Ezequiel 4

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ထို့​နောက်``အ​ချင်း​လူ​သား၊ အုတ်​တစ်​ချပ်​ကို ယူ​၍​သင်​၏​ရှေ့​တွင်​ထား​ပြီး​လျှင် ယေ​ရု​ရှ လင်​မြို့​ပုံ​ကို​အုတ်​ပေါ်​တွင်​ရေး​ဆွဲ​လော့။-
1 Filho do homem, toma um tijolo, põe-no diante de ti, e desenha nele a cidade de Jerusalém.
2 ထို​နောက်​ထို​မြို့​အား​ရန်​သူ​ဝိုင်း​ရံ​ထား​ပုံ​ကို သ​ရုပ်​ဆောင်​ရန် မြောင်း၊ မြေ​က​တုတ်​များ၊ စစ် စ​ခန်း​များ​နှင့်​ခံ​တပ်​ဖြို​သည့်​တုံး​မောင်း များ​ကို​မြို့​ပတ်​လည်​၌​နေ​ရာ​ချ​ထား​လော့။-
2 Farás contra ela trabalhos de assédio, contra ela construirás terraços e trincheiras, estabelecerás campos e prepararás aríetes.
3 သံ​ပြား​တစ်​ချပ်​ကို​လည်း​ယူ​၍​မြို့​နှင့်​သင် ၏​စပ်​ကြား​တွင်​တံ​တိုင်း​သ​ဖွယ်​ထောင်​၍ ထား​လော့။ သင်​သည်​မြို့​ဘက်​သို့​မျက်​နှာ​မူ လော့။ မြို့​သည်​ဝိုင်း​ရံ​ခြင်း​ကို​ခံ​လျက်​ရှိ​၏။ သင်​သည်​မြို့​ကို​ဝိုင်း​ရံ​သူ​ဖြစ်​၏။ ဤ​သည် ကား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက် ပုဗ္ဗ​နိ​မိတ်​ဖြစ်​လိမ့်​မည်။
3 Tomarás em seguida uma frigideira de ferro, e a colocarás como uma muralha de ferro entre ti e a cidade. Em seguida voltarás contra ela a tua face; ela será atacada e farás então o assédio. Será isto um símbolo para a casa de Israel.
4 ``သင်​သည်​လက်​ဝဲ​ဘက်​သို့​စောင်း​၍​အိပ်​လော့။
4 Deita-te sobre o lado esquerdo e toma sobre ti a iniqüidade da casa de Israel; todo o tempo em que ficares assim deitado levarás sua iniqüidade.
5 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ပြစ်​ကို သင်​၏​အ​ပေါ်​သို့​ငါ​တင်​မည်။ သင်​သည်​ယင်း သို့​အိပ်​လျက်​သူ​တို့​၏​အ​ပြစ်​ကို​ခံ​ရ​သည့် အ​နေ​ဖြင့် ရက်​ပေါင်း​သုံး​ရာ​ကိုး​ဆယ်​တိုင်​တိုင် နေ​ရ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​တို့ အ​ပြစ်​ဒဏ်​ခံ​ရ​မည့်​နှစ်​တစ်​နှစ်​လျှင်​တစ်​ရက် နှုန်း​ဖြင့်​သင့်​အား​ခံ​စေ​ရန် ငါ​စီ​ရင်​ချက်​ချ မှတ်​ထား​ပြီ​ဖြစ်​သော​ကြောင့်​တည်း။-
5 E eu fixo o número dos anos do seu pecado, segundo o número de dias que te concedo, trezentos e noventa dias, durante os quais carregarás a iniqüidade da casa de Israel.
6 ထို​နေ့​ရက်​များ​ကုန်​လွန်​သော​အ​ခါ​ယာ ဘက်​စောင်း​အိပ်​၍ ယု​ဒ​အ​မျိုး​သား​တို့ အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​မည့်​နှစ်​တစ်​နှစ်​လျှင် တစ်​ရက်​နှုန်း​ဖြင့်​ရက်​ပေါင်း​လေး​ဆယ်​တိုင် တိုင်​သူ​တို့​၏​အ​ပြစ်​ကို​ခံ​ဦး​လော့။
6 Quando esse período estiver terminado, tu te deitarás sobre o lado direito, para de novo levar a iniqüidade da casa de Judá durante quarenta dias; cada dia que te concedo corresponde a um ano.
7 ``ယေ​ရု​ရှ​လင်​မြို့​အား​ဝိုင်း​ရံ​ထား​သည် ကို​စူး​စိုက်​၍​ကြည့်​လော့။ သင်​သည်​မိ​မိ​လက် သီး​ကို​ပြ​လျက်​ထို​မြို့​အား​ဆန့်​ကျင်​၍ ဟော​ပြော​လော့။-
7 Voltarás a tua face e estenderás o teu braço nu para Jerusalém sitiada, profetizando contra ela.
8 ထို​မြို့​ကို​ဝိုင်း​ရံ​မှု​ပြီး​ဆုံး​ချိန်​တိုင်​အောင် သင်​သည်​တစ်​ဘက်​မှ​အ​ခြား​တစ်​ဘက်​သို့ မ​လှည့်​နိုင်​စေ​ရန် ငါ​သည်​သင့်​ကို​ချည်​နှောင် ထား​မည်။
8 Ligar-te-ei com cordas, para que não possas volver-te de um lado para o outro, até que tenhas chegado ao termo dos dias de tua reclusão.
