ​သော​ကာ​လ​ကို​တို​တောင်း​သော အ​ချိန်​ဟူ​၍​ထင်​မှတ်​လေ​သည်။
20 E Jacó serviu sete anos por Raquel; e estes lhe pareciam apenas poucos dias, por causa do amor que ele tinha por ela.
21 ယာ​ကုပ်​က``အ​ချိန်​စေ့​ပါ​ပြီ။ ဦး​ရီး​၏​သ​မီး နှင့်​လက်​ထပ်​ခွင့်​ပေး​ပါ'' ဟု​လာ​ဗန်​အား​ပြော လေ​၏။-
21 E Jacó disse a Labão: Dá-me minha esposa, pois os meus dias se cumpriram para que eu entre a ela.
22 ထို့​ကြောင့်​လာ​ဗန်​သည်​လက်​ထပ်​မင်္ဂလာ​ဧည့်​ခံ​ပွဲ ကို​ကျင်း​ပ​၍ ထို​ပွဲ​သို့​လူ​တိုင်း​အား​ဖိတ်​ကြား လေ​သည်။-
22 E Labão reuniu todos os homens do lugar, e fez um banquete.
23 ထို​နေ့​ည​၌​လာဗန်​သည်​ရာ​ခေ​လ​အ​စား​လေ​အာ ကို ယာ​ကုပ်​ထံ​သို့​ပို့​သ​ဖြင့်​သူ​သည်​လေ​အာ​နှင့် အိပ်​လေ​၏။-
23 E aconteceu que, à tarde, ele tomou Lia, sua filha, e a levou a ele, e ele entrou nela.
24 (လာ​ဗန်​သည်​မိ​မိ​၏​ကျွန်​မ​ဇိ​လ​ပ​ကို​လေ​အာ ၏​အ​ထိန်း​အ​ဖြစ်​ပေး​အပ်​လိုက်​၏။-)
24 E Labão deu sua serva Zilpa por serva a Lia, sua filha.
25 မိုး​လင်း​ချိန်​ရောက်​မှ​ယာကုပ်​သည်​မိ​မိ​၏​မယား​မှာ လေ​အာ​ဖြစ်​ကြောင်း​သိ​ရ​လေ​သည်။ သူ​သည်​လာ​ဗန် ထံ​သို့​သွား​၍``အ​ဘယ်​ကြောင့်​ထို​သို့​ပြု​လုပ်​ရ​ပါ သ​နည်း။ ကျွန်ုပ်​သည်​ရာ​ခေ​လ​ကို​ရ​ရန်​အ​တွက် အ​လုပ်​လုပ်​ခဲ့​ပါ​သည်။ ကျွန်ုပ်​ကို​အ​ဘယ်​ကြောင့် လှည့်​စား​ပါ​သ​နည်း'' ဟု​မေး​လေ​၏။
25 E aconteceu que, de manhã, eis que ela era Lia. E ele disse a Labão: O que é isto que tu me fizeste? Eu não te servi por Raquel? Por que então me enganaste?
26 ထို​အ​ခါ​လာ​ဗန်​က``ဤ​အ​ရပ်​ဒေ​သ​တွင်​သ​မီး အ​ကြီး​ကို​အိမ်​ထောင်​မ​ချ​မီ သ​မီး​အ​ငယ်​ကို အိမ်​ထောင်​ချ​သည့်​ထုံး​စံ​ဋ္ဌ​လေ့​မ​ရှိ​ပါ။-
26 E Labão disse: Não se deve fazer assim na nossa terra, dar a mais nova antes da primogênita.
27 သင်​သည်​ငါ့​ထံ​၌​နောက်​ထပ်​ခုနစ်​နှစ်​အ​လုပ် လုပ်​ဦး​မည်​ဆို​လျှင် မင်္ဂ​လာ​ပွဲ​ရက်​သတ္တ​တစ်ပတ် ကုန်​သော​အ​ခါ​သင့်​အား​ရာ​ခေ​လ​နှင့်​ပေး စား​ပါ​မည်'' ဟု​ဆို​လေ​သည်။
27 Cumpre a semana dela, e nós te daremos também esta pelo serviço com que tu servirás comigo ainda outros sete anos.
28 ယာ​ကုပ်​သည် သ​ဘော​တူ​လက်​ခံ​လေ​၏။ မင်္ဂ​လာ​ပွဲ ရက်​သတ္တ​ပတ်​ကုန်​ဆုံး​သော​အ​ခါ လာ​ဗန်​သည် သ​မီး​ရာ​ခေ​လ​ကို ယာ​ကုပ်​နှင့်​ပေး​စား​၏။-
28 E assim Jacó fez, e cumpriu a semana dela; e ele lhe deu também por mulher Raquel, sua filha.
29 (လာ​ဗန်​သည် မိ​မိ​၏​ကျွန်​မ​ဗိ​လ​ဟာ​ကို ရာ​ခေ​လ​၏​အ​ထိန်း​အ​ဖြစ်​ပေး​အပ်​လိုက်​၏။-)
