Ezequiel 33
Common Language Bible (MYA) vs BKJ
1 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
1 Novamente, a palavra do SENHOR veio a mim, dizendo:
2 ကိုယ်တော်က``တိုင်းပြည်တစ်ပြည်ကိုငါသည် စစ်ဘေးအန္တရာယ်ဆိုက်ရောက်စေသောအခါ ထိုပြည်၌အဘယ်သို့ဖြစ်သည်ကိုသင်၏ အမျိုးသားတို့အားပြောပြလော့။ ပြည်သူ ပြည်သားတို့သည်မိမိတို့အထဲမှလူ တစ်ယောက်ကိုကင်းစောင့်အဖြစ်ဖြင့်ရွေး ချယ်ရကြ၏။-
2 Filho do homem, fala aos filhos do teu povo, e dize-lhes: Quando eu trouxer a espada sobre a terra, se o povo da terra tomar um homem de suas costas, e o estabelecer por seu vigia;
3 သူသည်ရန်သူချဉ်းကပ်လာသည်ကိုမြင် လျှင် လူအပေါင်းတို့အားတံပိုးခရာမှုတ် ၍အချက်ပေးရ၏။-
3 se quando ele vir que a espada vem sobre a terra, ele soprará a trombeta e avisará o povo.
4 အကယ်၍တစ်စုံတစ်ယောက်သောသူသည် ယင်းသို့အချက်ပေးသံကိုကြားလျက်နှင့် ဂရုမစိုက်ဘဲနေပါမူရန်သူသည်လာ ၍သူ့ကိုဋ္ဌားဘေးသင့်စေလျှင် ထိုသူအသက် ဆုံးရှုံးရမှုသည်သူ၏အပြစ်ပင်ဖြစ်၍ သူ့ သွေးသည်သူ၏ခေါင်းပေါ်ရောက်လေပြီ။-
4 Então, quem quer que ouvir o som da trombeta, e não considerar o aviso, se a espada vier e o tomar, seu sangue será sobre a sua própria cabeça.
5 သူသေရသည်မှာသူ၏ချို့ယွင်းမှုကြောင့် သူ့သွေးသည်သူ၏ခေါင်းပေါ်ရောက်ရပေ မည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော်သူသည် သတိပေးချက်ကိုဂရုမစိုက်ခဲ့သော ကြောင့်ဖြစ်၏။ အကယ်၍ဂရုစိုက်မည် ဆိုပါကသူသည်သေဘေးမှလွတ် မြောက်နိုင်၏။-
5 Ele ouviu o som da trombeta e não considerou o aviso; seu sangue será sobre ele; mas o que considerar o aviso livrará a sua alma.
6 သို့ရာတွင်အကယ်၍ကင်းစောင့်သည်ရန်သူ လာသည်ကိုမြင်လျက်နှင့် အချက်ပေးတံပိုး ခရာကိုမမှုတ်ဘဲနေခဲ့သော် ရန်သူလွန်လာ ၍တစ်စုံတစ်ယောက်သတ်ဖြတ်ခံရလျှင်ထို သူသည်မိမိအပြစ်ကြောင့်သေရသော်လည်း ထိုသို့သေဆုံးသူ၏သွေးအတွက်ကင်းစောင့် မှာတာဝန်ရှိစေမည်။''
6 Mas, se o vigia vir que vem a espada, e não soprar a trombeta, e o povo não for avisado, se a espada vier, e levar qualquer pessoa dentre eles, ele é levado em sua iniquidade; mas seu sangue eu requererei da mão do vigia.
7 ``အချင်းလူသား၊ ယခုငါသည်သင့်အား ဣသရေလအမျိုးသားတို့အတွက် ကင်း စောင့်အဖြစ်ဖြင့်ခန့်ထားမည်။ သင်သည်ငါ ၏သတိပေးချက်များကိုသူတို့အား ဆင့်ဆိုရမည်။-
7 Então tu, ó filho do homem, te estabeleci vigia sobre a casa de Israel; portanto, tu ouvirás a palavra da minha boca, e lhes avisará de mim.
