Gênesis 26

Common Language Bible (MYA) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 ထို​ပြည်​တွင်​အာ​ဗြ​ဟံ​လက်​ထက်​က​ကဲ့​သို့ အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​ဆိုက်​ရောက်​လာ​ရာ ဣ​ဇာက်​သည်​ဖိ​လိတ္တိ​ဘု​ရင်​အ​ဘိ​မ​လက် နန်း​စိုက်​ရာ​ဂေ​ရာ​မြို့​သို့​သွား​လေ​၏။-
1 Naquela região houve uma época de falta de alimentos, como tinha acontecido antes, no tempo de Abraão. Por isso Isaque foi até a cidade de Gerar, onde vivia Abimeleque, o rei dos filisteus.
2 ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​ကိုယ်​ထင်​ပြ ၍``သင်​သည်​အီ​ဂျစ်​ပြည်​သို့​မ​သွား​နှင့်။ ငါ ပြ​လတ္တံ့​သော​ပြည်​၌​နေ​ထိုင်​လော့။-
2 Ali o Senhor Deus apareceu a Isaque e disse: — Não vá para o Egito. Fique na terra que eu vou lhe mostrar.
3 ယ​ခု​ဤ​ပြည်​၌​နေ​လော့။ ငါ​သည်​သင်​နှင့် အ​တူ​ရှိ​၍​ကောင်း​ချီး​ပေး​မည်။ ဤ​ဒေ​သ​အား လုံး​ကို​သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့​အား ငါ​ပေး​မည်။ သင်​၏​အ​ဖ​အာ​ဗြ​ဟံ​အား​ငါ ထား​သော​က​တိ​အ​တိုင်း​ငါ​ပြု​မည်။-
3 Por enquanto fique morando neste lugar, e eu estarei com você e o abençoarei. Darei aos seus descendentes todas estas terras e assim cumprirei o juramento que fiz a Abraão, o seu pai.
4 သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို​ကောင်း​ကင်​ကြယ် ကဲ့​သို့​များ​ပြား​စေ​၍ သူ​တို့​အား​ဤ​ဒေ​သ အား​လုံး​ကို​ပေး​မည်။ သင်​၏​အ​ဆက်​အ​နွယ် တို့​အား​ငါ​ကောင်း​ချီး​ပေး​သည့်​နည်း​တူ ကမ္ဘာ ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​က​လည်း​ငါ့​ထံ မှ​ကောင်း​ချီး​ကို​တောင်း​လျှောက်​ကြ​လိမ့် မည်။-
4 Farei com que os seus descendentes sejam tão numerosos quanto as estrelas do céu e lhes darei todas estas terras. Por meio dos seus descendentes eu abençoarei todas as nações do mundo,
5 အာ​ဗြ​ဟံ​သည်​ငါ​၏​စကား​ကို​နား​ထောင်​၍​ငါ ၏​ပ​ညတ်​နှင့်​အ​မိန့်​ရှိ​သ​မျှ​တို့​ကို​စောင့်​ထိန်း သော​ကြောင့် ငါ​သည်​သင့်​အား​ကောင်း​ချီး​ပေး မည်'' ဟု​မိန့်​တော်​မူ​၏။
5 pois Abraão me obedeceu e cumpriu as minhas ordens, os meus mandamentos, as minhas leis e os meus ensinamentos.
6 ထို့​ကြောင့်​ဣ​ဇာက်​သည်​ဂေ​ရာ​မြို့​မှာ​နေ​ထိုင်​လေ​၏။-
6 Assim, Isaque ficou morando em Gerar.
7 ထို​မြို့​သား​တို့​က``သင်​နှင့်​ပါ​လာ​သော​အ​မျိုး သ​မီး​သည်​မည်​သူ​နည်း'' ဟု​မေး​ကြ​သော​အ​ခါ သူ​၏​နှ​မ​ဖြစ်​သည်​ဟု​ဖြေ​ကြား​လေ​သည်။ သူ ၏​မ​ယား​ဖြစ်​သည်​ဟု​မ​ဖော်​ပြ​ခြင်း​မှာ ရေ​ဗက္က သည်​ရုပ်​ရည်​အ​လွန်​လှ​သူ​ဖြစ်​သ​ဖြင့် ထို​မြို့ သား​တို့​က​မိ​မိ​အား​သတ်​မည်​ကို​ဣ​ဇာက် စိုး​ရိမ်​သော​ကြောင့်​ဖြစ်​သည်။-
7 Quando os homens do lugar lhe fizeram perguntas sobre a sua mulher, ele disse que ela era sua irmã. Rebeca era muito bonita, e Isaque tinha medo de dizer que ela era a sua mulher, pois pensava que os homens do lugar o matariam para ficarem com ela.
