Gênesis 10

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ရေ​လွှမ်း​မိုး​ပြီး​သည့်​နောက်​နော​ဧ​၏​သား​များ ဖြစ်​ကြ​သော​ရှေ​မ၊ ဟာ​မ​နှင့်​ယာ​ဖက်​တို့​မှ ဆင်း​သက်​သော​သား​စဉ်​မြေး​ဆက်​ကို​ဖော်​ပြ ပေ​အံ့။-
1 Eis a posteridade dos filhos de Noé: Sem, Cam e Jefet. Estes tiveram filhos depois do dilúvio.
2 ယာ​ဖက်​၏​သား​များ​ဖြစ်​ကြ​သော​ဂေါ​မာ၊ မာ ဂေါ​ဂ၊ မာ​ဒဲ၊ ယာ​ဝန်၊ တု​ဗ​လ၊ မေ​ရှက်၊ ထိ​ရတ် တို့​သည်​ကား သူ​တို့​၏​နာ​မည်​ကို​ခံ​ယူ​ကြ သော​လူ​မျိုး​တို့​၏​ဖ​ခင်​များ​ဖြစ်​ကြ​၏။-
2 Filhos de Jafet: Gomer, Magog, Madai, Javã, Tubal, Mosoc e Tiras.
3 ဂေါ​မာ​မှ​ဆင်း​သက်​သော​သား​စဉ်​မြေး​ဆက် တို့​သည်​ကား အာ​ရှ​ကေ​နတ်၊ ရိ​ဖတ်၊ တော်​ဂ​မ လူ​မျိုး​များ​ဖြစ်​ကြ​၏။-
3 Filhos de Gomer: Ascenez, Rifat e Togorma.
4 ယာ​ဝန်​မှ​ဆင်း​သက်​သော​သား​စဉ်​မြေး​ဆက်​တို့ သည်​ကား ဧ​လိ​ရှာ၊ စ​ပိန်၊ ကု​ပ​ရု​နှင့်​ရိုဒ်​တို့ ဖြစ်​ကြ​၏။-
4 Filhos de Javã: Elisa e Társis, Cetim e Dodanim.
5 ထို​သူ​အ​ပေါင်း​တို့​သည်​ပင်​လယ်​ကမ်း​ခြေ​တစ် လျှောက်​နှင့် ကျွန်း​များ​ပေါ်​တွင်​အ​နှံ့​အ​ပြား​နေ ထိုင်​သူ​တို့​၏​ဖ​ခင်​များ​ဖြစ်​ကြ​၏။ ဤ​လူ​မျိုး အား​လုံး​တို့​သည်​ယာ​ဖက်​မှ​ပေါက်​ဖွား​ဆင်း သက်​လာ​သော​သား​စဉ်​မြေး​ဆက်​တို့​ဖြစ်​၍ လူ အ​မျိုး​မျိုး​ကွဲ​ပြား​လျက်​အ​ပြည်​ပြည်​တို့ ၌​နေ​ထိုင်​ပြီး​လျှင် လူ​မျိုး​စု​အ​လိုက်​သီး​ခြား ဘာ​သာ​စ​ကား​များ​ကို​ပြော​ဆို​ကြ​၏။
5 Destes saíram os povos dispersos nas ilhas das nações, em seus diversos países, cada um segundo sua língua e segundo suas famílias e suas nações.
6 ဟာ​မ​၏​သား​များ​ဖြစ်​ကြ​သော​ကု​ရှ၊ အီ​ဂျစ်၊ လစ်​ဗြား​နှင့်​ခါ​နာန်​တို့​သည်​ကား သူ​တို့​၏ နာ​မည်​ကို​ခံ​ယူ​ကြ​သူ​လူ​မျိုး​တို့​၏​ဖ​ခင် များ​ဖြစ်​ကြ​၏။-
6 Filhos de Cam: Cus, Mesraim, Fut e Canaã.
7 ကု​ရှ​မှ​ပေါက်​ဖွား​ဆင်း​သက်​လာ​သော​သား​စဉ် မြေး​ဆက်​တို့​သည်​ကား သေ​ဘ​လူ​မျိုး၊ ဟာ​ဝိ​လ လူ​မျိုး၊ သာ​ဘ​တ​လူ​မျိုး၊ ရာ​ဂ​မ​လူ​မျိုး​နှင့် သတ္တေ​ခါ​လူ​မျိုး​များ​ဖြစ်​ကြ​၏။ ရာ​ဂ​မ​၏​သား စဉ်​မြေး​ဆက်​တို့​မှာ​ရှေ​ဘ​နှင့်​ဒေ​ဒန်​လူ​မျိုး များ​ဖြစ်​သည်။-