8 အကယ်၍ငါကဆိုးယုတ်သူတစ်စုံတစ် ယောက်အားသေရလိမ့်မည်ဟုဆိုလျှင် သင် သည်ထိုသူအသက်မသေစေရန်သူ၏ အပြုအမူပြောင်းလဲဖို့သတိပေးရမည်။ မပေးဘဲနေပါမူသူသည်အပြစ်ကူး လွန်သူအဖြစ်ဖြင့်ပင်သေလိမ့်မည်။ ထို အခါငါသည်ထိုသေဆုံးသူ၏သွေး အတွက်သင့်မှာတာဝန်ရှိစေမည်။-
8 Quando eu disser ao perverso: Ó homem perverso, tu certamente morrerás; se tu não falares, para avisar ao perverso do seu caminho, aquele homem perverso morrerá na sua iniquidade, mas o seu sangue eu o requererei da tua mão.
9 အကယ်၍သင်သည်ဆိုးယုတ်သူအားသတိ ပေးသော်လည်း သူသည်ဒုစရိုက်ကိုပြုမြဲ ပြုကာအပြစ်ကူးလွန်သူအဖြစ်ဖြင့်ပင် လျှင်သေသည်ဆိုပါမူ သင်၏အသက်ချမ်း သာရာရလိမ့်မည်''ဟုမိန့်တော်မူ၏။
9 Entretanto, se tu avisares ao perverso do seu caminho para que se desvie dele, se ele não se desviar do seu caminho, ele morrerá na sua iniquidade; mas tu livraste a tua alma.
10 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။ ကိုယ်တော်က``အချင်း လူသား'' ``ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာသင်တို့က`ငါတို့သည်မိမိ တို့အပြစ်များ၊ မိမိတို့ပြုသောအမှားများ ဖြင့်ဝန်လေးပင်ပန်းလျက်ရှိကြ၏။ ငါတို့ သည်အားလျော့နွမ်းနယ်လျက်နေကြ၏။ အဘယ်သို့လျှင်ငါတို့အသက်ရှင်နိုင် ကြပါမည်နည်း' ဟုဆိုကြ၏။-
10 Portanto, ó tu, filho do homem, fala à casa de Israel: Assim falais vós, dizendo: Se as nossas transgressões e os nossos pecados estiverem sobre nós, e nós nos consumirmos neles, como deveríamos então viver?
11 ငါအရှင်ထာဝရဘုရားသည်အသက်ရှင် တော်မူသောဘုရားဖြစ်တော်မူသည်နှင့် အညီ ငါမိန့်တော်မူသည်ကားအပြစ်ကူး လွန်သူတစ်စုံတစ်ယောက်သေသည်ကိုမ မြင်လို ထိုသူအပြစ်ကူးလွန်မှုကိုရပ်စဲ ၍အသက်ရှင်သည်ကိုသာလျှင်တွေ့မြင် လိုသည်။ အချင်းဣသရေလအမျိုးသား တို့၊ သင်တို့ပြုလျက်ရှိသည့်အပြစ်ဒု စရိုက်ကိုရပ်စဲကြလော့။ ရပ်စဲသောသင် တို့သည်အဘယ်ကြောင့်သေချင်ကြ သနည်း။
11 Dize-lhes: Como eu vivo, diz o Senhor DEUS, não tenho prazer na morte do perverso, mas em que o perverso se desvie de seu caminho e viva. Desviai-vos, desviai-vos dos vossos maus caminhos; pois, por que morrereis, ó casa de Israel?
