Ezequiel 5
Common Language Bible (MYA) vs NVI
1 ``အချင်းလူသား၊ ဋ္ဌားထက်ထက်တစ်လက် ကိုယူ၍သင်၏မုတ်ဆိတ်နှင့်ဆံပင်ကိုရိတ် လော့။ ထိုနောက်ယင်းတို့ကိုချိန်ခွင်တွင်ထည့် ၍ အညီအမျှသုံးစုခွဲလော့။-
1 "Agora, filho do homem, apanhe uma espada afiada e use-a como navalha de barbeiro para rapar a cabeça e a barba. Depois tome uma balança de pesos e reparta o cabelo.
2 တစ်စုကိုယေရုရှလင်မြို့ကိုဝိုင်းရံထား သည့်ကာလကုန်ဆုံးချိန်၌မြို့ထဲမှာမီးရှို့ လော့။ အခြားတစ်စုကိုယူ၍ မြို့ထဲ၌လှည့် လည်ကာဋ္ဌားဖြင့်အပိုင်းပိုင်းဖြတ်လော့။ ကျန်တစ်စုကိုလေထဲသို့လွှင့်လော့။ ငါ သည်ထိုအစုကိုလိုက်၍ဋ္ဌားဖြင့်တိုက် ခိုက်မည်။-
2 Quando os dias do cerco da cidade chegarem ao fim, queime no fogo um terço do cabelo dentro da cidade. Pegue um terço e corte-o com a espada ao redor de toda a cidade. E espalhe um terço ao vento. Porque eu os perseguirei com espada desembainhada.
3 ဆံပင်အနည်းငယ်ကိုသင်၏အဝတ်အ မြိတ်နား၌ထုပ်၍သိမ်းဆည်းထားလော့။-
3 Mas apanhe umas poucas mechas de cabelo e esconda-as nas dobras de sua roupa.
4 ထိုနောက်အနည်းငယ်ကိုယူ၍မီးရှို့လော့။ ထိုဆံပင်များမှမီးသည်ဣသရေလအမျိုး သားတစ်ရပ်လုံးသို့ပျံ့နှံ့သွားလိမ့်မည်'' ဟု မိန့်တော်မူ၏။
4 E destas ainda, pegue algumas e atire-as ao fogo, para que se queimem. Dali um fogo se espalhará para toda a nação de Israel.
5 အရှင်ထာဝရဘုရားက``ယေရုရှလင် မြို့ကိုကြည့်လော့။ ငါသည်ထိုမြို့ကိုနိုင်ငံ အပေါင်းခြံရံစေကာကမ္ဘာ၏အလယ် ဗဟိုတွင်ထားရှိ၏။-
5 "Assim diz o Soberano Senhor: Esta é Jerusalém, que pus no meio dos povos, com nações ao seu redor.
6 သို့ရာတွင်ထိုမြို့သူမြို့သားတို့သည်ငါ ၏အမိန့်များကိုလွန်ဆန်လျက် အခြား နိုင်ငံသားများထက်ပို၍ယုတ်မာကြပြီ။ သူတို့သည်ပတ်ဝန်းကျင်ရှိတိုင်းပြည်များ မှလူတို့ထက်ပင်ပို၍ ငါ၏ပညတ်တို့ကို ပယ်ကြလေပြီ။ ယေရုရှလင်မြို့သူမြို့သား တို့သည်ငါ၏အမိန့်များကိုပစ်ပယ်လျက် ငါ၏ပညတ်တော်များကိုလည်းမစောင့် ထိန်းကြ။-
6 Contudo, em sua maldade, ela se revoltou contra as minhas leis e contra os meus decretos mais do que os povos e as nações ao seu redor. Ela rejeitou as minhas leis e não agiu segundo os meus decretos.
7 အချင်းယေရုရှလင်မြို့၊ ငါအရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကိုနားထောင်လော့။ သင်သည်ပတ်ဝန်းကျင်၌ရှိသည့်လူမျိုး တို့ထက်ပင်ပို၍ဒုက္ခပေး၏။ ငါ၏ပညတ် များနှင့်အမိန့်တော်များကိုမလိုက်နာ ကြ။ သင်သည်ပတ်ဝန်းကျင်ရှိလူမျိုးတို့ ၏အဆင့်ကိုပင်မမီပေ။-
7 "Portanto assim diz o Soberano Senhor: Você tem sido mais rebelde do que as nações ao seu redor e não agiu segundo os meus decretos nem guardou as minhas leis. Você nem mesmo alcançou os padrões das nações ao seu redor.
8 သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား ယေရုရှလင်မြို့၊ ငါသည် သင့်ရန်သူဖြစ်၍လူမျိုးတကာတို့ရှေ့ တွင်သင့်အားအပြစ်ဒဏ်စီရင်မည်။-
8 "Por isso diz o Soberano Senhor: Eu estou contra você, Jerusalém, e lhe infligirei castigo à vista das nações.
9 ငါရွံမုန်းသောရုပ်တုများကြောင့်သင့်အား ငါသည်အဘယ်အခါကမျှမပေးစဖူး၊ နောင်အဘယ်အခါ၌မျှလည်းပေးမည် မဟုတ်သည့်အပြစ်ဒဏ်ကိုပေးမည်။-
9 Por causa de todos os seus ídolos detestáveis, farei com você o que nunca fiz nem jamais voltarei a fazer.
10 ထို့ကြောင့်ယေရုရှလင်မြို့ရှိမိဘသည်သား သမီးတို့ကိုစားကြလိမ့်မည်။ သားသမီး တို့သည်လည်းမိဘတို့ကိုစားကြလိမ့်မည်။ သင်တို့အနက်အသက်မသေဘဲကျန်ရစ် သူတို့ကိုလည်း ငါသည်အပြစ်ဒဏ်ခတ် လျက်အရပ်တကာသို့ပျံ့လွင့်စေမည်။''
10 Por isso, entre vocês sucederá que os pais comerão os seus próprios filhos, e os filhos comerão os seus pais. Castigarei você e dispersarei aos ventos os seus sobreviventes.