7 Filhos de Cus: Saba, Hevila, Sabata, Regma e Sabataca. Filhos de Regma: Saba e Dadã.
8 ကု​ရှ​တွင်​နိမ်​ရော​ဒ​နာ​မည်​ရှိ​သား​တစ်​ယောက် ရှိ​၏။ ထို​သား​သည်​ကမ္ဘာ​ပေါ်​တွင် ပ​ထ​မ​ဦး​ဆုံး နယ်​ပယ်​များ​ကို​တိုက်​ခိုက်​အောင်​မြင်​သော​သူ ဖြစ်​၏။-
8 Cus gerou Nemrod, que foi o primeiro homem poderoso da terra.
9 သူ​သည်​ထာ​ဝ​ရ​ဘု​ရား​မ​စ​တော်​မူ​ခြင်း​အား ဖြင့် အ​စွမ်း​သတ္တိ​နှင့်​ပြည့်​စုံ​သော​မု​ဆိုး​ဖြစ်​ရ ကား​လူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား နိမ်​ရော​ဒ​ကဲ့​သို့ အ​စွမ်း​သတ္တိ​နှင့်​ပြည့်​စုံ​သော မု​ဆိုး​ကြီး​ဖြစ်​ပါ​စေ​သော'' ဟု​ဆို​လေ့​ရှိ ကြ​သည်။-
9 Ele foi um grande caçador diante do Senhor. Donde a expressão: "Como Nemrod, grande caçador diante do Eterno."
10 သူ​၏​နိုင်​ငံ​တွင်​ဦး​စွာ​ဗာ​ဗု​လုန်​မြို့၊ ဧ​ရက်​မြို့​နှင့် အက္ကဒ်​မြို့​များ​ပါ​ဝင်​၏။-
10 Ele estabeleceu o seu reino primeiramente em Babilônia, Arac, Acad e em Calane, na terra de Senaar.
11 သူ​သည်​ထို​ပြည်​မှ​အာ​ရှု​ရိ​ပြည်​သို့​သွား​၍ နိ​နေ​ဝေ​မြို့၊ ရ​ဟော​ဘုတ်၊ ဣ​ရ​မြို့၊ ကာ​လ​မြို့ စ​သော​မြို့​ကြီး​များ​ကို​လည်း​ကောင်း၊-
11 Daí foi para Assur e construiu Nínive, Recobot-Ir, Cale
12 နိ​နေ​ဝေ​မြို့​နှင့်​ကာ​လ​မြို့​ကြီး​စပ်​ကြား​ရှိ ရေ​သင်​မြို့​ကို​လည်း​ကောင်း​တည်​လေ​၏။
12 e Resem, a grande cidade entre Nínive e Cale.
13 မိ​လ​ရိမ်​မှ​ဆင်း​သက်​သော​သား​စဉ်​မြေး​ဆက် တို့​မှာ လု​ဒိ​လူ​မျိုး၊ အာ​န​မိမ်​လူ​မျိုး၊ လ​ဟာ​ဗိမ် လူ​မျိုး၊ နတ္တု​ဟိမ်​လူ​မျိုး၊-
13 Mesraim gerou os ludim, os anamim, os laabim, os neftuim,
14 ပါ​သ​ရု​သိမ်​လူ​မျိုး၊ ကာ​သ​လု​ဟိမ်​လူ​မျိုး​နှင့် က​တ္တော​ရိမ်​လူ​မျိုး​များ​ဖြစ်​ကြ​၏။ ကာ​သ လု​ဟိမ်​လူ​မျိုး​မှ​ဖိ​လိတ္တိ​လူ​မျိုး​ဆင်း​သက် လာ​၏။
14 os fetrusim, os casluim e os caftorim, donde saíram os filisteus.
