Gênesis 24

Common Language Bible (MYA) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ထို​အ​ချိန်​၌​အာ​ဗြ​ဟံ​သည်​အ​သက်​အ​ရွယ် အ​လွန်​ကြီး​ရင့်​လာ​ပြီ​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား သည်​အ​ရာ​ရာ​၌​သူ့​အား​ကောင်း​ချီး​ပေး​တော် မူ​ခဲ့​၏။-
1 Abraão estava bem velho, e o S enhor o havia abençoado em tudo.
2 သူ​သည်​သူ​၏​ပစ္စည်း​ဥစ္စာ​အား​လုံး​တို့​ကို​အုပ် ထိန်း​ရ​သော အ​သက်​အ​ကြီး​ဆုံး​အ​စေ​ခံ​ကို ခေါ်​လျက်``သင်​၏​လက်​ကို​ငါ့​ပေါင်​အောက်​မှာ ထား​၍​သစ္စာ​ဆို​လော့။-
2 Certo dia, Abraão disse a seu servo mais antigo, o homem encarregado de sua casa: “Faça um juramento colocando a mão debaixo da minha coxa.
3 သင်​သည်​ငါ့​သား​အ​တွက်​မ​ယား​ကို​ခါ​နာန် လူ​မျိုး​တို့​တွင်​မ​ရှာ​ပါ​ဟု ကောင်း​ကင်​နှင့်​မြေ ကြီး​အ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ နာ​မ​တော်​ကို​တိုင်​တည်​၍​သစ္စာ​ဆို​လော့။-
3 Jure pelo S enhor , o Deus dos céus e da terra, que não deixará meu filho se casar com uma das mulheres cananitas que aqui vivem,
4 သင်​သည်​ငါ​မွေး​ရာ​ဇာ​တိ​ပြည်​သို့​ပြန်​သွား​၍ ငါ​၏​အ​မျိုး​သား​ချင်း​တို့​ထဲ​မှ​ငါ​၏​သား ဣဇာက်​အ​တွက်​မ​ယား​ရှာ​ခဲ့​ရ​မည်'' ဟု​ဆို လေ​၏။
4 mas irá à minha terra natal, aos meus parentes, procurar uma mulher para meu filho Isaque”.
5 ထို​အ​ခါ​အ​စေ​ခံ​က``အ​မျိုး​သ​မီး​သည်​သူ​၏ အိမ်​ရာ​ကို​စွန့်​၍​ဤ​ပြည်​သို့ ကျွန်​တော်​နှင့်​အ​တူ မ​လိုက်​လို​ဟု​ဆို​လျှင်​မည်​သို့​ပြု​လုပ်​ရ​ပါ​မည် နည်း။ ကိုယ်​တော်​၏​သား​ကို​ကိုယ်​တော်​၏​ဇာ​တိ ပြည်​သို့​ကျွန်​တော်​ခေါ်​ဆောင်​သွား​ရ​ပါ​မည် လော'' ဟု​မေး​လေ​၏။
5 O servo perguntou: “E se eu não encontrar uma moça disposta a viajar para um lugar tão distante de sua terra? Devo levar Isaque para morar entre seus parentes na terra de onde o senhor veio?”.
6 အာ​ဗြ​ဟံ​က​လည်း``ထို​ပြည်​သို့​ငါ့​သား​ကို သင်​ခေါ်​၍​မ​သွား​ရ။-
6 “Não!”, respondeu Abraão. “Cuidado! Não leve meu filho para lá de jeito nenhum.
7 ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​ငါ​၏​ဖ​ခင်​နှင့်​ဆွေ​မျိုး​များ​နေ​ထိုင်​ရာ​ပြည် မှ ငါ့​ကို​ခေါ်​ဆောင်​ခဲ့​၍​ငါ​၏​အ​မျိုး​အ​နွယ်​တို့ အား ဤ​ပြည်​ကို​ပေး​မည်​ဟု​ငါ့​အား​ကတိ​သစ္စာ ပြု​ထား​တော်​မူ​၏။ သင်​သည်​ငါ့​သား​အ​တွက် မ​ယား​ရှာ​၍​ရ​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ကောင်း​ကင်​တ​မန်​ကို​သင့်​အ​လျင်​ထို ပြည်​သို့​စေ​လွှတ်​တော်​မူ​မည်။-
7 O S enhor , o Deus dos céus, que me tirou da casa de meu pai e de minha terra natal, prometeu solenemente dar esta terra a meus descendentes. Ele enviará um anjo à sua frente e providenciará para que você encontre ali uma mulher para meu filho.
8 အ​ကယ်​၍​အ​မျိုး​သ​မီး​က​သင်​နှင့်​အ​တူ​မ​လိုက် လို​ပါ​က​သင်​ထား​သော​ကတိ​သစ္စာ​သည်​ပျက်​ပြယ် စေ။ သို့​ရာ​တွင်​မည်​သည့်​အ​ကြောင်း​ကြောင့်​မ​ဆို ငါ့​သား​ကို​ထို​ပြည်​သို့​ခေါ်​ဆောင်​၍​မ​သွား​ရ'' ဟု​ဆို​၏။-
8 Se ela não estiver disposta a acompanhá-lo de volta, você estará livre do seu juramento. Mas não leve meu filho para lá, de maneira nenhuma.”
