Gênesis 18

Common Language Bible (MYA) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 ထာ​ဝ​ရ​ဘု​ရား​သည်​မံ​ရေ​ပိုင်​သော​သစ်​ပင်​များ ရှိ​ရာ​အ​ရပ်​တွင် အာ​ဗြ​ဟံ​အား​ကိုယ်​ထင်​ပြ တော်​မူ​၏။ နေ​အ​လွန်​ပူ​ပြင်း​သော​အ​ချိန်​၌ အာ​ဗြ​ဟံ​သည်​မိ​မိ​၏​တဲ​ဝ​မှာ​ထိုင်​နေ​စဉ်၊-
1 Apareceu o Senhor a Abraão nos carvalhais de Manre, quando ele estava assentado à entrada da tenda, no maior calor do dia.
2 မျက်​နှာ​ကို​မော်​ကြည့်​လိုက်​ရာ လူ​သုံး​ဦး​ရပ်​နေ​သည် ကို​တွေ့​မြင်​ရ​လေ​သည်။ အာ​ဗြ​ဟံ​သည်​သူ​တို့​ကို မြင်​လျှင် ခ​ရီး​ဦး​ကြို​ဆို​ခြင်း​ငှာ​ပြေး​သွား​လေ​၏။ သူ​သည်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက်၊-
2 Levantou ele os olhos, olhou, e eis três homens de pé em frente dele. Vendo-os, correu da porta da tenda ao seu encontro, prostrou-se em terra
3 ``အ​ရှင်​သ​ခင်​တို့၊ အ​ရှင်​တို့​အား​ဧည့်​ဝတ်​ပြု ပါ​ရ​စေ။ အ​ကျွန်ုပ်​၏​အိမ်​သို့​မ​ဝင်​ဘဲ​မ​နေ ပါ​နှင့်။-
3 e disse: Senhor meu, se acho mercê em tua presença, rogo-te que não passes do teu servo;
4 ခြေ​ဆေး​ရန်​ရေ​ယူ​ခဲ့​ပါ​ရ​စေ။ ဤ​သစ်​ပင် အောက်​တွင်​အ​ပန်း​ဖြေ​နိုင်​ပါ​သည်။-
4 traga-se um pouco de água, lavai os pés e repousai debaixo desta árvore;
5 အ​ရှင်​တို့​အ​တွက်​စား​စ​ရာ​အ​နည်း​ငယ်​ယူ​ခဲ့ ပါ​မည်။ သို့​မှ​သာ​လျှင်​အား​ပြည့်​လာ​၍​ခ​ရီး ဆက်​နိုင်​ပါ​မည်။ အ​ရှင်​တို့​သည်​အ​ကျွန်ုပ်​အိမ် သို့​ကြွ​ရောက်​လာ​ကြ​ခြင်း​ဖြင့် အ​ကျွန်ုပ်​အား ချီး​မြှင့်​ပါ​ပြီ။ သို့​ဖြစ်​၍​အ​ရှင်​တို့​အား​ဧည့် ဝတ်​ပြု​ပါ​ရ​စေ'' ဟု​ဆို​လေ​၏။
5 trarei um bocado de pão; refazei as vossas forças, visto que chegastes até vosso servo; depois, seguireis avante. Responderam: Faze como disseste.
6 အာ​ဗြ​ဟံ​သည်​တဲ​ထဲ​ရှိ​စာ​ရာ​ထံ​သို့​အ​လျင် အ​မြန်​ဝင်​သွား​ပြီး​လျှင်``အ​ကောင်း​ဆုံး​မုန့်​ညက် ကို​ယူ​၍​မုန့်​အ​မြန်​ဖုတ်​ပါ'' ဟု​စေ​ခိုင်း​လေ သည်။-
6 Apressou-se, pois, Abraão para a tenda de Sara e lhe disse: Amassa depressa três medidas de flor de farinha e faze pão assado ao borralho.
