Gênesis 27

Common Language Bible (MYA) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ဣ​ဇာက်​သည်​အို​မင်း​လာ​၍​မျက်​စိ​မ​မြင်​တော့ ချေ။ သူ​သည်​သား​အ​ကြီး​ဧ​သော​ကို``သား'' ဟု​ခေါ်​လျှင်​ဧ​သော​က၊
1 Tendo Isaque envelhecido, seus olhos ficaram tão fracos que ele já não podia enxergar. Certo dia chamou Esaú, seu filho mais velho, e lhe disse: "Meu filho! " Ele respondeu: "Estou aqui".
2 ထို​အ​ခါ​ဣ​ဇာက်​က``ငါ​သည်​ယ​ခု​အို​လှ​ပြီ။ မ​ကြာ​မီ​သေ​ရ​မည်။-
2 Disse-lhe Isaque: "Já estou velho e não sei o dia da minha morte.
3 သင်​သည်​လေး​နှင့်​မြား​ကို​ယူ​၍​တော​ထဲ​သို့ သွား​ပြီး​လျှင် ငါ့​အ​တွက်​အ​မဲ​ရှာ​ဖွေ​ခဲ့​ပါ။-
3 Pegue agora suas armas, o arco e a aljava, e vá ao campo caçar alguma coisa para mim.
4 ငါ​ကြိုက်​နှစ်​သက်​သော​အ​မဲ​ဟင်း​လျာ​ကို​ချက် ၍​ငါ့​ထံ​သို့​ယူ​ခဲ့​ပါ။ ထို​ဟင်း​ကို​ငါ​စား​ပြီး လျှင်​ငါ​မ​သေ​မီ​သင့်​အား​ကောင်း​ချီး​ပေး​မည်'' ဟု​မှာ​ကြား​လေ​သည်။
4 Prepare-me aquela comida saborosa que tanto aprecio e traga-me, para que eu a coma e o abençoe antes de morrer".
5 ဣ​ဇာက်​က​ဧ​သော​အား ထို​သို့​မှာ​ကြား​နေ​စဉ် ရေ​ဗက္က​သည်​နား​ထောင်​လျက်​ရှိ​၏။ ထို့​ကြောင့် ဧသော​အ​မဲ​ပစ်​ထွက်​သွား​သော​အ​ခါ၊-
5 Ora, Rebeca estava ouvindo o que Isaque dizia a seu filho Esaú. Quando Esaú saiu ao campo para caçar,
6 ရေ​ဗက္က​သည်​ယာ​ကုပ်​ကို​ခေါ်​၍``သင့်​အ​ဖ က​ဧ​သော​အား၊-
6 Rebeca disse a seu filho Jacó: "Ouvi seu pai dizer a seu irmão Esaú:
7 `အ​မဲ​ပစ်​၍​ငါ့​အ​တွက်​ဟင်း​ချက်​ခဲ့​ပါ။ ငါ စား​ပြီး​လျှင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ သင့် အား​ငါ​မ​သေ​မီ​ကောင်း​ချီး​ပေး​မည်' ဟု​မှာ ကြား​သည်​ကို​ငါ​ကြား​ပြီ။-
7 ‘Traga-me alguma caça e prepare-me aquela comida saborosa, para que eu a coma e o abençoe na presença do Senhor antes de morrer’.
8 သို့​ဖြစ်​၍​ငါ့​သား၊ ငါ့​စ​ကား​ကို​နား​ထောင် ၍​ငါ​ပြော​သ​မျှ​အ​တိုင်း​ပြု​လုပ်​လော့။-
8 Agora, meu filho, ouça bem e faça o que lhe ordeno:
9 ဆိတ်​အုပ်​ရှိ​ရာ​သို့​သွား​ပြီး​လျှင် ဆူ​ဖြိုး​သော ဆိတ်​ငယ်​နှစ်​ကောင်​ကို​ရွေး​ယူ​ခဲ့​လော့။ ငါ​သည် သင့်​ဖ​ခင်​ကြိုက်​နှစ်​သက်​သော​ဟင်း​ကို​ချက် ပေး​မည်။-
9 Vá ao rebanho e traga-me dois cabritos escolhidos, para que eu prepare uma comida saborosa para seu pai, como ele aprecia.