8 ဣ​ဇာက်​သည်​ထို​မြို့​တွင်​အ​တန်​ကြာ​နေ​ထိုင်​ပြီး နောက်၊ တစ်​နေ့​တွင်​အ​ဘိ​မ​လက်​ဘု​ရင်​ကြီး​သည် ပြူ​တင်း​ပေါက်​မှ​အ​ပြင်​သို့​ကြည့်​လိုက်​ရာ ဣ​ဇာက် နှင့်​ရေ​ဗက္က​တို့​ချစ်​ကျွမ်း​ဝင်​နေ​ကြ​သည်​ကို​မြင် ရ​လေ​သည်။-
8 Isaque ficou ali muito tempo. Um dia Abimeleque, o rei dos filisteus, olhou por uma janela e viu Isaque acariciando Rebeca, a sua mulher.
9 အ​ဘိ​မ​လက်​သည်​ဣ​ဇာက်​ကို​ခေါ်​၍``သူ​သည် စင်​စစ်​သင်​၏​မ​ယား​ဖြစ်​၏။ အ​ဘယ်​ကြောင့် သင်​၏​နှ​မ​ဟု​ပြော​ရ​သ​နည်း'' ဟု​မေး​၏။
9 Então Abimeleque mandou chamar Isaque e perguntou: — Ela é a sua mulher, não é verdade? Por que você disse que ela era sua irmã? — É que eu pensei que me matariam se eu dissesse que ela era a minha mulher — respondeu Isaque.
10 အ​ဘိ​မ​လက်​က``သင်​သည်​ငါ​တို့​အား​အ​ဘယ် သို့​ပြု​မူ​သ​နည်း။ ငါ​၏​လူ​တစ်​ယောက်​ယောက်​က သင်​၏​မ​ယား​နှင့်​အ​ကြောင်း​မ​သိ​ဘဲ​ပြစ်​မှား မိ​လျှင် သင့်​ကြောင့်​ငါ​တို့​အ​ပြစ်​ကူး​လွန်​ရာ ရောက်​ပေ​မည်'' ဟု​ဆို​လေ​သည်။-
10 Aí Abimeleque disse: — Por que você nos fez isso? Um de nós poderia facilmente ter ido para a cama com ela, e você teria feito com que a culpa caísse sobre nós.
11 ထို​နောက်​အ​ဘိ​မ​လက်​က``ဤ​သူ​ကို​သော်​လည်း ကောင်း၊ သူ​၏​မ​ယား​ကို​သော်​လည်း​ကောင်း​မ တ​ရား​သ​ဖြင့်​ပြု​သော​သူ​အား​သေ​ဒဏ်​သင့် စေ​မည်'' ဟု​ပြည်​သား​တို့​အား​သ​တိ​ပေး​လေ​၏။
11 Então Abimeleque mandou a todo o seu povo o seguinte aviso: “Se alguém tratar mal este homem ou a sua mulher, será morto.”
12 ဣ​ဇာက်​သည်​ထို​ပြည်​တွင်​နေ​ထိုင်​စဉ် ကောက်​ပဲ သီး​နှံ​စိုက်​ပျိုး​လုပ်​ကိုင်​ရာ ထာ​ဝ​ရ​ဘု​ရား သည်​သူ့​အား​ကောင်း​ချီး​ပေး​သ​ဖြင့် ထို​နှစ် တွင်​အ​ဆ​တစ်​ရာ​မျှ​သော​အ​သီး​အ​နှံ​ကို ရိတ်​သိမ်း​ရ​သည်။-
12 Naquele ano Isaque fez plantações ali e colheu cem vezes mais do que semeou, pois o Senhor Deus o abençoou.
13 သူ​သည်​စီး​ပွား​တိုး​တက်​လာ​ပြီး​လျှင် အ​လွန်​ကြွယ်​ဝ​ချမ်း​သာ​လာ​လေ​သည်။-
13 Ele foi enriquecendo cada vez mais e se tornou muito rico e poderoso.
14 သူ​၌​သိုးအုပ်၊ နွားအုပ်​နှင့်​အ​ခြွေ​အ​ရံ​များ​စွာ​ရှိ ၍ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​သူ့​အား​မ​နာ လို​ကြ​သ​ဖြင့်၊-
14 Isaque tinha tantas ovelhas e cabras, tanto gado e tantos empregados, que os filisteus acabaram ficando com inveja dele.
