Ezequiel 47
Common Language Bible (MYA) vs ARIB
1 ထိုလူသည်ငါ့အားဗိမာန်တော်အဝင်တံခါး ဝသို့ခေါ်ဆောင်သွား၏။ တံခါးခုံအောက်မှ ရေသည်ယဇ်ပလ္လင်၏တောင်ဘက်ကိုဖြတ်ကာ ဗိမာန်တော်မျက်နှာမူရာအရှေ့ဘက်သို့ စီးဆင်းလျက်နေ၏။-
1 Depois disso me fez voltar à entrada do templo; e eis que saíam umas águas por debaixo do limiar do templo, para o oriente; pois a frente do templo dava para o oriente; e as águas desciam pelo lado meridional do templo ao sul do altar.
2 ထိုလူသည်ငါ့အားမြောက်တံခါးဖြင့် ဗိမာန်တော်နယ်မြေမှထုတ်ဆောင်ကာအရှေ့ တံခါးသို့ခေါ်ယူသွား၏။ ထိုတံခါး၏ တောင်ဘက်တွင်ချောင်းငယ်တစ်ခုစီးဆင်း လျက်ရှိ၏။-
2 Então me levou para fora pelo caminho da porta do norte, e me fez dar uma volta pelo caminho de fora até a porta exterior, pelo caminho da porta oriental; e eis que corriam umas águas pelo lado meridional.
3 ထိုသူသည်ချောင်းအောက်ဘက်မှအရှေ့ဘက် သို့မိမိကူတံဖြင့်ကိုက်ငါးရာခြောက်ဆယ် တိုင်းပြီးနောက်ငါ့အားချောင်းကိုဖြတ်၍ လျှောက်သွားစေ၏။ ရေကားငါ၏ခြေ မျက်စိအထိသာရောက်လေသည်။-
3 Saindo o homem para o oriente, tendo na mão um cordel de medir, mediu mil côvados, e me fez passar pelas águas, águas que me davam pelos artelhos.
4 ထို့နောက်သူသည်နောက်ထပ်ကိုက်ငါးရာ ခြောက်ဆယ်တိုင်းပြန်၏။ ထိုနေရာတွင်ရေ သည်ငါ၏ဒူးဆစ်အထိရောက်ရှိလာ၏။ နောက်ကိုက်ငါးရာခြောက်ဆယ်အကွာတွင် ရေသည်ငါ၏ခါးအထိရောက်ရှိ၏။-
4 De novo mediu mil, e me fez passar pelas águas, águas que me davam pelos joelhos; outra vez mediu mil, e me fez passar pelas águas, águas que me davam pelos lombos.
5 သူသည်ထပ်မံ၍ကိုက်ငါးရာခြောက်ဆယ် တိုင်းလိုက်သောအခါ ငါဖြတ်ကူး၍မရ သောမြစ်တစ်စင်းသို့ရောက်လာ၏။ ရေအလွန် နက်သဖြင့်ငါသည်ခြေထောက်၍မမီဘဲ လက်ပစ်ကူးရလေသည်။-
5 Ainda mediu mais mil, e era um rio, que eu não podia atravessar; pois as águas tinham crescido, águas para nelas nadar, um rio pelo qual não se podia passar a vau.
6 ထိုသူက``အချင်းလူသား၊ ဤအချင်း အရာအလုံးစုံကိုသေချာစွာမှတ်သား လော့'' ဟုငါ့အားပြော၏။
6 E me perguntou: Viste, filho do homem? Então me levou, e me fez voltar à margem do rio.
7 မြစ်ကမ်းပါးသို့ရောက်သောအခါငါ သည်မြစ်ကမ်းနှစ်ဖက်တွင်သစ်ပင်များ စွာပေါက်လျက်နေသည်ကိုမြင်ရ၏။-
7 Tendo eu voltado, eis que à margem do rio havia árvores em grande número, de uma e de outra banda.
8 ထိုလူက ``ဤရေသည်မြေပြင်ကိုဖြတ်၍ အရှေ့ဘက်သို့စီးဆင်းရာယော်ဒန်ချိုင့်ဝှမ်း နှင့်ပင်လယ်သေထဲသို့စီးဆင်းသွားကာ ထိုပင်လယ်ရေငန်ကိုရေချိုဖြစ်စေ၏။-
8 Então me disse: Estas águas saem para a região oriental e, descendo pela Arabá, entrarão no Mar Morto, e ao entrarem nas águas salgadas, estas se tornarão saudáveis.
