Filipenses 3
Common Language Bible (MYA) vs BKJ
1 ညီအစ်ကိုတို့၊ နိဂုံးချုပ်ရသော်သခင်ဘုရား နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက်ဝမ်းမြောက် ကြလော့။ ယခင်ကငါရေးသားဖော်ပြပြီး သောအကြောင်းအရာများကိုယခုထပ်မံ၍ ဖော်ပြရသည်မှာဝန်မလေးပါ။ သင်တို့ပို၍ လုံခြုံစေရန်ဖြစ်၏။-
1 No mais, meus irmãos, regozijai no Senhor. Escrever-vos as mesmas coisas não me é penoso, mas para vós é segurança.
2 ခွေးဖြစ်သူ၊ အကျင့်ဆိုးကိုကျင့်သောသူ၊ ကိုယ် ခန္ဓာကိုလှီးဖြတ်ရမည်ဟုဆိုသောသူများ ကိုသတိနှင့်ရှောင်ကြလော့။-
2 Guardai-vos dos cães, guardai-vos dos maus obreiros, cuidado com a mutilação.
3 အရေဖျားလှီးခြင်းမင်္ဂလာအစစ်အမှန်ကို ခံရသောသူတို့ကားထိုသူတို့မဟုတ်ဘဲငါ တို့သာလျှင်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆို သော်ငါတို့သည်ကိုယ်တော်၏ဝိညာဉ်တော် အားဖြင့်ဘုရားသခင်အားကိုးကွယ်ဝတ်ပြု၍ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်ရ၍ရွှင်လန်းဝမ်းမြောက်သူများဖြစ် သောကြောင့်တည်း။ ငါတို့သည်ပြင်ပလက္ခဏာ များကိုမကိုးစား။-
3 Porque a circuncisão somos nós, que adoramos a Deus em espírito, e nos regozijamos em Cristo Jesus, e não temos confiança na carne.
4 ပြင်ပလက္ခဏာများကိုကိုးစားမှုလိုအပ်သည်ဟု ဆိုလျှင်ငါ့မှာရှိ၏။ ထိုပြင်ပလက္ခဏာများကို ကိုးစားနိုင်သူတစ်ဦးတစ်ယောက်ရှိသည်ဟုဆို ပါက ငါ့မှာထိုသူထက်ပို၍ကိုးစားနိုင်စရာ အကြောင်းရှိ၏။-
4 Embora eu também possa ter confiança na carne; se algum outro homem pensa que pode confiar na carne, ainda mais eu:
5 ငါသည်ရှစ်ရက်မြောက်သောနေ့၌အရေဖျား လှီးမင်္ဂလာကိုခံယူလျက်ဣသရေလလူမျိုး ဗင်္ယာမိန်အနွယ်ဝင်၊ ဟေဗြဲအမျိုးသားမိဘများမှ ပေါက်ဖွားသူဖြစ်၏။ ပညတ်တရားစောင့်ထိန်းမှုနှင့် ပတ်သက်၍ဆိုသော်ငါသည်ဖာရိရှဲဂိုဏ်းဝင်ဖြစ်၏။-
5 Circuncidado ao oitavo dia, da linhagem de Israel, da tribo de Benjamim, hebreu de hebreus; no tocante à lei, um fariseu,
6 ဘာသာရေးစိတ်အားထက်သန်မှုဘက်၌ဆိုသော် အသင်းတော်ကိုညှဉ်းပန်းနှိပ်စက်ခဲ့သူဖြစ်၏။ ပညတ်တရားကိုလိုက်နာကျင့်သုံးမှုအရ ဆိုသော်ငါသည်အပြစ်ဆိုဖွယ်မရှိသူဖြစ်သည်။-
6 segundo o zelo, perseguidor da igreja; no tocante à justiça que está na lei, irrepreensível.
7 သို့ရာတွင်ထိုအရာများသည်ငါ့အတွက်အမြတ်ဟု မှတ်ယူနိုင်သော်လည်း ယခုအခါခရစ်တော်၏အတွက် ကြောင့်အရှုံးဟုမှတ်ယူ၏။-
7 Mas as coisas que para mim eram consideradas como ganho, reputei-as como perda por Cristo.
8 — ausente —
8 E, na verdade, tenho também por perda todas as coisas, pela excelência do conhecimento de Cristo Jesus, meu Senhor; pelo qual sofri a perda de todas estas coisas e as considero como esterco, para que possa ganhar a Cristo,
9 — ausente —
9 e seja achado nele, não tendo a minha própria justiça que vem da lei, mas a que vem pela fé de Cristo, a justiça que vem de Deus, pela fé.
10 ငါသည်ခရစ်တော်ကိုသိကျွမ်းခြင်း၊ ထမြောက် ရှင်ပြန်တော်မူခြင်း၏တန်ခိုးတော်ကိုခံစားခြင်း၊ ခရစ်တော်နှင့်အတူဆင်းရဲဒုက္ခခံခြင်း၊ ကိုယ်တော် အသေခံတော်မူခြင်း၌ပါဝင်ခြင်းတို့ကိုသာ လိုချင်တောင့်တ၏။-
10 Para conhecê-lo, e o poder da sua ressurreição, e a participação em seus sofrimentos, sendo feito conforme à sua morte;
11 သို့မှသာငါကိုယ်တိုင်သေခြင်းမှရှင်ပြန်ထမြောက် ခွင့်ကိုရမည်ဟုမျှော်လင့်နိုင်ပေသည်။
11 para ver se, de alguma maneira, eu possa chegar à ressurreição dos mortos.
