Filipenses 1
Common Language Bible (MYA) vs ARA
1 ခရစ်တော်ယေရှု၏အစေခံများဖြစ်သည့် ပေါလုနှင့်တိမောသေတို့ထံမှ ဖိလိပ္ပိမြို့တွင် နေထိုင်ကြကုန်သောသင်းအုပ်များနှင့်သင်း ထောက်လူကြီးများမှစ၍ ခရစ်တော်ယေရှု နှင့်တစ်လုံးတစ်ဝတည်းဖြစ်ကြသောသခင် ဘုရား၏လူစုတော်ဝင်အပေါင်းတို့ထံသို့ စာရေးလိုက်ပါသည်။
1 Paulo e Timóteo, servos de Cristo Jesus, a todos os santos em Cristo Jesus, inclusive bispos e diáconos que vivem em Filipos,
2 သင်တို့သည်ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်ထံတော်မှကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကိုခံစားရကြပါစေသော။
2 graça e paz a vós outros, da parte de Deus, nosso Pai, e do Senhor Jesus Cristo.
3 သင်တို့အကြောင်းကိုသတိရသည့်အခါတိုင်း ငါသည်ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။-
3 Dou graças ao meu Deus por tudo que recordo de vós,
4 — ausente —
4 fazendo sempre, com alegria, súplicas por todos vós, em todas as minhas orações,
5 — ausente —
5 pela vossa cooperação no evangelho, desde o primeiro dia até agora.
6 သို့ဖြစ်၍သင်တို့တွင်ဤကောင်းမြတ်သည့်အမှု ကိုစတင်ပြုတော်မူသောဘုရားသခင်သည် ခရစ်တော်ယေရှု၏နေ့ရက်မတိုင်မီထိုအမှု ကိုပြီးစီးသည့်တိုင်အောင်ပြုတော်မူလိမ့်မည် ဟုငါယုံကြည်စိတ်ချ၏။-
6 Estou plenamente certo de que aquele que começou boa obra em vós há de completá-la até ao Dia de Cristo Jesus.
7 သင်တို့ကိုငါအစဉ်အောက်မေ့၏။ သို့ဖြစ်၍ ငါသည်သင်တို့နှင့်ပတ်သက်၍ယင်းသို့သဘော ထားအပ်၏။ ယခုငါအကျဉ်းခံလျက်နေရစဉ် အခါနှင့်သတင်းကောင်းကိုလွတ်လပ်စွာသက် သေခံတည်တံ့ခိုင်မြဲစေခွင့်ရစဉ်အခါက သင်တို့သည်ငါ့အားဘုရားသခင်ပေးတော် မူသောအခွင့်ထူးတွင်ပါဝင်လုပ်ဆောင်ကြ ပေသည်။-
7 Aliás, é justo que eu assim pense de todos vós, porque vos trago no coração, seja nas minhas algemas, seja na defesa e confirmação do evangelho, pois todos sois participantes da graça comigo.
8 ငါသည်ခရစ်တော်ယေရှု၏မေတ္တာဖြင့်သင်တို့ အားလွန်စွာလွမ်းဆွတ်ကြောင်းဘုရားသခင် သည်ငါ့သက်သေဖြစ်တော်မူ၏။
8 Pois minha testemunha é Deus, da saudade que tenho de todos vós, na terna misericórdia de Cristo Jesus.
9 — ausente —
9 E também faço esta oração: que o vosso amor aumente mais e mais em pleno conhecimento e toda a percepção,
10 — ausente —
10 para aprovardes as coisas excelentes e serdes sinceros e inculpáveis para o Dia de Cristo,
11 ထို့အြုပင်ဘုရားသခင်၏ဘုန်းအသရေတော် ထွန်းတောက်စေရန်နှင့်ဂုဏ်တော်ကိုချီးကူး ကြစေရန် ယေရှုခရစ်အားဖြင့်သာလျှင်ရ နိုင်သောစစ်မှန်သည့်အရည်အသွေးကောင်း များနှင့်ပြည့်စုံလိမ့်မည်။
11 cheios do fruto de justiça, o qual é mediante Jesus Cristo, para a glória e louvor de Deus.
12 ညီအစ်ကိုတို့၊ ငါတွေ့ကြုံရသည့်အဖြစ်အပျက် များသည်သတင်းကောင်းကိုကြေညာရာတွင် အကယ်ပင်အထောက်အကူပေးကြောင်းသင် တို့အားသိစေလို၏။-
12 Quero ainda, irmãos, cientificar-vos de que as coisas que me aconteceram têm, antes, contribuído para o progresso do evangelho;
13 ငါသည်ခရစ်တော်၏အစေခံဖြစ်သည့်အတွက် ကြောင့်ငါအကျဉ်းခံရလျက်နေရကြောင်းကို နန်းတော်အစောင့်တပ်တစ်တပ်လုံးနှင့်အခြား သူအပေါင်းတို့သိရှိကြပေသည်။-
13 de maneira que as minhas cadeias, em Cristo, se tornaram conhecidas de toda a guarda pretoriana e de todos os demais;
14 ဤသို့ငါအကျဉ်းခံရခြင်းကြောင့်ခရစ်ယာန် ညီအစ်ကိုအများပင်သခင်ဘုရားအပေါ်တွင် ပို၍ယုံကြည်စိတ်ချလာကြ၏။ သို့ဖြစ်၍သူတို့ သည်မကြောက်မရွံ့ဘဲနှုတ်ကပတ်တရားတော် ကိုပိုမို၍ဟောပြောဝံ့ကြပေသည်။
14 e a maioria dos irmãos, estimulados no Senhor por minhas algemas, ousam falar com mais desassombro a palavra de Deus.