9 ထိုချောင်းစီးဆင်းရာအရပ်တိုင်း၌တိရစ္ဆာန် နှင့်ငါးအမျိုးမျိုးတို့ကိုတွေ့ရှိရလိမ့်မည်။ ယင်းသည်ပင်လယ်သေ၏ရေကိုရေချို ဖြစ်စေလိမ့်မည်။ မိမိစီးဆင်းရာအရပ် တိုင်း၌သက်ရှိသတ္တဝါများအားအသက် ရှင်သန်စေလိမ့်မည်။-
9 E por onde quer que entrar o rio viverá todo ser vivente que vive em enxames, e haverá muitíssimo peixe; porque lá chegarão estas águas, para que as águas do mar se tornem doces, e viverá tudo por onde quer que entrar este rio.
10 အင်္ဂေဒိစိမ့်စမ်းမှအစပြု၍ဧနေဂလိမ် စိမ့်စမ်းတိုင်အောင်ပင်လယ်နားတစ်လျှောက် လုံးတွင်ရေလုပ်သားတို့နေထိုင်ကြလျက် မိမိတို့ပိုက်ကွန်များကိုလှန်းကြလိမ့်မည်။ မြေထဲပင်လယ်တွင်တွေ့ရှိရသည့်ငါး အမျိုးမျိုးတို့ကိုဤအရပ်တွင်လည်း တွေ့ရှိရလိမ့်မည်။-
10 Os pescadores estarão junto dele; desde En-Gedi até En-Eglaim, haverá lugar para estender as redes; o seu peixe será, segundo a sua espécie, como o peixe do Mar Grande, em multidão excessiva.
11 သို့ရာတွင်ပင်လယ်သေကမ်းခြေဒေသရှိ ရွှံ့ဗွက်များနှင့်ရေအိုင်များ၌မူကားရေ မချိုဘဲဆားထွက်လိမ့်မည်။-
11 Mas os seus charcos e os seus pântanos não sararão; serão deixados para sal.
12 ထိုချောင်းကမ်းနှစ်ဘက်တို့တွင်စားစရာ အပင်အမျိုးမျိုးပေါက်လိမ့်မည်။ ထိုသစ်ပင် များသည်အဘယ်အခါမျှအရွက်ညှိုး နွမ်းကြလိမ့်မည်မဟုတ်။ အသီးလည်း အဘယ်အခါမျှပြတ်လပ်ကြလိမ့်မည် မဟုတ်။ ထိုအပင်တို့သည်ဗိမာန်တော်မှ စီးဆင်းလာသည့်ချောင်းမှရေကိုရရှိ ကြသဖြင့်လစဉ်လတိုင်းအသီးသစ် များကိုသီးကြလိမ့်မည်။ ထိုအပင်များ ၏အသီးသည်စားဖွယ်ဖြစ်၍ယင်း တို့၏အရွက်များကိုလူတို့၏အနာ ပျောက်ကင်းစေရန်အသုံးပြုလိမ့်မည်'' ဟုငါ့အားပြော၏။
12 E junto do rio, à sua margem, de uma e de outra banda, nascerá toda sorte de árvore que dá fruto para se comer. Não murchará a sua folha, nem faltará o seu fruto. Nos seus meses produzirá novos frutos, porque as suas águas saem do santuário. O seu fruto servirá de alimento e a sua folha de remédio.
13 အရှင်ထာဝရဘုရားက``ဣသရေလ လူမျိုးဆယ့်နှစ်ပါးအတွက်မြေယာနယ် နိမိတ်သတ်မှတ်ပေးရမည်။ မြေယာနယ် နိမိတ်များမှာအောက်ပါအတိုင်းဖြစ်၏။ ယောသပ်အနွယ်ဝင်တို့သည်အခြား အနွယ်အသီးသီးတို့ထက်နှစ်ဆပို၍ ရရှိစေရမည်။-
13 Assim diz o Senhor Deus: Este será o termo conforme o qual repartireis a terra em herança, segundo as doze tribos de Israel. José terá duas partes.
14 ငါသည်သင်တို့၏ဘိုးဘေးများအားဤ ပြည်ကိုပေးအပ်မည်ဟုကျိန်ဆိုကတိ ထားခဲ့သည့်အတိုင်း ယခုသင်တို့သည် ယင်းကိုညီမျှစွာခွဲဝေယူကြလော့။
14 E vós a herdareis, tanto um como o outro; pois sobre ela levantei a minha mão, jurando que a daria a vossos pais; assim esta terra vos cairá a vós em herança.
15 ``မြောက်ဘက်နယ်နိမိတ်မှာမြေထဲပင်လယ် မှအစပြု၍အရှေ့ဘက်ဟေသလုန်မြို့၊ ဟာမတ်တောင်ကြားလမ်း၊ ဇေဒဒ်မြို့။-
15 E este será o termo da terra: da banda do norte, desde o Mar Grande, pelo caminho de Hetlom, até a entrada de Zedade;
16 ဗေရောသာမြို့၊ သိဗရိမ်မြို့တို့ကိုဖြတ်၍ တိကုန်မြို့တွင်ဆုံးလေသည်။ (ဗေရောသာ နှင့်သိဗရိမ်မြို့တို့သည်ဒမာသက်ပြည် နှင့်ဟာမတ်ပြည်စပ်ကြားတွင်ရှိ၍ ဟာလာ ဟတ္တိကုန်မြို့မှာဟောရန်နယ်စပ်တွင်ရှိ၏။-)
16 Hamate, Berota, Sibraim, que está entre o termo de Damasco e o termo de Hamate; Hazer-Haticom, que está junto ao termo de Haurã.