7 အာ​ဗြ​ဟံ​သည်​နွား​အုပ်​ရှိ​ရာ​သို့​ပြေး​ပြီး​လျှင် ဆူ​ဖြိုး​နု​နယ်​သော​နွား​က​လေး​တစ်​ကောင်​ကို ရွေး​လျက် ကျွန်​တစ်​ဦး​၏​လက်​သို့​အပ်​၍​ဟင်း လျာ​ကို​အ​လျင်​အ​မြန်​ပြင်​ဆင်​စေ​၏။-
7 Abraão, por sua vez, correu ao gado, tomou um novilho, tenro e bom, e deu-o ao criado, que se apressou em prepará-lo.
8 ထို​နောက်​မ​လိုင်၊ နို့​နှင့်​အ​မဲ​ဟင်း​တို့​ကို​ဧည့်​သည် များ​ရှေ့​၌​တည်​ခင်း​သည်။ သူ​ကိုယ်​တိုင်​ထို​သူ​တို့ အား​သစ်​ပင်​အောက်​တွင်​ဧည့်​ခံ​ကျွေး​မွေး​သ​ဖြင့် သူ​တို့​သည်​စား​သုံး​ကြ​၏။
8 Tomou também coalhada e leite e o novilho que mandara preparar e pôs tudo diante deles; e permaneceu de pé junto a eles debaixo da árvore; e eles comeram.
9 သူ​တို့​က``သင်​၏​မ​ယား​စာ​ရာ​အ​ဘယ်​မှာ​ရှိ သ​နည်း'' ဟု​မေး​၏။
9 Então, lhe perguntaram: Sara, tua mulher, onde está? Ele respondeu: Está aí na tenda.
10 တစ်​ယောက်​သော​ဧည့်​သည်​က``ယ​ခု​မှ​စ​၍​ကိုး​လ ကြာ​သော​အ​ခါ ငါ​ပြန်​လာ​ဦး​မည်။ ထို​အ​ချိန်​၌ သင်​၏​မ​ယား​စာ​ရာ​၌​သား​ဖွား​လိမ့်​မည်'' ဟု ဆို​လေ​၏။
10 Disse um deles: Certamente voltarei a ti, daqui a um ano; e Sara, tua mulher, dará à luz um filho. Sara o estava escutando, à porta da tenda, atrás dele.
11 အာ​ဗြ​ဟံ​နှင့်​စာ​ရာ​တို့​သည်​အ​ရွယ်​လွန်​ကြ ပြီ​ဖြစ်​၍ စာ​ရာ​၌​သွေး​ဆုံး​နေ​ပြီ​ဖြစ်​သည်။-
11 Abraão e Sara eram já velhos, avançados em idade; e a Sara já lhe havia cessado o costume das mulheres.
12 သို့​ဖြစ်​၍​စာ​ရာ​က``ငါ​သည်​အို​၍​အား​အင်​ကုန် ခန်း​လျက်​ရှိ​ပြီ။ ကာ​မ​စည်း​စိမ်​ကို​မည်​သို့​ခံ​စား နိုင်​မည်​နည်း။ ထို့​အ​ပြင်​ငါ​၏​ယောကျာ်း​သည်​လည်း အို​ပြီ'' ဟု​တွေး​တော​ကာ​ပြုံး​ရယ်​လေ​၏။
12 Riu-se, pois, Sara no seu íntimo, dizendo consigo mesma: Depois de velha, e velho também o meu senhor, terei ainda prazer?
13 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``စာ​ရာ​သည် ငါ​ဤ မျှ​လောက်​အ​ရွယ်​ကြီး​ရင့်​ကာ​မှ သား​သ​မီး​ရ နိုင်​ဦး​မည်​လော​ဟု​ဆို​၍ အ​ဘယ်​ကြောင့်​ပြုံး ရယ်​ရ​သ​နည်း။-
13 Disse o Senhor a Abraão: Por que se riu Sara, dizendo: Será verdade que darei ainda à luz, sendo velha?
14 ထာ​ဝ​ရ​ဘု​ရား​မ​တတ်​နိုင်​သော​အ​ရာ​ဟူ​၍​ရှိ ပါ​သ​လော။ ငါ​ပြော​ခဲ့​ပြီး​သည့်​အ​တိုင်း​နောက် ကိုး​လ​ကြာ​လျှင် ငါ​ပြန်​လာ​ဦး​မည်။ ထို​အ​ခါ စာ​ရာ​သည်​သား​ကို​ရ​လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ အား​မိန့်​တော်​မူ​၏။
14 Acaso, para o Senhor há coisa demasiadamente difícil? Daqui a um ano, neste mesmo tempo, voltarei a ti, e Sara terá um filho.
