Ezequiel 36
Common Language Bible (MYA) vs ARC
1 — ausente —
1 E tu, ó filho do homem, profetiza aos montes de Israel e dize: Montes de Israel, ouvi a palavra do Senhor .
2 — ausente —
2 Assim diz o Senhor Jeová : Pois que diz o inimigo sobre vós: Ah! Ah! Até as eternas alturas serão nossa herança;
3 ``သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့်တော် မူသောစကားကိုဆင့်ဆိုလော့။ အိမ်နီးချင်း တိုင်းပြည်တို့သည်ဣသရေလတောင်များ ကိုတိုက်ခိုက်လုယက်သိမ်းပိုက်ကြသောအခါ လူတိုင်းပင်ဣသရေလအမျိုးသားတို့အား ပြက်ရယ်ပြုကြ၏။-
3 portanto, profetiza e dize: Assim diz o Senhor Jeová : Visto que vos assolaram e devoraram em redor, para que ficásseis feitos herança do resto das nações, e andais em lábios paroleiros e na infâmia do povo,
4 သို့ဖြစ်၍ဣသရေလတောင်တို့၊ အရှင်ထာဝရ ဘုရား၏အမိန့်ကိုနားထောင်ကြလော့။ ပတ်ဝန်း ကျင်တိုင်းပြည်များ၏တိုက်ခိုက်လုယက်မှု၊ ပြက်ရယ်ပြုမှုတို့ကိုခံရကာလူသူဆိတ် ငြိမ်ရာမြို့များ၊ ယိုယွင်းပျက်စီးနေသည့် အရပ်များ၊ တောင်များ၊ ချောင်းများ၊ ချိုင့်ဝှမ်း များအားဤသို့အရှင်ထာဝရဘုရား မိန့်တော်မူ၏။
4 portanto, ouvi, ó montes de Israel, a palavra do Senhor Jeová : Assim diz o Senhor Jeová aos montes e aos outeiros, às correntes e aos vales, aos lugares assolados e solitários e às cidades desamparadas, que se tornaram rapina e escárnio para o resto das nações que estão ao redor delas.
5 ``ငါအရှင်ထာဝရဘုရားသည်ပတ်ဝန်း ကျင်တိုင်းပြည်တို့နှင့် ဧဒုံပြည်အပေါ်၌ ဒေါသအမျက်ချောင်းချောင်းထွက်၍မိန့် တော်မူလေပြီ။ သူတို့သည်ငါ၏ပြည် ကိုမထီမဲ့မြင်ပြုသောစိတ်၊ ပီတိစိတ် ဖြင့်စားကျက်များနှင့်တကွ ငါ၏ပြည် ကိုသိမ်းယူခဲ့ကြ၏။
5 Portanto, assim diz o Senhor Jeová : Certamente, no fogo do meu zelo, falei contra o resto das nações e contra todo o Edom. Eles se apropriaram da minha terra, com alegria de todo o coração e com menosprezo de alma, para ser lançada à rapina.
6 ``သို့ဖြစ်၍ဣသရေလပြည်အားရည်မှတ် ၍ဟောပြောလော့။ တောင်များ၊ ကုန်းမြင့်များ၊ ချောင်းများနှင့်ချိုင့်ဝှမ်းများအားလူမျိုး တကာတို့စော်ကားအရှက်ခွဲသဖြင့် ငါ အရှင်ထာဝရဘုရားမနာလိုဒေါသ ထွက်၍ အဘယ်သို့မိန့်တော်မူသည်ကို ပြောကြားလော့။-
6 Portanto, profetiza sobre a terra de Israel e dize aos montes, e aos outeiros, e às correntes, e aos vales: Assim diz o Senhor Jeová : Eis que falei no meu zelo e no meu furor, porque levastes sobre vós o opróbrio dos gentios.
7 ပတ်ဝန်းကျင်တိုင်းပြည်များသည်အရှက် ကွဲကြလိမ့်မည်ဖြစ်ကြောင်း ငါအရှင်ထာ ဝရဘုရားအလေးအနက်ကျိန်ဆို၏။-
7 Portanto, assim diz o Senhor Jeová : Eu levantei a mão, para que os gentios que estão ao redor de vós levem o seu opróbrio sobre si mesmos.