10 ထို​အ​မဲ​ဟင်း​ကို​သူ့​ထံ​သို့​ယူ​သွား​လော့။ သူ မ​သေ​မီ သင့်​အား​ကောင်း​ချီး​ပေး​လိမ့်​မည်'' ဟု ဆို​လေ​၏။
10 Leve-a então a seu pai, para que ele a coma e o abençoe antes de morrer".
11 ယာ​ကုပ်​က``အစ်​ကို​ဧ​သော​သည်​အ​မွေး​ထူ သော​သူ​ဖြစ်​ပြီး ကျွန်​တော်​မှာ​အ​သား​အ​ရေ ချော​မွတ်​သူ​ဖြစ်​ပါ​၏။-
11 Disse Jacó a Rebeca, sua mãe: "Mas o meu irmão Esaú é homem peludo, e eu tenho a pele lisa.
12 ဖ​ခင်​က​ကျွန်​တော်​အား​စမ်း​သပ်​ကြည့်​မိ​၍ သူ့​အား​လှည့်​ဖြား​ကြောင်း​သိ​လျှင် ကျွန်​တော် ကောင်း​ချီး​မင်္ဂလာ​ကို​ခံ​ရ​မည့်​အ​စား​ကျိန် စာ​သင့်​ခြင်း​ကို​ခံ​ရ​ပါ​မည်'' ဟု​မိ​ခင်​အား ပြန်​ပြော​လေ​၏။
12 E se meu pai me apalpar? Vai parecer que estou tentando enganá-lo, fazendo-o de tolo e, em vez de bênção, trarei sobre mim maldição".
13 ငါ့​သား၊ သင်​ခံ​ရ​မည့်​ကျိန်​စာ​သင့်​ခြင်း​ကို ငါ​ခံ​ရ​ပါ​စေ။ ငါ​ပြော​သည့်​အ​တိုင်း​ဆိတ် များ​ကို​သာ​ငါ့​ထံ​သို့​ယူ​ခဲ့​ပါ'' ဟု​မိခင် က​ဆို​လေ​၏။-
13 Disse-lhe sua mãe: "Caia sobre mim a maldição, meu filho. Faça apenas o que eu digo: Vá e traga-os para mim".
14 ယာ​ကုပ်​သည်​သွား​၍​ဆိတ်​များ​ကို​မိ​ခင်​ထံ​သို့ ယူ​ဆောင်​ခဲ့​သ​ဖြင့် ရေ​ဗက္က​သည်​ဣ​ဇာက်​ကြိုက် နှစ်​သက်​သော​အ​မဲ​ဟင်း​ကို​ချက်​လေ​သည်။-
14 Então ele foi, apanhou-os e os trouxe à sua mãe, que preparou uma comida saborosa, como seu pai apreciava.
15 ထို​နောက်​သူ​သည်​မိ​မိ​အိမ်​တွင်​သိမ်း​ဆည်း ထား​သော​ဧ​သော​၏​အ​ကောင်း​ဆုံး​အ​ဝတ် ကို​ယာ​ကုပ်​အား​ဝတ်​ဆင်​ပေး​၏။-
15 Rebeca pegou as melhores roupas de Esaú, seu filho mais velho, roupas que tinha em casa, e colocou-as em Jacó, seu filho mais novo.
16 သူ​၏​လက်​မောင်း​များ​နှင့်​အ​မွေး​မ​ပေါက်​သော လည်​ပင်း​တို့​တွင်​ဆိတ်​သား​ရေ​ကို​ပတ်​စည်း ပေး​၏။-
16 Depois cobriu-lhe as mãos e a parte lisa do pescoço com as peles dos cabritos,
17 ထို​နောက်​ချက်​ပြီး​သော​အ​မဲ​ဟင်း​နှင့်​ဖုတ် ထား​သော​မုန့်​တို့​ကို​ယာ​ကုပ်​အား​ပေး​၏။
17 e por fim entregou a Jacó a refeição saborosa e o pão que tinha feito.