9 ထို့​ကြောင့်​အာ​ဗြ​ဟံ​၏​အ​စေ​ခံ​သည်​မိ​မိ သ​ခင်​၏​ပေါင်​အောက်​တွင် လက်​ကို​ထား​၍ ခိုင်း​စေ​သ​မျှ​အ​တိုင်း​ပြု​လုပ်​ပါ​မည်​ဟု က​တိ​သစ္စာ​ဆို​လေ​၏။
9 Então o servo colocou a mão debaixo da coxa de Abraão, seu senhor, e jurou seguir suas instruções.
10 အာ​ဗြ​ဟံ​၏​ပစ္စည်း​ဥစ္စာ​ကို​အုပ်​ထိန်း​ရ​သော ထို​အ​စေ​ခံ​သည် မိ​မိ​သ​ခင်​၏​ကု​လား​အုတ် များ​ထဲ​မှ​ကု​လား​အုတ်​ဆယ်​စီး​ကို​ယူ​၍ မက်​ဆို​ပို​တေး​မီး​ယား​ပြည်​မြောက်​ပိုင်း​ရှိ နာ​ခေါ်​နေ​ထိုင်​ရာ​မြို့​သို့​ခရီး​ထွက်​ခဲ့​လေ​သည်။-
10 Em seguida, pegou dez camelos de Abraão, carregou-os com presentes valiosos de todo tipo da parte de seu senhor e viajou para a terra distante de Arã-Naaraim. Chegando lá, dirigiu-se à cidade onde Naor, irmão de Abraão, havia se estabelecido.
11 ထို​အ​ရပ်​သို့​ရောက်​သော်​သူ​သည်​မြို့​ပြင်​ရှိ ရေ​တွင်း​အ​နီး​တွင် ကု​လား​အုတ်​များ​ကို​ဝပ် ချ​စေ​၏။ ထို​အ​ချိန်​သည်​ကား​မြို့​တွင်း​မှ​အမျိုး သမီး​များ​ထွက်​၍​ရေ​ခပ်​ရန်​လာ​သော​ည​နေ ချမ်း​အ​ချိန်​ဖြစ်​သ​တည်း။-
11 Ao entardecer, quando as mulheres saíam para tirar água, ele fez os camelos se ajoelharem perto de um poço nos arredores da cidade.
12 သူ​က``အ​ကျွန်ုပ်​၏​သ​ခင်​အာ​ဗြ​ဟံ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​လာ​ခဲ့​ရ​သည့် ကိစ္စ​ထ​မြောက်​အောင်​မြင်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ် ၏​သခင်​အား​ထား​သော​က​တိ​တော်​အ​တိုင်း​ပြု တော်​မူ​ပါ။-
12 Então o servo orou: “Ó S enhor , Deus do meu senhor Abraão, por favor, dá-me sucesso hoje e sê bondoso com o meu senhor Abraão.
13 အ​ကျွန်ုပ်​သည်​မြို့​တွင်း​မှ​မိန်း​မ​ပျို​များ​ရေ ခပ်​လာ​မည့်​ရေ​တွင်း​နား​သို့​ရောက်​ရှိ​နေ​ပါ​၏။-
13 Como vês, estou aqui junto desta fonte, e as moças da cidade estão vindo tirar água.
14 သူ​တို့​အ​ထဲ​မှ​တစ်​ယောက်​ယောက်​အား`သင်​၏ ရေ​ခ​ရား​မှ​ရေ​တစ်​ပေါက်​လောက်​သောက်​ပါ​ရ စေ' ဟု​ဆို​ပါ​မည်။ အ​ကယ်​၍​ထို​အ​မျိုး​သ​မီး က`သောက်​ပါ။ သင်​၏​ကု​လား​အုတ်​တို့​အ​တွက် လည်း​ရေ​ခပ်​ပေး​ပါ​မည်' ဟု​ဆို​လျှင် ထို​အ​မျိုး သ​မီး​သည်​ကိုယ်​တော်​၏​ကျွန်​ဣ​ဇာက်​အ​တွက် ကိုယ်​တော်​ရွေး​ချယ်​ထား​သူ​ဖြစ်​ပါ​စေ​သော။ အ​ကျွန်ုပ်​လျှောက်​ထား​သည့်​အ​တိုင်း​ဖြစ်​ခဲ့ လျှင်​အ​ကျွန်ုပ်​၏​သ​ခင်​အား​ထား​တော်​မူ သော​က​တိ​တော်​အ​တိုင်း ကိုယ်​တော်​ပြု​တော် မူ​ကြောင်း​အ​ကျွန်ုပ်​သိ​ရ​ပါ​မည်'' ဟု​ဆု တောင်း​လေ​၏။
14 Esta é minha súplica. Pedirei a uma delas: ‘Por favor, dê-me um pouco de água do seu cântaro para eu beber’. Se ela disser: ‘Sim, beba. Também darei água a seus camelos’, que seja ela a moça que escolheste para ser mulher do teu servo Isaque. Desse modo, saberei que foste bondoso com o meu senhor”.
15 သူ​ဆု​တောင်း​၍​မ​ဆုံး​မီ၊ ရေ​ဗက္က​ဆို​သူ​အ​မျိုး သ​မီး​သည်​ရေ​ခ​ရား​ကို​ပ​ခုံး​ပေါ်​တင်​လျက် ရောက်​ရှိ​လာ​လေ​သည်။ သူ​သည်​အာ​ဗြ​ဟံ​၏​ညီ နာ​ခေါ်​နှင့်​မ​ယား​မိ​လ​ခါ​တို့​၏​သား​ဗေ​သွေ လ​၏​သ​မီး​ဖြစ်​သည်။-
15 Antes de terminar a oração, o servo viu aproximar-se uma moça chamada Rebeca, que trazia um cântaro no ombro. Ela era filha de Betuel, filho do irmão de Abraão, Naor, e de sua mulher, Milca.
