Gênesis 11

Common Language Bible (MYA) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 အ​စ​ပ​ထ​မ​၌​ကမ္ဘာ​တစ်​ဝန်း​လုံး​ရှိ​လူ​တို့ သည် ဘာ​သာ​စ​ကား​တစ်​မျိုး​တည်း​ပြော​ကြ ၏။-
1 Houve um tempo em que todos os habitantes do mundo falavam a mesma língua e usavam as mesmas palavras.
2 သူ​တို့​သည်​အ​ရှေ့​မျက်​နှာ​သို့​ခ​ရီး​ပြု​ကြ​ရာ ဗာ​ဗု​လုန်​ပြည်​ရှိ​မြေ​ပြန့်​တစ်​နေ​ရာ​သို့​ရောက် ၍ ထို​နေ​ရာ​တွင်​အ​ခြေ​ချ​နေ​ထိုင်​ကြ​လေ​သည်။-
2 Ao migrarem do leste, encontraram uma planície na terra da Babilônia, onde se estabeleceram.
3 ထို​အ​ခါ​သူ​တို့​က``လာ​ကြ၊ ခိုင်​မာ​သော​အုတ် များ​ကို​ဖုတ်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။ သို့​ဖြစ် ၍​သူ​တို့​သည် ဆောက်​လုပ်​ရန်​အုတ်​နှင့်​အုတ်​များ ကို​ထိန်း​ထား​ရန်​ကတ္တ​ရာ​ကို​ရ​ရှိ​ကြ​၏။-
3 Começaram a dizer uns aos outros: “Venham, vamos fazer tijolos e endurecê-los no fogo”. (Naquela região, era costume usar tijolos em vez de pedras, e betume em vez de argamassa.)
4 သူ​တို့​က``မိုး​ထိ​အောင်​မြင့်​သော​ရဲ​တိုက်​နှင့် တ​ကွ​မြို့​ကြီး​ကို​တည်​ဆောက်​ကြ​ကုန်​အံ့။ ဤ နည်း​အား​ဖြင့်​ငါ​တို့​သည်​ထင်​ရှား​ကျော်​ကြား လာ​၍ ကမ္ဘာ​အ​ရပ်​ရပ်​သို့​မ​ကွဲ​မ​လွင့်​ဘဲ​ရှိ လိမ့်​မည်'' ဟု​ဆို​လေ​၏။
4 Depois, disseram: “Venham, vamos construir uma cidade com uma torre que chegue até o céu. Assim, ficaremos famosos e não seremos espalhados pelo mundo”.
5 ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​တို့​တည်​ဆောက် သော​မြို့​နှင့်​ရဲ​တိုက်​ကို​ရှု​စား​တော်​မူ​ရန် ကြွ​ဆင်း​လာ​၍၊-
5 O S enhor , porém, desceu para ver a cidade e a torre que estavam construindo.
6 ``ယ​ခု​တွင်​ဤ​သူ​တို့​သည်​လူ​မျိုး​တစ်​မျိုး တည်း​ဖြစ်​၍ ဘာ​သာ​စ​ကား​တစ်​ခု​တည်း ကို​ပြော​ဆို​လျက်​ရှိ​ကြ​၏။-
6 “Vejam!”, disse o S enhor . “Todos se uniram e falam a mesma língua. Se isto é o começo do que fazem, nada do que se propuserem a fazer daqui em diante lhes será impossível.
7 ဤ​သို့​တည်​ဆောက်​ခြင်း​သည်​အ​စ​မျှ​သာ ဖြစ်​သည်။ နောင်​တွင်​သူ​တို့​စိတ်​ကူး​သ​မျှ​ကို ပြု​လုပ်​နိုင်​ကြ​တော့​မည်။ ယ​ခု​ပင်​ငါ​တို့​သည် ဆင်း​သက်​၍ သူ​တို့​အ​ချင်း​ချင်း​နား​မ​လည် စေ​ခြင်း​ငှာ သူ​တို့​၏​ဘာ​သာ​စ​ကား​ကို​ကွဲ ပြား​ရှုပ်​ထွေး​စေ​အံ့'' ဟု​မိန့်​တော်​မူ​၏။-
7 Venham, vamos descer e confundi-los com línguas diferentes, para que não consigam mais entender uns aos outros.”
8 ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား ကမ္ဘာ အ​ရပ်​ရပ်​သို့​ကွဲ​လွင့်​စေ​သ​ဖြင့် လူ​တို့​သည်​မြို့ တည်​ခြင်း​ကို​ရပ်​ဆိုင်း​ထား​ရ​ကြ​လေ​သည်။-