18 ယာ​ကုပ်​သည်​သူ​၏​ဖ​ခင်​ထံ​သို့​သွား​၍``အ​ဖ'' ဟု​ခေါ်​လျှင်၊
18 Ele se dirigiu ao pai e disse: "Meu pai". Respondeu ele: "Sim, meu filho. Quem é você? "
19 ယာ​ကုပ်​က``ကျွန်​တော်​သည်​သား​ကြီး​ဧ​သော ဖြစ်​ပါ​သည်။ ဖ​ခင်​မှာ​ကြား​သည့်​အ​တိုင်း​ဆောင် ရွက်​ပြီး​ပါ​ပြီ။ ယ​ခု​ထ​၍​ကျွန်​တော်​ယူ​ခဲ့​သော အ​မဲ​ဟင်း​ကို​သုံး​ဆောင်​ပြီး​လျှင်​ကျွန်​တော် အား​ကောင်း​ချီး​ပေး​ပါ'' ဟု​ပြော​လေ​သည်။
19 Jacó disse a seu pai: "Sou Esaú, seu filho mais velho. Fiz como o senhor me disse. Agora, assente-se e coma do que cacei para que me abençoe".
20 ဣ​ဇာက်​က``ငါ့​သား၊ အ​မဲ​ကောင်​အ​ရ​မြန်​လှ ပါ​တ​ကား'' ဟု​ဆို​၏။
20 Isaque perguntou ao filho: "Como encontrou a caça tão depressa, meu filho? " Ele respondeu: "O Senhor, o seu Deus, a colocou no meu caminho".
21 ထို​အ​ခါ​ဣ​ဇာက်​က``ငါ​သင့်​ကို​စမ်း​ကြည့်​နိုင် ရန်​အ​နား​သို့​တိုး​လာ​ပါ။ သင်​သည်​ဧသော အ​မှန်​ပင်​ဖြစ်​ပါ​သ​လော'' ဟု​မေး​လေ​သည်။-
21 Então Isaque disse a Jacó: "Chegue mais perto, meu filho, para que eu possa apalpá-lo e saber se você é realmente meu filho Esaú".
22 ယာ​ကုပ်​သည်​ဖခင်​အ​နား​သို့​ချဉ်း​ကပ်​လာ​သော် ဖ​ခင်​က​လက်​နှင့်​သူ့​ကို​စမ်း​သပ်​ပြီး​လျှင်``သင် ၏​အ​သံ​မှာ​ယာ​ကုပ်​၏​အ​သံ၊ သင်​၏​လက်​များ သည်​ကား​ဧ​သော​၏​လက်​များ​ပင်​ဖြစ်​သည်'' ဟု ဆို​လေ​၏။-
22 Jacó aproximou-se do seu pai Isaque, que o apalpou e disse: "A voz é de Jacó, mas os braços são de Esaú".
23 သူ​၏​လက်​တို့​သည်​ဧ​သော​၏​လက်​များ​ကဲ့​သို့ အ​မွေး​ထူ​သော​ကြောင့်​ဖ​ခင်​သည်​ယာ​ကုပ် ဖြစ်​မှန်း​မ​ရိပ်​မိ​ချေ။ သူ့​အား​ကောင်း​ချီး​မ ပေး​မီ၊-
