Ezequiel 41

Common Language Bible (MYA) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 ထို​နောက်​ထို​လူ​သည်​ငါ့​အား​သန့်​ရှင်း​ရာ ဌာ​န​တည်း​ဟူ​သော ဗိ​မာန်​တော်​အ​လယ်​ခန်း သို့​ခေါ်​ဆောင်​သွား​ကာ ဗိ​မာန်​တော်​မုခ်​ပေါက် လမ်း​ကို​တိုင်း​တာ​၍​ကြည့်​၏။ ထို​လမ်း​သည် ထု​ဆယ်​ပေ၊-
1 Depois, o homem me levou ao salão central, o Lugar Santo . Ele mediu a passagem que dava para esse salão, e tinha três metros de comprimento
2 အ​နံ​တစ်​ဆယ့်​ခု​နစ်​ပေ​ရှိ​၏။ ယင်း​၏​ဝဲ​ယာ နံ​ရံ​များ​သည်​ထု​ရှစ်​ပေ​စီ​ရှိ​၏။ အ​လယ် ခန်း​ကို​တိုင်း​တာ​ကြည့်​သော​အ​ခါ​အ​လျား ခြောက်​ဆယ့်​ရှစ်​ပေ၊ အနံ​သုံး​ဆယ့်​လေး​ပေ ရှိ​သည်​ကို​တွေ့​ရ​၏။
2 por cinco de largura, com paredes de dois metros e meio de cada lado. E mediu o salão, que tinha vinte metros de comprimento por dez de largura.
3 ထို​နောက်​သူ​သည်​အ​တွင်း​ဆုံး​အ​ခန်း​သို့ ဝင်​၏။ ထို​အ​ခန်း​အ​ဝင်​လမ်း​ကို​တိုင်း​တာ ကြည့်​ရာ​ထု​သုံး​ပေ၊ အ​နံ​ဆယ်​ပေ​ရှိ​လေ သည်။ ဝဲ​ယာ​ရှိ​နံ​ရံ​များ​မှာ​ထု​တစ်​ဆယ့် နှစ်​ပေ​ရှိ​သ​တည်း။-
3 Em seguida, ele foi até o último salão. Mediu a passagem que dava para ele, e tinha um metro de comprimento por três de largura; dos dois lados havia paredes de três metros e meio de grossura.
4 ထို​သူ​သည်​ဤ​အ​ခန်း​ကို​တိုင်း​၍​ကြည့် ၏။ ယင်း​သည်​အ​လျား​အ​နံ​သုံး​ဆယ့်​လေး ပေ​စီ​ရှိ​၏။ ထို​နောက်​သူ​သည်​ငါ့​အား``ဤ အ​ခန်း​ကား​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​ပင်​တည်း'' ဟု​ဆို​၏။
4 Também mediu o salão; era quadrado, com dez metros de cada lado, e ficava adiante do salão central. Aí o homem me disse: — Este é o
5 ထို​လူ​သည်​ဗိ​မာန်​တော်​အ​ဆောက်​အ​အုံ အ​တွင်း​နံ​ရံ​၏​ထု​ကို​တိုင်း​၍​ကြည့်​ရာ ဆယ်​ပေ​ရှိ​၏။ ထို​နံ​ရံ​ကို​ကပ်​၍​ဗိ​မာန် တော်​ပတ်​လည်​၌​အ​ကျယ်​ခု​နစ်​ပေ​ရှိ အ​ခန်း​ငယ်​များ​ရှိ​၏။-
5 O homem mediu a grossura da parede interna do Templo, e era de três metros. Em toda a volta do Templo havia uma porção de pequenos cômodos encostados na parede, medindo dois metros de largura cada um.
