Ezequiel 37
Common Language Bible (MYA) vs NAA
1 ထာဝရဘုရား၏တန်ခိုးတော်သည်ငါ့ကို လွှမ်းမိုး၍ကိုယ်တော်၏ဝိညာဉ်တော်သည် ငါ့ ကိုဆောင်သွားပြီးလျှင်အရိုးများဖြင့်ဖုံး လွှမ်းနေသည့်ချိုင့်ဝှမ်းတွင်ချထားတော် မူ၏။-
1 Veio sobre mim a mão do Senhor , e ele me levou pelo Espírito do Senhor e me deixou no meio de um vale que estava cheio de ossos.
2 ကိုယ်တော်သည်ငါ့အားထိုချိုင့်ဝှမ်းတစ်လျှောက် သို့ခေါ်ဆောင်သွားတော်မူသဖြင့် ထိုအရပ်၌ အရိုးအမြောက်အမြားရှိသည့်အပြင်၊ ထို အရိုးတို့သည်အလွန်သွေ့ခြောက်လျက်နေ သည်ကိုလည်းငါမြင်ရလေသည်။-
2 Ele me fez andar ao redor deles, e eu pude ver que eram muito numerosos na superfície do vale e estavam sequíssimos.
3 ကိုယ်တော်က``အချင်းလူသားဤအရိုးတို့ သည်ပြန်၍အသက်ရှင်နိုင်ကြမည်လော'' ဟုငါ့အားမေးတော်မူလျှင်၊
3 Então me perguntou: — Filho do homem, será que estes ossos podem reviver? Respondi: —
4 ကိုယ်တော်က``အရိုးတို့အားဟောပြောလော့။ ထာဝရဘုရားမိန့်တော်မူသောစကား တော်ကိုနားထောင်ကြရန်ထိုအရိုးတို့ အားပြောကြားလော့။-
4 Então ele me disse: — Profetize para estes ossos e diga-lhes: “Ossos secos, ouçam a palavra do
5 ငါအရှင်ထာဝရဘုရားမိန့်တော်မူသည် ကားသူတို့အား ငါသည်သင်တို့အထဲသို့ ထွက်သက်ဝင်သက်လေကိုမှုတ်သွင်းကာ သင် တို့အားအသက်ပြန်၍ရှင်စေတော်မူမည်။-
5 — Assim diz o Senhor Deus a estes ossos: “Eis que farei entrar em vocês o espírito, e vocês viverão.
6 သင်တို့တွင်အကြောများအသားများတက် စေ၍ အရေများဖြင့်ဖုံးလွှမ်းပေးမည်။ သင် တို့အထဲသို့ထွက်သက်ဝင်သက်လေကိုမှုတ် သွင်းကာသင်တို့ကိုအသက်ပြန်၍ရှင်စေ မည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူသည်ကိုသင်တို့သိရှိကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
6 Porei tendões sobre vocês, farei crescer carne sobre vocês e os cobrirei de pele. Porei em vocês o espírito, e vocês viverão. Então vocês saberão que eu sou o Senhor .”
7 ထို့ကြောင့်ငါသည်ကိုယ်တော်မိန့်တော်မူသည့် အတိုင်းဟောပြော၏။ ယင်းသို့ဟောပြောနေ စဉ်တချွတ်ချွတ်မြည်သံကိုငါကြားရ၏။ ထိုနောက်အရိုးတို့သည်တစ်ခုနှင့်တစ်ခု ဆက်စပ်သွားကြ၏။-
7 Então profetizei como me havia sido ordenado. Enquanto eu profetizava, houve um ruído, um barulho de ossos que batiam contra ossos e se ajuntavam, cada osso ao seu osso.
8 ယင်းတို့ကိုငါကြည့်လျက်နေစဉ်ပင်အရိုး တို့အပေါ်မှာ အကြောများပေါ်လာ၍ အသားတက်လျက်အရေဖုံးလေ၏။ သို့ ရာတွင်အသက်မရှိသေး။
8 Olhei, e eis que apareceram tendões sobre os ossos, cresceram as carnes, e eles se cobriram de pele. Mas não havia neles o espírito.
