Gênesis 16

Common Language Bible (MYA) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 အာ​ဗြံ​၏​မ​ယား​စာ​ရဲ​တွင်​သား​တစ်​ယောက်​မျှ မ​ထွန်း​ကား​ချေ။ စာ​ရဲ​၌​ဟာ​ဂ​ရ​အ​မည်​ရှိ သော​အီ​ဂျစ်​ပြည်​သူ​ကျွန်​မ​တစ်​ယောက်​ရှိ​၏။-
1 Ora, Sarai, mulher de Abrão, não lhe dava filhos. Tinha ela uma serva egípcia, que se chamava Agar.
2 သို့​ဖြစ်​၍​စာ​ရဲ​က​အာ​ဗြံ​အား``ထာ​ဝ​ရ​ဘု​ရား သည် ကျွန်​မ​ကို​သား​သ​မီး​မ​ထွန်း​ကား​စေ​ပါ။ ကျွန်​မ​၏​ကျွန်​မ​ကို​သိမ်း​ပိုက်​ပါ​လော့။ သူ့​အား ဖြင့်​ကျွန်​မ​သား​ရ​ကောင်း​ရ​လိမ့်​မည်'' ဟု​ပြော​၏။ အာ​ဗြံ​သည်​စာ​ရဲ​အ​ကြံ​ပေး​ချက်​ကို​လက်​ခံ သ​ဖြင့်၊-
2 Disse Sarai a Abrão: Eis que o Senhor me tem impedido de ter filhos; toma, pois, a minha serva; porventura terei filhos por meio dela. E ouviu Abrão a voz de Sarai.
3 စာ​ရဲ​သည်​ဟာ​ဂ​ရ​ကို​သူ့​လက်​သို့​အပ်​လေ​၏။ (အာ​ဗြံ​သည်​ခါ​နာန်​ပြည်​တွင်​ဆယ်​နှစ်​နေ​ထိုင် ပြီး​နောက် ဟာ​ဂ​ရ​ကို​မ​ယား​ငယ်​အ​ဖြစ် သိမ်း​ပိုက်​ခဲ့​လေ​သည်။-)
3 Assim Sarai, mulher de Abrão, tomou a Agar a egípcia, sua serva, e a deu por mulher a Abrão seu marido, depois de Abrão ter habitado dez anos na terra de Canaã.
4 အာ​ဗြံ​သည်​ဟာ​ဂ​ရ​နှင့်​ဆက်​ဆံ​သ​ဖြင့် ဟာ​ဂ​ရ ၌​ပ​ဋိ​သန္ဓေ​စွဲ​လေ​၏။ ဟာ​ဂ​ရ​သည်​သူ​၌​ပ​ဋိ သန္ဓေ​စွဲ​ကြောင်း​သိ​ရ​လျှင် မာန်​မာ​န​ဝင်​လာ​၍ စာ​ရဲ​ကို​မ​ထီ​လေး​စား​ပြု​လေ​၏။
4 E ele conheceu a Agar, e ela concebeu; e vendo ela que concebera, foi sua senhora desprezada aos seus olhos.
5 ထို​အ​ခါ​စာ​ရဲ​က​အာ​ဗြံ​အား``ကိုယ်​တော်​ကြောင့် ဟာ​ဂ​ရ​သည် ကျွန်​မ​အား​မ​ထီ​လေး​စား​ပြု​ပါ ပြီ။ ကျွန်​မ​က​သူ့​ကို​ကိုယ်​တော်​ထံ​အပ်​၍ သူ​၌ ပ​ဋိ​သန္ဓေ​စွဲ​ကြောင်း​သိ​သည်​နှင့် ကျွန်​မ​အား မ​ထီ​လေး​စား​ပြု​လာ​ပါ​သည်။ ကိုယ်​တော်​နှင့် ကျွန်​မ​တို့​နှစ်​ဦး​အ​တွက် တ​ရား​သ​ဖြင့်​ဖြစ် စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ​ပါ​စေ'' ဟု​ဆို​၏။
5 Então disse Sarai a Abrão: Sobre ti seja a afronta que me é dirigida a mim; pus a minha serva em teu regaço; vendo ela agora que concebeu, sou desprezada aos seus olhos; o Senhor julgue entre mim e ti.
6 အာ​ဗြံ​က``သူ​သည်​သင်​၏​ကျွန်​မ​ဖြစ်​၍​သင့် လက်​ထဲ​၌​ရှိ​သည်။ သူ့​အား​သင်​ပြု​လို​ရာ​ပြု နိုင်​သည်'' ဟု​ပြန်​ပြော​၏။ ထို​အ​ခါ​စာ​ရဲ​သည် ဟာ​ဂ​ရ​အား​မ​နေ​နိုင်​လောက်​အောင်​ညှင်း​ဆဲ သ​ဖြင့် ဟာ​ဂ​ရ​ထွက်​ပြေး​လေ​သည်။
6 Ao que disse Abrão a Sarai: Eis que tua serva está nas tuas mãos; faze-lhe como bem te parecer. E Sarai maltratou-a, e ela fugiu de sua face.