8 Assim, o S enhor os espalhou pelo mundo inteiro, e eles pararam de construir a cidade.
9 ထာ​ဝ​ရ​ဘု​ရား​သည်​လူ​သား​အ​ပေါင်း​တို့ ၏​ဘာ​သာ​စ​ကား​ကို​ရှုပ်​ထွေး​စေ​၍ သူ​တို့ ကို​ကမ္ဘာ​အ​ရပ်​ရပ်​သို့​ကွဲ​လွင့်​စေ​တော်​မူ​ခဲ့ ခြင်း​ကြောင့် ထို​မြို့​ကို​ဗာ​ဗု​လုန်​မြို့​ဟူ​၍ ခေါ်​တွင်​ကြ​၏။
9 Ela recebeu o nome de Babel, pois ali o S enhor confundiu as pessoas com línguas diferentes e as espalhou pelo mundo.
10 ရှေ​မ​၏​သား​စဉ်​မြေး​ဆက်​များ​တို့​ကို​ဖော်​ပြ ပေ​အံ့။ ရေ​လွှမ်း​မိုး​ပြီး​နောက်​နှစ်​နှစ်​ကြာ​၍​ရှေ​မ သည် အ​သက်​တစ်​ရာ​ပြည့်​သော​အ​ခါ​အာ​ဖာ​ဇဒ် အ​မည်​ရှိ​သား​ကို​ရ​ရှိ​လေ​၏။-
10 Este é o relato da família de Sem. Dois anos depois do dilúvio, aos 100 anos, Sem gerou
11 ထို​နောက်​သူ​သည်​နှစ်​ပေါင်း​ငါးရာ​ဆက်​၍​အ​သက် ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။
11 Depois do nascimento de Arfaxade, Sem viveu mais 500 anos e teve outros filhos e filhas.
12 အာ​ဖာ​ဇဒ်​သည်​အ​သက်​သုံး​ဆယ့်​ငါး​နှစ်​ရှိ​သော အ​ခါ ရှာ​လ​အ​မည်​ရှိ​သား​ကို​ရ​၏။-
12 Aos 35 anos, Arfaxade gerou Salá.
13 ထို​နောက်​သူ​သည်​နှစ်​ပေါင်း​လေး​ရာ့​သုံး​နှစ်​ဆက် ၍​အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။
13 Depois do nascimento de Salá, Arfaxade viveu mais 403 anos e teve outros filhos e filhas.
14 ရှာ​လ​သည်​အ​သက်​သုံး​ဆယ်​ရှိ​သော​အ​ခါ ဟေ​ဗာ​အ​မည်​ရှိ​သား​ကို​ရ​၏။-
14 Aos 30 anos, Salá gerou Héber.
15 ထို​နောက်​သူ​သည်​နှစ်​ပေါင်း​လေး​ရာ့​သုံး​နှစ် ဆက်​၍ အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး ၏။
15 Depois do nascimento de Héber, Salá viveu mais 403 anos e teve outros filhos e filhas.
16 ဟေ​ဗာ​သည်​အ​သက်​သုံး​ဆယ့်​လေး​နှစ်​ရှိ​သော အ​ခါ ဖာ​လက်​အ​မည်​ရှိ​သော​သား​ကို​ရ​၏။-
16 Aos 34 anos, Héber gerou Pelegue.
17 ထို​နောက်​သူ​သည်​နှစ်​ပေါင်း​လေး​ရာ​သုံး​ဆယ် ဆက်​၍​အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။
17 Depois do nascimento de Pelegue, Héber viveu mais 430 anos e teve outros filhos e filhas.
18 ဖာ​လက်​သည်​အ​သက်​သုံး​ဆယ်​ရှိ​သော​အ​ခါ ရာ​ဂေါ​အ​မည်​ရှိ​သား​ကို​ရ​၏။-
18 Aos 30 anos, Pelegue gerou Reú.
19 ထို​နောက်​သူ​သည်​နှစ်​ပေါင်း​နှစ်​ရာ့​ကိုး​နှစ်​ဆက် ၍​အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။
19 Depois do nascimento de Reú, Pelegue viveu mais 209 anos e teve outros filhos e filhas.
20 ရာ​ဂေါ​သည်​အ​သက်​သုံး​ဆယ့်​နှစ်​နှစ်​ရှိ​သော အ​ခါ စေ​ရောက်​အ​မည်​ရှိ​သား​ကို​ရ​၏။-
20 Aos 32 anos, Reú gerou Serugue.
21 ထို​နောက်​သူ​သည်​နှစ်​ရာ့​ခု​နစ်​နှစ်​ဆက်​၍ အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။
