Ezequiel 44

Common Language Bible (MYA) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 ထို​လူ​သည်​ငါ့​အား​ဗိ​မာန်​တော်​မြေ​ယာ​၏ အ​ရှေ့​ဘက်​ပိုင်း​၌​ရှိ​သော အ​ပြင်​မုခ်​ပေါက် သို့​ခေါ်​ဆောင်​သွား​၏။ မုခ်​တံ​ခါး​သည်​ပိတ် လျက်​ရှိ​၏။-
1 Então, o homem me fez voltar para o caminho da porta exterior do santuário, que olha para o oriente, a qual estava fechada.
2 ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ဤ​တံ​ခါး​ကို ပိတ်​ထား​ရ​မည်။ အ​ဘယ်​အ​ခါ​၌​မျှ​ဖွင့်​ရ မည်​မ​ဟုတ်။ လူ​သား​မှန်​သ​မျှ​ဤ​တံ​ခါး​ကို အ​သုံး​ပြု​ခွင့်​မ​ရှိ။ အ​ဘယ်​ကြောင့်​ဆို​သော် ဣ​သ​ရေ​လ​အ​မျို​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ထို​တံ​ခါး​ဖြင့်​ဝင်​တော် မူ​ခဲ့​သော​ကြောင့်​တည်း။-
2 Disse-me o Senhor : Esta porta permanecerá fechada, não se abrirá; ninguém entrará por ela, porque o Senhor , Deus de Israel, entrou por ela; por isso, permanecerá fechada.
3 သို့​ရာ​တွင်​ယ​ခု​နန်း​စံ​လျက်​ရှိ​သည့်​မင်း​သား သည်​ကား ထို​အ​ရပ်​သို့​သွား​၍​ငါ​၏​ရှေ့​တော် တွင်​သန့်​ရှင်း​မြင့်​မြတ်​သည့်​စား​ဖွယ်​ခဲ​ဖွယ်​ကို စား​သောက်​နိုင်​ခွင့်​ရှိ​၏။ သူ​သည်​အ​စွန်​ဆုံး​ရှိ အ​ခန်း​ကြီး​ကို​ဖြတ်​၍​ဤ​တံ​ခါး​ဖြင့်​ဝင် ထွက်​သွား​လာ​ရန်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
3 Quanto ao príncipe, ele se assentará ali por ser príncipe, para comer o pão diante do Senhor ; pelo vestíbulo da porta entrará e por aí mesmo sairá.
4 ထို​နောက်​ထို​လူ​သည်​ငါ့​အား​မြောက်​မုခ်​ပေါက် ကို​ဖြတ်​၍ ဗိ​မာန်​တော်​ရှေ့​သို့​ခေါ်​ဆောင်​သွား ရာ​ငါ​ရှာ​ကြည့်​သော် ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန် တော်​တွင်​ကိုယ်​တော်​၏​တောက်​ပ​သော​ဘုန်း အ​သ​ရေ​တော်​နှင့်​ပြည့်​လျက်​နေ​သည်​ကို မြင်​ရ​၏။ ငါ​သည်​မြေ​ပေါ်​သို့​ပျပ်​ဝပ်​လိုက်​၏။-
4 Depois, o homem me levou pela porta do norte, diante da casa; olhei, e eis que a glória do Senhor enchia a Casa do Senhor ; então, caí rosto em terra.
5 ထာ​ဝ​ရ​ဘု​ရား​က​လည်း​ငါ့​အား``အ​ချင်း လူ​သား၊ သင်​မြင်​ရ​ကြား​ရ​သော​အ​ရာ​မှန် သ​မျှ​ကို​ဂ​ရု​ပြု​လော့။ ငါ​သည်​ဗိ​မာန်​တော် နှင့်​ဆိုင်​သော​စည်း​မျဉ်း​ဥ​ပ​ဒေ​များ​ကို​သင့် အား​ပြော​မည်။ အ​ဘယ်​သူ​တို့​သည်​ဗိ​မာန် တော်​သို့​ဝင်​ထွက်​ခွင့်​ရှိ​သည်​ကို​သေ​ချာ စွာ​မှတ်​သား​လော့။''
5 Disse-me o Senhor : Filho do homem, nota bem, e vê com os próprios olhos, e ouve com os próprios ouvidos tudo quanto eu te disser de todas as determinações a respeito da Casa do Senhor e de todas as leis dela; nota bem quem pode entrar no templo e quem deve ser excluído do santuário.