15 ခါ​နာန်​၏​သား​ဦး​ဇိ​ဒုန်​နှင့်​သား​ဟေ​သ​တို့​သည် သူ​တို့​၏​နာ​မည်​ကို​ခံ​ယူ​ကြ​သော​လူ​မျိုး​တို့ ၏​ဖ​ခင်​များ​ဖြစ်​ကြ​သည်။-
15 Canaã gerou Sidon, seu primogênito, e Het,
16 ခါ​နာန်​သည်​ယေ​ဗု​သိ​လူ​မျိုး၊ အာ​မော​ရိ​လူ​မျိုး၊ ဂိ​ရ​ဂါ​ရှိ​လူ​မျိုး၊-
16 assim como os jebuseus, os amorreus, os gergeseus,
17 ဟိ​ဝိ​လူ​မျိုး၊ အာ​ကိ​လူ​မျိုး၊ သိ​နိ​လူ​မျိုး၊
17 os heveus, os araceus, os sineus,
18 အာ​ဝ​ဒိ​လူ​မျိုး၊ ဇေ​မ​ရိ​လူ​မျိုး၊ ဟာ​မ​သိ​လူ​မျိုး တို့​၏​ဖ​ခင်​လည်း​ဖြစ်​သည်။ ခါ​နာန်​အ​မျိုး​အ​နွယ် အ​သီး​သီး​တို့​သည်၊-
18 os aradeus, os samareus e os hamateus. Em seguida, as famílias dos cananeus se dispersaram,
19 ဇိ​ဒုန်​မြို့​မှ​တောင်​ဘက်​ရှိ​ဂါဇ​မြို့​အ​နီး​ဂေ​ရာ မြို့​သို့​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ရှိ​သောဒုံ​မြို့၊ ဂေါ မော​ရ​မြို့၊ အာ​ဒ​မာ​မြို့​နှင့်​လာ​ရှ​မြို့​အ​နီး ဇေ​ဘိုင်​မြို့​သို့​လည်း​ကောင်း​အ​နှံ့​အ​ပြား ရောက်​ရှိ​နေ​ထိုင်​ကြ​၏။-
19 e o território dos cananeus era desde Sidon, na direção de Gerara, até Gaza; e na direção de Sodoma, Gomorra, Adama e Seboim, até Lesa.
20 ဤ​လူ​မျိုး​တို့​သည်​ကား​အ​ပြည်​ပြည်​တို့​၌​နေ ထိုင်​၍ လူ​မျိုး​စု​အ​လိုက်​သီး​ခြား​ဘာ​သာ စ​ကား​များ​ကို​ပြော​ဆို​ကြ​သော​ဟာမ​၏ အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ​၏။
20 Estes são os filhos de Cam segundo suas famílias, suas línguas, em seus diversos países e suas nações.
21 ယာ​ဖက်​၏​အစ်​ကို​ရှေ​မ​သည် ဟေ​ဗြဲ​လူ​မျိုး အ​ပေါင်း​တို့​၏​ဖ​ခင်​ဖြစ်​သည်။-
21 Nasceram também filhos a Sem, pai de todos os filhos de Heber, e irmão mais velho de Jafet.
22 ရှေ​မ​၏​သား​များ​ဖြစ်​ကြ​သော​ဧ​လံ၊ အာ​ရှု​ရ၊ အာ​ဖာ​ဇဒ်၊ လု​ဒ​နှင့်​အာ​ရံ​တို့​သည်​ကား​သူ​တို့ ၏​နာ​မည်​ကို​ခံ​ယူ​ကြ​သော​လူ​မျိုး​တို့​၏ ဖ​ခင်​များ​ဖြစ်​ကြ​၏။-
22 Filhos de Sem: Elão, Assur, Arfaxad, Lud e Arão.
23 အာ​ရံ​မှ​ပေါက်​ဖွား​ဆင်း​သက်​သော​သား​စဉ်​မြေး ဆက်​တို့​သည်​ကား ဥ​ဇ​လူ​မျိုး၊ ဟု​လ​လူ​မျိုး၊ ဂေ​သာ​လူ​မျိုး​နှင့်​မာ​ရှ​လူ​မျိုး​များ​ဖြစ်​ကြ သည်။-