15 သူ​၏​အ​ဖ​အာ​ဗြ​ဟံ​အ​သက်​ရှင်​စဉ်​အ​ဖ​၏ အ​စေ​ခံ​တို့​တူး​ဖော်​ခဲ့​သော​ရေ​တွင်း​ရှိ​သ​မျှ တို့​ကို​မြေ​ဖို့​ပစ်​ကြ​လေ​၏။
15 Por isso eles entupiram com terra todos os poços que os empregados de Abraão, o pai de Isaque, haviam cavado no tempo em que Abraão ainda estava vivo.
16 ထို​အ​ခါ​အ​ဘိ​မ​လက်​ဘု​ရင်​က​ဣ​ဇာက် အား``သင်​သည်​ငါ​တို့​ထက်​တန်​ခိုး​ကြီး​လာ ပြီ​ဖြစ်​၍​ငါ​တို့​ပြည်​မှ​ထွက်​သွား​လော့'' ဟု မိန့်​တော်​မူ​၏။-
16 Até que um dia Abimeleque disse a Isaque: — Vá embora da nossa terra. Você ficou muito mais poderoso do que nós.
17 ထို့​ကြောင့်​ဣ​ဇာက်​သည်​ထို​အ​ရပ်​မှ​ထွက်​ခဲ့ ပြီး​လျှင် ဂေ​ရာ​ချိုင့်​ဝှမ်း​တွင်​အ​တန်​ကြာ​မျှ စ​ခန်း​ချ​နေ​ထိုင်​လေ​သည်။-
17 Isaque saiu dali, armou as suas barracas no vale de Gerar e ficou morando ali por algum tempo.
18 အာ​ဗြ​ဟံ​လက်​ထက်​က​တူး​ဖော်​ခဲ့​၍​အာ​ဗြ​ဟံ ကွယ်​လွန်​ပြီး​နောက် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​မြေ​ဖို့ ခဲ့​ကြ​သော​ရေ​တွင်း​များ​ကို သူ​သည်​တစ်​ဖန်​တူး ဖော်​၍​ထို​ရေ​တွင်း​များ​ကို​သူ​၏​ဖ​ခင်​မှည့်​ခေါ် သော​နာ​မည်​များ​ဖြင့်​မှည့်​ခေါ်​လေ​၏။-
18 Ele tornou a abrir os poços que haviam sido cavados no tempo de Abraão e que os filisteus haviam tapado depois da sua morte. E Isaque pôs nos poços os mesmos nomes que o seu pai havia posto.
19 ဣ​ဇာက်​၏​အ​စေ​ခံ​တို့​သည်​ထို​ချိုင့်​ဝှမ်း​၌​ရေ တွင်း​သစ်​တစ်​တွင်း​တူး​ရာ​ရေ​ထွက်​လေ​၏။-
19 Um dia os empregados de Isaque estavam no vale abrindo um poço e acharam uma mina de água.
20 ဂေ​ရာ​မြို့​မှ​သိုး​ထိန်း​တို့​က``ဤ​ရေ​တွင်း​ကို ကျွန်ုပ်​တို့​ပိုင်​သည်'' ဟု​ဆို​၍​ဣ​ဇာက်​၏​သိုး​ထိန်း တို့​နှင့်​အ​ငြင်း​ပွား​ကြ​၏။ ထို့​ကြောင့်​ဣ​ဇာက်​က ထို​ရေ​တွင်း​ကို``အ​ငြင်း​အ​ပွား'' နာ​မည်​ဖြင့် မှည့်​ခေါ်​လေ​၏။
20 Os pastores de Gerar discutiram com os pastores de Isaque, afirmando que a água era deles. Por isso Isaque deu a esse poço o nome de “Discussão”.
21 ဣ​ဇာက်​၏​အ​စေ​ခံ​တို့​သည်​အ​ခြား​ရေ​တွင်း တစ်​တွင်း​ကို​တူး​ကြ​ပြန်​ရာ​အ​ငြင်း​ပွား​ကြ ပြန်​သ​ဖြင့် ထို​ရေ​တွင်း​ကို``ရန်​ငြိုး'' ဟု​နာ​မည် မှည့်​လေ​သည်။-
21 Depois os empregados de Isaque abriram outro poço e por causa dele também houve discussão. Então Isaque pôs nele o nome de “Inimizade”.