6 ``ပုန်​ကန်​တတ်​သော​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား မိ​မိ​တို့​ပြု​ကျင့်​လျက်​ရှိ​သည့်​စက် ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​သည်​ဆက်​လက်​သည်း​ခံ​လျက်​နေ​တော့ မည်​မ​ဟုတ်​ကြောင်း​ဆင့်​ဆို​လော့။-
6 Dize aos rebeldes, à casa de Israel: Assim diz o Senhor Deus: Bastem-vos todas as vossas abominações, ó casa de Israel!
7 ဆီ​ဥ​နှင့်​သွေး​ကို​ငါ့​အား​ပူ​ဇော်​ချိန်​၌​သူ တို့​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ လူ​မျိုး​ခြား​များ၊ ငါ​၏​စ​ကား​ကို​နား​မ ထောင်​သူ​များ​အား​ဗိ​မာန်​တော်​ထဲ​သို့​ဝင် ခွင့်​ပြု​လျက်​ငါ​၏​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း စေ​ကြ​၏။ သို့​ဖြစ်​၍​ငါ​၏​လူ​မျိုး​တော် သည်​မိ​မိ​တို့​၏​စက်​ဆုပ်​ဖွယ်​ရာ​အ​ကျင့် များ​အား​ဖြင့်​ငါ​၏​ပ​ဋိ​ညာဉ်​တော်​ကို ချိုး​ဖောက်​ကြ​လေ​ပြီ။-
7 Porquanto introduzistes estrangeiros, incircuncisos de coração e incircuncisos de carne, para estarem no meu santuário, para o profanarem em minha casa, quando ofereceis o meu pão, a gordura e o sangue; violastes a minha aliança com todas as vossas abominações.
8 သူ​တို့​သည်​ငါ​၏​ဗိ​မာန်​တော်​တွင်​သန့်​ရှင်း မြင့်​မြတ်​သည့်​ဝတ်​တို့​ကို​တာ​ဝန်​ယူ​၍ ဆောင်​ရွက်​မည့်​အ​စား​လူ​မျိုး​ခြား​တို့ အား​ဆောင်​ရွက်​စေ​ကြ​၏။
8 Não cumpristes as prescrições a respeito das minhas coisas sagradas; antes, constituístes em vosso lugar estrangeiros para executarem o serviço no meu santuário.
9 ``အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ​လူ​မျိုး ခြား​များ၊ ငါ​၏​စ​ကား​ကို​မ​နာ​ခံ​သူ​များ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ​နေ ထိုင်​သူ​လူ​မျိုး​ခြား​များ​ပင်​ဖြစ်​စေ​ကာ​မူ ငါ​၏​ဗိ​မာန်​တော်​သို့​ဝင်​ရ​ကြ​မည်​မ​ဟုတ် ကြောင်း​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​ဆို ၏'' ဟု​မိန့်​တော်​မူ​၏။
9 Assim diz o Senhor Deus: Nenhum estrangeiro que se encontra no meio dos filhos de Israel, incircunciso de coração ou incircunciso de carne, entrará no meu santuário.
10 ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား​ရုပ်​တု​များ​ကို​ကိုး ကွယ်​သူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ ငါ့​အား​စွန့်​ပယ်​ကြ​သော​လေ​ဝိ​အ​နွယ်​ဝင် တို့​သည်​အ​ပြစ်​ပေး​ခြင်း​ကို​ခံ​ရ​ကြ​မည်။-
10 Os levitas, porém, que se apartaram para longe de mim, quando Israel andava errado, que andavam transviados, desviados de mim, para irem atrás dos seus ídolos, bem levarão sobre si a sua iniquidade.