17 သို့ဖြစ်၍မြောက်ဘက်နယ်နိမိတ်သည်မြေ ထဲပင်လယ်မှအရှေ့ဘက် ဟာဇရေနုန်မြို့ အထိရှိ၍ဒမာသက်နှင့်ဟာမတ်ပြည် နယ်ခြားဒေသများ၏တောင်ဘက်တွင်တည် ရှိသတည်း။
17 O termo irá do mar até Hazar-Enom, junto ao termo setentrional de Damasco, tendo ao norte o termo de Hamate. Essa será a fronteira do norte.
18 ``အရှေ့ဘက်နယ်နိမိတ်ကားဒမာသက် ပြည်နှင့်ဟောရန်ပြည်စပ်ကြားမှပင်လယ် သေကမ်းပေါ်ရှိတာမာမြို့အထိဖြစ်၍ ယော်ဒန်မြစ်အနောက်ဘက်တွင်ရှိသော ဣသရေလပြည်နှင့်အရှေ့ဘက်တွင်ရှိ သောဂိလဒ်ပြည်တို့၏နယ်ခြားအမှတ် အသားဖြစ်၏။
18 E a fronteira do oriente, entre Haurã, e Damasco, e Gileade, e a terra de Israel, será o Jordão; desde o termo do norte até o mar do oriente medireis. Essa será a fronteira do oriente.
19 ``တောင်ဘက်နယ်နိမိတ်သည်တာမာမြို့မှ အနောက်တောင်ဘက်ရှိကာဒေရှမေရိဘ စိမ့်စမ်းသို့လည်းကောင်း၊ ထိုနောက်အနောက် မြောက်ဘက်ရှိအီဂျစ်ပြည်နယ်စပ်ကိုလိုက် ၍မြေထဲပင်လယ်သို့လည်းကောင်းရောက် ရှိ၏။
19 E a fronteira meridional será desde Tamar até as águas de Meribote-Cades, ao longo do Ribeiro do Egito até o Mar Grande. Essa será a fronteira meridional.
20 ``အနောက်ဘက်နယ်နိမိတ်မှာမြေထဲပင် လယ်ဖြစ်၍ မြောက်ဘက်ရှိဟာမတ်တောင် ကြားလမ်း၏အနောက်ဘက်သို့တိုင်အောင် ဖြစ်၏။
20 E a fronteira do ocidente será o Mar Grande, desde o termo do sul até a entrada de Hamate. Essa será a fronteira do ocidente.
21 ``ထိုနယ်မြေကိုသင်တို့အနွယ်စုများ ခွဲ ဝေယူကြလော့။-
21 Repartireis, pois, esta terra entre vós, segundo as tribos de Israel.
22 ယင်းသည်သင်တို့အစဉ်အမြဲပိုင်ဆိုင်ကြ ရမည့်မြေယာဖြစ်၏။ ထိုအရပ်တွင်သင်တို့ နှင့်အတူနေထိုင်လျက်သားသမီးများ ရရှိနေကြသူလူမျိုးခြားများသည်လည်း သင်တို့မြေယာခွဲဝေရာတွင်ဝေစုခံယူ ရကြမည်။ သူတို့အားတင်းပြည့်ဣသရေလ ပြည်သားများအဖြစ်ဖြင့်မှတ်ယူကာ ဣသရေလအနွယ်တို့နှင့်အတူမြေယာ ဝေစုများကိုခံယူစေရမည်။-
22 Reparti-la-eis em herança por sortes entre vós e entre os estrangeiros que habitam no meio de vós e que têm gerado filhos no meio de vós; e vós os tereis como naturais entre os filhos de Israel; convosco terão herança, no meio das tribos de Israel.
23 ယင်းသို့သောလူမျိုးခြားအပေါင်းတို့သည် မိမိတို့နေထိုင်ရာအရပ်အသီးသီးမှ အနွယ်ဝင်တို့နှင့်အတူမြေယာဝေစု များကိုခံယူခွင့်ရှိစေရမည်။ ဤကား ငါအရှင်ထာဝရဘုရားမြွက်ဟတော် မူသောစကားဖြစ်၏'' ဟုမိန့်တော်မူ၏။
23 E será que na tribo em que peregrinar o estrangeiro, ali lhe dareis a sua herança, diz o Senhor Deus.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Ezequiel 47, comparar traduções ou montar um estudo — tudo direto pelo WhatsApp.