8 သို့ရာတွင်ဣသရေလတောင်များ၌မူကား သစ်ပင်တို့သည်အရွက်များပြန်၍ထွက်လာ ပြီးလျှင် ငါ၏လူမျိုးတော်ဖြစ်သောအသင် ဣသရေလအမျိုးသားတို့အတွက်အသီး များသီးကြလိမ့်မည်။ သင်တို့သည်မကြာမီ မိမိတို့ပြည်သို့ပြန်ရကြအံ့။-
8 Mas vós, ó montes de Israel, vós produzireis os vossos ramos e dareis o vosso fruto para o meu povo de Israel; porque estão prestes a vir.
9 ငါသည်သင်တို့ကိုဂရုစိုက်၍သင်တို့ဘက် ၌ရှိ၏။ သင်တို့၏လယ်ယာများကို ဧကန် မုချထွန်ယက်စိုက်ပျိုးလုပ်ကိုင်စေမည်။-
9 Porque eis que eu estou convosco; e eu me voltarei para vós, e sereis lavrados e semeados.
10 သင်တို့ဣသရေလလူမျိုးတစ်စုလုံး ကို လူဦးရေတိုးပွားစေမည်။ သင်တို့သည် မြို့များ၌နေထိုင်ရလိမ့်မည်။ ယိုယွင်းပျက် စီးနေသမျှသောအရာတို့ကိုပြန်လည် ပြုပြင်ရလိမ့်မည်။-
10 E multiplicarei homens sobre vós, a toda a casa de Israel, sim, a toda ela; e as cidades serão habitadas, e os lugares devastados serão edificados.
11 ငါသည်လူတိရစ္ဆာန်တို့ကိုတိုးပွားများ ပြားစေမည်။ ယခင်အခါများထက်သင် တို့ဦးရေကိုများစေမည်။ သင်တို့သားသမီး များစွာထွန်းကားလိမ့်မည်။ ယခင်ကကဲ့သို့ နေထိုင်ခွင့်ပေးမည်။ ယခင်အခါများထက် ပို၍ကြီးပွားချမ်းသာစေမည်။ ထိုအခါ ငါသည်ထာဝရဘုရားဖြစ်တော်မူ ကြောင်းသင်တို့သိရှိကြလိမ့်မည်။-
11 E multiplicarei homens e animais sobre vós; e eles se multiplicarão e frutificarão; e vos farei habitar como dantes e farei vosso estado melhor que nos vossos princípios; e sabereis que eu sou o Senhor .
12 ငါ၏လူမျိုးတော်ဖြစ်သောဣသရေလ အမျိုးသားတို့ ငါသည်သင်တို့အားပြည် တော်တွင်တစ်ဖန်နေထိုင်နိုင်ကြစေရန်ငါ ခေါ်ဆောင်ခဲ့မည်။ ထိုပြည်သည်သင်တို့ပိုင် သောပြည်ဖြစ်လိမ့်မည်။ ယင်းသည်သင်တို့ ၏သားသမီးများအား နောင်အဘယ် အခါ၌မျှမဆုံးပါးစေရ။
12 E farei andar sobre vós os homens, o meu povo de Israel; eles te possuirão, e serás a sua herança e nunca mais os desfilharás.
13 ``ငါအရှင်ထာဝရဘုရားမိန့်တော်မူသည် ကားလူတို့က ထိုပြည်သည်လူတို့ကိုကိုက် စားသည့်ပြည်၊ ပြည်သားတို့၏သားသမီး များကိုဆုံးပါးစေသည့်ပြည်ဖြစ်သည် ဆိုသည်မှာမှန်၏။-
13 Assim diz o Senhor Jeová : Visto como vos dizem: Tu és uma terra que devora os homens e és uma terra que desfilha os seus povos;
14 သို့ရာတွင်ယင်းပြည်သည်ယခုမှစ၍လူ တို့ကိုကိုက်စားသည့်ပြည်၊ သင်တို့၏သား သမီးများကိုဆုံးပါးစေသည့်ပြည်ဖြစ် တော့မည်မဟုတ်။ ဤကားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။-
14 por isso, tu não devorarás mais os homens, nem desfilharás mais os teus povos, diz o Senhor Jeová .
15 ထိုပြည်သည်လူမျိုးတကာတို့ပြက်ရယ် ပြုသံကိုကြားရကြတော့မည်မဟုတ်။ မဲ့ရွဲ့ပြသည်ကိုလည်းတွေ့မြင်ရတော့မည် မဟုတ်။ ယင်းပြည်ကိုလည်းကျဆုံးစေတော့ မည်မဟုတ်။ ဤကားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏'' ဟုမိန့်တော်မူ၏။
15 E farei que nunca mais se ouça em ti a afronta dos gentios; e não levarás mais sobre ti o opróbrio das nações, nem mais desfilharás a tua nação, diz o Senhor Jeová .