23 Não o reconheceu, pois seus braços estavam peludos como os de Esaú, seu irmão; e o abençoou.
24 ``သင်​သည်​အ​ကယ်​ပင်​ဧ​သော​ဖြစ်​သ​လော'' ဟု​မေး​ပြန်​၏။
24 Isaque perguntou-lhe outra vez: "Você é mesmo meu filho Esaú? " E ele respondeu: "Sou".
25 ထို​အ​ခါ​ဣ​ဇာက်​က``အ​မဲ​ဟင်း​ကို​ယူ​ခဲ့​ပါ။ ငါ​စား​ပြီး​လျှင်​သင့်​အား​ကောင်း​ချီး​ပေး​မည်'' ဟု​ဆို​လေ​၏။ ယာ​ကုပ်​သည်​ဖခင်​ထံ​သို့​ဟင်း ကို​ယူ​ခဲ့​၏။ ဖ​ခင်​သောက်​ရန်​စ​ပျစ်​ရည်​ကို လည်း​ယူ​ခဲ့​၏။-
25 Então lhe disse: "Meu filho, traga-me da sua caça para que eu coma e o abençoe". Jacó a trouxe, e o pai comeu; também trouxe vinho, e ele bebeu.
26 ထို​နောက်​ဖ​ခင်​က``ငါ့​သား၊ အ​နား​သို့​တိုး လာ​၍​ငါ့​ကို​နမ်း​လော့​ဟု​ခိုင်း​၏။-
26 Então seu pai Isaque lhe disse: "Venha cá, meu filho, dê-me um beijo".
27 ယာ​ကုပ်​သည်​ဖ​ခင်​ထံ​ချဉ်း​ကပ်​၍​နမ်း​လိုက် သော​အ​ခါ ဣ​ဇာက်​သည်​သူ​၏​အ​ဝတ်​များ​ကို အ​နံ့​ခံ​လျက်``ငါ့​သား​၏​အ​နံ့​သည်​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​သော​လယ်​၏​ရ​နံ့​ကဲ့ သို့​သင်း​ကြိုင်​ပါ​၏။-
27 Ele se aproximou e o beijou. Quando sentiu o cheiro de suas roupas, Isaque o abençoou, dizendo: "Ah, o cheiro de meu filho é como o cheiro de um campo que o Senhor abençoou.
28 ဘု​ရား​သ​ခင်​သည်​သင့်​အား​မိုး​ကောင်း​ကင်​မှ နှင်း​ကို​ပေး​တော်​မူ​၍ သင်​၏​လယ်​များ​ကို​မြေ သြ​ဇာ​ထက်​သန်​တော်​မူ​စေ​သ​တည်း။ ကိုယ်​တော် သည်​သင့်​အား​ကောက်​ပဲ​သီး​နှံ​နှင့်​စ​ပျစ်​ရည် များ​စွာ​ပေး​သ​နား​တော်​မူ​စေ​သ​တည်း။-
28 Que Deus lhe conceda do céu o orvalho e da terra a riqueza, com muito cereal e muito vinho.
29 တိုင်း​နိုင်​ငံ​တို့​သည်​သင်​၏​အ​စေ​ကို​ခံ​ရ​ကြ စေ​သ​တည်း။ လူ​မျိုး​အ​ပေါင်း​တို့​သည်​သင့်​အား ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင်​သည်​ဆွေ​မျိုး သား​ချင်း​တို့​ကို​ကြီး​စိုး​ရ​စေ​သ​တည်း။ သင်​၏ အ​မိ​အ​ဆက်​အ​နွယ်​တို့​သည်​သင့်​အား​ဦး​ညွှတ် ရ​ကြ​စေ​သ​တည်း။ သင့်​အား​ကျိန်​စာ​သင့်​သော သူ​တို့​ကို​ကျိန်​စာ​သင့်​စေ​သ​တည်း။ သင့်​အား ကောင်း​ချီး​ပေး​သူ​တို့​သည်​ကောင်း​ချီး​ခံ​စား ရ​ကြ​စေ​သ​တည်း'' ဟု​ကောင်း​ချီး​ပေး​လေ ၏။
29 Que as nações o sirvam e os povos se curvem diante de você. Seja senhor dos seus irmãos, e curvem-se diante de você os filhos de sua mãe. Malditos sejam os que o amaldiçoarem e benditos sejam os que o abençoarem".