15 အချို့သောသူတို့သည်မနာလိုသောစိတ်၊ ရန်တွေ့ လိုသောစိတ်နှင့်ခရစ်တော်အကြောင်းကိုဟော ပြောကြ၏။ အချို့သောသူတို့မူကားစေတနာ စိတ်နှင့်ဟောပြောကြပေသည်။-
15 Alguns, efetivamente, proclamam a Cristo por inveja e porfia; outros, porém, o fazem de boa vontade;
16 ဤသူတို့သည်သခင်ယေရှုအကြောင်းသတင်း ကောင်းကိုကာကွယ်ဟောပြောရန်ငါ့အားဘုရား သခင်ခန့်ထားတော်မူကြောင်းကိုသိသဖြင့် မေတ္တာအလျောက်ဟောပြောကြခြင်းဖြစ်၏။-
16 estes, por amor, sabendo que estou incumbido da defesa do evangelho;
17 အခြားသောသူတို့သည်ကားခရစ်တော်၏ အကြောင်းကိုစိတ်ရိုးသဘောရိုးဖြင့်မဟုတ်ဘဲ ကျော်ကြားလိုသောဆန္ဒဖြင့်ဟောပြောကြ၏။ သူတို့၏အကြံမှာအကျဉ်းခံနေရသူငါ့ အားပို၍စိတ်ဒုက္ခရောက်စေရန်ပင်ဖြစ်၏။
17 aqueles, contudo, pregam a Cristo, por discórdia, insinceramente, julgando suscitar tribulação às minhas cadeias.
18 ဟောပြောသည့်နည်းမှာအရေးမကြီးပါ။ မှား ယွင်းသောရည်ရွယ်ချက်ဖြင့်ဟောပြောသည်ဖြစ်စေ၊ မှန်ကန်သောရည်ရွယ်ချက်ဖြင့်ဟောပြောသည် ဖြစ်စေခရစ်တော်အကြောင်းကိုဟောပြော ခြင်းသာဖြစ်သဖြင့်ငါဝမ်းမြောက်၏။ ဆက်လက် ၍ဝမ်းမြောက်လျက်နေမည်။-
18 Todavia, que importa? Uma vez que Cristo, de qualquer modo, está sendo pregado, quer por pretexto, quer por verdade, também com isto me regozijo, sim, sempre me regozijarei.
19 အဘယ်ကြောင့်ဆိုသော်သင်တို့၏ဆုတောင်း ပတ္ထနာကြောင့်လည်းကောင်း၊ ယေရှုခရစ်ဝိညာဉ် တော်၏ကူညီစောင်မမှုကြောင့်လည်းကောင်း ငါသည်ဤအနှောင်အဖွဲ့မှလွတ်မြောက်မည် ဟုငါသိသောကြောင့်ဖြစ်၏။-
19 Porque estou certo de que isto mesmo, pela vossa súplica e pela provisão do Espírito de Jesus Cristo, me redundará em libertação,
20 ငါသည်အဘယ်အခါ၌မျှမိမိ၏တာဝန် မပျက်မကွက်ဘဲအခါခပ်သိမ်း၌လည်း ကောင်း၊ အထူးသဖြင့်ယခုအခါ၌လည်းကောင်း ရဲစွမ်းသတ္တိနှင့်ပြည့်စုံလျက်ငါသည်အသက်ရှင် သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့အစွမ်းရှိသမျှ နှင့်ခရစ်တော်၏ဘုန်းအသရေတော်ထင်ရှား လာနိုင်စေရန်မျှော်လင့်တောင့်တ၏။-
20 segundo a minha ardente expectativa e esperança de que em nada serei envergonhado; antes, com toda a ousadia, como sempre, também agora, será Cristo engrandecido no meu corpo, quer pela vida, quer pela morte.
