Gênesis 20
Common Language Bible (MYA) vs BKJ
1 အာဗြဟံသည်မံရေအရပ်မှခါနာန်ပြည်တောင် ပိုင်းသို့ပြောင်းရွှေ့ခဲ့ပြီးလျှင် ကာဒေရှမြို့နှင့်ရှုရ မြို့စပ်ကြားရှိအရပ်တွင်နေထိုင်လေ၏။ သူသည် ဂေရာမြို့၌နေထိုင်စဉ်၊-
1 E Abraão viajou dali para a terra do sul, e habitou entre Cades e Sur, e peregrinou em Gerar.
2 သူ၏မယားစာရာသည်မိမိ၏နှမဖြစ်သည် ဟုဆို၏။ ထို့ကြောင့်ဂေရာဘုရင်အဘိမလက် ကစာရာကိုသိမ်းပိုက်လေသည်။-
2 E Abraão disse de Sara, sua esposa: Ela é minha irmã. E Abimeleque, rei de Gerar, enviou e tomou Sara.
3 ညအခါအိပ်မက်ထဲ၌ဘုရားသခင်က``သင် သည်ဤမိန်းမကိုသိမ်းပိုက်သဖြင့်သေရမည်။ သူသည်လင်ရှိမယားဖြစ်သည်'' ဟုအဘိ မလက်အားမိန့်တော်မူ၏။
3 Mas Deus veio a Abimeleque em um sonho à noite, e lhe disse: Eis que és nada mais que um homem morto, pela mulher que tomaste, pois ela é a mulher de um homem.
4 သို့ရာတွင်အဘိမလက်သည် သူမအနီးသို့ မချဉ်းကပ်သေး။ သူက``ထာဝရဘုရား၊ အကျွန်ုပ် သည်အပြစ်ကင်းပါ၏။ အကျွန်ုပ်နှင့်အကျွန်ုပ်၏ လူမျိုးကိုဖျက်ဆီးမည်လော။-
4 Mas Abimeleque não havia se aproximado dela. E ele disse: Senhor, tu matarás também uma nação justa?
5 အာဗြဟံကိုယ်တိုင်ကသူ၏နှမဖြစ်သည်ဟု ဆိုပါ၏။ သူကလည်းအာဗြဟံသည်သူ၏အစ်ကို ဖြစ်သည်ဟုဆိုပါသည်။ အကျွန်ုပ်သည်စိတ်သဘော ရိုးသားစွာဖြင့် ဤအမှုကိုကြံစည်မိပါသည်။ သို့ရာတွင်အပြစ်ကူးလွန်ခြင်းမရှိပါ'' ဟု လျှောက်ဆို၏။
5 Não me disse ele: Ela é minha irmã? E ela também disse: Ele é meu irmão. Na integridade de meu coração e na inocência das minhas mãos eu fiz isso.
6 အိပ်မက်ထဲ၌ပင်ဘုရားသခင်က``သင်သည် စိတ်သဘောရိုးသားစွာဖြင့် ဤအမှုကိုကြံ စည်မိခြင်းဖြစ်ကြောင်းငါသိ၏။ သို့ဖြစ်၍သင် သည်ငါ့ကိုမပြစ်မှားမိစေခြင်းငှာ ထိုမိန်းမ ကိုလက်ရောက်မကူးလွန်ရန်ငါတားဆီးခဲ့ပြီ။-
6 E Deus lhe disse em um sonho: Sim, eu sei que o fizeste na integridade de teu coração; pois também eu te impedi de pecar contra mim; por isso não te permiti tocá-la.
7 ယခုပင်ထိုမိန်းမကိုသူ၏ယောကျာ်းထံသို့ ပြန်အပ်လော့။ ထိုသူသည်ပရောဖက်ဖြစ်၍သင့် အသက်ချမ်းသာရာရစေရန် သူသည်သင့်အ တွက်ဆုတောင်းပေးလိမ့်မည်။ ထိုမိန်းမကိုပြန် ၍မအပ်လျှင်မူကား သင်နှင့်တကွသင်၏လူ မျိုးအားလုံးတို့သည်မုချသေရကြမည်'' ဟုဘုရင်အားမိန့်တော်မူ၏။
7 Agora, portanto, restitui ao homem sua mulher, pois ele é um profeta, e ele orará por ti, e tu viverás; e se tu não a restituíres, sabe que certamente morrerás, tu e todos os que são teus.
8 နောက်တစ်နေ့နံနက်စောစော၌အဘိမလက် သည် သူ၏အရာရှိအပေါင်းတို့ကိုဆင့်ခေါ်၍ အဖြစ်အပျက်အလုံးစုံကိုပြောပြသည့် အခါ သူတို့သည်အလွန်ကြောက်ရွံ့ကြ၏။-
8 Por isso, Abimeleque levantou-se cedo de manhã, e chamou todos os seus servos, e contou todas estas coisas em seus ouvidos. E os homens temeram muito.
