Ezequiel 8
Common Language Bible (MYA) vs NVT
1 ငါတို့ပြည်နှင်ဒဏ်ခံရချိန်ခြောက်နှစ်မြောက်၊ ဆဋ္ဌမလ၊ ပဉ္စမနေ့၌ယုဒအမျိုးသားခေါင်းဆောင်များသည်ငါ၏အိမ်တွင်ထိုင်၍ငါနှင့်စကားပြောလျက်နေကြစဉ် အရှင်ထာဝရဘုရား၏တန်ခိုးတော်သည်ရုတ်တရက်ငါ၏အပေါ်သို့ကျရောက်လာ၏။-
1 Em 17 de setembro, no sexto ano do exílio do rei Joaquim, enquanto as autoridades de Judá estavam em minha casa, a mão do S enhor Soberano veio sobre mim.
2 ငါသည်မော်၍ကြည့်လိုက်သောအခါမီးလျှံတောက်နေသောလူပုံသဏ္ဌာန်တစ်ခုကိုမြင်ရ၏။ သူ၏ခါးမှခြေဖျားအထိအောက်ပိုင်းတစ်ခုလုံးသည်မီးနှင့်တူ၍ အထက်ပိုင်းတစ်ခုလုံးမှာတိုက်ချွတ်ထားသည့်ကြေးဝါသဖွယ်တောက်ပလျက်နေ၏။-
2 Vi uma figura semelhante a um homem: da cintura para baixo, parecia uma chama ardente, e, da cintura para cima, tinha a aparência de âmbar reluzente.
3 သူသည်လက်နှင့်တူသောအရာကိုဆန့်၍ငါ၏ဦးဆံကိုဆွဲကိုင်လိုက်၏။ ထိုနောက်ဤဗျာဒိတ်ရူပါရုံထဲ၌ဝိညာဉ်တော်သည်ငါ့အားလေထဲသို့ချီပင့်ပြီးလျှင် ယေရုရှလင်မြို့ဗိမာန်တော်မြောက်မျက်နှာတံခါးဝသို့ခေါ်ဆောင်သွားတော်မူ၏။ ထိုနေရာတွင်ဘုရားသခင်ရှုစိမ့်တော်မမူလိုသည့်ရုပ်တုတစ်ခုရှိသတည်း။
3 Ele estendeu algo que parecia uma mão e me pegou pelos cabelos. Então o Espírito me elevou entre a terra e o céu e me transportou para Jerusalém, numa visão dada por Deus. Fui levado à porta norte do pátio interno do templo, onde havia um ídolo que provocou o ciúme do S enhor .
4 ငါသည်ခေဗာမြစ်အနီးဗျာဒိတ်ရူပါရုံတွင်မြင်ရသည်နည်းတူ ဤအရပ်တွင်လည်းဣသရေလအမျိုးသားတို့၏ဘုရားသခင်၏ဘုန်းအသရေတော်ကိုမြင်ရ၏။-
4 De repente, estava ali a glória do Deus de Israel, como eu tinha visto antes no vale.
5 ဘုရားသခင်ကငါ့အား``အချင်းလူသား၊ မြောက်ဘက်သို့ကြည့်လော့'' ဟုမိန့်တော်မူသဖြင့်ကြည့်လိုက်သောအခါ တံခါးဝအနီးယဇ်ပလ္လင်ဘေးတွင်ဘုရားသခင်ရှုစိမ့်တော်မမူလိုသည့်ရုပ်တုကိုငါမြင်ရ၏။
5 Então o S enhor me disse: “Filho do homem, olhe para o norte”. Olhei para o norte e ali, perto da entrada da porta junto ao altar, estava o ídolo que havia provocado o ciúme do S enhor .
6 ဘုရားသခင်ကငါ့အား``အချင်းလူသား၊ ထိုသူတို့ပြုနေသည့်အမှုကိုသင်မြင်သလော။ ဤအရပ်တွင်ဣသရေလအမျိုးသားတို့ပြုနေကြသည့်စက်ဆုပ်ဖွယ်ရာများကိုကြည့်လော့။ သူတို့သည်ငါ့အားသန့်ရှင်းရာဌာနတော်နှင့်ဝေးသည်ထက်ဝေးအောင်နှင်ထုတ်လျက်နေကြ၏။ သင်သည်ထိုအရာတို့ထက်ပို၍ရှက်ကြောက်ဖွယ်ကောင်းသည့်အရာတို့ကိုမြင်ရလိမ့်မည်'' ဟု မိန့်တော်မူ၏။
6 “Filho do homem”, disse ele, “você vê o que estão fazendo? Vê os pecados detestáveis que o povo de Israel comete para me afastar de meu templo? Venha, e eu lhe mostrarei pecados ainda mais detestáveis que estes!”
