Gálatas 3

Common Language Bible (MYA) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 အ​ချင်း​မိုက်​မဲ​သော​ဂ​လာ​တိ​အ​သင်း​တော် သား​တို့၊ အ​ဘယ်​သူ​သည်​သင်​တို့​အား​ပြု စား​သ​နည်း။ လက်​ဝါး​ကပ်​တိုင်​ပေါ်​တွင်​သ​ခင် ယေ​ရှု​အ​သေ​ခံ​တော်​မူ​ပုံ​ကို သင်​တို့​မျက် မှောက်​၌​ရှင်း​လင်း​စွာ​ပြ​ခဲ့​၏။-
1 Ó gálatas sem juízo! Quem foi que enfeitiçou vocês? Na minha pregação a vocês eu fiz uma descrição perfeita da morte de Jesus Cristo na cruz; por assim dizer, vocês viram Jesus na cruz.
2 ဝိ​ညာဉ်​တော်​ကို​သင်​တို့​ခံ​ယူ​ရ​ကြ​ခြင်း​မှာ ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း​ကြောင့်​လော။ သို့​တည်း​မ​ဟုတ်​သ​တင်း​ကောင်း​ကို​ကြား​၍ ယုံ​ကြည်​ကြ​သော​ကြောင့်​လော။ ဤ​မေး​ခွန်း ကို​သာ​လျှင် ငါ့​အား​ဖြေ​ကြား​ကြ​လော့။-
2 Respondam somente isto: vocês receberam o Espírito de Deus por terem feito o que a lei manda ou por terem ouvido a mensagem do evangelho e terem crido nela?
3 သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ​မိုက်​မဲ ကြ​သ​နည်း။ သင်​တို့​သည်​ဝိ​ညာဉ်​တော်​အား ဖြင့်​အ​စ​ပြု​ခဲ့​ကြ​ပြီး​နောက် ယ​ခု​အ​ခါ မိ​မိ​တို့​ကိုယ်​ပိုင်​စွမ်း​ရည်​ဖြင့်​အ​ဆုံး​သတ် လို​ကြ​သ​လော။-
3 Como é que vocês podem ter tão pouco juízo? Vocês começaram a sua vida cristã pelo poder do Espírito de Deus e agora querem ir até o fim pelas suas próprias forças?
4 သင်​တို့​ကိုယ်​တိုင်​တွေ့​ကြုံ​ခံ​စား​ချက်​သည် အ​ချည်း​နှီး​ဖြစ်​လေ​ပြီ​လော။ အ​မှန်​ပင် အ​ချည်း​နှီး​မ​ဖြစ်​နိုင်။-
4 Será que as coisas pelas quais vocês passaram não serviram para nada? Não é possível!
5 ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​ဝိ​ညာဉ်​တော် ကို​ချ​ပေး​တော်​မူ​၍ အံ့​သြ​ဖွယ်​သော​နိ​မိတ် လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​ခဲ့​သည်​မှာ ပ​ညတ် တ​ရား​ကို​သင်​တို့​စောင့်​ထိန်း​ကြ​သည့်​အ​တွက် ကြောင့်​လော။ သို့​တည်း​မ​ဟုတ်​သ​တင်း​ကောင်း ကို​ကြား​နာ​ယုံ​ကြည်​ကြ​သည့်​အ​တွက်​ကြောင့် လော။-
5 Será que, quando Deus dá o seu Espírito e faz milagres entre vocês, é porque vocês fazem o que a lei manda? Não será que é porque vocês ouvem a mensagem e creem nela?