12 ငါသည်အောင်မြင်မှုကိုရရှိပြီ၊ အြုပစ်ဆိုဖွယ်မရှိသူ ဖြစ်ပြီဟုမဆိုလို။ သို့ရာတွင်ထိုဆုကိုငါ့အားပေး ရန်အတွက်ခရစ်တော်ယေရှုသည်ငါ့ကိုဆွဲဆောင် ရရှိတော်မူပြီဖြစ်ရာငါသည်ထိုဆုကိုရရှိနိုင်ရန် ကြိုးစားလျက်နေ၏။-
12 Não que já a tenha alcançado ou que seja perfeito; mas prossigo para alcançar aquilo para o que fui também alcançado por Cristo Jesus.
13 ညီအစ်ကိုတို့၊ ငါသည်ထိုဆုကိုရရှိပြီဟုမထင်မှတ်။ ငါပြုသောတစ်ခုတည်းသောအရာကားငါသည်နောက်၌ ရှိသောအရာတို့ကိုမေ့ပစ်ပြီးလျှင်ရှေ့၌ရှိသောအရာ တို့သို့ရောက်ခြင်းငှာအစွမ်းကုန်ကြိုးစား၏။-
13 Irmãos, não julgo que o haja alcançado; mas uma coisa faço, e é que, esquecendo-me das coisas que atrás ficam e avançando para as coisas que estão diante de mim,
14 သို့ဖြစ်၍ငါသည်ဆုကိုရရန်ပန်းတိုင်သို့ရှေးရှု လျက်ပြေး၏။ ထိုဆုကားအထက်အရပ်၌အသက် ရှင်ရေးအတွက်ခရစ်တော်ယေရှုအားဖြင့်ဘုရား သခင်ဖိတ်ခေါ်တော်မူခြင်းပင်ဖြစ်သတည်း။
14 prossigo para o alvo, pelo prêmio da soberana vocação de Deus em Cristo Jesus.
15 ငါတို့တွင်ဝိညာဉ်ရေးရင့်ကျက်သူတို့သည် ဤစိတ် သဘောမျိုးထားရှိသင့်ကြသည်။ အကယ်၍အချို့ တို့သည်ကွဲလွဲသောစိတ်သဘောရှိပါလျှင် ဘုရား သခင်သည်ယင်းတို့ကိုရှင်းလင်းဖော်ပြတော်မူ လိမ့်မည်။-
15 Por isso todos quantos já somos perfeitos, tenhamos este mesmo sentimento; e, se sentis alguma coisa de outra maneira, Deus deve revelar ainda esta a vós.
16 မည်သို့ပင်ဖြစ်စေ၊ ငါတို့သည်မိမိတို့ယနေ့တိုင် အောင်လိုက်လျှောက်ခဲ့သည့်ထုံးစံအတိုင်းပြုကျင့် ကြကုန်စို့။
16 Porém, naquilo a que já chegamos, andemos segundo a mesma regra e sintamos a mesma coisa.
17 ညီအစ်ကိုတို့၊ သင်တို့အပေါင်းသည် ငါ့ထံမှအတု ယူကြလော့။ ငါတို့ပြသောစံနမူနာကောင်းကို လိုက်ကြသူတို့အားရှုမှတ်ကြလော့။-
17 Irmãos, sede também meus seguidores, e marcai os que assim andam, segundo o exemplo que tendes em nós.
18 ဤအချက်ကိုကြိမ်ဖန်များစွာငါဖော်ပြဖူးလေပြီ။ ယခုလည်းမျက်ရည်ဖြင့်ထပ်မံ၍ဖော်ပြ၏။ ခရစ်တော် လက်ဝါးကပ်တိုင်ပေါ်၌ အသေခံတော်မူခြင်းတရား တော်နှင့်ဆန့်ကျင်၍ပြုကျင့်သူလူအများပင် ရှိပေသည်။-
18 (Porque muitos há, dos quais muitas vezes vos disse e agora também digo a vós, chorando, que eles são inimigos da cruz de Cristo.
19 ထိုသူတို့သည်ငရဲတွင်လမ်းဆုံးကြလိမ့်မည်။ သူ တို့၏ဘုရားကား မိမိတို့ဝမ်းပေတည်း။ သူတို့သည် ရှက်ကြောက်သင့်သောအရာတို့တွင် ဂုဏ်ယူဝါကြွား ကြ၏။ လောကအရာတို့ကိုသာစိတ်စွဲလမ်းကြ၏။-
19 Cujo fim é a destruição, cujo deus é o seu ventre, e cuja glória é a sua vergonha, que só pensam nas coisas terrenas).
20 ငါတို့မူကားကောင်းကင်ဘုံနိုင်ငံသားများဖြစ် သဖြင့် ကောင်းကင်ဘုံမှငါတို့၏ကယ်တင်ရှင် သခင်ယေရှုခရစ်ကြွလာတော်မူမည်ကို စောင့်မျှော်လျက်ရှိကြ၏။-
20 Mas a nossa cidadania está nos céus, de onde também esperamos o Salvador, o Senhor Jesus Cristo,
21 ကိုယ်တော်သည်အရာခပ်သိမ်းကိုမိမိ၏အာဏာ စက်အောက်တွင်ရောက်စေတော်မူသောတန်ခိုးတော် အားဖြင့် ငါတို့၏သေကြေပျက်စီးတတ်သောကိုယ် ခန္ဓာကိုဘုန်းအသရေနှင့်ပြည့်စုံသောကိုယ်ခန္ဓာ တော်နှင့်တူအောင် ပြောင်းလဲစေတော်မူလိမ့်မည်။
21 que transformará o nosso corpo vil, para ser conforme o seu corpo glorioso, de acordo com o trabalho pelo qual ele é capaz de submeter todas as coisas para si mesmo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Filipenses 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.