30 ဣ​ဇာက်​သည်​ယာ​ကုပ်​အား​ကောင်း​ချီး​ပေး​ပြီး​၍ ဖ​ခင်​ထံ​မှ​ယာ​ကုပ်​ထွက်​သွား​သည့်​ခ​ဏ​အ​တွင်း သူ​၏​အစ်​ကို​ဧ​သော​သည်​အ​မဲ​လိုက်​ရာ​မှ ပြန်​ရောက်​လာ​၏။-
30 Quando Isaque acabou de abençoar Jacó, mal tendo ele saído da presença do pai, seu irmão Esaú chegou da caçada.
31 သူ​သည်​လည်း​စား​ဖွယ်​ကောင်း​သော​အမဲ​ဟင်း​လျာ ကို​ချက်​ပြီး​လျှင်​ဖ​ခင်​ထံ​သို့​ယူ​ခဲ့​လေ​သည်။ ထို​နောက်``အ​ဖ၊ ကျွန်​တော်​ယူ​ခဲ့​သော​အ​မဲ ဟင်း​ကို​ထ​၍​သုံး​ဆောင်​ပါ။ သုံး​ဆောင်​ပြီး လျှင်​ကျွန်​တော်​အား​ကောင်း​ချီး​ပေး​ပါ'' ဟု ဆို​လေ​၏။
31 Ele também preparou uma comida saborosa e a trouxe a seu pai. E lhe disse: "Meu pai, levante-se e coma da minha caça, para que o senhor me dê sua bênção".
32 ဣ​ဇာက်​က``သင်​မည်​သူ​နည်း'' ဟု​မေး​၏။
32 Perguntou-lhe seu pai Isaque: "Quem é você? " Ele respondeu: "Sou Esaú, seu filho mais velho".
33 ထို​အ​ခါ​ဣ​ဇာက်​သည်​တစ်​ကိုယ်​လုံး​ဆတ်​ဆတ် တုန်​လျက်``အ​မဲ​ကောင်​ကို​ရ​၍​ငါ့​ထံ​သို့​ဟင်း ယူ​ခဲ့​သူ​ကား​မည်​သူ​နည်း။ သင်​မ​ရောက်​မီ​ငါ သည်​ဟင်း​ကို​စား​ပြီး​ပြီ။ ထို​သူ​အား​လည်း ကောင်း​ချီး​ပေး​ခဲ့​ပြီ။ ငါ​ကောင်း​ချီး​ပေး​ခဲ့ သည့်​အ​တိုင်း​သူ​ခံ​စား​ရ​မည်'' ဟု​ဆို​လေ သည်။
33 Profundamente abalado, Isaque começou a tremer muito e disse: "Quem então apanhou a caça e a trouxe para mim? Acabei de comê-la antes de você entrar e a ele abençoei; e abençoado ele será! "
34 ဧ​သော​သည်​ထို​စ​ကား​ကို​ကြား​ရ​လျှင်​မ​ခံ မ​ရပ်​နိုင်​အောင်​ခံ​စား​ရ​သ​ဖြင့်``အို အ​ဖ၊ ကျွန်​တော့် အား​လည်း​ကောင်း​ချီး​ပေး​ပါ​ဦး'' ဟု​အ​သံ​ကျယ် စွာ​အော်​ဟစ်​တောင်း​ပန်​လေ​၏။
34 Quando Esaú ouviu as palavras de seu pai, deu um forte grito e, cheio de amargura, implorou ao pai: "Abençoe também a mim, meu pai! "
35 ဣ​ဇာက်​က``သင့်​ညီ​လာ​၍​ငါ့​ကို​လိမ်​လည်​လှည့်​ဖြား လေ​ပြီ။ သူ​သည်​သင်​ခံ​စား​ရ​မည့်​ကောင်း​ချီး​ကို ယူ​သွား​ပြီ'' ဟု​ဖြေ​ကြား​လေ​သည်။