11 သူ​တို့​သည်​ဗိ​မာန်​တော်​တံ​ခါး​မှူး​များ​အ​ဖြစ် ဖြင့်​လည်း​ကောင်း၊ ဗိ​မာန်​တော်​၏​ဝေ​ယျာ​ဝစ္စ​ကို ဆောင်​ရွက်​သူ​များ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ငါ ၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​နိုင်​ခွင့်​ရှိ​ကြ​၏။ သူ တို့​သည်​မီး​ရှို့​ရာ​ပူ​ဇော်​သကာ​နှင့်​ယဇ်​ပူ​ဇော်​ရန် အ​တွက်​လူ​တို့​ပေး​အပ်​ကြ​သည့်​တိ​ရစ္ဆာန်​များ သတ်​နိုင်​ခွင့်​ရှိ​၏။ ထို​မှ​တစ်​ပါး​လည်း​သူ​တို့ သည်​အ​ကူ​အ​ညီ​ပေး​ရန်​အ​တွက်​ဗိ​မာန် တော်​တွင်​ရှိ​နေ​ရ​ကြ​မည်။-
11 Contudo, eles servirão no meu santuário como guardas nas portas do templo e ministros dele; eles imolarão o holocausto e o sacrifício para o povo e estarão perante este para lhe servir.
12 သို့​ရာ​တွင်​သူ​တို့​သည်​ဣ​သ​ရေ​လ​အမျိုး​သား တို့​အား​ရုပ်​တု​ကိုး​ကွယ်​မှု​တွင်​ဦး​စီး​ခေါင်း ဆောင်​ပြု​ကာ​အ​ပြစ်​ကူး​လွန်​စေ​ခဲ့​ကြ​သ​ဖြင့် အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​မည်​ဖြစ်​ကြောင်း​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ကျိန်​ဆို​၏။-
12 Porque lhe ministraram diante dos seus ídolos e serviram à casa de Israel de tropeço de maldade; por isso, levantando a mão, jurei a respeito deles, diz o Senhor Deus, que eles levarão sobre si a sua iniquidade.
13 သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့်​ငါ ၏​အ​မှု​တော်​ကို​မ​ဆောင်​ရွက်​ရ​ကြ။ သန့်​ရှင်း မြင့်​မြတ်​ရာ​တစ်​စုံ​တစ်​ခု​အ​နား​သို့​မျှ လည်း​မ​ချဉ်း​မ​ကပ်​ရ​ကြ။ အ​လွန်​သန့်​ရှင်း ရာ​ဌာ​န​တော်​သို့​လည်း​မ​ဝင်​ရ​ကြ။ ဤ အ​ပြစ်​ဒဏ်​ကား​သူ​တို့​ပြု​ခဲ့​သည့်​စက်​ဆုပ် ဖွယ်​ရာ​အ​မှု​များ​အ​တွက်​ဖြစ်​၏။-
13 Não se chegarão a mim, para me servirem no sacerdócio, nem se chegarão a nenhuma de todas as minhas coisas sagradas, que são santíssimas, mas levarão sobre si a sua vergonha e as suas abominações que cometeram.
14 ဗိ​မာန်​တော်​တွင်​အ​စေ​ခံ​များ​သာ​လုပ်​ဆောင် အပ်​သော​အ​မှု​ခပ်​သိမ်း​ကို​ဆောင်​ရွက်​ရန်​သူ တို့​အား​ငါ​ခန့်​ထား​မည်'' ဟု​မိန့်​တော်​မူ​၏။
14 Contudo, eu os encarregarei da guarda do templo, e de todo o serviço, e de tudo o que se fizer nele.
15 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သို့​ရာ​တွင်​အ​ခြား ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ငါ့​အား ကျော​ခိုင်း​သွား​ကြ​သော​အ​ခါ​ဇာ​ဒုတ်​၏​သား မြေး​လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​တို့ သည်​ဆက်​လက်​၍​ဗိ​မာန်​တော်​တွင်​ငါ​၏​အ​မှု တော်​ကို​သစ္စာ​ရှိ​စွာ​ဆောင်​ရွက်​ခဲ့​ကြ​၏။ သို့ ဖြစ်​၍​သူ​တို့​သည်​ယ​ခု​ငါ​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​ရ​သူ​များ​ဖြစ်​ကြ​မည်။ ငါ ၏​အ​ထံ​တော်​သို့​ဝင်​၍​ယဇ်​ကောင်​များ​၏ ဆီ​ဥ​နှင့်​သွေး​ကို​ပူ​ဇော်​ရ​ကြ​မည်။-
15 Mas os sacerdotes levitas, os filhos de Zadoque, que cumpriram as prescrições do meu santuário, quando os filhos de Israel se extraviaram de mim, eles se chegarão a mim, para me servirem, e estarão diante de mim, para me oferecerem a gordura e o sangue, diz o Senhor Deus.