15 စာ​ရာ​သည်​ကြောက်​ရွံ့​သ​ဖြင့်``ကျွန်​မ၊ မ​ရယ် ပါ'' ဟု​ဆို​လေ​၏။
15 Então, Sara, receosa, o negou, dizendo: Não me ri. Ele, porém, disse: Não é assim, é certo que riste.
16 ထို​သူ​တို့​သည်​ထွက်​ခွာ​၍ သော​ဒုံ​မြို့​ကို​မြင်​နိုင် သော​နေ​ရာ​သို့​ရောက်​ကြ​၏။ အာ​ဗြ​ဟံ​သည် လည်း သူ​တို့​အား​ပို့​ရန်​လိုက်​ပါ​လာ​ခဲ့​သည်။-
16 Tendo-se levantado dali aqueles homens, olharam para Sodoma; e Abraão ia com eles, para os encaminhar.
17 ထာ​ဝ​ရ​ဘု​ရား​က``ငါ​ပြု​မည့်​ကိစ္စ​ကို အာ​ဗြ​ဟံ​အား​အ​သိ​မ​ပေး​ဘဲ​မ​ဖြစ်​နိုင်။-
17 Disse o Senhor : Ocultarei a Abraão o que estou para fazer,
18 သူ​၏​အ​ဆက်​အ​နွယ်​တို့​သည်​တန်​ခိုး​အင်​အား ကြီး​သော​လူ​မျိုး​ဖြစ်​မည်။ ငါ​သည်​သူ့​အား​ဖြင့် ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား​ကောင်း ချီး​ပေး​မည်။-
18 visto que Abraão certamente virá a ser uma grande e poderosa nação, e nele serão benditas todas as nações da terra?
19 သူ​သည်​မိ​မိ​၏​သား​မြေး​တို့​အား ငါ့​စ​ကား​ကို နာ​ခံ​စေ​ရန်​နှင့်​မှန်​ကန်​ဖြောင့်​မတ်​စွာ​ကျင့်​ကြံ​စေ ရန် ပ​ညတ်​ထား​နိုင်​စေ​အံ့​သော​ငှာ​သူ့​ကို​ငါ​ရွေး ကောက်​ပြီ။ ထို​သို့​သူ​တို့​နာ​ခံ​ကျင့်​ကြံ​ကြ​လျှင် သူ့​အား​က​တိ​ထား​သ​မျှ​အ​တိုင်း​ငါ​ပြု​မည်'' ဟု​အ​ကြံ​တော်​ရှိ​၏။
19 Porque eu o escolhi para que ordene a seus filhos e a sua casa depois dele, a fim de que guardem o caminho do Senhor e pratiquem a justiça e o juízo; para que o Senhor faça vir sobre Abraão o que tem falado a seu respeito.
20 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က အာ​ဗြ​ဟံ​အား ``သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​အား အ​ပြစ် တင်​စွပ်​စွဲ​သံ​ပြင်း​ထန်​လှ​၏။ ထို​မြို့​တို့​၏​ပြစ် မှု​သည်​လည်း​ကြီး​လေး​လှ​၏။-
20 Disse mais o Senhor : Com efeito, o clamor de Sodoma e Gomorra tem-se multiplicado, e o seu pecado se tem agravado muito.
21 ငါ​သည်​ကြား​ရ​သော​ပြစ်​တင်​စွပ်​စွဲ​ချက်​များ မှန်​မ​မှန်​ကို​သိ​ရှိ​နိုင်​ရန် သွား​၍​စုံ​စမ်း​မည်'' ဟု​မိန့်​တော်​မူ​၏။
21 Descerei e verei se, de fato, o que têm praticado corresponde a esse clamor que é vindo até mim; e, se assim não é, sabê-lo-ei.