9 ``ယ​ခု​သင်​သည်​ဂျုံ​ဆန်​နှစ်​မျိုး၊ ပဲ​နှစ်​မျိုး နှင့်​ပြောင်း​ဆန်​ကို​ယူ​၍ အိုး​ထဲ​တွင်​ရော​နှော ပြီး​လျှင်​မုန့်​ကို​လုပ်​လော့။ ထို​မုန့်​ကား​ရက် ပေါင်း​သုံး​ရာ့​ကိုး​ဆယ်​ပတ်​လုံး​ဝဲ​ဘက်​သို့ စောင်း​၍​အိပ်​နေ​ချိန်​၌​သင်​စား​ရန်​ဖြစ်​၏။-
9 Tomarás trigo, cevada, favas, lentilhas, milho e aveia, que guardarás num mesmo recipiente para fazeres o teu pão. É isso que comerás durante todo o tempo que estiveres deitado, ou seja, por trezentos e noventa dias.
10 သင်​သည်​တစ်​ရက်​လျှင်​မုန့်​ရှစ်​အောင်​စ​မျှ စား​နိုင်​ခွင့်​ရှိ​၏။-
10 O peso desse alimento que comerás por dia de vinte e quatro horas será de vinte siclos.
11 ရေ​ကို​လည်း​အ​တိုင်း​အ​တာ​နှင့်​တစ်​ရက်​လျှင် နှစ်​ခွက်​သာ​သောက်​ရ​မည်။-
11 A ração de água que irás beber será reduzida a um sexto de hin por vinte e quatro horas.
12 သင်​သည်​လူ​၏​မ​စင်​ခြောက်​ဖြင့်​မီး​မွှေး​၍ ရ​သော​မီး​ကျီး​ခဲ​ပေါ်​တွင် မုန့်​ကို​ဖုတ်​ကာ လူ​မြင်​ကွင်း​၌​စား​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
12 Tomarás esse alimento sob a forma de torta de cevada, cozida em fogo de excrementos humanos, e à sua vista.
13 ထာ​ဝရ​ဘု​ရား​က``ငါ​သည်​ဣ​သ​ရေ​လ အမျိုး​သား​တို့​အား တစ်​ပါး​နိုင်​ငံ​များ​သို့ ပြန့်​လွင့်​စေ​သော​အ​ခါ သူ​တို့​သည်​ပ​ညတ် တ​ရား​က​တား​မြစ်​ထား​သည့် မ​သန့်​စင် သော​အ​စား​အ​စာ​များ​ကို​ဤ​သို့​စား​ရ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
13 É assim, falou-me o Senhor, que comerão os israelitas os alimentos impuros por entre as nações onde eu os dispersar.
14 သို့​ရာ​တွင်``အ​ရှင်​ထာ​ဝရ​ဘု​ရား၊ ကျွန်​တော် မျိုး​သည်​အ​ဘယ်​အ​ခါ​၌​မျှ မိ​မိ​ကိုယ်​ကို မ​ညစ်​ညမ်း​စေ​ခဲ့​ဘူး​ပါ။ က​လေး​အ​ရွယ်​မှ စ​၍​အ​ဘယ်​အ​ခါ​၌​မျှ အ​လို​အ​လျောက် သေ​သော​တိ​ရစ္ဆာန်​၏​အ​သား​ကို​သော်​လည်း ကောင်း၊ သား​ရဲ​များ​ကိုက်​၍​သေ​သည့်​တိ​ရစ္ဆာန် ၏​အ​သား​ကို​သော်​လည်း​ကောင်း မ​စား​ခဲ့ ဘူး​ပါ။ ကျွန်​တော်​မျိုး​သည်​မ​သန့်​စင်​ဟု ယူ​ဆ​သည့်​အ​စား​အ​စာ​ကို​အ​ဘယ်​အ​ခါ ၌​မျှ​မ​စား​ခဲ့​ဘူး​ပါ'' ဟု​လျှောက်​၏။
14 Ah! Senhor Javé, respondi, nunca estive manchado. Desde minha infância até hoje, jamais comi animal morto ou despedaçado; nenhuma carne impura entrou em minha boca.
15 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​က``လူ​၏​မ​စင် အ​စား​နွား​ချေး​ကို​သုံး​ရန်​သင့်​အား​ငါ ခွင့်​ပြု​မည်။ သင်​၏​မုန့်​ကို​နွား​ချေး​နှင့်​မွှေး သော​မီး​ဖြင့်​ဖုတ်​နိုင်​၏'' ဟု​မိန့်​တော်​မူ​၏။
15 Pois bem, me disse, eu te permito trocar os excrementos humanos por esterco de vaca, sobre o qual farás cozer o teu pão.
16 ထို​နောက်​ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ရိက္ခာ​ပြတ် စေ​မည်။ ထို​မြို့​မှ​လူ​တို့​သည်​စိုး​ရိမ်​ပူ​ပန် ကြ​လျက်​မိ​မိ​တို့​၏​အ​စာ​ရေ​စာ​တို့​ကို ချိန်​တွယ်​၍​စား​သောက်​ရ​ကြ​လိမ့်​မည်။-
16 Em seguida ajuntou: Filho do homem, vou desesperar Jerusalém de fome. Aí se comerá, na angústia, um pão rigorosamente pesado, beber-se-á, no meio do assombro, uma água racionada,
17 သူ​တို့​သည်​အ​စာ​ရေ​စာ​ပြတ်​လျက်​နေ သ​ဖြင့်​အ​ချင်း​ချင်း​တွေ့​မြင်​သော​အ​ခါ စိတ်​ပျက်​အား​လျော့​ကာ​မိ​မိ​တို့​၏​အ​ပြစ် များ​ကြောင့်​ပိန်​ကြုံ​သွား​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
17 e, na penúria de pão e água, virão a esmorecer uns e outros e perecerão por causa da sua iniqüidade.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Ezequiel 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.