35 Mas ele respondeu: "Seu irmão chegou astutamente e recebeu a bênção que pertencia a você".
36 ဧ​သော​က``သူ​သည်​ကျွန်​တော်​အား​နှစ်​ကြိမ်​တိုင် တိုင်​ယာ​ကုပ်​ဟူ​သော​နာ​မည်​နှင့်​လိုက်​အောင်​လှည့် စား​ခဲ့​ပါ​ပြီ။ သူ​သည်​ကျွန်​တော်​၏​သား​ဦး​အ​ရာ ကို​တစ်​ကြိမ်၊ ယ​ခု​တစ်​ဖန်​ကျွန်​တော်​ခံ​စား​ရ မည့်​ကောင်း​ချီး​ကို​တစ်​ကြိမ်​ယူ​သွား​ပါ​ပြီ။ ကျွန်​တော်​အ​ဖို့​ကောင်း​ချီး​တစ်​ပါး​ပါး​မ​ကျန် ပါ​သ​လော'' ဟု​ဖ​ခင်​အား​မေး​လေ​၏။
36 E disse Esaú: "Não é com razão que o seu nome é Jacó? Já é a segunda vez que ele me engana! Primeiro, tomou o meu direito de filho mais velho e agora recebeu a minha bênção! " Então perguntou ao pai: "O senhor não reservou nenhuma bênção para mim? "
37 ဣ​ဇာက်​က``ငါ​သည်​သူ့​အား​သင်​၏​အ​ရှင်​သ​ခင် ဖြစ်​စေ​ပြီ။ ဆွေ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​ကို လည်း​သူ​၏​အ​စေ​ကို​ခံ​စေ​ပြီ။ သူ့​အား​ကောက်​ပဲ သီး​နှံ​နှင့်​စ​ပျစ်​ရည်​တို့​ဖြင့်​ကြွယ်​ဝ​ပြည့်​စုံ​စေ ပြီ။ သို့​ဖြစ်​လျှင်​ငါ့​သား​သင့်​အ​တွက်​မည်​သို့ ဆောင်​ရွက်​ပေး​နိုင်​ပါ​သ​နည်း'' ဟု​ပြန်​ဖြေ​လေ ၏။
37 Isaque respondeu a Esaú: "Eu o constituí senhor sobre você, e a todos os seus parentes tornei servos dele; a ele supri de cereal e de vinho. Que é que eu poderia fazer por você, meu filho? "
38 ဧ​သော​က``အို အ​ဖ၊ ဖ​ခင်​ထံ​၌​ပေး​စ​ရာ ကောင်း​ချီး​မင်္ဂ​လာ​တစ်​ပါး​မျှ​မ​ကျန်​ပါ သ​လော။ ကျွန်​တော့်​ကို​လည်း​ကောင်း​ချီး​မင်္ဂလာ ပေး​ပါ​ဦး'' ဟု​ဖ​ခင်​အား​ဆက်​လက်​တောင်း​ပန် ၍​ငို​ကြွေး​လေ​၏။
38 Esaú pediu ao pai: "Meu pai, o senhor tem apenas uma bênção? Abençoe-me também, meu pai! " Então chorou Esaú em alta voz.
39 ထို​အ​ခါ​ဣ​ဇာက်​က၊
39 Seu pai Isaque respondeu-lhe: "Sua habitação será longe das terras férteis, distante do orvalho que desce do alto céu.
40 သင်​သည်​ကိုယ့်​ဋ္ဌား​ဖြင့်​အ​သက်​မွေး​ရ​မည်။ သင်​၏​ညီ​အ​စေ​ကို​ခံ​ရ​မည်။
40 Você viverá por sua espada e servirá a seu irmão. Mas quando você não suportar mais, arrancará do pescoço o jugo".
41 ယာ​ကုပ်​သည်​ဖခင်​ထံ​မှ​ကောင်းချီး​မင်္ဂလာ​ကို ခံ​ရ​သ​ဖြင့် ဧ​သော​သည်​သူ့​အား​ရန်​ငြိုး​ထား ၏။ ဧ​သော​က``ဖ​ခင်​အ​နိစ္စ​ရောက်​လျှင်​ရောက် ခြင်း​ယာ​ကုပ်​ကို​ငါ​သတ်​ပစ်​မည်'' ဟု​ကြုံး ဝါး​လေ​၏။
41 Esaú guardou rancor contra Jacó por causa da bênção que seu pai lhe dera. E disse a si mesmo: "Os dias de luto pela morte de meu pai estão próximos; então matarei meu irmão Jacó".