16 သူ​သည်​အ​လွန်​ရုပ်​ရည်​လှ​သော​ပျို​က​ညာ​ဖြစ် ၏။ သူ​သည်​ရေ​တွင်း​သို့​ဆင်း​၍​ရေ​ခ​ရား​၌​ရေ ဖြည့်​ပြီး​လျှင်​ပြန်​တက်​လာ​သည်။-
16 Rebeca era muito bonita, tinha idade para casar e era virgem. Ela desceu à fonte, encheu o cântaro e voltou.
17 ထို​အ​စေ​ခံ​သည်​မိန်းမ​ပျို​ထံ​သို့​ပြေး​သွား လျက်``သင်​၏​ခ​ရား​မှ​ကျေး​ဇူး​ပြု​၍​ရေ တစ်​ပေါက်​သောက်​ရန်​ပေး​ပါ'' ဟု​တောင်း လေ​၏။
17 O servo de Abraão correu até ela e lhe pediu: “Por favor, dê-me um pouco de água do seu cântaro para eu beber”.
18 မိန်း​မ​ပျို​က``အ​ရှင်​သောက်​ပါ'' ဟု​ဆို​၍​ပ​ခုံး ပေါ်​မှ​ခ​ရား​ကို​အ​လျင်​အ​မြန်​ချ​လျက်​သူ့ အား​ပေး​လေ​သည်။-
18 “Sim, meu senhor, beba”, respondeu ela e, prontamente, baixou o cântaro do ombro e lhe deu de beber.
19 သူ့​အား​ရေ​တိုက်​ပြီး​သော​အ​ခါ​မိန်းမ​ပျို​က``သင် ၏​ကု​လား​အုတ်​များ​ရေ​ဝ​အောင်​သောက်​နိုင်​ရန် ကျွန်​မ​ရေ​ခပ်​ပေး​ပါ​ဦး​မည်'' ဟု​ဆို​လေ​သည်။-
19 Depois que lhe deu de beber, disse: “Tirarei água para seus camelos também, até que estejam satisfeitos”.
20 မိန်း​မ​ပျို​သည်​ခ​ရား​ထဲ​၌​ရှိ​သော​ရေ​ကို​ရေ တိုက်​ခွက်​ထဲ​သို့​ချက်​ချင်း​သွန်​ချ​ပြီး​လျှင် သူ ၏​ကု​လား​အုတ်​အား​လုံး​တို့​ကို​ရေ​တိုက်​ပြီး သည်​အ​ထိ​ရေ​တွင်း​မှ​ရေ​ကို​အ​လျင်​အ​မြန် ခပ်​သယ်​ပေး​သည်။-
20 Esvaziou depressa o cântaro no bebedouro e correu de volta ao poço a fim de tirar água para todos os camelos.
21 ထို​အ​စေ​ခံ​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​က​သူ့ အား​ထ​မြောက်​အောင်​မြင်​ခွင့်​ပေး​မည်၊ မ​ပေး မည်​ကို​သိ​နိုင်​ရန်​စောင့်​ကြည့်​နေ​လေ​သည်။
21 O homem a observou em silêncio, pensando se o S enhor lhe tinha dado sucesso em sua missão.
22 မိန်း​မ​ပျို​သည်​ကု​လား​အုတ်​များ​ကို​ရေ​တိုက် ပြီး​သော​အ​ခါ ထို​သူ​သည်​အ​ချိန်​ငါး​မူး​ရှိ သော​ရွှေ​နှာ​ဆွဲ​နှင့်​အ​ကျပ်​တစ်​ဆယ်​အ​ချိန် ရှိ​သော​ရွှေ​လက်​ကောက်​တစ်​ရံ​ကို​သူ့​အား​ဝတ် ဆင်​ပေး​ပြီး​လျှင် သင်​သည်​မည်​သူ​၏​သ​မီး ဖြစ်​သည်​ကို​သိ​ပါ​ရ​စေ။-
22 Por fim, quando os camelos terminaram de beber, o servo deu à moça uma argola de ouro para o nariz e duas pulseiras grandes de ouro para os braços.
23 သင်​၏​ဖ​ခင်​အိမ်​တွင်​ကျွန်ုပ်​နှင့်​ကျွန်ုပ်​၏​အ​ဖော် တို့​ည​တည်း​ခို​ရန်​နေ​ရာ​ရှိ​ပါ​သ​လော'' ဟု​မေး လေ​၏။
23 “De quem você é filha?”, perguntou ele. “Diga-me, por favor, se seu pai tem lugar para nos hospedar esta noite.”
24 ``ကျွန်​မ​သည်​နာ​ခေါ်​နှင့်​မိ​လ​ခါ​တို့​၏​မြေး၊ ဗေ​သွေ​လ​၏​သမီး​ဖြစ်​ပါ​၏။-
24 “Sou filha de Betuel, e meus avós são Naor e Milca”, respondeu ela.
25 ကျွန်​မ​တို့​၏​အိမ်​တွင်​တိ​ရစ္ဆာန်​များ​အ​တွက် ကောက်​ရိုး​နှင့်​အ​စာ​များ​စွာ​ရှိ​ပါ​သည်။ သင် တို့​တည်း​ခို​ရန်​နေ​ရာ​လည်း​ရှိ​ပါ​သည်'' ဟု ဖြေ​ကြား​လေ​သည်။
25 “Temos bastante palha e forragem para os camelos e espaço para hóspedes.”