11 အရှင်ထာဝရဘုရားမိန့်တော်မူသည် မှာ``သင်တို့သည်ဆိုးညစ်စက်ဆုပ်ဖွယ်သော အမှုအပေါင်းကိုပြုလျက် ဗိမာန်တော်ကို ညစ်ညမ်းစေသဖြင့် ငါသည်အသက်ရှင် တော်မူသောဘုရားဖြစ်သည်နှင့်အညီ သင်တို့အားသနားညှာတာမှုမရှိဘဲ သုတ်သင်ပစ်မည်။-
11 Por isso, juro pela minha vida, palavra do Soberano Senhor, que por ter contaminado meu santuário com suas imagens detestáveis e com suas práticas repugnantes, eu retirarei o meu favor. Não olharei com piedade para ti e não a pouparei.
12 သင်တို့အနက်သုံးပုံတစ်ပုံသောလူတို့ မြို့တွင်း၌အနာရောဂါဘေး၊ ငတ်မွတ်ခြင်း ဘေးတို့ဖြင့်သေကြလိမ့်မည်။ အခြားသုံး ပုံတစ်ပုံမှာမြို့ပြင်၌ဋ္ဌားဘေးသင့်၍သေ ကြလိမ့်မည်။ ကျန်သုံးပုံတစ်ပုံကိုမူလေ တွင်လွင့်စင်သွားစေလျက်ငါသည်ဋ္ဌားဖြင့် လိုက်လံတိုက်ခိုက်မည်။
12 Um terço de seu povo morrerá de peste ou perecerá de fome dentro de seus muros; um terço cairá pela espada fora da cidade; e um terço dispersarei aos ventos e perseguirei com a espada em punho.
13 ``သင်သည်ငါစိတ်မပြေမချင်းငါ၏ အမျက်ဒေါသဒဏ်ကိုအပြည့်အဝခံ ရလိမ့်မည်။ ငါထာဝရဘုရားသည်သင်၏ သစ္စာမဲ့မှုအတွက်အမျက်ထွက်လျက် ဤ သို့မိန့်တော်မူကြောင်းကို သင်သည်ဤအမှု အရာများဖြစ်ပျက်ချိန်၌သိရှိနားလည် လိမ့်မည်။-
13 "Então a minha ira cessará, e diminuirá a minha indignação contra eles, e serei vingado. E, quando tiver esgotado a minha ira sobre eles, saberão que eu, o Senhor, falei segundo o meu zelo.
14 ပတ်ဝန်းကျင်ရှိလူမျိုးအပေါင်းတို့သည် သင်၏အနီးတွင်ဖြတ်သန်းသွားလာကြ သောအခါ သင်၏ပျက်စီးမှုကိုကြည့်၍ မဲ့ရွဲ့ပြကာသင့်အားရှောင်၍သွားကြ လိမ့်မည်။
14 "Farei de você uma ruína e a tornarei desprezível entre as nações ao seu redor, à vista de todos quantos por você passarem.
15 ``ငါသည်သင့်အားအမျက်ဒေါသပြင်း စွာထွက်၍ နာကျင်စွာအပြစ်ဒဏ်ခတ်သော အခါ ပတ်ဝန်းကျင်မှလူမျိုးတကာတို့ သည်ထိတ်လန့်ကြလျက် သင့်အားစက်ဆုပ် သည့်အမူအရာဖြင့်ကြည့်၍သတိပေး လျက်ပြက်ရယ်ပြုကြလိမ့်မည်။-
15 Você será motivo de desprezo e de escárnio, e servirá de advertência e de causa de pavor às nações ao redor, quando eu castigar você com ira, indignação e violência. Eu, o Senhor, falei.
16 ငါသည်သင့်အားရိက္ခာဖြတ်၍ငတ်မွတ်စေ မည်။ သင်သည်မြားချက်ဒဏ်ကဲ့သို့ပြင်းပြ စွာဖျက်ဆီးမည့်ငတ်မွတ်ခြင်းဝေဒနာကို ခံရလိမ့်မည်။ ငါသည်သင့်ကိုဖျက်ဆီးမည်။-
16 Quando eu atirar em você minhas flechas mortais e destruidoras, minhas flechas de fome, atirarei para destruí-la. Aumentarei a sua fome e cortarei o seu sustento.
17 သင်၏သားသမီးများကိုသေစေရန်တောရဲ တိရစ္ဆာန်များနှင့်အစာခေါင်းပါးခြင်းဘေး ကိုလည်းကောင်း၊ သင့်အားဖျက်ဆီးရန်အနာ ရောဂါဘေး၊ အကြမ်းဖက်မှုနှင့်စစ်မက်အန္တ ရာယ်ကိုလည်းကောင်းငါစေလွှတ်မည်။ ဤ ကားငါထာဝရဘုရား၏အမိန့်တော်ပင် တည်း'' ဟူ၍ဖြစ်၏။
17 Enviarei contra você a fome e animais selvagens, que acabarão com os seus filhos. A peste e o derramamento de sangue a alcançarão, e trarei a espada contra você. Eu, o Senhor, falei".
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Ezequiel 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.