21 အသက်ရှင်ခြင်းဟူသည်မှာအဘယ်နည်း။ ငါ ၏အဖို့မှာအသက်ရှင်ခြင်းသည်ခရစ်တော်ပင် ဖြစ်၏။ သေလျှင်မူကားပို၍အကျိုးရှိ၏။-
21 Porquanto, para mim, o viver é Cristo, e o morrer é lucro.
22 သို့ရာတွင်အကယ်၍ငါသည်ဆက်လက်အသက် ရှင်ခြင်းအားဖြင့်ပိုမိုအကျိုးပြုနိုင်မည်ဆို ပါက အသက်ရှင်ခြင်းနှင့်သေခြင်းတို့အနက် အဘယ်အရာကိုရွေးချယ်ရပါမည်နည်း။-
22 Entretanto, se o viver na carne traz fruto para o meu trabalho, já não sei o que hei de escolher.
23 ငါ့မှာစိတ်နှစ်ခွဖြစ်လျက်နေတော့၏။ ငါသည်ဤ ဘဝကိုစွန့်၍ခရစ်တော်နှင့်အတူနေလိုလှပါ သည်။ သို့ပြုရလျှင်ငါ့အဖို့ပို၍အကျိုးရှိ၏။-
23 Ora, de um e outro lado, estou constrangido, tendo o desejo de partir e estar com Cristo, o que é incomparavelmente melhor.
24 သို့သော်သင်တို့၏အကျိုးကိုထောက်၍ငါသည် အသက်ရှင်လျက်နေရန်ပို၍အရေးကြီး၏။-
24 Mas, por vossa causa, é mais necessário permanecer na carne.
25 ဤသို့ယုံကြည်စိတ်ချသဖြင့်ငါသည်သင်တို့ နှင့်အတူနေမည်။ သင်တို့အားတိုးတက်ကြီး ပွားစေရန်နှင့်ယုံကြည်ခြင်း၌ဝမ်းမြောက် စေရန်ငါသည်သင်တို့နှင့်အတူနေမည်။-
25 E, convencido disto, estou certo de que ficarei e permanecerei com todos vós, para o vosso progresso e gozo da fé,
26 သို့ဖြစ်၍ငါသည်သင်တို့နှင့်တစ်ဖန်နေခွင့် ရသောအခါ၌ခရစ်တော်ယေရှုနှင့်တစ်လုံး တစ်ဝတည်းဖြစ်သူသင်တို့သည်ငါ့အတွက် ကြောင့်ပို၍ပင်ဂုဏ်ယူဝါကြွားနိုင်ကြလိမ့်မည်။
26 a fim de que aumente, quanto a mim, o motivo de vos gloriardes em Cristo Jesus, pela minha presença, de novo, convosco.
27 ယခုသင်တို့အဖို့အရေးကြီးသည့်အရာမှာ ခရစ်တော်၏တရားတော်နှင့်အညီပြုမူနေထိုင် ကြရန်ပင်ဖြစ်ပေသည်။ သင်တို့ထံသို့ငါပြန် လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေသာသနာ တော်တည်တံ့ကြီးပွားရေးအတွက်ကြံ့ခိုင်စွာ ရပ်တည်၍တစ်စိတ်တစ်သဘောတည်း၊ ရည်ရွယ် ချက်တစ်ခုတည်းဖြင့်သတင်းကောင်းနှင့်ဆိုင် သောယုံကြည်ခြင်းတရားအတွက်သင်တို့တိုက်ပွဲ ဝင်လျက်ရှိကြကြောင်းကိုငါကြားသိလို၏။-
27 Vivei, acima de tudo, por modo digno do evangelho de Cristo, para que, ou indo ver-vos ou estando ausente, ouça, no tocante a vós outros, que estais firmes em um só espírito, como uma só alma, lutando juntos pela fé evangélica;
28 သင်တို့သည်ရန်သူများကိုမကြောက်ကြနှင့်။ အခါခပ်သိမ်းရဲရင့်ကြလော့။ ဤသည်ပင်လျှင် ရန်သူတို့ရှုံးနိမ့်မည်ဖြစ်ကြောင်းနှင့်သင်တို့ အောင်မြင်မည်ဖြစ်ကြောင်းကိုရန်သူများအား သက်သေပြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်တို့အားအောင်ပွဲခံစေတော်မူသောအရှင် ကား ဘုရားသခင်ပင်ဖြစ်တော်မူသောကြောင့် တည်း။-
28 e que em nada estais intimidados pelos adversários. Pois o que é para eles prova evidente de perdição é, para vós outros, de salvação, e isto da parte de Deus.
29 သင်တို့သည်ခရစ်တော်ကိုယုံကြည်ခြင်းအား ဖြင့်သာမကကိုယ်တော်၏အတွက်ဆင်းရဲဒုက္ခ ခံခြင်းအားဖြင့်လည်း ကိုယ်တော်၏အမှုတော် ကိုဆောင်ရွက်ရန်အခွင့်ထူးကိုရရှိကြ၏။-
29 Porque vos foi concedida a graça de padecerdes por Cristo e não somente de crerdes nele,
30 ယခုသင်တို့သည်ငါနှင့်အတူတိုက်ပွဲကိုဝင် နိုင်ကြလေပြီ။ ယခင်အခါကငါတိုက်ပွဲဝင် ခဲ့သည်ကိုသင်တို့တွေ့မြင်ခဲ့ကြ၏။ သင်တို့ ကြားသိသည့်အတိုင်းယခုလည်းငါသည် တိုက်ပွဲကိုဝင်လျက်နေသေး၏။
30 pois tendes o mesmo combate que vistes em mim e, ainda agora, ouvis que é o meu.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Filipenses 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.