26 ထို​အ​ခါ​သူ​သည်​ဦး​ညွှတ်​၍​ထာ​ဝ​ရ ဘု​ရား​ကို​ရှိ​ခိုး​လျက်၊-
26 O homem se prostrou e adorou o S enhor .
27 ``အ​ကျွန်ုပ်​၏​သ​ခင်​အာ​ဗြ​ဟံ​အား​က​ရု​ဏာ ပြ​တော်​မူ​လျက် သစ္စာ​ကတိ​တော်​အ​တိုင်း​ပြု တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏​ကျေး​ဇူး တော်​သည်​ကြီး​လှ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​အ​ကျွန်ုပ်​အား​သ​ခင်​၏​ဆွေ​မျိုး​များ ထံ​သို့​ဆိုက်​ဆိုက်​မြိုက်​မြိုက်​ပို့​ဆောင်​တော်​မူ လေ​ပြီ'' ဟု​မြွက်​ဆို​လေ​၏။
27 “Louvado seja o S enhor , Deus do meu senhor Abraão!”, disse ele. “O S enhor demonstrou bondade e fidelidade ao meu senhor, pois me conduziu até seus parentes.”
28 မိန်း​မ​ပျို​သည်​လည်း​သူ​၏​မိ​ခင်​နေ​အိမ်​သို့ ပြေး​၍ အ​ကြောင်း​အ​ရာ​အ​ကုန်​အ​စင်​ကို ပြော​ပြ​လေ​၏။-
28 A moça correu para casa e contou à família tudo que havia acontecido.
29 ရေ​ဗက္က​တွင်​လာ​ဗန်​ဟု​နာ​မည်​တွင်​သော​မောင် ရှိ​၏။ သူ​သည်​ထို​သူ​ရှိ​ရာ​ရေ​တွင်း​သို့​ပြေး လေ​၏။-
29 Rebeca tinha um irmão chamado Labão, que foi prontamente à fonte para conhecer o homem.
30 လာ​ဗန်​သည်​နှ​မ​တွင်​နှာ​ဆွဲ​တန်​ဆာ​နှင့်​လက် ကောက်​များ​ဝတ်​ဆင်​ထား​သည်​ကို​မြင်​သည့်​ပြင် ထို​သူ​က​နှ​မ​အား​ပြော​ပြ​သ​မျှ​ကို​လည်း ကြား​ရ​၏။ သို့​ဖြစ်​၍​သူ​သည်​ရေ​တွင်း​နား​တွင် ကု​လား​အုတ်​တို့​အ​နီး​၌​ရပ်​နေ​သော​အာ​ဗြ ဟံ​၏​အ​စေ​ခံ​ထံ​သို့​သွား​၍၊-
30 Ele havia visto a argola para o nariz e as pulseiras nos braços da irmã, e tinha ouvido Rebeca contar o que o homem dissera. Assim, apressou-se até a fonte, onde o homem ainda estava parado perto dos camelos.
31 ``ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​ကောင်း​ချီး​မင်္ဂလာ​ခံ ရ​သော​သူ၊ ကျွန်ုပ်​၏​အိမ်​သို့​ကြွ​ပါ။ ဤ​နေ​ရာ တွင်​အ​ဘယ်​ကြောင့်​ရပ်​နေ​ပါ​သ​နည်း။ ကျွန်ုပ် ၏​အိမ်​တွင်​သင်​တည်း​ခို​ရန်​အ​ခန်း​ကို​အ​သင့် ပြင်​ပြီး​ပါ​ပြီ။ သင်​၏​ကု​လား​အုတ်​များ​နေ စ​ရာ​လည်း​ရှိ​ပါ​သည်'' ဟု​ခေါ်​ဖိတ်​လေ​သည်။
31 Labão lhe disse: “Venha e fique conosco, abençoado do S enhor ! Por que ficar aí fora? Já mandei arrumar acomodações para você e seus homens e lugar para os camelos”.
32 သို့​ဖြစ်​၍​ထို​သူ​သည်​လာ​ဗန်​တို့​၏​အိမ်​သို့​လိုက် ပါ​လာ​၏။ လာ​ဗန်​သည်​ကု​လား​အုတ်​များ​မှ​ဝန် စည်​များ​ကို​ချ​ပြီး​လျှင် တိ​ရစ္ဆာန်​များ​ကို​ကောက် ရိုး​နှင့်​အ​စာ​ကျွေး​လေ​၏။ ထို​နောက်​အာဗြဟံ​၏ အ​စေ​ခံ​နှင့်​သူ​၏​အ​ဖော်​တို့​ခြေ​ဆေး​ရန်​ရေ ကို​လည်း​ယူ​ခဲ့​သည်။-
32 Então o homem foi com ele para casa. Labão mandou descarregar os camelos, dar palha para os animais se deitarem e forragem para comerem, e água para o homem e seus ajudantes lavarem os pés.
33 သူ​တို့​အ​တွက်​စား​စ​ရာ​ကို​ပြင်​ဆင်​ပြီး​သော အ​ခါ​ထို​သူ​က``ကျွန်ုပ်​ပြော​စ​ရာ​ရှိ​သ​မျှ ကို​ပြော​ပြ​ပြီး​မှ​အ​စာ​စား​ပါ​မည်'' ဟု​ဆို လေ​၏။
33 Quando a refeição foi servida, porém, o servo de Abraão disse: “Não comerei enquanto não explicar o motivo da minha vinda”. “Está bem”, disse Labão. “Fale.”