6 ထို​အ​ခန်း​များ​သည်​အ​ထပ်​သုံး​ထပ်​ရှိ ၍​တစ်​ထပ်​လျှင် အ​ခန်း​ငယ်​ပေါင်း​သုံး​ဆယ် စီ​ရှိ​၏။ ဗိ​မာန်​တော်​ဘက်​မှ​နံ​ရံ​များ​သည် တစ်​ထပ်​နှင့်​တစ်​ထပ်​ထု​ချင်း​မ​တူ​ကြ။ အောက် ထပ်​နံ​ရံ​က​အ​ထက်​ထပ်​နံ​ရံ​ထက်​ပို​၍ ထူ​၏။ ဤ​နည်း​အား​ဖြင့်​အ​ခန်း​ငယ်​များ ကို​နံ​ရံ​နှင့်​ချိတ်​ဆက်​၍​ဆောက်​မည့်​အ​စား၊ ထု​ထည်​ကြီး​သော​နံ​ရံ​ချွန်း​ပေါ်​တွင် တင်​၍​ဆောက်​လုပ်​ထား​လေ​သည်။-
6 Esses cômodos estavam em três andares, trinta cômodos em cada andar. A parede de fora do Templo ia ficando mais estreita em cada andar, e assim os cômodos estavam encostados na parede, mas não eram presos nela.
7 သို့​ဖြစ်​၍​အောက်​ထပ်​မှ​အ​လယ်​ထပ်​သို့ လည်း​ကောင်း၊ အ​လယ်​ထပ်​မှ​အ​ထက်​ထပ် သို့​လည်း​ကောင်း​သွား​လာ​နိုင်​ကြ​၏။ ဗိ​မာန် တော်​နံ​ရံ​ပတ်​လည်​မှ​အ​ခန်း​များ​၏​ရှေ့ တွင်​လှေ​ကား​ကျယ်​နှစ်​ခု​ရှိ​၏။ ထို​အ​ခန်း ရှိ​နေ​ခြင်း​ကြောင့်​ဗိ​မာန်​တော်​နံ​ရံ​များ ၏​ထု​ထည်​ကို​အောက်​ဆုံး​မှ​အ​ထက်​ဆုံး အ​ထိ​တစ်​ညီ​တည်း​ဟု​ထင်​မှတ်​ရ​၏။-
7 Portanto, as paredes do Templo, vistas de fora, pareciam ter a mesma grossura de cima abaixo. Havia duas escadarias largas do lado de fora dos cômodos que estavam construídos encostados na parede do Templo, em toda a sua volta. Assim, podia-se subir do térreo ao andar do meio e ao andar de cima. A parede de fora desses cômodos tinha dois metros e meio de grossura. Havia uma porta que dava para os cômodos do lado norte do Templo, e uma que dava para os cômodos do lado sul. Vi que em volta do Templo havia um terraço que media dois metros e meio de largura. Esse terraço estava a três metros acima do chão e ficava no mesmo nível do alicerce dos cômodos que estavam ao lado das paredes do Templo. Em volta do Templo, entre o terraço e os edifícios usados pelos sacerdotes, havia um espaço livre de dez metros de largura.
12 ဗိ​မာန်​တော်​အ​နောက်​ဘက်​မြေ​လွတ်​အ​စွန်း တွင်​အ​ဆောက်​အ​အုံ​တစ်​ခု​ရှိ​၏။ ယင်း သည်​အလျား​တစ်​ရာ့​ငါး​ဆယ်​ပေ၊ အ​နံ တစ်​ရာ​တစ်​ဆယ့်​ခု​နစ်​ပေ​ရှိ​၏။ ထို​အ​ဆောက် အ​အုံ​၏​နံ​ရံ​တစ်​လျှောက်​လုံး​သည်​ထု ရှစ်​ပေ​ရှိ​၏။
12 Do lado oeste, no fim do espaço livre, havia um edifício que dava para o Templo. Tinha trinta e cinco metros de um lado e quarenta e cinco do outro. As suas paredes eram de dois metros e meio de grossura em toda a volta.