23 Filhos de Arão: Us, Hul, Geter e Mes.
24 အာ​ဖာ​ဇဒ်​၏​သား​ရှာ​လ​သည်​ဟေ​ဗာ​၏​ဖ​ခင် ဖြစ်​၏။-
24 Arfaxad gerou Salé, Salé gerou Heber.
25 ဟေ​ဗာ​တွင်​သား​နှစ်​ယောက်​ရှိ​၏။ သား​တစ်​ယောက် ကို​ဖာ​လက်​ဟု​နာ​မည်​မှည့်​၏။ ထို​သား​၏​လက်​ထက် တွင်​ကမ္ဘာ​လော​က​၌​နေ​ထိုင်​ကြ​သော​လူ​တို့​သည် ကွဲ​ပြား​သွား​ခြင်း​ကြောင့်​ထို​နာ​မည်​ကို​ပေး​ခြင်း ဖြစ်​၏။ အ​ခြား​သော​သား​ကို​ယုတ္တန်​ဟု​နာ​မည် မှည့်​ခေါ်​၏။-
25 Heber teve dois filhos: um se chamava Faleg, porque no seu tempo a terra foi dividida, e o outro se chamava Jetã.
26 ယုတ္တန်​မှ​ဆင်း​သက်​သော​အ​ဆက်​အ​နွယ်​တို့ သည်​ကား​အာ​လ​မော​ဒဒ်​လူ​မျိုး၊ ရှေ​လပ်​လူ မျိုး၊ ဟာ​ဇာ​မာ​ဝက်​လူ​မျိုး၊ ယေ​ရ​လူ​မျိုး၊-
26 Jetã gerou Elmodad, Salef, Asarmot, Jaré,
27 ဟ​ဒေါ​ရံ​လူ​မျိုး၊ ဥ​ဇ​လ​လူ​မျိုး၊ ဒိ​က​လ လူ​မျိုး၊-
27 Adurão, Uzal, Decla,
28 သြ​ဗ​လ​လူ​မျိုး၊ အ​ဘိ​မေ​လ​လူ​မျိုး၊ ရှေ​ဘ​လူ​မျိုး၊-
28 Ebal, Abimael, Saba,
29 သြ​ဖိ​ရ​လူ​မျိုး၊ ဟ​ဝိ​လ​လူ​မျိုး​နှင့်​ယော​ဗပ်​လူ​မျိုး များ​ဖြစ်​ကြ​၏။ ထို​လူ​မျိုး​အား​လုံး​တို့​သည်​ယုတ္တန် မှ​ဆင်း​သက်​လာ​ကြ​သည်။-
29 Ofir, Hevila e Jobab. Estes são os filhos de Jetã.
30 သူ​တို့​နေ​ထိုင်​ရာ​အ​ရပ်​သည် မေ​ရှ​မြို့​မှ​အ​ရှေ့​ဘက် တောင်​ထူ​ထပ်​သော​ဒေ​သ​ရှိ​သေ​ဖာ​မြို့​တိုင်​အောင် ကျယ်​ပြန့်​သည်။-
30 A terra que eles habitavam se estendia desde Mesa, na direção de Sefar, até a montanha do Oriente.
31 ဤ​လူ​မျိုး​တို့​သည်​ကား​လူ​အ​မျိုး​မျိုး​ကွဲ​ပြား လျက် အ​ပြည်​ပြည်​တို့​၌​နေ​ထိုင်​၍ လူ​မျိုး​စု​အ​လိုက် သီး​ခြား​ဘာ​သာ​စ​ကား​များ​ကို​ပြော​ဆို​ကြ သော​ရှေ​မ​၏​အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ​၏။
31 Estes são os filhos de Sem, segundo suas famílias, segundo suas línguas, em seus diversos países e suas nações.
32 ဤ​လူ​မျိုး​အား​လုံး​တို့​သည်​သူ​တို့​၏​အ​ဆက် အ​နွယ်​နှင့် လူ​မျိုး​အ​သီး​သီး​အ​လိုက်​ဖော်​ပြ ထား​သော​နော​ဧ​၏​သား​စဉ်​မြေး​ဆက်​တို့​ဖြစ် သ​တည်း။ ရေ​လွှမ်း​မိုး​ပြီး​နောက်​ကမ္ဘာ​မြေ​ကြီး ပေါ်​တွင်​ရှိ​သ​မျှ​သော​လူ​မျိုး​တို့​သည် နော​ဧ ၏​သား​များ​မှ​ဆင်း​သက်​လာ​သော​အ​ဆက် အ​နွယ်​များ​ပင်​ဖြစ်​ကြ​၏။
32 Tais são as famílias dos filhos de Noé, segundo suas gerações e suas nações. É dele que descendem as nações que se espalharam sobre a terra depois do dilúvio.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Gênesis 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.