6 အာ​ဗြ​ဟံ​၏​တွေ့​ကြုံ​ခံ​စား​ချက်​ကို​ဆင်​ခြင် စဉ်း​စား​ကြ​စို့။ ကျမ်း​စာ​တော်​က ``အာ​ဗြ​ဟံ သည်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​၏။ သို့​ဖြစ်​၍ ဘု​ရား​သ​ခင်​သည်​အာ​ဗြ​ဟံ​အား သူ​တော် ကောင်း​အ​ဖြစ်​လက်​ခံ​တော်​မူ​သည်'' ဟု​ဆို​၏။-
6 Lembrem do que as Escrituras Sagradas dizem a respeito de Abraão: “Ele creu em Deus, e por isso Deus o aceitou.”
7 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သူ​တို့​သည် အာ​ဗြ​ဟံ​၏​သား​မြေး​အ​စစ်​အ​မှန်​များ​ဖြစ် ကြောင်း​ကို သင်​တို့​သိ​မှတ်​ကြ​လော့။-
7 Portanto, vocês devem saber que os verdadeiros descendentes de Abraão são os que têm fé.
8 ဘု​ရား​သ​ခင်​သည်​ယုံ​ကြည်​ခြင်း​ကို​ထောက်​၍ လူ​မျိုး​ခြား​တို့​ကို မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ စေ​တော်​မူ​မည်​ဖြစ်​ကြောင်း ကျမ်း​စာ​တော်​တွင် ကြို​တင်​ဟော​၏။ ကျမ်း​စာ​တော်​က ``လူ​မျိုး အ​ပေါင်း​တို့​သည် သင့်​အား​ဖြင့်​ကောင်း​ချီး မင်္ဂလာ​ခံ​စား​ရ​ကြ​လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ အား​သ​တင်း​ကောင်း​ကို​ကြေ​ညာ​သည်။-
8 Antes que isso acontecesse, as Escrituras viram que Deus ia aceitar os não judeus por meio da fé. Por isso, antes de chegar o tempo, elas anunciaram a boa notícia a Abraão, dizendo: “Por meio de você, Deus abençoará todos os povos.”
9 အာ​ဗြ​ဟံ​သည်​ဘု​ရား​သ​ခင်​အား​ယုံ​ကြည် သည့်​အ​တွက် ကောင်း​ချီး​မင်္ဂ​လာ​ခံ​စား​ရ​သည်။ သို့​ဖြစ်​၍​ယုံ​ကြည်​သူ​လူ​အ​ပေါင်း​တို့​သည် အာ​ဗြ​ဟံ​နည်း​တူ​ကောင်း​ချီး​မင်္ဂလာ​ကို​ခံ​စား ရ​ကြ​၏။
9 Abraão creu e foi abençoado; portanto, todos os que creem são abençoados como ele foi.
10 ပ​ညတ်​တ​ရား​စောင့်​ထိန်း​မှု​ကို​အား​ကိုး​သော သူ​တို့​မူ​ကား ကျိန်​စာ​သင့်​လျက်​ရှိ​ကြ​၏။ ကျမ်း စာ​တော်​က ``ပ​ညတ်​တ​ရား​တွင်​ပါ​ရှိ​သည့် ပြ​ဋ္ဌာန်း​ချက်​မှန်​သ​မျှ​ကို​မ​စောင့်​ထိန်း​သူ သည် ဘု​ရား​သ​ခင်​၏​ကျိန်​စာ​သင့်​စေ'' ဟု ဖော်​ပြ​ပေ​သည်။-
10 Os que confiam na sua obediência à lei estão debaixo da maldição de Deus. Pois as Escrituras Sagradas dizem: “Quem não obedece sempre a tudo o que está escrito no Livro da Lei está debaixo da maldição de Deus.”
11 ယ​ခု​တွင်​ကျမ်း​စာ​တော်​က ``ဘု​ရား​သ​ခင် ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် ကိုယ်​တော်​နှင့်​မှန် ကန်​စွာ​ဆက်​ဆံ​သူ​သည်​အ​သက်​ရှင်​လိမ့်​မည်'' ဟု​ဖော်​ပြ​ထား​သ​ဖြင့်​ပ​ညတ်​တ​ရား​ကို စောင့်​ထိန်း​ခြင်း​အား​ဖြင့် အ​ဘယ်​သူ​မျှ​ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို​မ​ရ​နိုင် ကြောင်း​ထင်​ရှား​၏။-
11 É claro que ninguém é aceito por Deus por meio da lei, pois as Escrituras dizem: “Viverá aquele que, por meio da fé, é aceito por Deus.”