34 ထို​သူ​က``ကျွန်ုပ်​သည်​အာ​ဗြ​ဟံ​၏​အ​စေ​ခံ ဖြစ်​ပါ​သည်။-
34 “Sou servo de Abraão”, explicou ele.
35 ထာ​ဝ​ရ​ဘု​ရား​သည်​ကျွန်ုပ်​၏​သ​ခင်​အား​ကောင်း ချီး​မင်္ဂ​လာ​များ​စွာ​ချ​ပေး​သ​ဖြင့် သူ​သည်​ကြွယ် ဝ​ချမ်း​သာ​လာ​ပါ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ့​အား​သိုး​အုပ်၊ ဆိတ်​အုပ်၊ ရွှေ၊ ငွေ၊ ကျွန်​ယောကျာ်း၊ ကျွန်​မိန်း​မ၊ ကု​လား​အုတ်​နှင့်​မြည်း​များ​ကို​ပေး တော်​မူ​ပြီ။-
35 “O S enhor abençoou grandemente o meu senhor, e ele se tornou um homem rico. O S enhor lhe deu rebanhos de ovelhas e bois, uma fortuna em prata e ouro, e muitos servos e servas, camelos e jumentos.
36 ကျွန်ုပ်​သ​ခင်​၏​မ​ယား​စာ​ရာ​သည်​အ​ရွယ်​အို မှ​သား​တစ်​ယောက်​ကို​ဖွား​မြင်​ခဲ့​သည်။ ကျွန်ုပ် ၏​သခင်​သည်​ထို​သား​အား​မိ​မိ​ပိုင်​ဆိုင်​သ​မျှ တို့​ကို​ပေး​အပ်​ထား​ပါ​သည်။-
36 “Quando Sara, mulher do meu senhor, era muito idosa, deu à luz o filho dele. Meu senhor deu tudo que possui a esse filho
37 သ​ခင်​က​လည်း​ကျွန်ုပ်​အား`သင်​သည်​ငါ​၏​သား အ​တွက် မ​ယား​ကို​ခါ​နာန်​ပြည်​ရှိ​အ​မျိုး​သ​မီး များ​ထဲ​မှ​မ​ရှာ​ရ။-
37 e me fez jurar, dizendo: ‘Não permita que meu filho se case com uma das mulheres cananitas que aqui vivem.
38 ငါ့​အ​ဖ​အ​မျိုး​သား​များ​ဖြစ်​သော​ငါ​၏​ဆွေ မျိုး​သား​ချင်း​တို့​ထံ​သို့​သွား​၍ ငါ့​သား​အ​တွက် မ​ယား​ကို​ရှာ​ရ​မည်' မှာ​ကြား​ပါ​သည်။ ထို​မှာ ကြား​ချက်​ကို​နာ​ခံ​ပါ​မည်​ဟု​ကတိ​သစ္စာ​ခံ​စေ ပါ​သည်။-
38 Vá à casa de meu pai, aos meus parentes, procurar uma mulher para meu filho’.
39 ထို​အ​ခါ​ကျွန်ုပ်​က`အ​ကယ်​၍​အ​မျိုး​သ​မီး​က ကျွန်ုပ်​နှင့်​မ​လိုက်​လို​ဟု​ဆို​သော်​မည်​သို့​ပြု​လုပ် ရ​ပါ​မည်​နည်း' ဟု​သခင်​အား​မေး​သော်၊-
39 “Mas eu perguntei ao meu senhor: ‘E se eu não encontrar uma moça disposta a voltar comigo?’.
40 သ​ခင်​က`ငါ​အ​မြဲ​ရို​သေ​နာ​ခံ​သော​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​၏​ကောင်း​ကင်​တ​မန်​ကို​သင်​နှင့် အ​တူ​စေ​လွှတ်​၍​သင့်​အား​အောင်​မြင်​မှု​ကို​ပေး တော်​မူ​မည်။ သင်​သည်​ငါ​၏​အ​မျိုး​သား​ချင်း ဖြစ်​သော​ငါ့​အ​ဖ​မိ​သား​စု​ထဲ​မှ ငါ့​သား အ​တွက်​မ​ယား​ကို​ရှာ​ယူ​ခဲ့​ရ​မည်။-
40 Ele respondeu: ‘O S enhor , em cuja presença tenho vivido, enviará um anjo com você e lhe dará sucesso em sua missão. Encontre uma mulher para meu filho entre os meus parentes, da família de meu pai.
41 သင်​ထား​သော​ကတိ​သစ္စာ​ပျက်​ပြယ်​စေ​မည့်​နည်း တစ်​နည်း​သာ​လျှင်​ရှိ​သည်။ သင်​သည်​ငါ​၏​ဆွေ မျိုး​သား​ချင်း​တို့​ထံ​သို့​သွား​၍​သူ​တို့​က ငြင်း​ဆို​လျှင် သင်​ထား​သော​က​တိ​သစ္စာ​ပျက် ပြယ်​စေ' ဟု​ဖြေ​ကြား​ပါ​၏။
41 Então você terá cumprido sua obrigação. Se, porém, você for aos meus parentes e eles não deixarem a moça acompanhá-lo, estará livre do juramento’.
