Ezequiel 45

Common Language Bible (MYA) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ဣ​သ​ရေ​လ​အ​နွယ်​အ​ပေါင်း​တို့​အား​မြေ​ယာ ကို​ခွဲ​ဝေ​ပေး​ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မြေ​တစ်​ကွက်​ကို​မြင့်​မြတ်​သန့်​ရှင်း​သော​နယ် မြေ​အ​ဖြစ်​သီး​သန့်​ထား​ရ​မည်။ ယင်း​သည် အ​လျား​ရှစ်​မိုင်၊ အ​နံ​ခြောက်​မိုင်​ရှိ​ရ​မည်။ ထို​နယ်​မြေ​တစ်​ခု​လုံး​သည်​မြင့်​မြတ်​သန့် ရှင်း​လိမ့်​မည်။-
1 Demais, quando repartirdes a terra por sortes em herança, separareis uma oferta para o Senhor, uma santa porção da terra; o seu comprimento será de vinte e cinco mil canas, e a largura de dez mil. Esta será santa em todo o seu termo ao redor.
2 ဗိ​မာန်​တော်​အ​တွက်​စ​တု​ရန်း​ရှစ်​ရာ​လေး ဆယ်​ပေ​ရှိ​သော​မြေ​ကွက်​ပါ​ဝင်​ရ​မည်။ ထို မြေ​ကွက်​ပတ်​လည်​တွင်​အ​နံ​ရှစ်​ဆယ့်​လေး ပေ​ရှိ​သော​မြေ​လပ်​ရှိ​ရ​မည်။-
2 Desta porção o santuário ocupará quinhentas canas de comprimento, e quinhentas de largura, em quadrado, e terá em redor um espaço vazio de cinqüenta côvados.
3 အ​လွန်​သန့်​ရှင်း​မြင့်​မြတ်​သည့်​ဌာ​န​တည်း ဟူ​သော​ဗိ​မာန်​တော်​တည်​ရှိ​မည်။-
3 Desta área santa medirás um comprimento de vinte e cinco mil côvados, e uma largura de dez mil; e ali será o santuário, que é santíssimo.
4 ဗိ​မာန်​တော်​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော် သို့​ချဉ်း​ကပ်​၍ အ​မှု​တော်​ကို​ထမ်း​ဆောင်​သော ယဇ်​ပု​ရော​ဟိတ်​တို့​အ​တွက်​သီး​သန့်​ထား​ရာ သန့်​ရှင်း​မြင့်​မြတ်​သည့်​ဌာ​န​ပါ​ရှိ​၍ သူ​တို့ နေ​ထိုင်​ရန်​အိမ်​များ​ရှိ​ရာ​အ​ပိုင်း​နှင့်​ဗိ​မာန် တော်​တည်​ရှိ​ရာ​အ​ပိုင်း​ပါ​ရှိ​လိမ့်​မည်။-
4 É ela uma porção santa da terra; será para os sacerdotes, ministros do santuário, que se aproximam do Senhor para o servir; e lhes servirá de lugar para suas casas, e de lugar santo para o santuário.
5 ကျန်​မြေ​ကွက်​တစ်​ဝက်​တွင်​ဗိ​မာန်​တော် ဝေ​ယျာ​ဝစ္စ​ကို​ဆောင်​ရွက်​ရ​သူ​လေ​ဝိ​အ​နွယ် ဝင်​တို့​အ​တွက်​မြို့​များ​တည်​ဆောက်​ရန်​ဖြစ် ရ​မည်။
5 Também os levitas, ministros da casa, terão vinte e cinco mil canas de comprimento, e dez mil de largura, para possessão sua, para vinte câmaras.
6 မြို့​တစ်​မြို့​တည်​ရန်​အ​တွက်​အ​လျား​ရှစ်​မိုင်၊ အ​နံ​ရှစ်​မိုင်​ရှိ​သော​မြေ​ယာ​ကို​လည်း​ဖယ် ထား​ရ​မည်။ ထို​မြေ​ယာ​သည်​သန့်​ရှင်း​မြင့် မြတ်​သည့်​နယ်​မြေ​နှင့်​ကပ်​လျက်​နေ​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နေ​ထိုင်​ရန် အ​တွက်​ဖြစ်​ရ​မည်။
6 E para possessão da cidade, de largura dareis cinco mil canas, e de comprimento vinte e cinco mil, ao lado da área santa; o que será para toda a casa de Israel.