22 တစ်​ဖန်​ဣ​ဇာက်​သည်​ထို​အ​ရပ်​မှ​ပြောင်း​၍​အ​ခြား တစ်​နေ​ရာ​၌​ရေ​တွင်း​တစ်​တွင်း​တူး​ပြန်​လေ​သည်။ ထို​ရေ​တွင်း​နှင့်​ပတ်​သက်​၍​အ​ငြင်း​ပွား​မှု​မ​ရှိ သ​ဖြင့်``လွတ်​လပ်​ခြင်း'' ဟု​နာ​မည်​မှည့်​လေ​သည်။ ဣ​ဇာက်​က``ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​ပြည်​၌​ငါ တို့​အား​လွတ်​လပ်​စွာ​နေ​ထိုင်​ခွင့်​ပေး​တော်​မူ​ပြီ ဖြစ်​၍​ငါ​တို့​စီး​ပွား​တိုး​တက်​မည်'' ဟု​ဆို​လေ​၏။
22 Isaque saiu dali e abriu outro poço. E, como não houve discussão por causa desse, ele o chamou de “Lugar Espaçoso”. Ele disse: — Agora o
23 ထို​နောက်​ဣ​ဇာက်​သည်​ဗေ​ရ​ရှေ​ဘ​အ​ရပ်​သို့ ပြောင်း​ရွှေ့​ခဲ့​သည်။-
23 Dali Isaque foi para Berseba.
24 ထို​ည​မှာ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​ကိုယ် ထင်​ပြ​၍``ငါ​သည်​သင်​၏​အ​ဖ​အာ​ဗြ​ဟံ​၏ ဘု​ရား​ဖြစ်​၏။ မ​စိုး​ရိမ်​နှင့်။ ငါ​သည်​သင်​တို့​နှင့် အ​တူ​ရှိ​၏။ ငါ​၏​ကျွန်​အာ​ဗြ​ဟံ​အား​ထား သော​ကတိ​တော်​ကို​ထောက်​၍​သင့်​ကို​ကောင်း​ချီး ပေး​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို​လည်း​များ ပြား​စေ​မည်'' ဟု​မိန့်​တော်​မူ​သည်။-
24 Naquela noite o Senhor apareceu a ele e disse: — Eu sou o Deus de Abraão, o seu pai. Não tenha medo, pois eu estou com você. Por causa do meu
25 ဣ​ဇာက်​သည်​ထို​အ​ရပ်​၌​ယဇ်​ပလ္လင်​တည်​ပြီး လျှင် ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ပတ္ထ​နာ ပြု​လေ​၏။ သူ​သည်​ထို​အ​ရပ်​၌​စ​ခန်း​ချ​၍ အ​စေ​ခံ​တို့​က​ရေ​တွင်း​တစ်​တွင်း​တူး​ကြ ပြန်​သည်။
25 Isaque construiu um altar ali e adorou a Deus, o Senhor . Ele armou as suas barracas naquele lugar, e ali os seus empregados cavaram outro poço.
26 အ​ဘိ​မ​လက်​ဘု​ရင်​သည်​အ​တိုင်​ပင်​ခံ​အ​ဟု ဇတ်​နှင့်​ဗိုလ်​ချုပ်​ဖိ​ကော​လ​တို့​လိုက်​ပါ​လျက် ဂေ​ရာ​မြို့​မှ​ဣ​ဇာက်​ထံ​သို့​ရောက်​ရှိ​လာ​ကြ ၏။-
26 Certo dia Abimeleque saiu de Gerar e foi conversar com Isaque. Com ele foram o seu amigo Auzate e Ficol, o comandante do seu exército.
