Gálatas 4
Common Language Bible (MYA) vs ACF
1 ဆက်လက်၍ဖော်ပြပါမည်။ လူတစ်ဦးတစ်ယောက် ၏သားသည်အဖ၏ဥစ္စာပစ္စည်းရှိသမျှကိုအမွေ ခံထိုက်သဖြင့် အမှန်ပင်ပိုင်ဆိုင်သူဖြစ်သော်လည်း အရွယ်မရောက်မီကာလအတွင်း၌ကျွန်တစ် ယောက်ကဲ့သို့နေရ၏။-
1 Digo, pois, que todo o tempo que o herdeiro é menino em nada difere do servo, ainda que seja senhor de tudo;
2 သူသည်ဖခင်သတ်မှတ်ပေးသည့်အချိန်ကာလမ ရောက်မီ အုပ်ထိန်းသူများနှင့်မိမိ၏အမှုကိစ္စ အဝဝကိုစီမံအုပ်ချုပ်သူများ၏လက်အောက် တွင်နေရ၏။-
2 Mas está debaixo de tutores e curadores até ao tempo determinado pelo pai.
3 ထိုနည်းတူစွာငါတို့သည်လည်းဝိညာဉ်ရေးမ ရင့်ကျက်မီအခါက လောကစကြဝဠာကို အုပ်စိုးသောဝိညာဉ်များ၏ကျွန်ဖြစ်ကြ၏။-
3 Assim também nós, quando éramos meninos, estávamos reduzidos à servidão debaixo dos primeiros rudimentos do mundo.
4 — ausente —
4 Mas, vindo a plenitude dos tempos, Deus enviou seu Filho, nascido de mulher, nascido sob a lei,
5 — ausente —
5 Para remir os que estavam debaixo da lei, a fim de recebermos a adoção de filhos.
6 သင်တို့သည်ကိုယ်တော်၏သားများဖြစ်ကြောင်း သက်သေပြရန်``အဗ္ဗ၊ အဘ'' ဟုကြွေးကြော်သော သားတော်၏ဝိညာဉ်တော်ကိုငါတို့စိတ်နှလုံး ထဲသို့ဘုရားသခင်စေလွှတ်တော်မူ၏။-
6 E, porque sois filhos, Deus enviou aos vossos corações o Espírito de seu Filho, que clama: Aba, Pai.
7 သို့ဖြစ်၍သင်သည်ကျွန်မဟုတ်တော့ဘဲသား ဖြစ်လေပြီ။ သားဖြစ်သဖြင့်သားများခံစား ထိုက်သည်များကိုဘုရားသခင်သည်သင့် အားပေးတော်မူလတ္တံ့။
7 Assim que já não és mais servo, mas filho; e, se és filho, és também herdeiro de Deus por Cristo.
8 အခါတစ်ပါးကသင်တို့သည်ဘုရားသခင်ကို မသိကြသဖြင့် မစစ်မမှန်သောဘုရားတို့၏ ကျွန်ဖြစ်ခဲ့ကြ၏။-
8 Mas, quando não conhecíeis a Deus, servíeis aos que por natureza não são deuses.
9 ယခုမှာမူသင်တို့သည်ဘုရားသခင်ကိုသိရှိ လာကြလေပြီ။ သင်တို့အားဘုရားသခင်သိရှိ တော်မူလေပြီဟုငါဆိုသင့်၏။ သို့ဖြစ်၍သင်တို့ သည်အားနည်း၍သနားစရာကောင်းသည့်ဝိညာဉ် များထံသို့အဘယ်ကြောင့်ပြန်လည်သွားလိုကြ သနည်း။ အဘယ်ကြောင့်သူတို့၏ကျွန်ပြန်၍ ဖြစ်လိုကြသနည်း။-
9 Mas agora, conhecendo a Deus, ou, antes, sendo conhecidos por Deus, como tornais outra vez a esses rudimentos fracos e pobres, aos quais de novo quereis servir?
10 သင်တို့သည်အချို့သောနေ့၊ လ၊ ရာသီနှင့်နှစ်များ ကိုအထူးဂရုစိုက်အရေးပေးနေကြသည်။-
10 Guardais dias, e meses, e tempos, e anos.
11 ငါသည်သင်တို့အတွက်စိုးရိမ်မိ၏။ သင်တို့ အတွက် ငါလုပ်ဆောင်ခဲ့သမျှသောအရာတို့ သည်အချည်းနှီးဖြစ်ရလေတော့မည်လော။