12 သို့​ရာ​တွင်​ကျမ်း​စာ​တော်​က ``ပ​ညတ်​တ​ရား ၏​ပြ​ဋ္ဌာန်း​ချက်​မှန်​သ​မျှ​ကို​လိုက်​လျှောက်​သူ သည် အ​သက်​ရှင်​လိမ့်​မည်'' ဟု​ဆို​သ​ဖြင့် ပ​ညတ်​တ​ရား​သည်​ဘု​ရား​သ​ခင်​အား ယုံ​ကြည်​မှု​နှင့်​မည်​သို့​မျှ​မ​သက်​ဆိုင်။
12 Mas a lei não tem nada a ver com a fé. Pelo contrário, como dizem as Escrituras: “Viverá aquele que fizer o que a lei manda.”
13 ``သစ်​တိုင်​ပေါ်​မှာ​ဆွဲ​၍​အ​သတ်​ခံ​ရ​သူ​သည် ဘု​ရား​သ​ခင်​၏​ကျိန်​စာ​သင့်​သူ​ဖြစ်​၏'' ဟု ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကျိန်​စာ​သင့်​သူ​အ​ဖြစ်​ကို​ခံ ယူ​တော်​မူ​ပြီး​နောက် ငါ​တို့​အား​ပ​ညတ်​တ​ရား ကြောင့်​ကျိန်​စာ​သင့်​သည့်​ဘေး​မှ​ရွေး​နုတ် ကယ်​တင်​တော်​မူ​၏။-
13 Porém Cristo, tornando-se maldição por nós, nos livrou da maldição imposta pela lei. Como dizem as Escrituras: “Maldito todo aquele que for pendurado numa cruz!”
14 ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​လူ​မျိုး​ခြား​တို့ သည်​ခ​ရစ်​တော်​ယေ​ရှု​ကို​အ​မှီ​ပြု​၍ အာ​ဗြ​ဟံ ခံ​စား​ရ​သည့်​ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား ရ​စေ​ရန်​လည်း​ကောင်း၊ ငါ​တို့​သည်​ဘု​ရား သ​ခင်​က​တိ​ထား​တော်​မူ​သော​ဝိ​ညာဉ်​တော် ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ခံ​ယူ​နိုင်​ကြ​စေ ရန်​လည်း​ကောင်း​ဖြစ်​၏။
14 Cristo fez isso para que a bênção que Deus prometeu a Abraão seja dada, por meio de Cristo Jesus, aos não judeus e para que todos nós recebamos por meio da fé o Espírito que Deus prometeu.
15 ညီ​အစ်​ကို​တို့၊ သင်​တို့​နေ့​စဉ်​တွေ့​ကြုံ​နေ ကြ​အ​ဖြစ်​အ​ပျက်​များ​မှ ဥ​ပ​မာ​တစ်​ခု ကို​ငါ​ပေး​အံ့။ လူ​တစ်​ယောက်​နှင့်​တစ်​ယောက် က​တိ​စာ​ချုပ်​ချုပ်​ဆို​သော​အ​ခါ​၌​အ​ချင်း ချင်း​ချုပ်​ဆို​သော​စာ​ချုပ်​မျှ​သာ​ဖြစ်​သော် လည်း ယင်း​ကို​သ​ဘော​တူ​ချုပ်​ဆို​ပြီး​သည် နှင့်​တစ်​ပြိုင်​နက်​စာ​ချုပ်​ပါ​က​တိ​ဝန်​ခံ ချက်​များ​ကို​မည်​သူ​မျှ​မ​ပယ်​ဖျက်၊ မ​ဖြည့် စွက်​နိုင်​တော့​ချေ။-
15 Meus irmãos, vou usar um exemplo da vida diária: quando duas pessoas combinam alguma coisa e assinam um contrato, ninguém pode quebrá-lo ou acrescentar qualquer coisa a ele.
