Ezequiel 7
Common Language Bible (MYA) vs NVT
1 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
1 Então recebi esta mensagem do S enhor :
2 ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ ပြည်သူပြည်သားတို့အား ငါအရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား``နိုင်ငံတစ်ခု လုံးပျက်သုဉ်းရာအချိန်ကျပြီ။
2 “Filho do homem, assim diz o S enhor Soberano a Israel: “Chegou o fim! Para onde quer que vocês olhem, norte, sul, leste ou oeste, sua terra está acabada.
3 ``အို ဣသရေလနိုင်ငံ၊ သင်ပျက်သုဉ်းရာအချိန် ကျပြီ။ သင်ပြုခဲ့သောအမှုများအတွက် ငါ သည်သင့်အားတရားစီရင်ပြီဖြစ်၍ သင်သည် ငါ၏အမျက်တော်ဒဏ်ကိုခံရလိမ့်မည်။ သင် ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုအပေါင်း၏ အကျိုးဆက်ကိုသင့်အားငါပေးဆပ်မည်။-
3 Não resta esperança, pois lançarei minha ira contra vocês. Eu os chamarei para prestar contas de todos os seus pecados detestáveis.
4 ငါသည်သင့်အားချမ်းသာပေးလိမ့်မည်မဟုတ်၊ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မ ဟုတ်။ သင်ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုများ အတွက် ငါသည်သင့်ကိုဒဏ်ပေးမည်။ သို့မှသာ လျှင်ငါသည်ထာဝရဘုရားဖြစ်ကြောင်းသင် သိရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။
4 Não os pouparei nem terei piedade; darei a vocês o que merecem por todos os seus pecados detestáveis. Então saberão que eu sou o S
5 အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``ဘေးဒုက္ခတစ်ခုပြီးတစ်ခုသင့်ထံ သို့ရောက်ရှိလာလိမ့်မည်။-
5 “Assim diz o S enhor Soberano: Desgraça após desgraça se aproximam!
6 သင်ပျက်သုဉ်းရာအချိန်ရောက်ပြီ။ ဆုံးပါး ပျက်စီးရာအချိန်ရောက်ပြီ။ သင့်ကိုဆန့်ကျင် လျက်ရောက်ရှိလာပြီ။-
6 Chegou o fim, finalmente chegou; sua condenação os espera!
7 ပြည်သူပြည်သားတို့ဆုံးပါးပျက်စီးရာ အချိန်ရောက်လာပေတော့အံ့။ တောင်ပေါ်တွင် ပွဲလမ်းသဘင်များမရှိတော့ဘဲ ဗရုတ်သုတ် ခဖြစ်ရန်အချိန်သည်နီးကပ်လာလေပြီ။ ရောက်လာတော့မည်။
7 Ó povo de Israel, já amanhece o dia de sua destruição; chegou a hora, o tempo da aflição está próximo. Nos montes se ouvem gritos de angústia, e não de alegria.
8 ``မကြာမီပင်သင်သည် ငါ၏အမျက်တော် ဒဏ်ကိုအပြည့်အဝသင့်အပေါ်သို့သွန်း လောင်းလိမ့်မည်။ ငါသည်သင်ပြုခဲ့သောအမှု များအတွက် သင့်အားတရားစီရင်မည်။ သင် ပြုသည့်စက်ဆုပ်ဖွယ်ရာအမှုများ၏အကျိုး ဆက်ကိုသင့်အားငါပေးအပ်မည်။-
8 Em breve derramarei sobre vocês minha fúria e contra vocês lançarei minha ira. Eu os chamarei para prestar contas de todos os seus pecados detestáveis.