16 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
16 E veio a mim a palavra do Senhor , dizendo:
17 ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့သည်မိမိတို့ပြည်၌နေထိုင် ကြစဉ်အခါက သူတို့သည်အနေအထိုင် အကျင့်အကြံများအားဖြင့်ထိုပြည်ကို ညစ်ညမ်းစေခဲ့ကြ၏။ သူတို့၏အကျင့် အကြံသည်အမျိုးသမီးတစ်ယောက်ဋ္ဌမ္မ တာရာသီလာချိန်၌ဘာသာရေးအရ ညစ်ညမ်းသကဲ့သို့ညစ်ညမ်းသည်ဟုငါ မှတ်တော်မူသည်။-
17 Filho do homem, quando a casa de Israel habitava na sua terra, então, a contaminaram com os seus caminhos e com as suas ações; como a imundícia de uma mulher em sua separação, tal era o seu caminho perante o meu rosto.
18 သူတို့သည်လူသတ်မှုများကူးလွန်၍ရုပ်တု များအားဖြင့် ထိုပြည်ကိုညစ်ညမ်းစေသော ကြောင့်ငါသည်သူတို့အားငါ၏အမျက် တော်ဒဏ်ကိုခံစေခဲ့၏။-
18 Derramei, pois, o meu furor sobre eles, por causa do sangue que derramaram sobre a terra e dos seus ídolos com que a contaminaram.
19 သူတို့နေထိုင်ကျင့်ကြံသည့်အတိုင်းသူတို့ အားပြစ်ဒဏ်ချမှတ်ကာ နိုင်ငံတကာသို့ကွဲ လွင့်စေ၍နိုင်ငံရပ်ခြားများသို့ပျံ့လွင့် စေခဲ့၏။-
19 E os espalhei entre as nações, e foram espalhados pelas terras; conforme os seus caminhos e conforme os seus feitos, eu os julguei.
20 သို့ရာတွင်သူတို့ရောက်လေရာရာအရပ် တို့တွင်လူတို့က`ဤသူတို့သည်ထာဝရဘုရား ၏လူမျိုးတော်ဖြစ်သော်လည်း ကိုယ်တော်၏ ပြည်မှထွက်ခွာလာရကြ၏' ဟုဆိုကြ သဖြင့်ငါ၏သန့်ရှင်းမြင့်မြတ်သောနာမ တော်သည်အသရေပျက်ရ၏။-
20 E, chegando às nações para onde foram, profanaram o meu santo nome, pois se dizia deles: Estes são o povo do Senhor e saíram da sua terra.
21 သူတို့သည်ရောက်လေရာရာအရပ်တို့တွင် ငါ၏သန့်ရှင်းမြင့်မြတ်သောနာမတော်ကို အသရေဖျက်ကြသဖြင့် ငါသည်မိမိ၏ နာမတော်အတွက်စိတ်မအေးရ။
21 Mas eu os poupei por amor do meu santo nome, que a casa de Israel profanou entre as nações para onde foi.
22 ``သို့ဖြစ်၍ဣသရေလအမျိုးသားတို့အား ငါအရှင်ထာဝရဘုရားမိန့်တော်မူသည် ကား ယခုငါပြုမည့်အမှုသည်အသင်ဣသ ရေလအမျိုးသားတို့အတွက်ကြောင့်မဟုတ် ဘဲ ရောက်လေရာရာအရပ်တွင်သင်တို့အသ ရေဖျက်ခဲ့သည့်ငါ၏သန့်ရှင်းမြင့်မြတ်သော နာမတော်အတွက်ကြောင့်ဖြစ်၏။-
22 Dize, portanto, à casa de Israel: Assim diz o Senhor Jeová : Não é por vosso respeito que eu faço isto, ó casa de Israel, mas pelo meu santo nome, que profanaste entre as nações para onde vós fostes.
23 လူတို့ရှေ့တွင်သင်တို့အသရေဖျက်ခဲ့သော ငါ၏ကြီးမြတ်သည့်နာမတော်သည် အဘယ် မျှသန့်ရှင်းမြင့်မြတ်သည်ကိုလူမျိုးတကာ တို့အားငါပြသမည်။ ထိုနာမတော်သည် သင်တို့အသရေဖျက်သည့် ငါ၏နာမတော် ဖြစ်သည်။ သူတို့ရှေ့တွင်ငါသည်သန့်ရှင်းမြင့် မြတ်တော်မူကြောင်းသင်တို့အားဖြင့်သိ စေမည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်း သူတို့သိရှိကြလိမ့်မည်။ ဤကားငါအရှင်ထာဝရဘုရားမိန့်တော် မူသောစကားဖြစ်၏။-
23 E eu santificarei o meu grande nome, que foi profanado entre as nações, o qual profanastes no meio delas; e as nações saberão que eu sou o Senhor , diz o Senhor Jeová , quando eu for santificado aos seus olhos.