7 ကိုယ်တော်သည်ငါ့အားအပြင်တံတိုင်းအဝင်ဝသို့ခေါ်ဆောင်သွားပြီးလျှင် တံတိုင်းတွင်ရှိသောအပေါက်တစ်ခုကိုပြတော်မူ၏။-
7 Então ele me levou à porta do pátio do templo, onde vi um buraco no muro.
8 ကိုယ်တော်က``အချင်းလူသား၊ တံတိုင်းကိုဤနေရာမှတူးဖောက်လိုက်လော့'' ဟုမိန့်တော်မူသည့်အတိုင်း ငါသည်တူးဖောက်လိုက်သောအခါတံခါးတစ်ခုကိုမြင်ရ၏။-
8 Disse-me: “Agora, filho do homem, cave no muro”. Cavei no muro e encontrei uma passagem escondida.
9 ကိုယ်တော်သည်ငါ့အား``အထဲသို့ဝင်၍ထိုသူတို့ပြုနေကြသည့်ဆိုးညစ်စက်ဆုပ်ဖွယ်သောအမှုတို့ကိုကြည့်လော့'' ဟုမိန့်တော်မူလျှင်၊-
9 “Entre”, disse ele, “e veja os pecados perversos e detestáveis que cometem ali!”
10 ငါသည်အထဲသို့ဝင်၍ကြည့်၏။ တံတိုင်းနံရံများတွင်တွားသွားသောသတ္တဝါရုပ်များ၊ အခြားမသန့်စင်သည့်တိရစ္ဆာန်ရုပ်များနှင့် ဣသရေလအမျိုးသားတို့ကိုးကွယ်သည့်အခြားရုပ်တုပုံများကိုရေးဆွဲထား၏။-
10 Entrei e vi as paredes cobertas de desenhos de toda espécie de animal que rasteja e de criaturas detestáveis. Também vi diversos ídolos adorados pelos israelitas.
11 ထိုအရပ်တွင်ရှာဖန်၏သားယာဇညာအပါအဝင် ဣသရေလအမျိုးသားခေါင်းဆောင်ခုနစ်ဆယ်ရှိ၏။ သူတို့သည်ကိုယ်စီကိုယ်ငှနံ့သာပေါင်းကို မီးရှို့ရာလင်ပန်းတစ်ချပ်စီကိုင်ထားကြ၏။ နံ့သာပေါင်းမှမီးခိုးတို့သည်လည်းအထက်သို့တက်၍နေ၏။-
11 Estavam ali setenta autoridades de Israel, e no meio estava Jazanias, filho de Safã. Cada um deles segurava um incensário do qual subia uma nuvem de incenso.
12 ဘုရားသခင်ကငါ့အား``အချင်းလူသား၊ ဣသရေလအမျိုးသားခေါင်းဆောင်များလျှို့ဝှက်စွာပြုလျက်နေကြသောအမှုကိုသင်မြင်သလော။ သူတို့သည်မိမိတို့ကိုယ်ပိုင်ရုပ်တုများရှိသောအခန်းထဲ၌ကိုးကွယ်ဝတ်ပြုနေကြ၏။ သူတို့က`ထာဝရဘုရားသည်ငါတို့ကိုမမြင်။ ကိုယ်တော်သည်ငါတို့ပြည်ကိုစွန့်တော်မူလေပြီ' ဟုဆင်ခြေပေးကြ၏'' ဟုမိန့်တော်မူ၏။
12 Então o S enhor me disse: “Filho do homem, você vê o que as autoridades de Israel fazem com seus ídolos em salas escuras? Dizem: ‘O S enhor não nos vê; o S enhor abandonou nossa terra!’”.