42 ``ကျွန်ုပ်​သည်​ရေ​တွင်း​သို့​ယ​နေ့​ရောက်​ရှိ​သော အ​ခါ`အ​ကျွန်ုပ်​၏​သ​ခင်​အာ​ဗြ​ဟံ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ပြု​လုပ်​ရ မည့်​အ​မှု​ကိစ္စ​ကို​အောင်​မြင်​စေ​တော်​မူ​ပါ။-
42 “Hoje, quando cheguei à fonte, fiz a seguinte oração: ‘Ó S enhor , Deus do meu senhor Abraão, por favor, dá-me sucesso em minha missão.
43 ယ​ခု​ရေ​တွင်း​သို့​ရောက်​ရှိ​ပါ​ပြီ။ မိန်းမ​ပျို​တစ် ဦး​ရေ​ခပ်​လာ​သော​အ​ခါ​သူ့​အား`ရေ​တစ်​ပေါက် လောက်​သောက်​ပါ​ရ​စေ' ဟု​တောင်း​ပါ​မည်။-
43 Como vês, estou aqui junto desta fonte. Esta é minha súplica. Quando uma jovem vier tirar água, eu lhe direi: ‘Por favor, dê-me um pouco de água do seu cântaro’.
44 အ​ကယ်​၍​သူ​က`သောက်​ပါ။ သင်​၏​ကု​လား​အုတ် များ​အ​တွက်​ရေ​ကို​ခပ်​ပေး​ပါ​ဦး​မည်' ဟု​ဆို လျှင်​ထို​မိန်း​မ​ပျို​သည်​အ​ကျွန်ုပ်​သ​ခင်​၏​သား အ​တွက်​ကိုယ်​တော်​ရှင်​ရွေး​ချယ်​သော​မ​ယား ဖြစ်​ပါ​စေ​သော' ဟု​ဆု​တောင်း​ပါ​သည်။-
44 Se ela disser: ‘Sim, beba. Também darei água a seus camelos’, que seja ela a moça que escolheste para ser mulher do filho do meu senhor’.
45 စိတ်​ထဲ​၌​ထို​ကဲ့​သို့​ဆု​တောင်း​၍​မ​ပြီး​မီ ရေ​ဗက္က​သည် ပ​ခုံး​ပေါ်​တွင်​ရေ​ခ​ရား​တင်​လျက် ရေ​ခပ်​ရန်​ရေ​တွင်း​သို့​လာ​ပါ​သည်။ ကျွန်ုပ်​က​သူ့ အား`ရေ​တစ်​ပေါက်​လောက်​သောက်​ပါ​ရ​စေ' ဟု တောင်း​၏။-
45 “Antes de terminar de orar em meu coração, vi Rebeca vindo com o cântaro no ombro. Ela desceu à fonte e tirou água. Eu lhe disse: ‘Por favor, dê-me um pouco de água do seu cântaro para eu beber’.
46 သူ​သည်​ပ​ခုံး​ပေါ်​မှ​ခ​ရား​ကို​အ​လျင်​အ​မြန် ချ​လျက်`သောက်​ပါ၊ သင်​၏​ကု​လား​အုတ်​များ​ကို လည်း​ရေ​တိုက်​ပါ​မည်' ဟု​ဆို​ပါ​သည်။ ထို​ကြောင့် ကျွန်ုပ်​ရေ​သောက်​ရ​ပါ​၏။ သူ​က​ကု​လား​အုတ် များ​ကို​လည်း​ရေ​တိုက်​ပေး​ပါ​၏။-
46 Prontamente, ela baixou o cântaro do ombro e disse: ‘Sim, beba. Também darei água aos seus camelos’. Eu bebi, e ela deu água aos camelos.
47 ကျွန်ုပ်​က`သင်​သည်​မည်​သူ​၏​သ​မီး​ဖြစ်​သ​နည်း' ဟု​မေး​သော်​သူ​က`ကျွန်​မ​သည်​နာ​ခေါ်​နှင့်​မိ​လ ခါ​တို့​၏​မြေး၊ ဗေ​သွေ​လ​၏​သ​မီး​ဖြစ်​ပါ​သည်' ဟု​ဖြေ​ပါ​သည်။ ထို​အ​ခါ​ကျွန်ုပ်​သည်​သူ​၏​နှာ ခေါင်း​တွင်​နှာ​ဆွဲ​ကို​လည်း​ကောင်း၊ လက်​တွင်​လက် ကောက်​များ​ကို​လည်း​ကောင်း​ဝတ်​ဆင်​ပေး​ပါ သည်။-
47 “Em seguida, perguntei-lhe: ‘De quem você é filha?’. Ela respondeu: ‘Sou filha de Betuel, e meus avós são Naor e Milca’. Então coloquei a argola em seu nariz e as pulseiras em seus braços.
48 ထို​နောက်​ကျွန်ုပ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဦး​ညွှတ်​ရှိ​ခိုး​၍​ကျွန်ုပ်​သ​ခင်​၏​သား​အ​တွက် မ​ယား​ရှိ​ရာ​ဆွေ​မျိုး​သား​ချင်း​တို့​ထံ​သို့ ဆိုက်​ဆိုက်​မြိုက်​မြိုက်​ပို့​ဆောင်​တော်​မူ​သော​ကျွန်ုပ် သ​ခင်​အာ​ဗြ​ဟံ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီးမွမ်း​ပါ​သည်။-
48 “Depois, prostrei-me e adorei o S enhor . Louvei o S enhor , Deus do meu senhor Abraão, pois ele havia me conduzido até a sobrinha-neta do meu senhor, para que ela seja mulher do filho do meu senhor.