22 ထို​သူ​တို့​သုံး​ဦး​ထဲ​မှ​နှစ်​ဦး​သည် သော​ဒုံ​မြို့ ဘက်​သို့​ထွက်​ခွာ​သွား​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား က​မူ အာ​ဗြ​ဟံ​နှင့်​အ​တူ​နေ​ရစ်​ခဲ့​လေ​သည်။-
22 Então, partiram dali aqueles homens e foram para Sodoma; porém Abraão permaneceu ainda na presença do Senhor .
23 အာ​ဗြ​ဟံ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​ချဉ်း​ကပ် ၍``ကိုယ်​တော်​သည်​အ​ပြစ်​မဲ့​သူ​တို့​ကို အ​ပြစ် ရှိ​သူ​တို့​နှင့်​အ​တူ​အ​မှန်​ပင်​သေ​ကြေ​ပျက်​စီး စေ​တော်​မူ​မည်​လော။-
23 E, aproximando-se a ele, disse: Destruirás o justo com o ímpio?
24 အ​ကယ်​၍​မြို့​ထဲ​၌​အ​ပြစ်​မဲ့​သူ​ဦး​ရေ​ငါး ဆယ်​ရှိ​လျှင် တစ်​မြို့​လုံး​ကို​ဖျက်​ဆီး​ပစ်​မည် လော။ ထို​သူ​ငါး​ဆယ်​ကို​ထောက်​ထား​၍ မြို့​ကို ချမ်း​သာ​မ​ပေး​ဘဲ​နေ​မည်​လော။-
24 Se houver, porventura, cinquenta justos na cidade, destruirás ainda assim e não pouparás o lugar por amor dos cinquenta justos que nela se encontram?
25 ကိုယ်​တော်​သည်​အ​ပြစ်​မဲ့​သူ​များ​ကို အ​ပြစ်​ရှိ သူ​တို့​နှင့်​ရော​၍​သုတ်​သင်​ပစ်​မည်​လော။ ထို​သို့ မ​ဖြစ်​နိုင်​ပါ။ ကိုယ်​တော်​သည်​ထို​သို့​မ​ပြု​နိုင် ပါ။ ကိုယ်​တော်​သည်​ထို​သို့​ပြု​လျှင် အ​ပြစ်​မဲ့​သူ တို့​သည်​အ​ပြစ်​ရှိ​သူ​တို့​နှင့်​အ​တူ​ဒဏ်​ခံ​ရ ကြ​ပါ​မည်။ ထို​သို့​မ​ဖြစ်​ပါ​စေ​နှင့်။ ကမ္ဘာ​မြေ ကြီး​တစ်​ခု​လုံး​ကို​တ​ရား​စီ​ရင်​သော​အ​ရှင် သည် တ​ရား​မျှ​တ​စွာ​စီ​ရင်​တော်​မူ​မည်​မ​ဟုတ် ပါ​လော'' ဟု​လျှောက်​လေ​၏။
25 Longe de ti o fazeres tal coisa, matares o justo com o ímpio, como se o justo fosse igual ao ímpio; longe de ti. Não fará justiça o Juiz de toda a terra?
26 ထာ​ဝ​ရ​ဘု​ရား​က``သော​ဒုံ​မြို့​ထဲ​၌​အ​ပြစ် မဲ့​သူ​ဦး​ရေ​ငါး​ဆယ်​ရှိ​လျှင် ထို​သူ​တို့​ကို ထောက်​ထား​၍​တစ်​မြို့​လုံး​ကို​ငါ​ချမ်း​သာ​ပေး မည်'' ဟု​မိန့်​တော်​မူ​၏။
26 Então, disse o Senhor : Se eu achar em Sodoma cinquenta justos dentro da cidade, pouparei a cidade toda por amor deles.