27 ဣ​ဇာက်​က``သင်​တို့​သည်​ယ​ခင်​က​အ​ကျွန်ုပ် အား​မုန်း​၍ သင်​တို့​၏​ပြည်​မှ​နှင်​ထုတ်​ကြ​ပြီး မှ အ​ဘယ်​ကြောင့်​ယ​ခု​အ​ကျွန်ုပ်​ထံ​သို့​လာ ကြ​သ​နည်း'' ဟု​မေး​လေ​၏။
27 Isaque perguntou: — Por que é que vocês vieram falar comigo, se têm ódio de mim e até me expulsaram da sua terra?
28 သူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​နှင့်​အ​တူ ရှိ​ကြောင်း ယ​ခု​ငါ​တို့​သိ​ရ​ပြီ​ဖြစ်​၍ ငါ​တို့ အ​ချင်း​ချင်း​က​တိ​သစ္စာ​ထား​ကြ​ပါ​စို့။-
28 Eles responderam: — Agora nós sabemos que o
29 ငါ​တို့​က​သင့်​အား​ရန်​ဖက်​မ​ပြု​ဘဲ သင်​တို့​အား ကြင်​နာ​၍​အေး​ချမ်း​စွာ​ထွက်​သွား​စေ​သည့်​နည်း တူ သင်​က​ငါ​တို့​အား​လည်း​ရန်​ဖက်​မ​ပြု​ပါ​ဟု က​တိ​ပြု​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့် အား​ကောင်းချီး​ပေး​တော်​မူ​ကြောင်း​သိ​သာ​ထင် ရှား​ပါ​သည်'' ဟု​ဆို​၏။-
29 Você não nos fará nenhum mal, assim como nós não fizemos nenhum mal a você. Nós fomos bondosos para você e deixamos que fosse embora em paz. Agora está claro que o Senhor o tem abençoado.
30 ဣ​ဇာက်​သည်​စား​သောက်​ပွဲ​ကို​ပြင်​ဆင်​၍ သူ တို့​အား​လုံး​အ​တူ​တ​ကွ​စား​သောက်​ကြ လေ​သည်။-
30 Então Isaque preparou um banquete, e todos eles comeram e beberam.
31 နောက်​တစ်​နေ့​နံ​နက်​စော​စော​တွင် သူ​တို့​အ​ချင်း ချင်း​တစ်​ဦး​နှင့်​တစ်​ဦး​ကတိ​သစ္စာ​ပြု​ကြ​၏။ ထို့ နောက်​သူ​တို့​အ​ချင်း​ချင်း​နှုတ်​ဆက်​ပြီး​လျှင် မိတ်​ဆွေ​ဖြစ်​လျက်​ခွဲ​ခွာ​ကြ​လေ​သည်။
31 No dia seguinte eles se levantaram bem cedo e fizeram o trato, e cada um fez o seu juramento. Isaque se despediu deles, e eles foram embora como seus amigos.
32 ဣ​ဇာက်​၏​အ​စေ​ခံ​တို့​က​သူ​တို့​တူး​သော​ရေ တွင်း​ရေ​ထွက်​ကြောင်း​ဣ​ဇက်​အား​ပြော​ပြ​ကြ​၏။-
32 Nesse mesmo dia os empregados de Isaque foram dar-lhe a notícia de que haviam encontrado água no poço que estavam cavando.
33 ဣ​ဇာက်​က​ထို​ရေ​တွင်း​ကို​ရှေ​ဘ​ဟု​မှည့်​ခေါ်​သော ကြောင့်​ထို​မြို့​ကို​ဗေ​ရ​ရှေ​ဘ​မြို့​ဟု​ခေါ်​တွင်​လေ သည်။
33 Isaque pôs nesse poço o nome de Seba, e por isso até hoje o nome daquela cidade é Berseba .
34 ဧ​သော​သည်​အ​သက်​လေး​ဆယ်​ရှိ​သော​အ​ခါ ဟိတ္တိ​အ​မျိုး​သား​ဗေ​ရိ​၏​သ​မီး​ယု​ဒိတ်၊ ဟိတ္တိ အ​မျိုး​သား​ဧ​လုန်​၏​သ​မီး​ဗာ​ရှ​မတ်​တို့ နှစ်​ဦး​နှင့်​အိမ်​ထောင်​ပြု​လေ​သည်။-
34 Quando tinha quarenta anos, Esaú casou com Judite, filha de Beeri, e com Basemate, filha de Elom, duas moças heteias.
35 ဣ​ဇာက်​နှင့်​ရေ​ဗက္က​တို့​သည်​ထို​အ​မျိုး​သ​မီး များ​အ​တွက်​ကြောင့်​စိတ်​မ​ချမ်း​မ​သာ​ဖြစ် ရ​လေ​၏။
35 Essas duas mulheres amarguraram a vida de Isaque e de Rebeca.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Gênesis 26, comparar traduções ou montar um estudo — tudo direto pelo WhatsApp.