9 ငါသည်သင့်အားချမ်းသာပေးလိမ့်မည်မဟုတ်။ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မ ဟုတ်။ သင်ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုများ အတွက်သင့်ကိုဒဏ်ပေးမည်။ သို့မှသာလျှင် ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုလည်း ကောင်း၊ သင့်အားဒဏ်ပေးသူသည်ငါပင်ဖြစ် ကြောင်းကိုလည်းကောင်းသင်သိလိမ့်မည်'' ဟူ၍ဖြစ်၏။
9 Não os pouparei nem terei piedade; darei a vocês o que merecem por todos os seus pecados detestáveis. Então saberão que eu, o S
10 ဘေးဒုက္ခရောက်ရာကာလသည်ချဉ်းကပ်လာ လေပြီ။ အကြမ်းဖက်မှုသည်ရှင်သန်ကြီးထွား လျက်ရှိ၏။ မာန်မာနထောင်လွှားမှုအကြီး မားဆုံးအချိန်ပင်ဖြစ်၏။-
10 “O dia do juízo chegou; sua destruição os espera! A vara da perversidade brotou, sim, o orgulho do povo floresceu.
11 အကြမ်းဖက်မှုသည်ယုတ်မာမှုကိုတိုးပွား စေလိမ့်မည်။ သူတို့နှင့်ဆိုင်သမျှကျန်ရှိလိမ့် မည်မဟုတ်။ သူတို့၏စီးပွားချမ်းသာဂုဏ် အသရေတို့သည်ကျန်ရှိလိမ့်မည်မဟုတ်။
11 Sua violência se transformou numa vara que os castigará por sua maldade. Nenhum dos orgulhosos sobreviverá; toda a sua riqueza e prestígio desaparecerão.
12 အချိန်ကျပြီ။ ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်၍မဖြစ်သည့်နေ့ရက်ကာလနီးကပ် လာလေပြီ။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်၏အမျက်တော်သည်လူတိုင်းအပေါ် သို့သက်ရောက်မည်ဖြစ်သောကြောင့်တည်း။-
12 Sim, chegou a hora; este é o dia! Que os compradores não se alegrem, nem os vendedores se entristeçam, pois todos eles cairão sob a minha ira ardente.
13 ကုန်သွယ်သူသည်မိမိရောင်းလိုက်သည့်မြေယာ ကိုပြန်လည်ရရှိရန် အသက်ရှည်နိုင်လိမ့်မည် မဟုတ်။ အဘယ်ကြောင့်ဆိုသော်လူတိုင်းနှင့် ဆိုင်သောဘုရားသခင်၏ဗျာဒိတ်တော်ကို ပြန်လည်ပြင်ဆင်မည်မဟုတ်သောကြောင့်တည်း။ သူတို့အပြစ်ကြောင့်ဆိုးညစ်သူတို့သည် မသေဘဲကျန်ရစ်နိုင်ကြမည်မဟုတ်။-
13 Ainda que os comerciantes sobrevivam, jamais voltarão a seus negócios. Pois a profecia contra o povo não mudará. Ninguém cuja vida é corrompida pelo pecado se recuperará.”
14 တိုက်ပွဲစရန်တံပိုးမှုတ်ပြီဖြစ်၍လူအပေါင်း တို့သည်အသင့်ပြင်ကြ၏။ သို့ရာတွင်တစ်ဦး တစ်ယောက်မျှစစ်ပွဲထဲသို့မဝင်ရောက်။ အဘယ် ကြောင့်ဆိုသော်ဘုရားသခင်၏အမျက်တော် သည် လူတိုင်းအပေါ်သို့သက်ရောက်မည်ဖြစ် သောကြောင့်တည်း။
14 “A trombeta convoca o exército, mas ninguém sai para guerrear, pois minha fúria está contra todos eles.
15 လမ်းများပေါ်မှာတိုက်ခိုက်မှုများရှိ၏။ အိမ် များ၌အနာရောဂါနှင့်ငတ်မွတ်ခြင်းရှိ၏။ ကျေးတောတွင်ရှိနေသူတို့သည်ဋ္ဌားဘေးဖြင့် သေဆုံးရလျက်မြို့တွင်းရှိနေသူတို့မူကား အနာရောဂါဘေး၊ ငတ်မွတ်ခြင်းဘေးဖြင့် သေရကြလိမ့်မည်။-
15 Fora da cidade há guerra, dentro dela, doença e fome. Quem estiver fora dos muros será morto pela espada do inimigo. Quem estiver dentro da cidade morrerá de fome e doença.