9 ဘုရားသခင်ကငါ့အား``အချင်းလူသား၊ လေအားဟောပြောလော့။ အရပ်ရှစ်မျက်နှာ မှတိုက်ခတ်လာကာဤလူသေကောင်များ ပြန်၍အသက်ရှင်စေရန် ထွက်သက်ဝင်သက် လေကိုမှုတ်သွင်းရန်အရှင်ထာဝရဘုရား မိန့်တော်မူကြောင်းလေအားဆင့်ဆိုလော့'' ဟုမိန့်တော်မူ၏။
9 Então ele me disse: — Profetize ao espírito. Profetize, filho do homem, e diga ao espírito: Assim diz o
10 ထို့ကြောင့်ငါသည်ကိုယ်တော်မိန့်တော်မူ သည်အတိုင်းဟောပြော၏။ ထိုအခါလူ သေအလောင်းတို့သည်ထွက်သက်ဝင်သက် လေကိုရရှိကာအသက်ရှင်လာပြီးလျှင် မတ်တတ်ရပ်ကြကုန်၏။ ထိုသူတို့သည် တပ်မတော်ကြီးဖွဲ့စည်းလောက်အောင် များပြားသတည်း။
10 Profetizei como ele me havia ordenado. O espírito entrou neles, eles viveram e se puseram em pé. Formavam um exército, um enorme exército.
11 ဘုရားသခင်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့သည်ထိုအရိုးများနှင့်တူ ကြ၏။ သူတို့ကငါတို့သည်သွေ့ခြောက်လျက် သေ၍နေလေပြီ။ အနာဂတ်အတွက်မျှော် လင့်စရာမရှိတော့ဟုဆိုကြ၏။-
11 Então ele me disse: — Filho do homem, esses ossos são toda a casa de Israel. Eis que dizem: “Os nossos ossos estão secos, perdemos a nossa esperança, fomos exterminados.”
12 သို့ဖြစ်၍ငါ၏လူမျိုးတော်ဣသရေလ အမျိုးသားတို့အားဟောပြောလော့။ ငါ အရှင်ထာဝရဘုရားသည်သူတို့၏သင်္ချိုင်း များကိုဖွင့်လှစ်တော်မူမည်ဟုပြောကြား လော့။ ငါသည်သူတို့ကိုထုတ်ပြီးနောက် ဣသရေလပြည်သို့ပြန်လည်ခေါ်ဆောင် သွားမည်။-
12 Portanto, profetize e diga-lhes: Assim diz o Senhor Deus: “Eis que abrirei as sepulturas de vocês e os farei sair delas, ó povo meu, e os levarei de volta à terra de Israel.
13 ငါ၏လူမျိုးအားမြှုပ်နှံထားရာသင်္ချိုင်း များကိုဖွင့်လှစ်၍သူတို့အားထုတ်သော အခါ ငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်းသူတို့သိရှိကြလိမ့်မည်။-
13 Vocês saberão que eu sou o Senhor , quando eu abrir as sepulturas de vocês e os fizer sair delas, ó povo meu.
14 ငါသည်ငါ၏ဝိညာဉ်တော်ကိုသူတို့အား ပေးသွင်း၍ သူတို့အားအသက်ပြန်၍ရှင် လာစေပြီးလျှင် မိမိတို့ကိုယ်ပိုင်ပြည်တွင် နေထိုင်စေမည်။ ထိုအခါငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိရှိ ကြလိမ့်မည်။ ငါသည်ဤအမှုကိုပြု မည်ဟုကတိထားတော်မူပြီ။ ဤကား ငါထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
14 Porei em vocês o meu Espírito, e vocês viverão. Eu os estabelecerei na sua própria terra, e vocês saberão que eu sou o Senhor . Eu falei e eu o cumprirei, diz o Senhor .”