7 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ရှု​ရ​မြို့​သို့​သွား​ရာ​လမ်း၊ တော​ကန္တာ​ရ​ထဲ ရှိ​စမ်း​ရေ​တွင်း​အ​နီး​တွင်​ဟာ​ဂ​ရ​ကို​တွေ့ လျှင်၊-
7 Então o anjo do Senhor, achando-a junto a uma fonte no deserto, a fonte que está no caminho de Sur,
8 ``စာ​ရဲ​၏​ကျွန်​မ​ဟာ​ဂ​ရ၊ သင်​ဘယ်​အ​ရပ် သို့​သွား​မည်​နည်း'' ဟု​မေး​လေ​၏။
8 perguntou-lhe: Agar, serva de Sarai, donde vieste, e para onde vais? Respondeu ela: Da presença de Sarai, minha senhora, vou fugindo.
9 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က လည်း``သ​ခင်​မ​ထံ​သို့​ပြန်​၍​ကျွန်​ခံ​လော့'' ဟု ဆို​၏။-
9 Disse-lhe o anjo do Senhor: Torna-te para tua senhora, e humilha-te debaixo das suas mãos.
10 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် က``သင်​၏​အ​မျိုး​အ​နွယ်​ကို​မ​ရေ​မ​တွက် နိုင်​အောင်​များ​ပြား​စေ​မည်။-
10 Disse-lhe mais o anjo do Senhor: Multiplicarei sobremaneira a tua descendência, de modo que não será contada, por numerosa que será.
11 သင်​သည်​သား​ကို​ဖွား​မြင်​လိမ့်​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​သင်​၏​ညည်း​တွား​သံ​ကို​ကြား တော်​မူ​ပြီ။ ထို​သား​ကို​ဣ​ရှ​မေ​လ​အ​မည် ဖြင့်​မှည့်​ခေါ်​ရ​မည်။-
11 Disse-lhe ainda o anjo do Senhor: Eis que concebeste, e terás um filho, a quem chamarás Ismael; porquanto o Senhor ouviu a tua aflição.
12 သို့​ရာ​တွင်​သင်​၏​သား​သည်​မြည်း​ရိုင်း​ကဲ့​သို့​နေ ထိုင်​ရ​လိမ့်​မည်။ သူ​သည်​လူ​တိုင်း​နှင့်​ရန်​ဘက် ဖြစ်​၍ လူ​တိုင်း​က​လည်း​သူ့​ကို​ရန်​ဘက်​ပြု လိမ့်​မည်။ သူ​သည်​မွေး​ချင်း​ပေါက်​ဖော်​တို့​နှင့် ခွဲ​ခွာ​နေ​ထိုင်​ရ​လိမ့်​မည်'' ဟု​မြွက်​ဆို​လေ​၏။
12 Ele será como um jumento selvagem entre os homens; a sua mão será contra todos, e a mão de todos contra ele; e habitará diante da face de todos os seus irmãos.
13 ထို​အ​ခါ​ဟာ​ဂ​ရ​က``ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ကို​အ​ကယ်​ပင်​ဖူး​မြင်​ရ​ပြီး​နောက် အ​သက်​ရှင်​သေး​ပါ​တ​ကား'' ဟု​ဆို​ပြီး လျှင်​သူ့​အား​ထို​သို့​မိန့်​ကြား​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို``မြင်​တော်​မူ​သော​ဘု​ရား'' ဟူ​သော​နာ​မည်​ဖြင့်​ခေါ်​ဝေါ်​လေ​၏။-
13 E ela chamou, o nome do Senhor, que com ela falava, El-Rói; pois disse: Não tenho eu também olhado neste lugar para aquele que me vê?
14 ထို​အ​ကြောင်း​ကြောင့်​ကာ​ဒေ​ရှ​မြို့​နှင့်​ဗေ​ရက် မြို့​စပ်​ကြား​ရှိ​ရေ​တွင်း​ကို``ငါ့​ကို​မြင်​တော်​မူ သည့်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင်​၏​ရေ​တွင်း'' ဟု​ခေါ်​တွင်​လေ​သည်။
14 Pelo que se chamou aquele poço Beer-Laai-Rói; ele está entre Cades e Berede.
15 အာ​ဗြံ​သည်​ဟာ​ဂ​ရ​ဖြင့်​သား​ကို​ရ​၍ သူ​သည် ထို​သား​ကို​ဣ​ရှ​မေ​လ​ဟု​နာ​မည်​မှည့်​ခေါ်​၏။-
15 E Agar deu um filho a Abrão; e Abrão pôs o nome de Ismael no seu filho que tivera de Agar.
16 ထို​သား​ဖွား​သော​အ​ချိန်​၌ အာ​ဗြံ​သည်​အ​သက် ရှစ်​ဆယ့်​ခြောက်​နှစ်​ရှိ​သ​တည်း။
16 Ora, tinha Abrão oitenta e seis anos, quando Agar lhe deu Ismael.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Gênesis 16, comparar traduções ou montar um estudo — tudo direto pelo WhatsApp.