13 ထို​လူ​သည်​ဗိ​မာန်​တော်​အ​ပြင်​ပိုင်း​ကို​တိုင်း တာ​၍​ကြည့်​၏။ ယင်း​သည်​အ​လျား​ပေ​တစ် ရာ​ခု​နစ်​ဆယ်​ရှိ​၏။ ဗိ​မာန်​တော်​ကျော​ဘက် မှ​နေ​၍​မြေ​လွတ်​ကို​ဖြတ်​ကာ​အ​နောက် ဘက်​ဗိ​မာန်​တော်​အ​စွန်း​ဆုံး​အ​ပိုင်း​အ​ထိ ပေ​တစ်​ရာ​ခု​နစ်​ဆယ်​ရှိ​၏။-
13 O homem mediu o lado de fora do Templo: tinha cinquenta metros de comprimento. Do fundo do Templo, atravessando o pátio até a ponta do edifício do lado oeste, a distância também era de cinquenta metros.
14 ဝဲ​ယာ​မှ​မြေ​လွတ်​အ​ပါ​အ​ဝင်​ဗိ​မာန်​တော် မျက်​နှာ​စာ​ကို​ဖြတ်​၍​တိုင်း​တာ​ကြည့်​ရာ ပေ​တစ်​ရာ​ခု​နစ်​ဆယ်​ရှိ​လေ​သည်။-
14 A largura da frente do Templo, junto com o espaço livre dos dois lados, era de cinquenta metros.
15 ထို​လူ​သည်​ဝဲ​ယာ​ရှိ​စင်္ကြံ​များ​အ​ပါ​အ​ဝင် ဗိ​မာန်​တော်​၏​အ​နောက်​ဘက်​ကို​တိုင်း​တာ ကြည့်​ရာ ပေ​တစ်​ရာ​ခု​နစ်​ဆယ်​ရှိ​သည်​ကို တွေ့​ရ​၏။
15 O homem mediu o comprimento do edifício que ficava do lado oeste do Templo, no fim do espaço livre, e também os seus corredores de cada lado, e esse comprimento também era de cinquenta metros. O salão de entrada do Templo, o
16 ကြမ်း​ပြင်​မှ​ပြူ​တင်း​ပေါက်​များ​အ​ထိ သစ် သား​မှန်​ကွက်​ပုံ​များ​ဖြင့်​တပ်​ဆင်​ထား​၏။ ဤ​ပြူ​တင်း​ပေါက်​များ​ကို​လည်း ဖုံး​အုပ်​၍ ထား​နိုင်​၏။-
16 eram todos forrados de madeira, desde o chão até as janelas. Essas janelas podiam ser cobertas.
17 ဗိ​မာန်​တော်​အ​တွင်း​နံ​ရံ​များ​ကား​တံ​ခါး ပေါက်​အ​ထက်​အ​ထိ
17 Por dentro, as paredes do Templo, até o alto das portas, estavam todas cobertas de figuras entalhadas
18 စွန်​ပ​လွံ​ပင်​ပုံ​များ၊ ခေ​ရု​ဗိမ်​ရုပ်​ပုံ​များ​ကို ထု​လုပ်​၍​တန်​ဆာ​ဆင်​ထား​လေ​သည်။ အ​ခန်း ပတ်​လည်​တစ်​လျှောက်​လုံး​ဦး​စွာ​စွန်​ပ​လွံ ပင်​ပုံ၊ ထို​နောက်​ခေ​ရု​ဗိမ်​ရုပ်​ပုံ၊ ထို​နောက် စွန်​ပ​လွံ​ပင်​ပုံ​စ​သည်​ဖြင့်​ထု​လုပ်​ထား သ​တည်း။ ခေ​ရု​ဗိမ်​တစ်​ပါး​စီ​တွင်​မျက်​နှာ နှစ်​မျိုး​ရှိ​၏။-
18 de palmeiras e de animais com asas . Vinha primeiro uma palmeira e depois um animal e continuava assim em toda a volta. Cada animal tinha duas caras:
19 လူ​မျက်​နှာ​နှင့်​ခြင်္သေ့​မျက်​နှာ​ဖြစ်​၍ လူ​မျက် နှာ​သည်​စွန်​ပ​လွံ​ပင်​တစ်​ပင်​ဘက်​သို့​လှည့် ၍ ခြင်္သေ့​မျက်​နှာ​က​အ​ခြား​စွန်​ပ​လွံ​ပင် တစ်​ပင်​ဘက်​သို့​လှည့်​၍​နေ​၏။-
19 uma cara de homem, virada para a palmeira de um lado, e uma cara de leão, virada para a palmeira do outro lado. Era assim em toda a volta da parede,
20 ဤ​နည်း​အ​တိုင်း​နံ​ရံ​တစ်​လျှောက်​လုံး​တွင် ကြမ်း​ပြင်​မှ​တံ​ခါး​ပေါက်​အ​ထက်​တိုင် အောင်​အ​ရုပ်​များ​ထွင်း​ထု​လုပ်​၍​ထား လေ​သည်။-
20 desde o chão até o alto das portas.