7 နန်း​စံ​နေ​ဆဲ​မင်း​သား​အ​တွက်​မြေ​ယာ​တစ် ကွက်​ကို​လည်း​ဖယ်​ထား​ရ​မည်။ ယင်း​သည်​သန့် ရှင်း​မြင့်​မြတ်​သည့်​နယ်​မြေ​၏​အ​နောက်​ဘက် နယ်​နိ​မိတ်​မှ​အ​နောက်​ဘက်​သို့​လား​သော်​မြေ ထဲ​ပင်​လယ်​အ​ထိ၊ အ​ရှေ့​ဘက်​သို့​လား​သော် တိုင်း​ပြည်​၏​အ​ရှေ့​နယ်​နိ​မိတ်​အ​ထိ​ဖြစ်​ရ မည်။ ယင်း​၏​အ​လျား​သည်​ဣ​သ​ရေ​လ​အ​မျိုး နွယ်​တစ်​နွယ်​အ​တွက်​သတ်​မှတ်​ထား​သည့်​နယ် မြေ​၏​အ​လျား​အ​တိုင်း​ဖြစ်​ရ​မည်။-
7 O príncipe, porém, terá a sua parte deste lado e do outro da área santa e da possessão da cidade, defronte da área santa e defronte da possessão da cidade, tanto ao lado ocidental, como ao lado oriental; e de comprimento corresponderá a uma das porções, desde o termo ocidental até o termo oriental.
8 ဤ​နယ်​မြေ​သည်​နန်း​စံ​နေ​ဆဲ​ဖြစ်​သော​မင်း သား​၏​ဝေ​စု​ဖြစ်​စေ​ရ​မည်။ သို့​မှ​သာ​လျှင် သူ​သည်​ပြည်​သူ​တို့​အား​နှိပ်​စက်​က​လူ​မ​ပြု တော့​ဘဲ​ဣ​သ​ရေ​လ​အ​နွယ်​အ​သီး​သီး​တို့ အား​ကြွင်း​ကျန်​သည့်​မြေ​ယာ​များ​ကို​ပိုင် ဆိုင်​ခွင့်​ပေး​လိမ့်​မည်။
8 E esta terra será a sua possessão em Israel; e os meus príncipes não oprimirão mais o meu povo; mas distribuirão a terra pela casa de Israel, conforme as suas tribos.
9 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``အ​ချင်း​ဣသ​ရေ​လ မင်း​သား​တို့၊ သင်​တို့​အ​ပြစ်​ကူး​လွန်​လျက် နေ​သည်​မှာ​ကြာ​လေ​ပြီ။ သင်​တို့​၏​အ​ကြမ်း ဖက်​မှု​နှင့်​နှိပ်​စက်​က​လူ​ပြု​မှု​တို့​ကို​ရပ်​စဲ ကြ​လော့။ မှန်​ရာ​တ​ရား​မျှ​တ​ရာ​တို့​ကို​ပြု ကျင့်​ကြ​လော့။ သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော် အား​တိုင်း​ပြည်​မှ​နောက်​ထပ်​ဘယ်​အ​ခါ​၌​မျှ မ​နှင်​မ​ထုတ်​ရ​ကြ။ ဤ​ကား​သင်​တို့​အား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏။
9 Assim diz o Senhor Deus: Baste-vos, ó príncipes de Israel; afastai a violência e a opressão e praticai a retidão e a justiça; aliviai o meu povo das vossas exações, diz o Senhor Deus.
10 ``လူ​တိုင်း​ပင်​အ​လေး​မှန်​တင်း​မှန်​ကို​အ​သုံး ပြု​ရ​ကြ​မည်။
10 Tereis balanças justas, efa justa, e bato justo.
11 ``ကုန်​ခြောက်​ကို​ခြင်​တွယ်​သည့်​ဧ​ဖာ​သည် အရည်​ကို​ခြင်​တွယ်​သည့်​ဗတ်​နှင့်​တူ​ညီ​ရ​မည်။ ဟောမဲ​ကို​အ​မှီ​ပြု​၍​ခြင်​တွယ်​ရ​သည်။
11 A efa e o bato serão duma mesma medida, de maneira que o bato contenha a décima parte do hômer, e a efa a décima parte do hômer; o hômer será a medida padrão.
