Gênesis 17
Common Language Bible (MYA) vs VC
1 အာဗြံအသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ငါသည်အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ် ၏။ ငါ့စကားကိုနားထောင်၍မှန်ရာကိုအစဉ် ပြုလုပ်လော့။-
1 Abrão tinha noventa e nove anos. O Senhor apareceu-lhe e disse-lhe: "Eu sou o Deus Todo-poderoso. Anda em minha presença e sê íntegro;
2 သင်နှင့်ပဋိညာဉ်ပြု၍ သင်၏အမျိုးအနွယ် ကိုများပြားစေမည်'' ဟုမိန့်တော်မူ၏။-
2 quero fazer aliança contigo e multiplicarei ao infinito a tua descendência."
3 အာဗြံသည်မျက်နှာကိုမြေကြီးနှင့်ထိအောင် ပျပ်ဝပ်၍ နေစဉ်ဘုရားသခင်က၊-
3 Abrão prostrou-se com o rosto por terra. Deus disse-lhe:
4 ``သင်နှင့်ငါပြုမည့်ပဋိညာဉ်မှာဤသို့ဖြစ် ၏။ သင့်အားလူများစွာတို့၏ဖခင်ဖြစ်စေမည်။-
4 "Este é o pacto que faço contigo: serás o pai de uma multidão de povos.
5 ငါသည်သင့်အားလူမျိုးများစွာတို့၏ဖခင် ဖြစ်စေမည်ဖြစ်သောကြောင့် သင်၏နာမည်ကို အာဗြံဟုမခေါ်တော့ဘဲအာဗြဟံဟုခေါ် ရမည်။-
5 De agora em diante não te chamarás mais Abrão, e sim Abraão, porque farei de ti o pai de uma multidão de povos.
6 ငါသည်သင်၏အမျိုးအနွယ်ကိုများပြားစေ မည်။ သင်၏အမျိုးအနွယ်ထဲမှမင်းများပေါ် ထွန်းစေမည်။ သင်၏အဆက်အနွယ်တို့သည် အလွန်များပြားကြသဖြင့်လူအမျိုးမျိုး ဖြစ်ပွားလာမည်။
6 Tornar-te-ei extremamente fecundo, farei nascer de ti nações e terás reis por descendentes.
7 သင်နှင့်သင်၏အမျိုးအနွယ်အစဉ်အဆက်တို့ အား ငါထားသောကတိတော်ကိုထာဝရတည် မြဲသောပဋိညာဉ်ဖြစ်စေမည်။ ငါသည်သင်၏ ဘုရား၊ သင်၏အဆက်အနွယ်တို့၏ဘုရား ဖြစ်မည်။-
7 Faço aliança contigo e com tua posteridade, uma aliança eterna, de geração em geração, para que eu seja o teu Deus e o Deus de tua posteridade.
8 ယခုသင်သူစိမ်းတစ်ရံဆံအဖြစ်နှင့်နေထိုင် ရသော ဤပြည်ကိုသင်နှင့်သင်၏အဆက်အနွယ် တို့အားငါပေးမည်။ ခါနာန်ပြည်တစ်ပြည်လုံး ကို သင်၏အဆက်အနွယ်တို့အားထာဝစဉ် အပိုင်ပေးမည်။ ငါသည်လည်းသူတို့၏ဘုရား ဖြစ်မည်'' ဟုမိန့်တော်မူ၏။
8 Darei a ti e a teus descendentes depois de ti a terra em que moras como peregrino, toda a terra de Canaã, em possessão perpétua, e serei o teu Deus."
9 တစ်ဖန်ဘုရားသခင်က``သင်နှင့်တကွသင် ၏အမျိုးအနွယ်အစဉ်အဆက်တို့ကလည်း ငါ၏ပဋိညာဉ်ကိုစောင့်ထိန်းရကြမည်။-
9 Deus disse ainda a Abraão: "Tu, porém, guardarás a minha aliança, tu e tua posteridade nas gerações futuras.
10 သင်နှင့်သင်၏အဆက်အနွယ်တို့တွင် ယောကျာ်း တိုင်းအရေဖျားလှီးခြင်းမင်္ဂလာကိုခံရ ကြမည်။-
10 Eis o pacto que faço entre mim e vós, e teus descendentes, e que tereis de guardar: Todo homem, entre vós, será circuncidado.