9 ထိုနောက်အဘိမလက်သည်အာဗြဟံကိုခေါ် ၍``သင်သည် ငါတို့အားအဘယ်သို့ပြုဘိသနည်း။ သင့်ကိုငါဘယ်ကဲ့သို့ပြစ်မှားမိခဲ့သဖြင့် သင် သည်ငါနှင့်တကွငါ၏နိုင်ငံကိုဘေးဒုက္ခဆိုက် ရောက်စေပါသနည်း။ သင်သည် ငါ့အားမပြုအပ် သည့်အမှုကိုပြုပါသည်တကား။-
9 Então Abimeleque chamou Abraão, e lhe disse: O que nos fizeste? E em que eu te ofendi, para que trouxesses sobre mim e sobre meu reino um grande pecado? Tu fizeste-me coisas que não deviam ser feitas.
10 အဘယ်ကြောင့်သင်ဤသို့ပြုပါသနည်း'' ဟု မေးလေသည်။
10 E Abimeleque disse a Abraão: O que tu viste para fazeres tal coisa?
11 အာဗြဟံက``ဤအရပ်သားတို့သည်ဘုရား သခင်ကိုကြောက်ရွံ့ခြင်းမရှိကြသဖြင့် ကျွန်ုပ် ၏မယားကိုသိမ်းယူရန်ကျွန်ုပ်ကိုသတ်ကြလိမ့် မည်ဟုထင်သောကြောင့်ဤသို့ပြုမိပါသည်။-
11 E Abraão disse: Porque pensei: Certamente o temor de Deus não está neste lugar, e eles me matarão por causa de minha mulher.
12 စင်စစ်အားဖြင့်သူသည်ကျွန်ုပ်၏နှမဖြစ်ပါ၏။ သူသည်ကျွန်ုပ်နှင့်ဖအေတူ၊ မအေကွဲနှမဖြစ် သည့်အပြင်ကျွန်ုပ်၏မယားလည်းဖြစ်ပါသည်။-
12 E, na verdade, ela é minha irmã; ela é a filha de meu pai, mas não a filha de minha mãe; e ela se tornou minha mulher.
13 သို့ဖြစ်၍ထာဝရဘုရားသည်ကျွန်ုပ်အားဖခင် ၏အိမ်မှနိုင်ငံရပ်ခြားသို့ထွက်ခွာသွားစေသည့် အခါ ကျွန်ုပ်ကစာရာအားငါ့ကိုသစ္စာစောင့်သည့် အနေဖြင့် သင်ရောက်လေရာရာတွင်ငါသည်သင် ၏အစ်ကိုဖြစ်ကြောင်းပြောရန်မှာကြားခဲ့ပါသည်'' ဟုဖြေကြားလေသည်။
13 E aconteceu que, quando Deus me fez peregrinar desde a casa de meu pai, eu disse a ela: Esta é a bondade que tu me mostrarás: em todo lugar aonde chegarmos, dirás de mim: Ele é meu irmão.
14 ထိုနောက်အဘိမလက်သည် စာရာကိုအာဗြဟံ ထံပြန်အပ်လေ၏။ အာဗြဟံအားသိုးနွားနှင့် ကျေးကျွန်များကိုလည်းပေးသနားလေသည်။-
14 E Abimeleque tomou ovelhas, e bois, e servos, e servas, e os deu a Abraão, e lhe restituiu Sara, sua esposa.
15 အဘိမလက်က``ငါ၏တိုင်းပြည်တစ်ဝန်း လုံးတွင် သင်ကြိုက်ရာအရပ်၌နေလော့'' ဟု အာဗြဟံအားမိန့်ကြား၏။-
15 E Abimeleque disse: Eis que a minha terra está diante de ti; habita onde te agradar.
16 ထိုနောက်စာရာအား``သင်သည်အပြစ်မဲ့ကြောင်း သင်၏အပေါင်းအဖော်တို့သိစေရန်သက်သေ အထောက်အထားအဖြစ် ငါသည်သင်၏အစ်ကို အားငွေသားတစ်ထောင်ပေးပြီ။ လူတိုင်းကသင် သည်အပြစ်တစ်စုံတစ်ရာကူးလွန်ခြင်းမရှိ ကြောင်းသိလိမ့်မည်'' ဟုဆိုလေ၏။
16 E a Sara ele disse: Eis que eu dei a teu irmão mil peças de prata. Servirão de honra para ti, para todos os que estão contigo e com todos os outros; assim ela foi repreendida.
17 — ausente —
17 Então Abraão orou a Deus; e Deus curou Abimeleque, e sua esposa, e suas servas; e elas geraram filhos.
18 — ausente —
18 Porque o SENHOR havia fechado totalmente os úteros da casa de Abimeleque por causa de Sara, esposa de Abraão.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Gênesis 20, comparar traduções ou montar um estudo — tudo direto pelo WhatsApp.