49 သင်​တို့​သည်​ကျွန်ုပ်​၏​သ​ခင်​အ​တွက်​က​ရု​ဏာ ပြ​တော်​မူ​လျက်​သစ္စာ​ကတိ​အ​တိုင်း​ဆောင်​ရွက် နိုင်​မည်၊ မ​ဆောင်​ရွက်​နိုင်​မည်​ကို​သိ​ပါ​ရ​စေ။ မ​ဆောင်​ရွက်​နိုင်​ဟု​ဆို​လျှင်​လည်း​သိ​ပါ​ရ​စေ။ သို့​မှ​သာ​ကျွန်ုပ်​မည်​ကဲ့​သို့​ဆက်​လက်​ဆောင်​ရွက် ရ​မည်​ကို​ဆုံး​ဖြတ်​နိုင်​ပါ​မည်'' ဟု​ပြော​လေ​၏။
49 Agora, digam-me se mostrarão bondade e fidelidade ao meu senhor. Por favor, respondam-me ‘sim’ ou ‘não’, para que eu saiba o que fazer em seguida.”
50 လာ​ဗန်​နှင့်​ဗေ​သွေ​လ​တို့​က``ဤ​အ​မှု​ကိစ္စ​သည် ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​သော​အ​မှု​ကိစ္စ​ဖြစ်​ခြင်း ကြောင့်​ကျွန်ုပ်​တို့​က​အ​ဆုံး​အ​ဖြတ်​ပေး​ရန် မ​လို​ပါ။-
50 Labão e Betuel responderam: “É evidente que o S enhor o trouxe até aqui. Sendo assim, não há nada que possamos dizer.
51 သင့်​ရှေ့​တွင်​ရေ​ဗက္က​ရှိ​ပါ​၏။ သူ့​ကို​ခေါ်​ဆောင် သွား​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် မိန့်​တော်​မူ​သည်​အ​တိုင်း​သူ့​အား​သင့်​သ​ခင် သား​၏​မ​ယား​အ​ဖြစ်​ခေါ်​ဆောင်​သွား​ပါ လော့'' ဟု​ဖြေ​ကြ​၏။-
51 Aqui está Rebeca; tome-a e leve-a com você. Que ela seja mulher do filho do seu senhor, como disse o S enhor ”.
52 အာ​ဗြ​ဟံ​၏​အ​စေ​ခံ​သည်​ထို​စ​ကား​ကို ကြား​ရ​လျှင် ထာ​ဝ​ရ​ဘု​ရား​အား​ဦး​ညွှတ် ရှိ​ခိုး​လေ​သည်။-
52 Quando o servo de Abraão ouviu a resposta, prostrou-se no chão e adorou o S enhor .
53 ထို​နောက်​သူ​သည်​ရွှေ​ငွေ​အ​ဝတ်​တန်​ဆာ​များ ကို​ထုတ်​၍​ရေ​ဗက္က​အား​ပေး​၏။ ရေ​ဗက္က​၏​မောင် နှင့်​မိ​ခင်​တို့​အား​လည်း​အ​ဖိုး​ထိုက်​တန်​သော လက်​ဆောင်​များ​ကို​ပေး​၏။
53 Em seguida, entregou a Rebeca joias de prata e ouro e vestidos. Também deu presentes valiosos ao irmão e à mãe de Rebeca.
54 ထို​နောက်​အာ​ဗြ​ဟံ​၏​အ​စေ​ခံ​နှင့် အ​ဖော်​တို့ သည်​စား​သောက်​ကြ​ပြီး​လျှင် ထို​အိမ်​၌​ည​အိပ် ၍​နံ​နက်​အိပ်​ရာ​မှ​နိုး​ကြ​သော​အ​ခါ အာ​ဗြ​ဟံ ၏​အ​စေ​ခံ​က``သ​ခင်​ထံ​သို့​ပြန်​ပါ​ရ​စေ'' ဟု ပန်​ကြား​၏။
54 Então o servo e os homens que o acompanhavam comeram e passaram a noite ali. Logo cedo na manhã seguinte, o servo de Abraão disse: “Enviem-me de volta ao meu senhor”.
55 ထို​အ​ခါ​ရေ​ဗက္က​၏​မောင်​နှင့်​မိ​ခင်​တို့​က``မိန်း က​လေး​အား​ကျွန်ုပ်​တို့​နှင့်​အ​တူ​ဆယ်​ရက်​ခန့် မျှ​နေ​စေ​ပြီး​မှ​သွား​ပါ'' ဟု​ဆို​ကြ​၏။
55 Mas o irmão e a mãe de Rebeca disseram: “Queremos que Rebeca fique conosco pelo menos dez dias; depois, ela poderá partir”.
56 ထို​သူ​က``ကျွန်ုပ်​ကို​မ​တား​ပါ​နှင့်။ ထာ​ဝ​ရ ဘု​ရား​သည်​ကျွန်ုပ်​လာ​ရ​သော​ကိစ္စ​ကို​ထ​မြောက် အောင်​မြင်​စေ​တော်​မူ​ပြီ​ဖြစ်​၍​သ​ခင့်​ထံ​သို့ ပြန်​ပါ​ရ​စေ'' ဟု​ပြန်​ပြော​၏။
56 O servo, porém, disse: “Não me detenham. O S enhor me deu sucesso em minha missão; agora, enviem-me de volta ao meu senhor”.