11 — ausente —
11 Cortareis a carne de vosso prepúcio, e isso será o sinal da aliança entre mim e vós.
12 — ausente —
12 Todo homem, no oitavo dia do seu nascimento, será circuncidado entre vós nas gerações futuras, tanto o que nascer em casa, como o que comprardes a preço de dinheiro de um estrangeiro qualquer, e que não for de tua raça.
13 ယောကျာ်းတိုင်းအရေဖျားလှီးခြင်းမင်္ဂလာခံ ရမည်။ ထိုသို့ပြုလုပ်ခြင်းသည် သင်နှင့်ငါပြု သောပဋိညာဉ်ထာဝစဉ်တည်ကြောင်း ကိုယ် ကာယ၌ထင်ရှားသည့်လက္ခဏာအမှတ် အသားဖြစ်လိမ့်မည်။-
13 Circuncidar-se-á tanto o homem nascido na casa como aquele que for comprado a preço de dinheiro. Assim será marcado em vossa carne o sinal de minha aliança perpétua.
14 အရေဖျားလှီးခြင်းမင်္ဂလာကိုမခံသော ယောကျာ်းသည် ငါနှင့်ပြုထားသောပဋိညာဉ်ကို မစောင့်ထိန်းသောသူဖြစ်ခြင်းကြောင့် ငါ၏လူမျိုး တော်ဝင်အဖြစ်မှထုတ်ပယ်ခြင်းကိုခံရလိမ့်မည်'' ဟုအာဗြဟံအားမိန့်တော်မူ၏။
14 O varão incircunciso, do qual não se tenha cortado a carne do prepúcio, será exterminado de seu povo por ter violado minha aliança."
15 ဘုရားသခင်က``သင်၏မယားကိုစာရဲဟု မခေါ်တော့ဘဲ ယခုမှစ၍သူ၏နာမည်မှာ စာရာဟူ၍ဖြစ်စေရမည်။-
15 Disse Deus a Abraão: "Não chamarás mais tua mulher Sarai, e sim Sara.
16 ငါသည်သူ့ကိုကောင်းချီးပေးသဖြင့် သင်သည် သူ့အားဖြင့်သားရလိမ့်မည်။ ငါသည်သူ့ကို ကောင်းချီးပေး၍ သူသည်လူအမျိုးမျိုးတို့၏ မိခင်ဖြစ်လိမ့်မည်။ သူ၏အဆက်အနွယ်တို့မှ လူအမျိုးမျိုးတို့၏မင်းများပေါ်ထွန်းလာ လိမ့်မည်'' ဟုမိန့်တော်မူ၏။
16 Eu a abençoarei, e dela te darei um filho. Eu a abençoarei, e ela será a mãe de nações e dela sairão reis."
17 အာဗြဟံသည်မျက်နှာကိုမြေကြီးနှင့်ထိ အောင်ပျပ်ဝပ်နေစဉ်``အသက်တစ်ရာရှိသူ၌ ကလေးရနိုင်ပါဦးမည်လော။ အသက်ကိုး ဆယ်ရှိသူစာရာ၌ကလေးမွေးနိုင်ပါဦး မည်လော'' ဟုတွေးတောမိသဖြင့်ရယ်လေ သည်။-
17 Abraão prostrou-se com o rosto por terra, e começou a rir, dizendo consigo mesmo: "Poderia nascer um filho a um homem de cem anos? Seria possível a Sara conceber ainda na idade de noventa anos?"