16 ကျမ်း​စာ​လာ​သည့်​အ​တိုင်း​ဘု​ရား​သ​ခင်​၏ က​တိ​တော်​များ​သည် အာ​ဗြ​ဟံ​နှင့်​သူ​၏ သား​မြေး​အ​တွက်​ဖြစ်​၏။ သား​မြေး​ဆို​သော စ​ကား​သည်​ဧက​ဝုစ်​ကိန်း​တည်း။ ဗ​ဟု​ဝုစ်​ကိန်း မ​ဟုတ်။ သင်​၏​အ​မျိုး​အ​နွယ်​ဟူ​၍​သာ​ဆို​၏။ လူ​အ​များ​ကို​ရည်​စူး​၍​ဆို​ခြင်း​မ​ဟုတ်။ လူ​တစ်​ဦး​တည်း​ကို​သာ​ရည်​စူး​၍​ဆို​ပေ သည်။ ထို​သို့​ရည်​စူး​ခြင်း​ခံ​ရ​သူ​ကား ခ​ရစ်​တော်​ပင်​ဖြစ်​၏။-
16 Pois Deus fez as suas promessas a Abraão e ao seu descendente. Quando as Escrituras dizem que Deus fez as suas promessas a Abraão “e à sua descendência”, elas não querem dizer que se trata de muitas pessoas, mas de uma só, isto é, Cristo.
17 ငါ​ဆို​လို​သည်​ကား​ဤ​သို့​တည်း။ ဘု​ရား သ​ခင်​သည်​အာ​ဗြ​ဟံ​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော် မူ​ပြီး​လျှင် ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​ရန်​က​တိ ထား​တော်​မူ​၏။ အ​နှစ်​လေး​ရာ့​သုံး​ဆယ်​ကြာ မှ​ပေါ်​ပေါက်​လာ​သည့်​ပ​ညတ်​တ​ရား​သည် ထို ပ​ဋိ​ညာဉ်​တော်​ကို​မ​ပယ်​မ​ဖျက်​နိုင်။ က​တိ တော်​ကို​လည်း​မ​ပယ်​မ​ဖျက်​နိုင်။-
17 O que eu quero dizer é o seguinte: Deus fez uma aliança com Abraão e prometeu cumpri-la. A lei , que foi dada quatrocentos e trinta anos depois, não pode quebrar aquela aliança, nem anular a promessa de Deus.
18 အ​ကယ်​၍​ဘု​ရား​သ​ခင်​၏​ဆု​ကျေး​ဇူး​တော် သည် ပ​ညတ်​တ​ရား​အ​ပေါ်​၌​မူ​တည်​လျှင် ထို ဆု​ကျေး​ဇူး​တော်​သည်​က​တိ​တော်​အ​ပေါ်​၌ မူ​မ​တည်​တော့​ပေ။ သို့​ရာ​တွင်​ဘု​ရား​သ​ခင် သည်​က​တိ​တော်​ကြောင့် အာ​ဗြ​ဟံ​အား​ထို​ဆု ကျေး​ဇူး​တော်​ကို​ပေး​သ​နား​တော်​မူ​သ​တည်း။
18 Porque, se aquilo que Deus dá depende da lei, então o que ele dá já não depende da sua promessa. Mas o que Deus deu a Abraão, ele deu porque havia prometido.