57 တစ်​ဖန်​သူ​တို့​က``မိန်း​က​လေး​ကို​ခေါ်​၍​သူ ၏​သ​ဘော​ကို​မေး​ကြည့်​ကြ​ပါ​စို့'' ဟု​ပြော ကြ​၏။-
57 “Pois bem”, disseram eles. “Chamaremos Rebeca e pediremos a opinião dela.”
58 သူ​တို့​သည်​ရေ​ဗက္က​ကို​ခေါ်​၍``သင်​သည်​ဤ​သူ နှင့်​အ​တူ​လိုက်​သွား​လို​သ​လော'' ဟု​မေး​၏။
58 Chamaram Rebeca e lhe perguntaram: “Você está disposta a ir com este homem?”. E ela respondeu: “Sim, estou”.
59 ရေ​ဗက္က​နှင့်​သူ​၏​အ​ထိန်း​ကို​အာ​ဗြ​ဟံ​၏ အ​စေ​ခံ​လူ​စု​နှင့်​အ​တူ​လိုက်​ပါ​သွား​စေ ကြ​၏။-
59 Com isso, eles se despediram de Rebeca e a enviaram com o servo de Abraão e seus homens. A serva que havia amamentado Rebeca a acompanhou.
60 သူ​တို့​က၊
60 Na hora da partida, abençoaram Rebeca, dizendo: “Nossa irmã, que você se torne mãe de muitos milhares! Que seus descendentes conquistem as cidades de seus inimigos!”.
61 ထို​နောက်​ရေ​ဗက္က​နှင့်​သူ​၏​ကျွန်​မ​များ​တို့​သည် ကု​လား​အုတ်​များ​ကို​စီး​၍ အာ​ဗြ​ဟံ​၏​အ​စေ ခံ​နှင့်​အ​တူ​လိုက်​ပါ​သွား​ကြ​လေ​သည်။
61 Então Rebeca e suas servas montaram nos camelos e seguiram o homem. Assim, o servo de Abraão partiu levando Rebeca.
62 ဣ​ဇာက်​သည်``ငါ့​ကို​မြင်​တော်​မူ​သည့်​အ​သက်​ရှင် တော်​မူ​သော​အ​ရှင်​၏​ရေ​တွင်း'' ဟူ​သော​နာ​မည် ရှိ​ရာ​တော​ကန္တာရ​သို့​ရောက်​လာ​၍ ခါ​နာန်​ပြည် တောင်​ပိုင်း​တွင်​နေ​ထိုင်​လျက်​ရှိ​၏။-
62 Nesse meio-tempo, Isaque, que morava no Neguebe, havia regressado de Beer-Laai-Roi.
63 ည​နေ​ချမ်း​အ​ချိန်​၌​သူ​သည်​လယ်​ကွင်း​ထဲ တွင်​ကု​လား​အုတ်​များ​လာ​နေ​သည်​ကို​မြင် ရ​လေ​၏။-
63 Ao entardecer, enquanto caminhava pelo campo e meditava, levantou os olhos e viu que camelos se aproximavam.
64 ရေ​ဗက္က​သည်​ဣ​ဇာက်​ကို​မြင်​လျှင်​ကု​လား​အုတ် ပေါ်​မှ​ဆင်း​၍၊-
64 Quando Rebeca levantou os olhos e viu Isaque, desceu do camelo no mesmo instante
65 ``လယ်​ကွင်း​ထဲ​၌​ကျွန်ုပ်​တို့​ထံ​သို့​လာ​နေ​သူ ကား​မည်​သူ​ပါ​နည်း'' ဟု​အာ​ဗြ​ဟံ​၏​အ​စေ ခံ​အား​မေး​လေ​၏။
65 e perguntou ao servo: “Quem é aquele homem que vem pelo campo ao nosso encontro?”. Quando ele respondeu: “É meu senhor”, Rebeca cobriu o rosto com o véu.
66 အ​စေ​ခံ​က​လည်း​မိ​မိ​ဆောင်​ရွက်​ခဲ့​သ​မျှ​ကို ဣ​ဇာက်​အား​အ​ကုန်​အ​စင်​ပြော​ပြ​လေ​၏။-
66 Depois, o servo contou a Isaque tudo que havia feito.
67 ထို​နောက်​ဣ​ဇာက်​သည်​မိ​မိ​၏​အ​မိ​စာ​ရာ​နေ ထိုင်​ခဲ့​သော​တဲ​ထဲ​သို့​ရေ​ဗက္က​ကို​ခေါ်​ဆောင် သွား​၍​အ​ကြင်​လင်​မ​ယား​ဖြစ်​လာ​ကြ​၏။ ဣ​ဇာက်​သည်​ရေ​ဗက္က​ကို​ချစ်​မြတ်​နိုး​၏။ ထို့ ကြောင့်​သူ​၏​မိ​ခင်​ကွယ်​လွန်​၍​ဝမ်း​နည်း ကြေ​ကွဲ​ရာ​မှ​စိတ်​သက်​သာ​ရာ​ရ​လေ​သည်။
67 Isaque a levou para a tenda de Sara, sua mãe, e Rebeca se tornou sua mulher. Ele a amava profundamente e nela encontrou consolação depois que sua mãe morreu.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Gênesis 24, comparar traduções ou montar um estudo — tudo direto pelo WhatsApp.