21 သန့်​ရှင်း​ရာ​ဌာ​န​၏​တံ​ခါး​တိုင်​များ သည်​လေး​ထောင့်​တိုင်​များ​ဖြစ်​ကြ​၏။
21 Os batentes do Lugar Santo eram quadrados. Na frente da entrada do
22 ထို​အ​ရာ​သည်​ငါး​ပေ​မြင့်​၍​လေး​ပေ​ကျယ် ၏။ ယင်း​၏​ထောင့်​တိုင်​များ၊ အောက်​အ​ခြေ​ခံ ဖိ​နပ်​နှင့်​နံ​ရံ​များ​သည်​သစ်​သား​ဖြင့်​ပြီး ကြ​၏။ ထို​လူ​က``ဤ​ကား​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​စား​ပွဲ​ဖြစ်​သည်'' ဟု​ငါ့​အား ဆို​၏။
22 um altar de madeira. Tinha um metro e meio de altura por um metro de largura. Os cantos, a base e os lados eram de madeira. O homem me disse: — Esta é a mesa que fica na presença de Deus, o
23 သန့်​ရှင်း​ရာ​ဌာ​န​သို့​ဝင်​ရာ​လမ်း​အ​ဆုံး ၌​လည်း​ကောင်း၊ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​သို့​ဝင်​ရာ​လမ်း​အ​ဆုံး​၌​လည်း​ကောင်း တံ​ခါး​တစ်​ခု​စီ​ရှိ​၏။-
23 Havia uma porta na ponta da passagem que dava para o Lugar Santo , e outra porta na ponta da passagem que dava para o Lugar Santíssimo .
24 ယင်း​တို့​သည်​အ​လယ်​မှ​ဖွင့်​ရ​သော​နှစ် ရွက်​တံ​ခါး​များ​ဖြစ်​ကြ​၏။-
24 Eram portas de duas folhas, de abrir no meio.
25 သန့်​ရှင်း​ရာ​ဌာ​န​သို့​ဝင်​ရာ​တံ​ခါး​များ​တွင် လည်း​နံ​ရံ​များ​ကဲ့​သို့​ပင်​စွန်​ပ​လွံ​ပင်​ပုံ များ​နှင့်​ခေရု​ဗိမ်​ရုပ်​များ​ထု​လုပ်​၍​ထား​၏။ ထို့​ပြင်​မုခ်​ဦး​ခန်း​အ​ဝင်​တံ​ခါး​အ​ပြင် ဘက်​၌​လည်း​သစ်​သား​ဖောင်း​ရစ်​တစ်​ခု​ရှိ​၏။-
25 Havia figuras de palmeiras e de animais com asas entalhadas nas portas do Lugar Santo, como havia nas paredes.
26 ထို​အ​ခန်း​တွင်​ဘေး​ပြူ​တင်း​ပေါက်​များ​ရှိ​၍ နံ​ရံ​များ​၌​လည်း​စွန်​ပ​လွံ​ပင်​ပုံ​များ​ထု လုပ်​ထား​လေ​သည်။ ဗိ​မာန်​တော်​၏​ဘေး​ခန်း တွင်​လည်း သစ်​သား​ဖောင်း​ရစ်​များ​ရှိ​သည်။
26 Nos lados do Lugar Santo havia janelas, e as paredes eram decoradas com figuras de palmeiras.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Ezequiel 41, comparar traduções ou montar um estudo — tudo direto pelo WhatsApp.