29 E Labão deu sua serva Bila por serva a Raquel, sua filha.
30 ထို့​ကြောင့်​ယာ​ကုပ်​သည်​ရာ​ခေ​လ​နှင့်​လည်း အိပ်​လေ​သည်။ သူ​သည်​ရာ​ခေ​လ​ကို​လေ​အာ ထက်​ပို​၍​ချစ်​၏။ ထို​နောက်​သူ​သည်​လာ​ဗန် ထံ​၌ နောက်​ထပ်​ခု​နစ်​နှစ်​အ​စေ​ခံ​လေ​သည်။
30 E ele entrou também em Raquel, e ele também amou Raquel mais do que Lia, e serviu com ele ainda outros sete anos.
31 ယာ​ကုပ်​သည်​လေ​အာ​ကို​မ​ချစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​သိ​မြင်​တော်​မူ​သ​ဖြင့် လေ​အာ​ကို​သား​သ​မီး​ထွန်း​ကား​စေ​၏။ ရာ ခေ​လ​မူ​ကား​သား​သ​မီး​မ​ထွန်း​ကား​ချေ။-
31 E quando o SENHOR viu que Lia era odiada, ele abriu seu ventre, mas Raquel era estéril.
32 မ​ကြာ​မီ​လေ​အာ​သည်​ကိုယ်​ဝန်​ဆောင်​၍​သား တစ်​ယောက်​ကို​ဖွား​မြင်​သော်​သူ​က``ထာ​ဝ​ရ ဘု​ရား​သည်​ငါ​၏​ဒုက္ခ​ကို​မြင်​တော်​မူ​ပြီ။ ယ​ခု ငါ​၏​လင်​ယောကျာ်း​သည်​ငါ့​အား​ချစ်​လိမ့်​မည်'' ဟု​ဆို​၍​ထို​သား​ကို​ရု​ဗင်​ဟု​နာ​မည်​မှည့် လေ​၏။-
32 E Lia concebeu, e gerou um filho, e ela chamou o seu nome Rúben, pois ela disse: Certamente o SENHOR olhou para a minha aflição, por isso agora o meu marido me amará.
33 လေ​အာ​သည်​တစ်​ဖန်​ကိုယ်​ဝန်​ဆောင်​၍​သား​တစ် ယောက်​ကို​ဖွား​မြင်​ပြန်​သော​အ​ခါ​သူ​က``ငါ ၏​လင်​ယောကျာ်း​သည်​ငါ့​အား​မ​ချစ်​ကြောင်း ကို​ထာ​ဝ​ရ​ဘု​ရား​ကြား​သိ​တော်​မူ​သ​ဖြင့် ဤ​သား​ကို​လည်း​ပေး​သ​နား​တော်​မူ​ပြီ'' ဟု ဆို​၍​ထို​သား​ကို​ရှိ​မောင်​ဟု​နာ​မည်​မှည့်​လေ​၏။-
33 E ela concebeu outra vez, e gerou um filho, e disse: Porque o SENHOR ouviu que eu era odiada, por isso ele me deu também este filho, e ela chamou o seu nome Simeão.
34 ထို​နောက်​သူ​သည်​တစ်​ဖန်​ကိုယ်​ဝန်​ဆောင်​၍ သား​တစ်​ယောက်​ကို​ဖွား​မြင်​ပြန်​သည်​ရှိ​သော် သူ​က``ငါ​၏​လင်​ယောကျာ်း​အား​သား​သုံး ယောက်​ကို​ဖွား​မြင်​ပေး​ပြီ​ဖြစ်​ရာ​သူ​သည် ငါ့​အား​ယ​ခင်​က​ထက်​ပို​၍​ခင်​တွယ်​မှု​ရှိ မည်'' ဟု​ဆို​လျက်​တ​တိ​ယ​သား​ကို​လေ​ဝိ ဟူ​၍​နာ​မည်​မှည့်​လေ​သည်။-
34 E ela concebeu outra vez, e gerou um filho. E disse: Agora, desta vez o meu marido se ajuntará a mim, porque lhe gerei três filhos, por isso seu nome foi chamado Levi.
35 သူ​သည်​နောက်​တစ်​ဖန်​ကိုယ်​ဝန်​ဆောင်​၍​သား တစ်​ယောက်​ကို​ဖွား​မြင်​ပြန်​လျှင်​သူ​က``ဤ တစ်​ကြိမ်​တွင်​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​မည်'' ဟု​ဆို​လျက်​စ​တုတ္ထ သား​ကို​ယုဒ​ဟူ​၍​နာ​မည်​မှည့်​လေ​သည်။ ထို နောက်​သူ​၌​သား​ဖွား​ခြင်း​ရပ်​စဲ​သွား​လေ​၏။
35 E ela concebeu outra vez, e gerou um filho. E ela disse: Agora eu louvarei ao SENHOR, por isso ela chamou o seu nome Judá, e parou de gerar.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Gênesis 29, comparar traduções ou montar um estudo — tudo direto pelo WhatsApp.