13 ထိုနောက်ထာဝရဘုရားက``သူတို့သည်ဤထက်ပိုမိုစက်ဆုပ်ဖွယ်ကောင်းသောအမှုများပြုကြသည်ကိုသင်မြင်ရလိမ့်မည်'' ဟုမိန့်တော်မူပြီးလျှင်၊-
13 E acrescentou: “Venha, e eu lhe mostrarei pecados ainda mais detestáveis que estes!”.
14 ငါ့အားဗိမာန်တော်မြောက်တံခါးသို့ခေါ်ဆောင်သွားတော်မူ၏။ ထိုနောက်တမ္မုဇနတ်ဘုရားကွယ်လွန်သဖြင့် ငိုကြွေးနေကြသောအမျိုးသမီးတို့ကိုပြတော်မူ၏။
14 Em seguida, levou-me até a porta norte do templo do S enhor , onde algumas mulheres estavam sentadas chorando pelo deus Tamuz.
15 ကိုယ်တော်က``အချင်းလူသား၊ ထိုအခြင်းအရာကိုမြင်သလော။ ထိုထက်ပင်ပို၍စက်ဆုပ်ဖွယ်ကောင်းသောအမှုတို့ကိုသင်မြင်ရလိမ့်မည်'' ဟုမိန့်တော်မူ၏။-
15 “Filho do homem, você vê isso?”, ele perguntou. “Venha, e eu lhe mostrarei pecados ainda mais detestáveis que estes!”
16 သို့ဖြစ်၍ကိုယ်တော်သည်ငါ့အား ဗိမာန်တော်အတွင်းတံတိုင်းသို့ခေါ်ဆောင်သွားတော်မူ၏။ ဗိမာန်တော်အဝင်ဝအနီးယဇ်ပလ္လင်နှင့်ဆင်ဝင်စပ်ကြား၌ လူနှစ်ဆယ့်ငါးယောက်ခန့်ရှိ၏။ သူတို့သည်ဗိမာန်တော်ကိုကျောခိုင်းလျက်အရှေ့ဘက်သို့မျက်နှာမူလျက် ထွက်ပြူလာသောနေမင်းအားရှိခိုးနေကြ၏။
16 Em seguida, levou-me para o pátio interno do templo do S enhor . Na entrada do templo, entre o pórtico e o altar, havia cerca de 25 homens com as costas para o templo do S enhor . Estavam voltados para o leste, prostrados no chão, e adoravam o sol.
17 ထာဝရဘုရားကငါ့အား``အချင်းလူသား၊ ထိုအချင်းအရာကိုသင်မြင်သလော။ ဤယုဒအမျိုးသားတို့သည်သင်မြင်ခဲ့ရသမျှသောစက်ဆုပ်ဖွယ်ရာအမှုများကိုပြုရသည်မှာအသေးအဖွဲသာဖြစ်၍ သူတို့သည်တိုင်းပြည်တစ်ခုလုံးကိုအကြမ်းဖက်မှုများဖြင့်ပြည့်နှက်စေလေပြီ။ ထိုမျှမကဗိမာန်တော်သို့လာရောက်၍ဤအမှုများကိုပြုရခြင်းအားဖြင့် သူတို့သည်ငါ့အားပို၍ပင်အမျက်ထွက်စေ၏။-
17 “Filho do homem, você vê isso?”, perguntou ele. “Será que não significa nada para o povo de Judá cometer esses pecados detestáveis que levam a nação inteira à violência, que a fazem zombar de mim e provocar minha ira?
18 သူတို့သည်သစ်ခက်ကိုနှာခေါင်းတွင်ကပ်လျက် ငါ့အားစော်ကားကြပုံကိုကြည့်လော့။ ငါ၏အမျက်ဒဏ်ကိုသူတို့သည်အပြည့်အဝခံရကြလိမ့်မည်။ ငါသည်သူတို့အားချမ်းသာပေးလိမ့်မည်မဟုတ်။ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မဟုတ်။ သူတို့သည်ငါ့ထံသို့အစွမ်းကုန်အော်ဟစ်၍ဆုတောင်းပတ္ထနာပြုကြမည်ဖြစ်သော်လည်း ငါသည်နားညောင်းလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
18 Por isso responderei com fúria. Não os pouparei nem terei piedade. Mesmo que clamem bem alto, não os ouvirei.”
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Ezequiel 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.