24 ငါသည်သင်တို့အားအတိုင်းတိုင်းအပြည် ပြည်မှစုသိမ်းကာ သင်တို့နေရင်းပြည်သို့ ပြန်ခေါ်ခဲ့မည်။-
24 E vos tomarei dentre as nações, e vos congregarei de todos os países, e vos trarei para a vossa terra.
25 ငါသည်သင်တို့ကိုသန့်စင်သောရေဖြင့်ပက် ဖြန်း၍ သင်တို့၏ရုပ်တုများနှင့်အခြား ညစ်ညမ်းသည့်အရာရှိသမျှမှသန့်စင် သွားစေမည်။-
25 Então, espalharei água pura sobre vós, e ficareis purificados; de todas as vossas imundícias e de todos os vossos ídolos vos purificarei.
26 ငါသည်သင်တို့အားစိတ်သစ်သဘောသစ် ကိုပေးမည်။ သင်တို့အထဲမှကျောက်ခဲနှလုံး ကိုထုတ်ယူကာနာခံတတ်သောနှလုံးကို ပေးမည်။-
26 E vos darei um coração novo e porei dentro de vós um espírito novo; e tirarei o coração de pedra da vossa carne e vos darei um coração de carne.
27 ငါ၏ဝိညာဉ်တော်ကိုလည်းသွင်းပေးပြီး လျှင် သင်တို့အားငါ၏ပညတ်တော်များ ကိုစောင့်ထိန်းစေမည်။ ငါ၏အမိန့်တော် တို့ကိုလည်းလိုက်နာစေမည်။-
27 E porei dentro de vós o meu espírito e farei que andeis nos meus estatutos, e guardeis os meus juízos, e os observeis.
28 ထိုအခါသင်တို့သည်မိမိတို့၏ဘိုးဘေး များအား ငါပေးအပ်ခဲ့သည့်ပြည်တွင်နေ ထိုင်ရကြလိမ့်မည်။ သင်တို့သည်ငါ၏လူ မျိုးတော်ဖြစ်၍ငါသည်လည်းသင်တို့၏ ဘုရားဖြစ်လိမ့်မည်။-
28 E habitareis na terra que eu dei a vossos pais, e vós me sereis por povo, e eu vos serei por Deus.
29 သင်တို့အားညစ်ညမ်းမှုရှိသမျှနှင့်ကင်း စင်စေမည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေး ကိုနောက်တစ်ဖန်မတွေ့မကြုံရကြစေ ရန်ဆန်ရေစပါးပေါများစေမည်။-
29 E vos livrarei de todas as vossas imundícias; e chamarei o trigo, e o multiplicarei, e não trarei fome sobre vós.
30 ငါသည်သစ်သီးဝလံများနှင့်ကောက်ပဲ သီးနှံများကိုအထွက်တိုးစေမည်။ ဤ နည်းအားဖြင့်လူမျိုးတကာတို့တွင်သင် တို့ကိုအသရေပျက်စေသည့်အစာငတ် မွတ်ခေါင်းပါးခြင်းကပ်သင့်တော့မည် မဟုတ်။-
30 E multiplicarei o fruto das árvores e a novidade do campo, para que nunca mais recebais o opróbrio da fome entre as nações.
31 သင်တို့သည်မိမိတို့၏ညစ်ညမ်းသော အကျင့်များနှင့်ပြုခဲ့သည့်အမှားများ ကိုပြန်လည်သတိရကြလိမ့်မည်။ မိမိ တို့၏အပြစ်များနှင့်ဆိုးညစ်မှုများ အတွက်သင်တို့သည်မိမိကိုယ်ကိုစက် ဆုပ်လာကြလိမ့်မည်။-
31 Então, vos lembrareis dos vossos maus caminhos e dos vossos feitos, que não foram bons; e tereis nojo em vós mesmos das vossas maldades e das vossas abominações.