16 ကျန်ရစ်သောသူတို့သည်ချိုးငှက်ကဲ့သို့ညည်း ညူလျက်ချိုင့်ဝှမ်းများထဲမှနေ၍ တောင်ပေါ် သို့ထွက်ပြေးကြလိမ့်မည်။ လူအပေါင်းတို့ သည်မိမိတို့၏အပြစ်များအတွက်ငို ကြွေးရလိမ့်မည်။-
16 Os sobreviventes que fugirem para os montes gemerão como pombas, por causa de seus pecados.
17 လူအပေါင်းတို့၏လက်များသည်အားလျော့ လျက် သူတို့၏ဒူးများသည်တုန်၍နေလိမ့်မည်။-
17 Suas mãos ficarão fracas, e seus joelhos, frouxos como água.
18 သူတို့သည်လျှော်တေအဝတ်ကိုဝတ်၍ တစ် ကိုယ်လုံးတုန်လှုပ်လျက်နေကြလိမ့်မည်။ ဦး ဆံပယ်၍ရှက်ကြောက်နေသောမျက်နှာများ တွေ့ရကြလိမ့်မည်။-
18 De pano de saco se vestirão e ficarão cobertos de horror. Rasparão a cabeça, em sinal de tristeza e remorso.
19 သူတို့သည်မိမိတို့၏ရွှေ၊ ငွေများကိုအမှိုက် သရိုက်သဖွယ် လမ်းများပေါ်သို့လွှင့်ပစ်လိုက် ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထာဝရ ဘုရားအမျက်ထွက်တော်မူရာကာလ၌ သူတို့၏ ရွှေ၊ ငွေ၊ များသည်သူတို့အားမကယ် နိုင်သောကြောင့်ဖြစ်၏။ သူတို့သည်မိမိတို့ အဆာပြေစေရန်အတွက်သော်လည်းကောင်း၊ မိမိတို့ဝမ်းကိုဖြည့်တင်းမှုအတွက်သော် လည်းကောင်း ရွှေ၊ ငွေ၊ များကိုအသုံးမပြု နိုင်ကြ။ ရွှေငွေတို့သည်သူတို့အားအပြစ် ဒုစရိုက်ကိုပြုစေ၏။-
19 “Jogarão seu dinheiro na rua, o lançarão fora como se fosse lixo. Seu ouro e sua prata não os salvarão no dia da ira do S Não os saciarão nem os alimentarão, pois sua ganância só os faz tropeçar.
20 အခါတစ်ပါးကထိုသူတို့သည်မိမိတို့ ၏လှပသောကျောက်မျက်ရတနာများ အတွက် ဝါကြွားဂုဏ်ယူခဲ့ကြသော်လည်း ယင်းတို့ကိုစက်ဆုပ်ဖွယ်ကောင်းသည့်ရုပ်တု များပြုလုပ်ရာတွင်အသုံးပြုကြကုန်၏။ သို့ဖြစ်၍ထာဝရဘုရားသည်သူတို့အား ထိုရတနာများသည်သူတို့အတွက်မသန့် ရှင်းသောအရာများဖြစ်စေတော်မူ၏။
20 Tinham orgulho de suas lindas joias e com elas fizeram ídolos detestáveis e imagens repugnantes. Por isso farei que todas as suas riquezas se tornem repulsivas para eles
21 ထာဝရဘုရားက``သူတို့ကိုတိုက်ခိုက်လု ယူကြစေရန် လူမျိုးခြားတို့အားငါအခွင့် ပေးမည်။ တရားဥပဒေချိုးဖောက်သူတို့ သည်သူတို့၏စည်းစိမ်ဥစ္စာများကိုယူ၍ ညစ်ညမ်းစေကြလိမ့်မည်။-
21 e as entregarei como despojo a estrangeiros, às nações perversas, e elas as profanarão.