16 သူ​တို့​သာ​လျှင်​ငါ​၏​ဗိ​မာန်​တော်​သို့​ဝင် ပြီး​လျှင်​ငါ​၏​ယဇ်​ပလ္လင်​တွင်​အ​မှု​တော် ဆောင်​၍ ဗိ​မာန်​တော်​တွင်​ဝတ်​ပြု​ကိုး​ကွယ် မှု​ကို​ဦး​ဆောင်​ရ​မည်။-
16 Eles entrarão no meu santuário, e se chegarão à minha mesa, para me servirem, e cumprirão as minhas prescrições.
17 သူ​တို့​သည်​မုခ်​ပေါက်​မှ​ဗိ​မာန်​တော်​၏​တံ​တိုင်း အ​တွင်း​သို့ ဝင်​သော​အ​ခါ​ပိတ်​ချော​ထည်​ကို ဝတ်​ဆင်​ရ​ကြ​မည်။ တံ​တိုင်း​အ​တွင်း​ရှိ​ဝင်း ထဲ​၌​သော်​လည်း​ကောင်း၊ ဗိ​မာန်​တော်​ထဲ​၌ သော်​လည်း​ကောင်း တာ​ဝန်​ထမ်း​ဆောင်​နေ​စဉ် မည်​သည့်​သိုး​မွေး​ထည်​ကို​မျှ​မ​ဝတ်​မ​ဆင် ရ​ကြ။-
17 E será que, quando entrarem pelas portas do átrio interior, usarão vestes de linho; não se porá lã sobre eles, quando servirem nas portas do átrio interior, dentro do templo.
18 ချွေး​မ​ထွက်​စေ​ရန်​ပိတ်​ချော​ခေါင်း​ပေါင်း​ကို ပေါင်း​၍​ပိတ်​ချော​ဘောင်း​ဘီ​ကို​ဝတ်​ဆင်​ရ ကြ​မည်။ ခါး​ပတ်​ကို​မ​ဝတ်​ရ​ကြ။-
18 Tiaras de linho lhes estarão sobre a cabeça, e calções de linho sobre as coxas; não se cingirão a ponto de lhes vir suor.
19 လူ​များ​ရှိ​ရာ​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မ​ထွက် မီ​သူ​တို့​သည်​မိ​မိ​တို့​တာ​ဝန်​ထမ်း​ဆောင်​စဉ် က​ဝတ်​ဆင်​ထား​သည့်​အ​ဝတ်​များ​ကို​ချွတ်​၍ သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​ခန်း​များ​တွင်​ထား ခဲ့​ရ​ကြ​မည်။ လူ​တို့​အား​ဘေး​အန္တ​ရာယ်​မ​ပေး ရန်​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​ဝတ်​အ​ထည်​များ ကို​အခြား​အ​ဝတ်​များ​နှင့်​လဲ​၍​ဝတ်​ရ​ကြ မည်။
19 Saindo eles ao átrio exterior, ao povo, despirão as vestes com que ministraram, pô-las-ão nas santas câmaras e usarão outras vestes, para que, com as suas vestes, não santifiquem o povo.