27 တစ်​ဖန်​အာ​ဗြ​ဟံ​က``ဘု​ရား​ရှင်​အား အ​တင့် ရဲ​၍​ဆက်​လက်​လျှောက်​ဆို​ခြင်း​ကို​ခွင့်​လွှတ် တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​လူ​သား​ဖြစ်​၍ မည်​သို့​မျှ​လျှောက်​ခွင့်​မ​ရှိ​ပါ။-
27 Disse mais Abraão: Eis que me atrevo a falar ao Senhor, eu que sou pó e cinza.
28 သို့​သော်​အ​ပြစ်​မဲ့​သူ​ငါး​ဆယ်​အ​စား​လေး ဆယ့်​ငါး​ယောက်​မျှ​ရှိ​ကောင်း​ရှိ​ပါ​မည်။ ထို ကဲ့​သို့​ငါး​ယောက်​လို​သော​ကြောင့် ကိုယ်​တော် သည်​တစ်​မြို့​လုံး​ကို​ဖျက်​ဆီး​ပစ်​မည်​လော'' ဟု​မေး​လျှောက်​လေ​၏။
28 Na hipótese de faltarem cinco para cinquenta justos, destruirás por isso toda a cidade? Ele respondeu: Não a destruirei se eu achar ali quarenta e cinco.
29 ``အ​ပြစ်​မဲ့​သူ​လေး​ဆယ်​မျှ​သာ​ရှိ​လျှင် မြို့ ကို​ဖျက်​ဆီး​ပစ်​ဦး​မည်​လော'' ဟု​အာ​ဗြ​ဟံ က​ထပ်​၍​မေး​လျှောက်​လေ​၏။
29 Disse-lhe ainda mais Abraão: E se, porventura, houver ali quarenta? Respondeu: Não o farei por amor dos quarenta.
30 တစ်​ဖန်​အာ​ဗြ​ဟံ​က``အို ဘု​ရား​ရှင်၊ အ​မျက် ထွက်​တော်​မ​မူ​ပါ​နှင့်။ တစ်​ကြိမ်​ထပ်​၍​လျှောက် တင်​ပါ​ရ​စေ။ အ​ပြစ်​မဲ့​သူ​သုံး​ဆယ်​ရှိ​လျှင် မြို့​ကို​ဖျက်​ဆီး​ပစ်​ဦး​မည်​လော'' မေး​လျှောက် ပြန်​၏။
30 Insistiu: Não se ire o Senhor, falarei ainda: Se houver, porventura, ali trinta? Respondeu o Senhor : Não o farei se eu encontrar ali trinta.
31 တစ်​ဖန်​အာ​ဗြ​ဟံ​က``အို ဘု​ရား​ရှင်၊ အ​ကျွန်ုပ် အ​တင့်​ရဲ​၍ ဆက်​လက်​လျှောက်​ဆို​ခြင်း​ကို​ခွင့် လွှတ်​တော်​မူ​ပါ။ အ​ပြစ်​မဲ့​သူ​နှစ်​ဆယ်​မျှ​သာ ရှိ​လျှင် မြို့​ကို​ဖျက်​ဆီး​ပစ်​ဦး​မည်​လော'' ဟု မေး​လျှောက်​ပြန်​၏။
31 Continuou Abraão: Eis que me atrevi a falar ao Senhor: Se, porventura, houver ali vinte? Respondeu o Senhor : Não a destruirei por amor dos vinte.
32 နောက်​တစ်​ဖန်​အာ​ဗြ​ဟံ​က``အို ဘု​ရား​ရှင်၊ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​တစ် ကြိမ်​သာ​ထပ်​၍​လျှောက်​တင်​ပါ​ရ​စေ။ အ​ပြစ် မဲ့​သူ​ဆယ်​ယောက်​မျှ​သာ​ရှိ​လျှင် မြို့​ကို​ဖျက် ဆီး​ပစ်​ဦး​မည်​လော'' ဟု​လျှောက်​ပြန်​သည်။
32 Disse ainda Abraão: Não se ire o Senhor, se lhe falo somente mais esta vez: Se, porventura, houver ali dez? Respondeu o Senhor : Não a destruirei por amor dos dez.
33 ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြ​ဟံ​အား​မိန့်​ကြား ပြီး​သော​အ​ခါ ကြွ​သွား​တော်​မူ​၏။ အာ​ဗြ​ဟံ သည်​လည်း​မိ​မိ​နေ​အိမ်​သို့​ပြန်​ခဲ့​လေ​သည်။
33 Tendo cessado de falar a Abraão, retirou-se o Senhor ; e Abraão voltou para o seu lugar.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Gênesis 18, comparar traduções ou montar um estudo — tudo direto pelo WhatsApp.