11 Receio de vós, que não haja trabalhado em vão para convosco.
12 ညီအစ်ကိုတို့၊ သင်တို့သည်ငါကဲ့သို့ဖြစ်ကြရန် ငါတောင်းပန်၏။ ငါသည်သင်တို့ကဲ့သို့ပင်ဖြစ်၏။ သင်တို့သည်ငါ့အားအဘယ်သို့မျှမပြစ်မှား ခဲ့ကြ။-
12 Irmãos, rogo-vos que sejais como eu, porque também eu sou como vós; nenhum mal me fizestes.
13 ပထမဆုံးအကြိမ်သင်တို့အားသတင်း ကောင်းကိုငါဟောပြောကြေညာရခြင်းမှာ ငါ၏ကျန်းမာရေးချို့တဲ့မှုကြောင့်ဖြစ် ကြောင်းသင်တို့သိကြ၏။-
13 E vós sabeis que primeiro vos anunciei o evangelho estando em fraqueza da carne;
14 ငါ၏ကျန်းမာရေးအခြေအနေကြောင့်သင်တို့ အတွက်အနှောင့်အယှက်ဖြစ်သော်လည်း သင်တို့ သည်ငါ့ကိုအထင်အမြင်မသေးကြ။ မပစ် ပယ်ကြ။ ငါသည်ဘုရားသခင်၏ကောင်းကင် တမန်တစ်ပါးဖြစ်သကဲ့သို့လည်းကောင်း၊ ခရစ် တော်ယေရှုအားကြိုဆိုသကဲ့သို့လည်းကောင်း သင်တို့ကငါ့အားကြိုဆိုလက်ခံကြ၏။-
14 E não rejeitastes, nem desprezastes isso que era uma tentação na minha carne, antes me recebestes como um anjo de Deus, como Jesus Cristo mesmo.
15 ထိုအခါကသင်တို့အလွန်ပျော်ကြပါသည် တကား။ ယခုအဘယ်သို့ဖြစ်ကြလေပြီနည်း။ ထိုစဉ်အခါကသင်တို့သည်ဖြစ်နိုင်ပါမူ မိမိ တို့၏မျက်စိများကိုပင်လျှင်ထုတ်၍ငါ့အား ပေးလှူလိုသည်ဟုငါသက်သေခံ၏။-
15 Qual é, logo, a vossa bem-aventurança? Porque vos dou testemunho de que, se possível fora, arrancaríeis os vossos olhos, e mos daríeis.
16 ယခုငါသည်သင်တို့အားမှန်ရာကိုပြောဆို သည့်အတွက်သင်တို့၏ရန်သူဖြစ်လေပြီလော။
16 Fiz-me acaso vosso inimigo, dizendo a verdade?
17 ငါ့ကိုအတိုက်အခံပြုသူများသည်သင်တို့ အပေါ်တွင်များစွာစိတ်ဝင်စားလျက်ရှိကြ၏။ သို့ရာတွင်ရိုးသားသောရည်ရွယ်ချက်ဖြင့် မဟုတ်။ သင်တို့၏တုံ့ပြန်စိတ်ဝင်စားမှုကို ခံယူရရှိနိုင်ရန်သင်တို့အားငါနှင့်အဆက် ဖြတ်စေလိုသောကြောင့်ဖြစ်သည်။-
17 Eles têm zelo por vós, não como convém; mas querem excluir-vos, para que vós tenhais zelo por eles.
18 ရိုးသားသည့်ရည်ရွယ်ချက်ဖြင့်စိတ်ဝင်စားလျှင် ကောင်း၏။ ထိုသို့သောစိတ်ဝင်စားမှုသည်သင်တို့ နှင့်အတူငါရှိနေချိန်အတွင်းသာမကအစဉ် ရှိအပ်၏။-
18 É bom ser zeloso, mas sempre do bem, e não somente quando estou presente convosco.
19 ငါချစ်သောသားသမီးတို့၊ ခရစ်တော်၏စိတ် နေသဘောထားမျိုးကိုသင်တို့မရမချင်း ငါသည်သားဖွားသည့်မိခင်ကဲ့သို့တစ်ဖန် ဝေဒနာခံလျက်နေရ၏။-
19 Meus filhinhos, por quem de novo sinto as dores de parto, até que Cristo seja formado em vós;
20 သင်တို့အားငါဆုံးမသံပြောင်းစေရန်ငါသည် ယခုပင်လျှင် သင်တို့နှင့်အတူရှိချင်ပါဘိ။ ငါ သည်သင်တို့အတွက်အလွန်စိုးရိမ်ပူပန်လျက် ရှိ၏။