19 ထို​သို့​ဖြစ်​ပါ​မူ​ပ​ညတ်​တ​ရား​၏​ရည်​ရွယ် ချက်​ကား​အ​ဘယ်​နည်း။ ပ​ညတ်​တ​ရား​ကို ဘု​ရား​သခင်​ချ​ပေး​တော်​မူ​ခဲ့​ခြင်း​မှာ အ​ပြစ် ဒု​စ​ရိုက်​၏​သ​ဘော​ကို​ထုတ်​ဖော်​ပြ​သ​ရန် သာ​ဖြစ်​၏။ ထို​ပ​ညတ်​တ​ရား​သည်​က​တိ တော်​ကို​ခံ​ယူ​ရ​ရှိ​သူ အာ​ဗြ​ဟံ​၏​သား​မြေး မ​ပေါ်​သေး​မီ​ကာ​လ​အ​တွင်း​၌​သာ​လျှင် တည်​ရှိ​ရန်​ဖြစ်​သည်။ ဘု​ရား​သ​ခင်​သည်​ထို ပ​ညတ်​တ​ရား​ကို​ကောင်း​ကင်​တ​မန်​များ အား​ဖြင့် ကြား​ဝင်​စေ့​စပ်​သူ​လူ​တစ်​ဦး​မှ တစ်​ဆင့်​ပေး​အပ်​တော်​မူ​ခဲ့​၏။-
19 Então, por que é que foi dada a lei? Ela foi dada para mostrar as coisas que são contra a vontade de Deus. A lei devia durar até que viesse o descendente de Abraão, pois a promessa foi feita a esse descendente. A lei foi entregue por anjos, e um homem serviu de intermediário.
20 သို့​ရာ​တွင်​တစ်​ဦး​တည်း​သာ​ပါ​ဝင်​ဆောင်​ရွက် သော​အ​ခါ ကြား​ဝင်​စေ့​စပ်​သူ​ကို​မ​လို​တော့ ချေ။ ဘု​ရား​သ​ခင်​သည်​တစ်​ပါး​တည်း​ဖြစ် တော်​မူ​သ​တည်း။
20 Porém não é preciso haver intermediário quando se está falando de uma só pessoa; e Deus é um só.
21 ဤ​သို့​ဆို​ရာ​၌​ပ​ညတ်​တ​ရား​နှင့်​ဘု​ရား သ​ခင်​၏​က​တိ​တော်​တို့​သည် ဆန့်​ကျင်​ဘက် ဖြစ်​၍​နေ​ပါ​သ​လော။ အ​ဘယ်​နည်း​နှင့်​မျှ မ​ဟုတ်။ အ​ကယ်​၍​အ​သက်​ရှင်​စေ​နိုင်​သည့် ပ​ညတ်​တ​ရား​ကို​လူ​သား​တို့​ရ​ရှိ​ခဲ့​ပါ လျှင် လူ​တိုင်း​ပင်​ထို​ပ​ညတ်​တ​ရား​ကို​စောင့် ထိန်း​ခြင်း​ဖြင့်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​နိုင်​ကြ​မည်​သာ​ဖြစ်​၏။-
21 Será que isso quer dizer que a lei é contra as promessas de Deus? É claro que não! Porque, se tivesse sido dada uma lei que pudesse dar vida às pessoas, então elas seriam aceitas por Deus por obedecerem a ela.
22 သို့​ရာ​တွင်​ကမ္ဘာ​လော​က​တစ်​ခု​လုံး​ပင်​အ​ပြစ် ဒု​စ​ရိုက်​၏​လက်​အောက်​တွင်​ရောက်​ရှိ​နေ​ကြောင်း ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ထား​ပေ​သည်။ သို့​ဖြစ် ၍​ယေ​ရှု​ခရစ်​ကို​ယုံ​ကြည်​မှု​၌​အ​ခြေ​ခံ​သည့် က​တိ​တော်​ဆိုင်​ရာ​ဆု​ကျေး​ဇူး​ကို​ယုံ​ကြည် သူ​တို့​ခံ​စား​ခွင့်​ရ​ရှိ​ကြ​၏။
22 Porém as Escrituras Sagradas afirmam que o mundo inteiro está dominado pelo pecado, e isso para que as pessoas que creem recebam o que Deus promete aos que têm fé em Jesus Cristo.