20 ``သူ​တို့​သည်​မိ​မိ​တို့​၏​ဦး​ခေါင်း​ကို​မ​ရိတ်​ရ ကြ။ ဆံ​ပင်​ရှည်​အောင်​လည်း​မ​ထား​ရ​ကြ။ သင့် တော်​လျောက်​ပတ်​သ​လောက်​သာ​အ​ရှည်​ထား ရ​မည်။-
20 Não raparão a cabeça, nem deixarão crescer o cabelo; antes, como convém, tosquiarão a cabeça.
21 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​တံ​တိုင်း​အ​တွင်း ရှိ​ဝင်း​သို့​မ​ဝင်​မီ​စ​ပျစ်​ရည်​ကို​မ​သောက် ရ​ကြ။-
21 Nenhum sacerdote beberá vinho quando entrar no átrio interior.
22 အ​ဘယ်​ယဇ်​ပု​ရော​ဟိတ်​မျှ​ကွာ​ရှင်း​ထား သည့်​အ​မျိုး​သ​မီး​နှင့်​မ​ထိမ်း​မြား​ရ။ ဣ သ​ရေ​လ​အ​ပျို​စင် သို့​မ​ဟုတ်​အ​ခြား​ယဇ် ပု​ရော​ဟိတ်​တစ်​ဦး​၏​မု​ဆိုး​မ​နှင့်​သာ​လျှင် ထိမ်း​မြား​ရ​မည်။ အ​ခြား​မု​ဆိုး​မ​နှင့်​မ ထိမ်း​မြား​ရ။
22 Não se casarão nem com viúva nem com repudiada, mas tomarão virgens da linhagem da casa de Israel ou viúva que o for de sacerdote.
23 ``ယဇ်​ပု​ရော​ဟိတ်​တို့​သည်​သန့်​ရှင်း​မြင့်​မြတ် သော​အ​ရာ​နှင့်​မ​သန့်​ရှင်း​မ​မြင့်​မြတ်​သော အ​ရာ​တို့​ကွာ​ခြား​ပုံ၊ ဘာ​သာ​ရေး​အ​ရ​သန့် စင်​သော​အ​ရာ​နှင့်​မ​သန့်​စင်​သော​အ​ရာ​ကွာ ခြား​ပုံ​ကို​လူ​တို့​အား​သင်​ကြား​ပေး​ရ​မည်။-
23 A meu povo ensinarão a distinguir entre o santo e o profano e o farão discernir entre o imundo e o limpo.
24 အ​မှု​အ​ခင်း​တစ်​စုံ​တစ်​ရာ​ပေါ်​ပေါက်​လာ သော​အ​ခါ သူ​တို့​သည်​ငါ​၏​ပ​ညတ်​များ အ​ရ​စီ​ရင်​ဆုံး​ဖြတ်​ရ​ကြ​မည်။ ဘာ​သာ​ရေး ပွဲ​လမ်း​သ​ဘင်​များ​ကို ငါ​၏​ဥ​ပ​ဒေ​စည်း မျဉ်း​နှင့်​အ​မိန့်​များ​အ​ရ​ကျင်း​ပ​ရ​ကြ မည်။ ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​မြင့်​မြတ်​သည့် နေ့​အ​ဖြစ်​ဖြင့်​စောင့်​ထိန်း​ရ​ကြ​မည်။
24 Quando houver contenda, eles assistirão a ela para a julgarem; pelo meu direito julgarão; as minhas leis e os meus estatutos em todas as festas fixas guardarão e santificarão os meus sábados.
25 ``ယဇ်​ပု​ရော​ဟိတ်​သည်​လူ​သေ​အ​လောင်း ကို​တို့​ထိ​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ်​ကို​ဘာ​သာ ရေး​အ​ရ​ညစ်​ညမ်း​အောင်​မ​ပြု​ရ။ သို့​ရာ​တွင် သူ​သည်​မိ​မိ​၏​မိဘ၊ သား​သ​မီး၊ ညီ​အစ်​ကို၊ လင်​မ​ရှိ​သော​နှ​မ၊ အစ်​မ​တို့​၏​အ​လောင်း ကို​မူ​တို့​ထိ​နိုင်​လေ​သည်။-
25 Não se aproximarão de nenhuma pessoa morta, porque se contaminariam; somente por pai, ou mãe, ou filho, ou filha, ou irmão, ou por irmã que não tiver marido, se poderão contaminar.