42 ရေ​ဗက္က​သည်​ဧ​သော​၏​အ​ကြံ​ကို​ကြား​သိ​ရ သ​ဖြင့် ယာ​ကုပ်​ကို​ခေါ်​၍``သင့်​အစ်​ကို​ဧ​သော သည်​သင့်​အား​လက်​စား​ချေ​သတ်​ပစ်​ရန်​အ​ကြံ ထုတ်​လျက်​ရှိ​သည်။-
42 Quando contaram a Rebeca o que seu filho Esaú dissera, ela mandou chamar Jacó, seu filho mais novo, e lhe disse: "Esaú está se consolando com a idéia de matá-lo.
43 ငါ့​သား၊ ငါ​ပြော​သည့်​အ​တိုင်း​ပြု​လုပ်​လော့။ ခါ​ရန် မြို့​၌​နေ​ထိုင်​သော​ငါ​၏​အစ်​ကို​လာ​ဗန်​ထံ​သို့ ယ​ခု​ချက်​ချင်း​သွား​ရန်​ပြင်​လော့။-
43 Ouça, pois, o que lhe digo, meu filho: Fuja imediatamente para a casa de meu irmão Labão, em Harã.
44 သင်​၏​အစ်​ကို​စိတ်​ပြေ​၍​သင်​သူ့​အား​ပြု​မိ သ​မျှ​ကို​မေ့​ပျောက်​သည့်​အ​ချိန်​အ​ထိ​သူ့​ထံ ၌​ခေတ္တ​တည်း​ခို​နေ​ထိုင်​လော့။-
44 Fique com ele algum tempo, até que passe o furor de seu irmão.
45 ထို​အ​ချိန်​ရောက်​လျှင်​ငါ​သည်​သင့်​ထံ​သို့​လူ စေ​လွှတ်​၍​ပြန်​လည်​ခေါ်​ဆောင်​မည်။ ငါ​သည် တစ်​နေ့​ချင်း​တွင်​သား​နှစ်​ယောက်​စ​လုံး​ကို အ​ဆုံး​မ​ခံ​နိုင်'' ဟု​ဆို​လေ​၏။
45 Quando seu irmão não estiver mais irado contra você e esquecer o que você lhe fez, mandarei buscá-lo. Por que perderia eu vocês dois num só dia? "
46 ရေ​ဗက္က​က​ဣ​ဇာက်​အား``ကျွန်​မ​သည်​ဧ​သော​၏ အ​မျိုး​ချင်း​မ​တူ​သော​မ​ယား​များ​ကြောင့် သေ ချင်​အောင်​စိတ်​ညစ်​ရ​သည်။ အ​ကယ်​၍​ယာ​ကုပ် သည်​ဤ​အ​ရပ်​၌​ရှိ​သော ဟိတ္တိ​အ​မျိုး​သ​မီး တစ်​ဦး​ဦး​နှင့်​အိမ်​ထောင်​ကျ​မည်​ဆို​လျှင် ကျွန်​မ​အ​သက်​ရှင်​မ​နေ​နိုင်​တော့​ပါ'' ဟု ပြော​လေ​၏။
46 Então Rebeca disse a Isaque: "Estou desgostosa da vida, por causa destas mulheres hititas. Se Jacó escolher esposa entre as mulheres desta terra, entre mulheres hititas como estas, perderei a razão de viver".

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Gênesis 27, comparar traduções ou montar um estudo — tudo direto pelo WhatsApp.