12 ``သင်​တို့​၏​အ​လေး​များ​သည်​အောက်​ပါ အ​တိုင်း​ဖြစ်​ရ​မည်။
12 E o siclo será de vinte jeiras; cinco siclos serão cinco siclos, e dez siclos serão dez; a vossa mina será de cinqüenta siclos.
13 — ausente —
13 Esta será a oferta que haveis de fazer: a sexta parte duma efa de cada hômer de trigo; também dareis a sexta parte duma efa de cada hômer de cevada;
14 — ausente —
14 quanto à porção fixa do azeite, de cada bato de azeite oferecereis a décima parte do bato tirado dum coro, que é dez batos, a saber, um hômer; pois dez batos fazem um hômer;
15 — ausente —
15 e um cordeiro do rebanho, de cada duzentos, de todas as famílias de Israel, para oferta de cereais, e para holocausto, e para oferta pacífica, para que façam expiação por eles, diz o Senhor Deus.
16 ``ပြည်​သူ​အ​ပေါင်း​တို့​သည်​ဤ​ပူ​ဇော်​သကာ များ​ကို​နန်း​စံ​နေ​ဆဲ​မင်း​သား​ထံ​သို့​ယူ ဆောင်​သွား​ရ​ကြ​မည်။-
16 Todo o povo da terra fará esta contribuição ao príncipe de Israel.
17 လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့​နှင့်​အ​ခြား​ပွဲ​နေ့​တို့​၌ ဣသ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​အ​တွက် မီး​ရှို့​ရာ​ယဇ်​အ​တွက်​တိ​ရစ္ဆာန်​များ၊ ဘော​ဇဉ် ပူ​ဇော်​သ​ကာ​များ​နှင့်​စ​ပျစ်​ရည်​ပူ​ဇော် သ​ကာ​များ​ကို​နန်း​စံ​နေ​ဆဲ​မင်း​သား​သည် ဆက်​သ​ရ​သော​တာ​ဝန်​ရှိ​သည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပြစ်​များ ပြေ​စေ​ခြင်း​ငှာ​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဘော​ဇဉ် ပူဇော်​သကာ၊ မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယဇ် တို့​အ​တွက်​စီ​မံ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
17 Tocará ao príncipe dar os holocaustos, as ofertas de cereais e as libações, nas festas, nas luas novas e nos sábados, em todas as festas fixas da casa de Israel. Ele proverá a oferta pelo pecado, a oferta de cereais, o holocausto e as ofertas pacíficas, para fazer expiação pela casa de Israel.
18 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``သင်​သည် ပ​ထ​မ​လ၊ လ​ဆန်း​တစ်​ရက်​နေ့​၌​ဗိ​မာန်​တော် ကို​သန့်​စင်​စေ​ရန်​အ​တွက် အ​ပြစ်​အ​နာ​အ​ဆာ ကင်း​သည့်​နွား​ထီး​တစ်​ကောင်​ကို​ယဇ်​ပူ​ဇော် ရ​မည်။-
18 Assim diz o Senhor Deus: No primeiro mês, no primeiro dia do mês, tomarás um bezerro sem mancha, e purificarás o santuário.
19 ယဇ်​ပု​ရော​ဟိတ်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ် ကောင်​၏​သွေး​အ​နည်း​ငယ်​ကို​ယူ​၍ ဗိ​မာန် တော်​တံ​ခါး​တိုင်​များ၊ ယဇ်​ပလ္လင်​၏​ထောင့် လေး​ထောင့်​နှင့် တံ​တိုင်း​အ​တွင်း​ရှိ​ဝင်း​သို့ ဝင်​ရာ​တံ​ခါး​တိုင်​များ​ကို​သုတ်​ရ​မည်။-
19 O sacerdote tomará do sangue da oferta pelo pecado, e pô-lo-á nas ombreiras da casa, e nos quatro cantos da saliência do altar e nas ombreiras da porta do átrio interior.