26 ယင်း​သို့​မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း​စေ​ပြီး​နောက် သူ​သည်​ခု​နစ်​ရက်​မျှ​ဆိုင်း​ငံ့​လျက်​နေ​ရ မည်။-
26 Depois de ser ele purificado, contar-se-lhe-ão sete dias.
27 ထို​နောက်​ဗိ​မာန်​တော်​တံ​တိုင်း​အ​တွင်း​ရှိ​ဝင်း သို့​ဝင်​၍​မိ​မိ​၏​သန့်​စင်​မှု​အ​တွက်​ယဇ်​ကို ပူ​ဇော်​ရ​မည်။ သို့​မှ​သာ​လျှင်​သူ​သည်​ဗိ​မာန် တော်​တွင်​ပြန်​၍​အ​မှု​တော်​ထမ်း​ဆောင်​နိုင် မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
27 No dia em que ele entrar no lugar santo, no átrio interior, para ministrar no lugar santo, apresentará a sua oferta pelo pecado, diz o Senhor Deus.
28 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ငါ​ပေး အပ်​သည့်​အ​ရာ​များ​အ​နက်​ယဇ်​ပု​ရော​ဟိတ် တို့​ခံ​ယူ​ရ​မည့်​ဝေ​စု​မှာ​ယဇ်​ပု​ရော​ဟိတ်​ရာ ထူး​ပင်​ဖြစ်​၏။ သူ​တို့​သည်​ဣ​သ​ရေ​လ​ပြည် တွင်​မြေ​ယာ​ပိုင်​ဆိုင်​ခွင့်​မ​ရှိ​စေ​ရ။ ငါ့​ကို သာ​လျှင်​သူ​တို့​လို​အပ်​သည်။-
28 Os sacerdotes terão uma herança; eu sou a sua herança. Não lhes dareis possessão em Israel; eu sou a sua possessão.
29 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဘော​ဇဉ်​ပူ​ဇော်​သကာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့်​ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ် တို့​ကို​စား​သုံး​ကြ​ရ​မည်။ ထို​မှ​တစ်​ပါး​လည်း သူ​တို့​သည်​ဣ​သ​ရေ​လ​ပြည်​တွင် ငါ​၏​အ​တွက် သီး​သန့်​ထား​သ​မျှ​သော​အ​ရာ​မှန်​သ​မျှ​ကို ရ​ရှိ​ကြ​လိမ့်​မည်။-
29 A oferta de manjares, e a oferta pelo pecado, e a pela culpa eles comerão; e toda coisa consagrada em Israel será deles.
30 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ကောက်​ဦး​စ​ပါး အ​ကောင်း​ဆုံး​နှင့်​ငါ့​အား​ဆက်​သ​သည့်​အ​ခြား ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ​ကို​ခံ​ယူ​ရ​ရှိ​ကြ​လိမ့် မည်။ လူ​တို့​သည်​မုန့်​များ​ကို​ဖုတ်​သည့်​အ​ခါ တိုင်း​ယဇ်​ပု​ရော​ဟိတ်​တို့​အား​အ​ဦး​ဆုံး​ဖုတ် သည့်​မုန့်​ကို​ပူ​ဇော်​သကာ​အ​ဖြစ်​ပေး​လှူ​ရ​ကြ မည်။ ထို​အ​ခါ​ငါ​၏​ကောင်း​ချီး​မင်္ဂ​လာ​သည် သူ​တို့​၏​အိမ်​များ​အ​ပေါ်​သို့​သက်​ရောက် လိမ့်​မည်။-
30 O melhor de todos os primeiros frutos de toda espécie e toda oferta serão dos sacerdotes; também as primeiras das vossas massas dareis ao sacerdote, para que faça repousar a bênção sobre a vossa casa.
31 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​အ​လို​အ​လျောက် ဖြစ်​စေ၊ သား​ရဲ​ကိုက်​၍​သေ​သော​ငှက်​သို့​မ ဟုတ်​တိ​ရစ္ဆာန်​၏​အသား​ကို​ဖြစ်​စေ​မ​စား ရ​ကြ'' ဟု​မိန့်​တော်​မူ​၏။
31 Não comerão os sacerdotes coisa alguma que de si mesma haja morrido ou tenha sido dilacerada de aves e de animais.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Ezequiel 44, comparar traduções ou montar um estudo — tudo direto pelo WhatsApp.