15 တစ်ဖန်အရှင်ထာဝရဘုရား၏နှုတ်ကပတ် တော်သည်ငါ့ထံသို့ရောက်လာ၏။-
15 A palavra do Senhor veio a mim, dizendo:
16 ကိုယ်တော်က``အချင်းလူသား၊ တုတ်တစ်ချောင်း ကိုယူ၍`ယုဒနိုင်ငံနှင့်သူ၏မိတ်ဆွေဣသ ရေလနိုင်ငံအတွက်' ဟုရေးမှတ်လော့။ ထို နောက်အခြားတုတ်တစ်ချောင်းကိုယူ၍ `ဣသရေလနိုင်ငံနှင့်သူ၏မိတ်ဆွေ ယောသပ်နှင့်သက်ဆိုင်သည့်ဧဖရိမ်၏ တုတ်' ဟုရေးမှတ်လော့။-
16 — Filho do homem, pegue um pedaço de madeira e escreva nele o seguinte: “De Judá e dos filhos de Israel, seus companheiros.” Depois, pegue outro pedaço de madeira e escreva nele: “De José, pedaço de madeira de Efraim, e de toda a casa de Israel, seus companheiros.”
17 ထိုတုတ်နှစ်ချောင်းကိုတစ်ချောင်းတည်းဟု ထင်ရအောင်သင်၏လက်တွင်ကိုင်ထားလော့။-
17 Junte os pedaços de madeira um ao outro, faça deles um só pedaço, para que se tornem apenas um na sua mão.
18 ယင်းသို့ပြုသည်မှာအဘယ်သို့အဋ္ဌိပ္ပါယ် ရှိပါသနည်းဟု သင်၏အမျိုးသားတို့ ကမေးမြန်းကြလိမ့်မည်။-
18 Quando os filhos do seu povo perguntarem: “Você não vai nos explicar o que significa isso?”,
19 ထိုအခါငါအရှင်ထာဝရဘုရားသည် ဧဖရိမ်ကိုင်ထားသည့်ယောသပ်၏တုတ်နှင့် ဣသရေလအမျိုးအနွယ်နှင့်သူ၏အပေါင်း ပါတို့ကိုယူလျက် ယုဒနိုင်ငံ၏တုတ်တစ် ချောင်းနှင့်အတူထား၍ တစ်ချောင်းတည်း ဖြစ်သောတုတ်ကိုငါကိုင်ထားတော်မူမည် ဖြစ်ကြောင်းသူတို့အားပြောကြားလော့။
19 responda: Assim diz o Senhor Deus: “Eis que eu pegarei o pedaço de madeira de José, que está na mão de Efraim, e das tribos de Israel, suas companheiras, e o ajuntarei ao pedaço de Judá, e farei deles um só pedaço, e se tornarão apenas um na minha mão.”
20 ``သင်ရေးမှတ်ထားသောတုတ်နှစ်ချောင်းကို လူများမြင်သာအောင်လက်တွင်ကိုင်ထား လော့။-
20 — Os pedaços de madeira em que você escreveu devem ficar na sua mão, para que o povo os veja.
21 ထိုနောက်ငါအရှင်ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့အား သူတို့ ရောက်ရှိနေရာလူမျိုးတကာတို့အထဲမှ ထုတ်ယူစုသိမ်းပြီးလျှင် သူတို့ကိုယ်ပိုင်တိုင်း ပြည်သို့ခေါ်ဆောင်လာမည်ဖြစ်ကြောင်းထို သူတို့အားပြောပြလော့။-
21 Então diga-lhes: Assim diz o Senhor Deus: “Eis que eu tirarei os filhos de Israel do meio das nações para onde eles foram, e os congregarei de todos os lugares ao redor, e os levarei para a sua própria terra.
22 ငါသည်သူတို့အားထိုပြည်တွင်ဣသရေလ တောင်များပေါ်မှာလူမျိုးတစ်မျိုးတည်း ဖြစ်စေတော်မူမည်။ သူတို့၌အုပ်စိုးမည့် ဘုရင်တစ်ပါးတည်းရှိလိမ့်မည်။ လူမျိုး နှစ်မျိုးနိုင်ငံနှစ်နိုင်ငံကွဲပြားလျက် မရှိရ။-
22 Farei deles uma só nação na terra, nos montes de Israel, e um só rei será rei de todos eles. Nunca mais serão duas nações; nunca mais se dividirão em dois reinos.