20 Eu bem quisera agora estar presente convosco, e mudar a minha voz; porque estou perplexo a vosso respeito.
21 ပညတ်တရား၏လက်အောက်တွင်နေလိုသူတို့၊ သင်တို့သည်ပညတ်ကျမ်း၏မိန့်ဆိုချက်ကိုမ ကြားကြသလော။-
21 Dizei-me, os que quereis estar debaixo da lei, não ouvis vós a lei?
22 ထိုကျမ်းကအာဗြဟံတွင်သားနှစ်ယောက်ရှိ ကြောင်း၊ တစ်ယောက်သည်ကျွန်မနှင့်ရသောသား ဖြစ်၍အခြားတစ်ယောက်မှာလွတ်လပ်သော မိန်းမနှင့်ရသောသားဖြစ်ကြောင်းဖော်ပြပေသည်။-
22 Porque está escrito que Abraão teve dois filhos, um da escrava, e outro da livre.
23 ကျွန်မနှင့်ရသောသားသည်သာမန်သဘာဝ အတိုင်းမွေးဖွားလာသူဖြစ်၏။ လွတ်လပ်သော မိန်းမနှင့်ရသောသားမူကားဘုရားသခင် ၏ကတိတော်အရမွေးဖွားလာသူတည်း။-
23 Todavia, o que era da escrava nasceu segundo a carne, mas, o que era da livre, por promessa.
24 ဤအဖြစ်အပျက်သည်ပုံဆောင်ချက်ဖြစ်၏။ အမျိုးသမီးနှစ်ယောက်သည်ပဋိညာဉ်တော် နှစ်ပါးကိုဆိုလို၏။ အမျိုးသမီးတစ်ယောက် သည်ဟာဂရဖြစ်၍မွေးဖွားသောသားသမီး များသည်ကျွန်ဖြစ်ကြ၏။ ဟာဂရသည်သိနာ တောင်တွင်ပြုသည့်ပဋိညာဉ်တော်ကိုသရုပ် ဆောင်သတည်း။-
24 O que se entende por alegoria; porque estas são as duas alianças; uma, do monte Sinai, gerando filhos para a servidão, que é Agar.
25 ဟာဂရသည်အာရေဗျပြည်တွင်ရှိသောသိန တောင်ကိုကိုယ်စားပြု၏။ သူသည်ယခုကျွန်ခံ နေရသောယေရုရှလင်နှင့်မြို့သူမြို့သားများ ကိုသရုပ်ဆောင်၏။-
25 Ora, esta Agar é Sinai, um monte da Arábia, que corresponde à Jerusalém que agora existe, pois é escrava com seus filhos.
26 သို့ရာတွင်ကောင်းကင်ဘုံဆိုင်ရာယေရုရှလင် မြို့ကား လွတ်လပ်သောမြို့ဖြစ်၍ငါတို့၏မိခင် ဖြစ်၏။-
26 Mas a Jerusalém que é de cima é livre; a qual é mãe de todos nós.
27 အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်က၊
27 Porque está escrito: Alegra-te, estéril, que não dás à luz; Esforça-te e clama, tu que não estás de parto; Porque os filhos da solitária são mais do que os da que tem marido.
28 ညီအစ်ကိုတို့၊ သင်တို့သည်ဣဇာက်ကဲ့သို့ ဘုရားသခင်၏ကတိတော်အရဖွားမြင် သောသားသမီးများဖြစ်ကြ၏။-
28 Mas nós, irmãos, somos filhos da promessa como Isaque.
29 ထိုစဉ်အခါကသာမန်သဘာဝအားဖြင့် မွေးဖွားသောသားသည် ဝိညာဉ်အားဖြင့်မွေး ဖွားသောသားအားညှဉ်းဆဲနှိပ်စက်ခဲ့၏။ ယခု အခါ၌လည်းထိုနည်းတူပင်ဖြစ်၏။-
29 Mas, como então aquele que era gerado segundo a carne perseguia o que o era segundo o Espírito, assim é também agora.
30 သို့ရာတွင်ကျမ်းစာတော်ကအဘယ်သို့ဖော်ပြ သနည်း။ ``ဤကျွန်မနှင့်သူ၏သားကိုနှင်ထုတ် လော့။ ကျွန်မ၏သားသည်လွတ်လပ်သောမိန်းမ ၏သားနှင့်အတူအမွေစားအမွေခံမဖြစ် ရ'' ဟုဖော်ပြသည်။-
30 Mas que diz a Escritura? Lança fora a escrava e seu filho, porque de modo algum o filho da escrava herdará com o filho da livre.
31 သို့ဖြစ်၍ညီအစ်ကိုတို့၊ ငါတို့ကားကျွန်မ ၏သားများမဟုတ်။ လွတ်လပ်သောမိန်းမ၏ သားများဖြစ်သတည်း။
31 De maneira que, irmãos, somos filhos, não da escrava, mas da livre.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Gálatas 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.