22 ဋ္ဌားပြများသည်ငါ၏ဗိမာန်တော်သို့ အတင်းဝင်ရောက်ကာညစ်ညမ်းစေသော အခါငါသည်မျက်ကွယ်ပြုမည်။''
22 Desviarei deles meu olhar quando ladrões invadirem e profanarem minha terra preciosa.
23 ``ပြည်တွင်း၌လူသတ်မှုများဖြင့်လည်း ကောင်း၊ မြို့များ၌အကြမ်းဖက်မှုများဖြင့် လည်းကောင်းပြည့်နှက်လျက်ရှိသဖြင့် နေရာ တကာတွင်ဗရုတ်သုတ်ခဖြစ်၍နေ၏။-
23 “Preparem correntes para meu povo, pois o sangue de crimes terríveis cobre a terra; Jerusalém
24 ငါသည်အဆိုးညစ်ဆုံးသောလူမျိုးတို့အား ဤအရပ်သို့ခေါ်ဆောင်၍ သင်တို့၏နေအိမ် များကိုသိမ်းယူစေမည်။ ထိုသူတို့အားသင် တို့ကိုးကွယ်ဝတ်ပြုရာဌာနများကိုညစ် ညမ်းစေရန် ငါအခွင့်ပေးသောအခါခွန် အားကြီးသူတို့သည်အားလျော့စိတ်ပျက် ကြလိမ့်မည်။-
24 Trarei as nações mais cruéis para ocuparem suas casas. Acabarei com o orgulho dos poderosos e profanarei seus santuários.
25 သင်တို့ကြောက်မက်ဖွယ်ရာအချိန်ကျရောက် လာပြီ။ သင်တို့သည်ငြိမ်းချမ်းသာယာမှု ကိုရှာသော်လည်းတွေ့ရကြလိမ့်မည်မဟုတ်။-
25 O terror tomará conta do povo; buscarão a paz, mas não a encontrarão.
26 ဘေးဒုက္ခတို့သည်တစ်ခုပြီးတစ်ခုသက်ရောက် လာလျက် သင်တို့သည်သတင်းဆိုးများကို အဆက်မပြတ်ကြားရကြလိမ့်မည်။ သင်တို့ သည်ပရောဖက်တို့အားသူတို့တွေ့မြင်ရ သည့်ဗျာဒိတ်ရူပါရုံများကိုဖော်ပြရန် တောင်းပန်ကြလိမ့်မည်။ ယဇ်ပုရောဟိတ်များ တို့မှာလည်း လူတို့အားဟောပြောသွန်သင် ရန်အဘယ်အရာမျှရှိလိမ့်မည်မဟုတ်။ အသက်ကြီးသူတို့သည်လည်းအဘယ်သို့ မျှအကြံဉာဏ်ပေးနိုင်ကြလိမ့်မည်မဟုတ်။-
26 Virá uma calamidade após a outra, um rumor após o outro. Buscarão sem sucesso uma visão dos profetas. Não receberão ensinamentos dos sacerdotes nem conselhos das autoridades.
27 မင်းကြီးသည်ညည်းတွားမြည်တမ်းလျက်နေ လိမ့်မည်။ မင်းသားသည်လည်းမျှော်လင့်ရာမဲ့ ဖြစ်၍နေလိမ့်မည်။ ပြည်သူတို့ကားကြောက် လန့်တုန်လှုပ်လျက်နေကြလိမ့်မည်။ ငါသည် သင်တို့အားမိမိတို့ပြုခဲ့သမျှသောအမှု များအတွက်အပြစ်ဒဏ်ပေးမည်။ သင်တို့သူ တစ်ပါးအားတရားစီရင်ခဲ့ကြသည်နည်း တူ သင်တို့အားငါတရားစီရင်မည်။ ဤနည်း အားဖြင့်ငါသည်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
27 O rei e o príncipe ficarão desamparados e chorarão de desespero; as mãos do povo tremerão de medo. Trarei sobre eles o mal que fizeram a outros, e receberão o castigo que tanto merecem. Então saberão que eu sou o S
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Ezequiel 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.