23 ယုံ​ကြည်​ခြင်း​တ​ရား​မ​ပေါ်​မီ​ငါ​တို့​သည်​ပေါ် လာ​မည့်​ယုံ​ကြည်​ခြင်း​တ​ရား​လက်​ထက်​တိုင် အောင် ပ​ညတ်​တ​ရား​၏​အ​ကျဉ်း​သား​အ​ဖြစ် ချုပ်​နှောင်​ခြင်း​ကို​ခံ​ရ​ကြ​၏။-
23 Mas, antes que chegasse o tempo da fé, nós éramos prisioneiros da lei, até que fosse revelada a fé que devia vir.
24 ငါ​တို့​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဘု​ရား​သ​ခင် နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​နိုင်​ကြ​စေ​ရန် ပ​ညတ်​တ​ရား သည်​ခ​ရစ်​တော်​ကြွ​လာ​ချိန်​တိုင်​အောင်​ငါ​တို့​၏ အ​ထိန်း​ဖြစ်​၏။-
24 Assim, a lei ficou tomando conta de nós até que Cristo viesse para podermos ser aceitos por Deus por meio da fé.
25 သို့​ရာ​တွင်​ယ​ခု​ယုံ​ကြည်​ခြင်း​တ​ရား​ရောက် လာ​ပြီ​ဖြစ်​၍ ငါ​တို့​သည်​အ​ထိန်း​၏​လက် အောက်​၌​မ​ရှိ​ကြ​တော့​ပြီ။
25 Agora que chegou o tempo da fé, não precisamos mais da lei para tomar conta de nós.
26 သင်​တို့​အ​ပေါင်း​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့် ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​လျက် ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ် ကြ​၏။-
26 Pois, por meio da fé em Cristo Jesus, todos vocês são filhos de Deus.
27 သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​စေ​ရန် ဗတ္တိဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​ကြ သ​ဖြင့် ခ​ရစ်​တော်​ကို​အ​ဝတ်​တန်​ဆာ​သ​ဖွယ် ဝတ်​ဆင်​ကြ​ရ​လေ​ပြီ။-
27 Porque vocês foram batizados para ficarem unidos com Cristo e assim se revestiram com as qualidades do próprio Cristo.
28 သို့​ဖြစ်​၍​ယုဒ​လူ​မျိုး​နှင့်​လူ​မျိုး​ခြား​ဟူ​၍ လည်း​ကောင်း၊ ကျွန်​နှင့်​လွတ်​လပ်​သူ​ဟူ​၍​လည်း ကောင်း၊ ယောကျာ်း​နှင့်​မိန်း​မ​ဟူ​၍​လည်း​ကောင်း ခွဲ​ခြား​မှု​မ​ရှိ​တော့​ပြီ။ သင်​တို့​အ​ပေါင်း​သည် ခ​ရစ်​တော်​ယေ​ရှု​၌​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ကြ​၏။-
28 Desse modo não existe diferença entre judeus e não judeus, entre escravos e pessoas livres, entre homens e mulheres: todos vocês são um só por estarem unidos com Cristo Jesus.
29 သင်​တို့​သည်​ခ​ရစ်​တော်​၏​တ​ပည့်​များ​ဖြစ် ပါ​လျှင် အာ​ဗြ​ဟံ​၏​သား​မြေး​များ​လည်း ဖြစ်​သ​ဖြင့် က​တိ​တော်​ရှိ​သည်​အ​တိုင်း​ဘုရား သ​ခင်​၏​ဆု​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ကြ လိမ့်​မည်။
29 E, já que vocês pertencem a Cristo, então são descendentes de Abraão e receberão aquilo que Deus prometeu.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Gálatas 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.