23 သူတို့သည်နောက်တစ်ဖန်စက်ဆုပ်ဖွယ်ရာ ရုပ်တုများအားဖြင့်မိမိတို့ကိုမညစ် ညမ်းစေရ။ အပြစ်ကူးလွန်မှုအားဖြင့် စာရိတ္တမပျက်စီးရ။ ငါသည်သူတို့အား အပြစ်ဒုစရိုက်နှင့်ဖောက်ပြန်မှုအမျိုး မျိုးမှကယ်တင်၍စင်ကြယ်စေမည်။ သူတို့ သည်ငါ၏လူမျိုးတော်ဖြစ်၍ငါသည် လည်းသူတို့၏ဘုရားဖြစ်လိမ့်မည်။-
23 Nunca mais se contaminarão com os seus ídolos, nem com as suas abominações, nem com qualquer das suas transgressões. Eu os livrarei de todas as suas apostasias em que pecaram e os purificarei. Assim, eles serão o meu povo, e eu serei o seu Deus.”
24 ငါ၏အစေခံဒါဝိဒ်ကဲ့သို့သောဘုရင် သည်သူတို့၏ဘုရင်ဖြစ်လိမ့်မည်။ သူတို့ အားလုံးသိုးထိန်းတစ်ပါးတည်း၏လက် အောက်၌စုစည်းကြလျက် ငါ၏ပညတ် တော်တို့ကိုသစ္စာရှိစွာစောင့်ထိန်း၍ငါ ၏အမိန့်ကိုနာခံကြလိမ့်မည်။-
24 — “O meu servo Davi reinará sobre eles, e todos eles terão um só pastor. Andarão nos meus juízos, guardarão os meus estatutos e os observarão.
25 သူတို့သည်မိမိတို့ဘိုးဘေးများနေထိုင် ခဲ့ကြသည့်ပြည်တည်းဟူသောငါ၏အစေ ခံယာကုပ်အား ငါပေးအပ်သည့်ပြည်တွင် နေထိုင်ရကြလိမ့်မည်။ သူတို့နည်းတူသူ တို့၏သားသမီးများနှင့်အဆက်အနွယ် အပေါင်းတို့သည်ထိုပြည်တွင်အစဉ်အမြဲ နေထိုင်ရကြလိမ့်မည်။ ငါ၏အစေခံဒါဝိဒ် ကဲ့သို့သောဘုရင်သည်သူတို့ကိုအစဉ် အုပ်စိုးလိမ့်မည်။-
25 Habitarão na terra que dei ao meu servo Jacó, na qual os pais de vocês habitaram. Habitarão nela, eles e os seus filhos e os filhos dos seus filhos, para sempre. E Davi, meu servo, será o príncipe deles para sempre.
26 ထာဝစဉ်ငြိမ်းချမ်းရေးအတွက်သူတို့နှင့် ပဋိညာဉ်ပြုမည်။ သူတို့အားတည်ထောင်ပေး လျက်လူဦးရေတိုးပွားစေ၍ ငါ၏ဗိမာန် တော်ကိုသူတို့ပြည်တွင်အစဉ်အမြဲတည် စေမည်။-
26 Farei com eles uma aliança de paz; será uma aliança eterna. Eu os estabelecerei, os multiplicarei, e porei o meu santuário no meio deles para sempre.
27 ငါသည်ထိုအရပ်တွင်သူတို့နှင့်အတူကိန်း ဝပ်၍သူတို့၏ဘုရားဖြစ်လိမ့်မည်။ သူတို့ သည်လည်းငါ၏လူမျိုးတော်ဖြစ်ကြလိမ့် မည်။-
27 O meu tabernáculo estará com eles; eu serei o seu Deus, e eles serão o meu povo.
28 ငါသည်သူတို့၏အလယ်၌ငါ၏ဗိမာန် တော်ကိုအစဉ်အမြဲတည်ရှိစေသောအခါ ငါသည်ဣသရေလအမျိုးသားတို့အား ငါသည်သန့်ရှင်းစေတော်မူကြောင်းကိုလူ မျိုးတကာတို့သိရှိကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
28 As nações saberão que eu sou o Senhor que santifico Israel, quando o meu santuário estiver no meio deles para sempre.”
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Ezequiel 37, comparar traduções ou montar um estudo — tudo direto pelo WhatsApp.