20 မည်​သူ​မ​ဆို​အ​မှု​မဲ့​အ​မှတ်​မဲ့​သော်​လည်း ကောင်း၊ မ​သိ​နား​မ​လည်​သ​ဖြင့်​သော်​လည်း ကောင်း​အ​ပြစ်​ကူး​လွန်​မိ​ခဲ့​လျှင်​ထို​သူ အ​ပြစ်​ဖြေ​ရန်​အ​တွက်​ထို​လ​ဆန်း​ခု​နစ် ရက်​နေ့​၌​ဤ​နည်း​အ​တိုင်း​ပင်​ပြု​ရ​မည်။ ဤ နည်း​အား​ဖြင့်​သင်​သည်​ဗိ​မာန်​တော်​ကို​သန့် စင်​စွာ​ထား​ရှိ​ရ​မည်။
20 Assim também farás no sétimo dia do mês, pelos errados e pelos insensatos; assim fareis expiação pelo templo.
21 ပ​ထ​မ​လ၊ လ​ဆန်း​တစ်​ဆယ့်​လေး​ရက်​နေ့ ၌​ပ​သ​ခါ​ပွဲ​တော်​ကို​စ​တင်​ကျင်း​ပ​ရ​မည်။ လူ​တိုင်း​ပင်​တ​ဆေး​မဲ့​မုန့်​ကို​ခု​နစ်​ရက်​တိုင် တိုင်​စား​ရ​ကြ​မည်။-
21 No primeiro mês, no dia catorze de mês, tereis a páscoa, uma festa de sete dias; pão ázimo se comerá.
22 ပွဲ​တော်​ပ​ထ​မ​နေ့​၌​နန်း​စံ​နေ​ဆဲ​မင်း​သား သည်​မိ​မိ​၏​အ​တွက်​နှင့်​လူ​အ​ပေါင်း​တို့ အ​တွက်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​နွား​ထီး တစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။-
22 E no mesmo dia o príncipe proverá, por si e por todo o povo da terra, um novilho como oferta pelo pecado.
23 သူ​သည်​ခု​နစ်​ရက်​ပတ်​လုံး​နေ့​စဉ်​နေ့​တိုင်း ထာ​ဝ​ရ​ဘု​ရား​အား​အ​ပြစ်​အ​နာ​ဆာ​ကင်း သည့်​နွား​ထီး​ခု​နစ်​ကောင်​နှင့်​သိုး​ထီး​ခု​နစ် ကောင်​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ဆိတ်​ထီး​တစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။-
23 E nos sete dias da festa proverá um holocausto ao Senhor, de sete novilhos e sete carneiros sem mancha, cada dia durante os sete dias; e um bode cada dia como oferta pelo pecado.
24 ယဇ်​ပူ​ဇော်​သော​နွား​ထီး​တစ်​ကောင်​နှင့်​သိုး​ထီး တစ်​ကောင်​လျှင်​မုန့်​ညက်​တင်း​ဝက်၊ သံ​လွင်​ဆီ တစ်​ပိ​ဿာ​ငါး​ဆယ်​သား​ကို​လည်း​ပူ​ဇော်​ရ မည်။
24 Também proverá uma oferta de cereais, uma efa para cada novilho, e uma efa para cada carneiro, e um e him de azeite para cada efa.
25 ``သတ္တ​မ​လ၊ လ​ဆန်း​ဆယ့်​ငါး​ရက်​နေ့​၌​အ​စ ပြု​သော​သ​ကေ​နေ​ပွဲ​တော်​အ​တွက်​မင်း​သား သည်​ပွဲ​တော်​ရက်​ခု​နစ်​ရက်​တိုင်​တိုင်​နေ့​စဉ် အ​ပြစ်​ဖြေ​ရာ​ယဇ်၊ မီး​ရှို့​ရာ​ယဇ်၊ မုန့်​ညက်​နှင့် သံ​လွင်​ဆီ​ပူ​ဇော်​သကာ​တို့​ကို​ယ​ခင်​က​နည်း အ​တိုင်း​ပူ​ဇော်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
25 No sétimo mês, no dia quinze do mês, na festa, fará o mesmo por sete dias, segundo a oferta pelo pecado, segundo o holocausto, segundo a oferta de cereais, e segundo o azeite.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Ezequiel 45, comparar traduções ou montar um estudo — tudo direto pelo WhatsApp.