32 ဣသရေလအမျိုးသားတို့၊ ငါသည်သင် တို့ကိုထောက်ထား၍ ဤအမှုတို့ကိုပြု ခြင်းမဟုတ်ကြောင်းသင်တို့အားသိစေ လို၏။ သင်တို့ယခုပြုနေသောအမှုများ အတွက်အရှက်ရစေလို၏။ ဤကားငါ အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
32 Não é por amor de vós que eu faço isso, diz o Senhor Jeová ; notório vos seja: envergonhai-vos e confundi-vos pelos vossos caminhos, ó casa de Israel.
33 အရှင်ထာဝရဘုရားက``သင်တို့ကို အပြစ်အပေါင်းမှသန့်စင်စေသည့်ကာလ ၌ ငါသည်သင်တို့အားမိမိတို့မြို့များ တွင်ပြန်လည်နေထိုင်ခွင့်ပေးမည်။ ပျက်စီး ယိုယွင်းသောအရာများကိုလည်းပြန် လည်တည်ဆောက်ခွင့်ပေးမည်။-
33 Assim diz o Senhor Jeová : No dia em que eu vos purificar de todas as vossas maldades, então, farei com que sejam habitadas as cidades e sejam edificados os lugares devastados.
34 အနီးမှဖြတ်သန်းသွားလာသူတို့မြင် ရသောပေါင်းပင်များထနေသည့်လယ် ယာများကိုတစ်ဖန်ထွန်ယက်စေမည်။-
34 E a terra assolada se lavrará, em vez de estar assolada aos olhos de todos os que passam.
35 ယခင်ကအသုံးမကျသောမြေရိုင်းဖြစ် နေခဲ့သောမြေယာတို့သည် ဧဒင်ဥယျာဉ် သဖွယ်ဖြစ်လာကြောင်း၊ ယခင်ကဖြိုဖျက် လုယက်တိုက်ခိုက်ခြင်းခံရ၍ယိုယွင်းပျက် စီးနေခဲ့သောမြို့တို့တွင်လည်း ယခုအခါ အခိုင်အမာခံတပ်များတည်ဆောက်ထား လျက်လူတို့နေထိုင်လျက်ရှိကြောင်းလူ တိုင်းပြောဆိုကြလိမ့်မည်။-
35 E dirão: Esta terra assolada ficou como jardim do Éden; e as cidades solitárias, e assoladas, e destruídas estão fortalecidas e habitadas.
36 ထိုအခါထာဝရဘုရားသည်ပျက်စီး ယိုယွင်းနေသောမြို့တို့ကိုပြန်လည်တည် ဆောက်၍ စွန့်ပစ်ထားသောလယ်ယာများကို ပြန်လည်စိုက်ပျိုးတော်မူကြောင်းကိုသေ ဘေးမှလွတ်မြောက်သောနီးနားဝန်းကျင်ရှိ လူမျိုးတို့သိရှိကြလိမ့်မည်။ ငါထာဝရ ဘုရားသည်ဤအမှုကိုပြုမည်ဟု ကတိ ထားတော်မူပြီ'' ဟုမိန့်တော်မူ၏။
36 Então, saberão as nações que ficarem de resto em redor de vós que eu, o Senhor , tenho reedificado as cidades destruídas e plantado o que estava devastado; eu, o Senhor , o disse e o farei.
37 အရှင်ထာဝရဘုရားက``ငါသည်ဤထက် မကပင်ပြုတော်မူမည်။ ဣသရေလအမျိုး သားတို့အားငါ့ထံတွင်တစ်ဖန်အကူအညီ တောင်းခံခွင့်ကိုပေးမည်။ သူတို့အားသိုးအုပ် ကဲ့သို့အရေအတွက်တိုးပွားလာစေမည်။-
37 Assim diz o Senhor Jeová : Ainda por isso me pedirá a casa de Israel, que lho faça: multiplicar-lhes-ei os homens, como a um rebanho.
38 အခါတစ်ပါးကယေရုရှလင်မြို့သည်ပွဲ နေ့များ၌ယဇ်ပူဇော်ရာသိုးတို့ဖြင့်ပြည့် နှက်နေသကဲ့သို့ ယခုယိုယွင်းပျက်စီးနေ သောမြို့တို့သည်လူများဖြင့်ပြည့်နှက်၍ နေလိမ့်မည်။ ထိုအခါငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
38 Como o rebanho santificado, como o rebanho de Jerusalém nas suas solenidades, assim as cidades desertas se encherão de famílias; e saberão que eu sou o Senhor .
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Ezequiel 36, comparar traduções ou montar um estudo — tudo direto pelo WhatsApp.