21 Depois do nascimento de Serugue, Reú viveu mais 207 anos e teve outros filhos e filhas.
22 စေ​ရောက်​သည်​အ​သက်​သုံး​ဆယ်​ရှိ​သော​အ​ခါ နာ​ခေါ်​အ​မည်​ရှိ​သား​ကို​ရ​၏။-
22 Aos 30 anos, Serugue gerou Naor.
23 ထို​နောက်​သူ​သည်​နှစ်​ပေါင်း​နှစ်​ရာ​ဆက်​၍ အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။
23 Depois do nascimento de Naor, Serugue viveu mais 200 anos e teve outros filhos e filhas.
24 နာ​ခေါ်​သည်​အ​သက်​နှစ်​ဆယ့်​ကိုး​နှစ်​ရှိ​သော အ​ခါ တေ​ရ​အမည်​ရှိ​သား​ကို​ရ​၏။-
24 Aos 29 anos, Naor gerou Terá.
25 ထို​နောက်​သူ​သည်​တစ်​ရာ​တစ်​ဆယ့်​ကိုး​နှစ်​ဆက် ၍​အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။
25 Depois do nascimento de Terá, Naor viveu mais 119 anos e teve outros filhos e filhas.
26 တေ​ရ​သည်​လည်း​အ​သက်​ခု​နစ်​ဆယ်​ရှိ​သော် အာ​ဗြံ၊ နာ​ခေါ်​နှင့်​ခါ​ရန်​အ​မည်​ရှိ​သား​တို့​ကို​ရ​လေ​၏။
26 Depois que completou 70 anos, Terá gerou Abrão, Naor e Harã.
27 တေ​ရ​၏​သား​စဉ်​မြေး​ဆက်​တို့​ကို​ဖော်​ပြ​ပေ​အံ့။ တေ​ရ​သည် အာ​ဗြံ၊ နာ​ခေါ်​နှင့်​ခါ​ရန်​တို့​၏​ဖ​ခင် ဖြစ်​၏။ ခါ​ရန်​သည်​လော​တ​၏​ဖ​ခင်​ဖြစ်​၏။-
27 Este é o relato da família de Terá, pai de Abrão, Naor e Harã. Harã, que foi o pai de Ló,
28 ခါ​ရန်​သည်​မိ​မိ​၏​ဖခင်​အ​သက်​ရှင်​လျက်​ရှိ​စဉ် ပင်​လျှင် မိ​မိ​၏​နေ​ရပ်​ဖြစ်​သော​ဗာ​ဗု​လုန်​ပြည်၊ ဥ​ရ​မြို့​တွင်​ကွယ်​လွန်​လေ​သည်။-
28 morreu em Ur dos caldeus, sua terra natal, enquanto seu pai, Terá, ainda vivia.
29 အာ​ဗြံ​သည်​စာ​ရဲ​နှင့်​ထိမ်း​မြား​၍​နာ​ခေါ်​သည် ခါ​ရန်​၏​သ​မီး​မိ​လ​ခါ​နှင့်​ထိမ်း​မြား​၏။-
29 Tanto Abrão como Naor se casaram. A mulher de Abrão se chamava Sarai, e a mulher de Naor, Milca. (Milca e sua irmã, Iscá, eram filhas de Harã, irmão de Naor.)
30 ခါ​ရန်​သည်​မိ​လ​ခါ​နှင့်​ဣ​သ​ခ​တို့​၏​ဖ​ခင် ဖြစ်​သည်။ စာ​ရဲ​တွင်​သား​သ​မီး​မ​ထွန်း​ကား ချေ။
30 Sarai, porém, não conseguia engravidar e não tinha filhos.
31 တေ​ရ​သည်​သူ​၏​သား​အာ​ဗြံ၊ မြေး​လော​တ တို့​နှင့်​ချွေး​မ​စာ​ရဲ​တို့​ကို​ခေါ်​ဆောင်​၍ ခါ​နာန် ပြည်​သို့​သွား​ရန်​ဗာ​ဗု​လုန်​ပြည်၊ ဥ​ရ​မြို့​မှ ထွက်​ခွာ​ခဲ့​ရာ​ခါ​ရန်​မြို့​သို့​ဆိုက်​ရောက်​လာ​၍ ထို​မြို့​တွင်​အ​ခြေ​ချ​နေ​ထိုင်​၏။-
31 Certo dia, Terá tomou seu filho Abrão, sua nora Sarai (mulher de seu filho Abrão) e seu neto Ló (filho de seu filho Harã) e se mudou de Ur dos caldeus. Partiram em direção à terra de Canaã, mas pararam em Harã e se estabeleceram ali.
32 တေ​ရ​သည်​ထို​မြို့​တွင်​နေ​ထိုင်​စဉ် အ​သက် နှစ်​ရာ့​ငါး​နှစ်​ရှိ​သော်​ကွယ်​လွန်​လေ​သည်။
32 Terá viveu 205 anos e morreu enquanto ainda estava em Harã.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Gênesis 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.