18 ထိုနောက်``ဣရှမေလကိုအကျွန်ုပ်၏အမွေခံ ဖြစ်ပါစေ'' ဟုအာဗြဟံလျှောက်၏။
18 E disse a Deus: "Oxalá que Ismael viva diante de vossa face!"
19 သို့ရာတွင်ဘုရားသခင်က``ထိုသို့မဖြစ်စေရ။ သင်၏မယားစာရာသည်သားကိုဖွားလိမ့်မည်။ ထိုသားကိုဣဇာက်ဟုမှည့်ခေါ်ရမည်။ ငါသည် သူနှင့်လည်းကောင်း၊ သူ၏အဆက်အနွယ်တို့နှင့် လည်းကောင်း ပြုသောပဋိညာဉ်ကိုထာဝစဉ် တည်စေမည်။ ထိုပဋိညာဉ်သည်ထာဝရပဋိ ညာဉ်ဖြစ်၏။-
19 Mas Deus respondeu-lhe: "Não, é Sara, tua mulher que dará à luz um filho, ao qual chamarás Isaac. Farei aliança com ele, uma aliança que será perpétua para sua posteridade depois dele.
20 ဣရှမေလအတွက်သင်၏လိုအင်ဆန္ဒကိုလည်း ငါကြားရပြီ။ ထို့ကြောင့်ငါသည်သူ့ကိုကောင်း ချီးပေး၍ သူ၌သားသမီးများစွာထွန်းကား စေမည်။ သူ၏အဆက်အနွယ်တို့ကိုများပြား စေမည်။ သူသည်မင်းသားတစ်ဆယ့်နှစ်ပါးတို့ ၏ဖခင်ဖြစ်လိမ့်မည်။ သူ၏အဆက်အနွယ်တို့ ကိုလူမျိုးကြီးဖြစ်စေမည်။-
20 Eu te ouvirei também acerca de Ismael. Eu o abençoarei, torná-lo-ei fecundo e multiplicarei extraordinariamente sua descendência: ele será o pai de doze príncipes, e farei sair dele uma grande nação.
21 သို့ရာတွင်နောင်နှစ်ဤအချိန်ခန့်၌စာရာမွေး ဖွားမည့် သင်၏သားဣဇာက်၌လည်းငါ၏ပဋိညာဉ် ကိုတည်စေမည်'' ဟုမိန့်တော်မူ၏။-
21 Mas minha aliança eu a farei com Isaac, que Sara te dará à luz dentro de um ano, nesta mesma época."
22 ဘုရားသခင်သည်ထိုသို့မိန့်မှာပြီးနောက် အာဗြဟံထံမှကြွသွားတော်မူ၏။
22 Tendo acabado de falar com ele, retirou-se Deus de Abraão.
23 အာဗြဟံသည်ဘုရားသခင်၏အမိန့်ကို နာခံ၍ သူ၏သားဣရှမေလ၊ အိမ်၌ပေါက် ဖွားသောကျေးကျွန်နှင့်ငွေဝယ်ကျွန်များ အပါအဝင်အိမ်သားယောကျာ်းအပေါင်းတို့ အား ထိုနေ့ချင်း၌ပင်အရေဖျားလှီးမင်္ဂလာ ကိုပေးလေ၏။-
23 Abraão tomou então Ismael, seu filho, assim como todos os homens nascidos em sua casa e todos aqueles que tinha comprado a preço de dinheiro, tudo o que havia de varões em sua casa, e circuncidou-se no mesmo dia, como Deus lhe havia ordenado.
24 အာဗြဟံသည်အရေဖျားလှီးခြင်းကိုခံချိန် တွင် အသက်ကိုးဆယ့်ကိုးနှစ်ရှိ၍၊-
24 Abraão tinha noventa e nove anos quando foi circuncidado.
25 သူ၏သားဣရှမေလသည်အသက်တစ်ဆယ့် သုံးနှစ်ရှိသည်။-
25 Ismael, seu filho, tinha treze anos quando o foi igualmente.
26 — ausente —
26 Abraão e Ismael, seu filho, foram circuncidados no mesmo dia;
27 — ausente —
27 e todos os homens de sua casa, nascidos em sua casa ou comprados a preço de dinheiro a estrangeiros, foram circuncidados ao mesmo tempo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Gênesis 17, comparar traduções ou montar um estudo — tudo direto pelo WhatsApp.