12 ``အချင်းလူသား၊ သူတော်ကောင်းအပြစ် ကူးလွန်သောအခါသူပြုခဲ့သောကောင်း မှုများကသူ့ကိုကယ်လိမ့်မည်မဟုတ် ကြောင်း ဣသရေလအမျိုးသားတို့အား ပြောကြားလော့။ အကယ်၍ဆိုးညစ်သူ သည်မိမိ၏ဆိုးညစ်မှုကိုရပ်စဲလိုက်ပါ မူသူသည်အပြစ်ဒဏ်ကိုခံရတော့မည် မဟုတ်။ သူတော်ကောင်းသည်အပြစ်ကူး လွန်သောအခါသူသည်အသက်ချမ်း သာရာရမည်မဟုတ်။-
12 Portanto, tu, filho do homem, dize aos filhos do teu povo: A justiça do justo não o livrará no dia da sua transgressão; quanto à perversidade do perverso, não cairá assim no dia em que se desviar da sua perversidade; nem o justo será capaz de viver pela sua justiça no dia em que ele pecar.
13 ငါသည်သူတော်ကောင်းအားအသက်ရှင်စေ မည်ဟုကတိပေးထားသော်လည်း သူသည် မိမိပြုခဲ့သောကောင်းမှုကိုအားကိုးကာ အပြစ်စ၍ကူးလွန်သည်ဆိုပါမူ ငါသည် သူပြုခဲ့သောအဘယ်ကောင်းမှုကိုမျှသတိ ရလိမ့်မည်မဟုတ်။ သူသည်မိမိ၏အပြစ် ကြောင့်သေရမည်ဖြစ်၏။-
13 Quando eu disser ao justo que ele certamente viverá, se ele confiar na sua própria justiça, e cometer iniquidade, todas as suas justiças não serão lembradas, mas por sua iniquidade que ele cometeu, morrerá por ela.
14 အကယ်၍ငါသည်ဆိုးယုတ်သူအားသေရ လိမ့်မည်ဟုသတိပေးသဖြင့် သူသည်မိမိ ၏အပြစ်ဒုစရိုက်ကိုရပ်စဲကာမှန်ရာ ကောင်းရာကိုပြုကျင့်လျှင်၊-
14 Novamente, quando eu disser ao perverso: Tu certamente morrerás; se ele se desviar do seu pecado, e fizer aquilo que é lícito e certo;
15 ဥပမာအားဖြင့်မိမိအပေါင်ခံထားသည့် ပစ္စည်း၊ ခိုးဝှက်ထားသည့်ဥစ္စာတို့ကိုပြန်၍ ပေးအပ်ပြီးလျှင်အပြစ်ကူးလွန်မှုကို ရပ်စဲကာအသက်ရှင်စေတတ်သောပြဋ္ဌာန်း ချက်တို့ကိုစောင့်ထိန်းသည်ဆိုအံ့၊ ထိုသူ သည်မသေဘဲအသက်ရှင်လိမ့်မည်။-
15 se o perverso restaurar o penhor, der novamente aquilo que havia roubado, andar nos estatutos da vida, sem cometer iniquidade, ele certamente viverá, não morrerá.
16 သူကူးလွန်ခဲ့သည့်အပြစ်များကိုလည်း ငါသည်ဖြေလွှတ်မည်။ မှန်ရာကောင်းရာကို ပြုကျင့်သည့်အတွက်သူသည်အသက်ရှင် လိမ့်မည်။
16 Nenhum de seus pecados que ele cometeu será mencionado a ele; ele fez aquilo que é lícito e certo, ele certamente viverá.
17 ``သို့ရာတွင်သင်၏အမျိုးသားချင်းတို့က ထာဝရဘုရားသည် ဖြောင့်မတ်စွာမစီရင် ဟုဆိုကြ၏။ သူတို့သာလျှင်ဖြောင့်မတ် စွာမပြုကြ။-
17 Todavia, os filhos do teu povo dizem: O caminho do Senhor não é igual; mas para eles, seu caminho não é igual.
18 သူတော်ကောင်းသည်ကောင်းမှုကိုရပ်စဲ၍ မကောင်းမှုကိုပြုသောအခါ ထိုမကောင်း မှုအတွက်သူသည်သေရလိမ့်မည်။-
18 Quando o justo se desviar das suas justiças, e cometer iniquidade, ele morrerá nela.
19 ဆိုးယုတ်သူသည်အပြစ်ဒုစရိုက်ကိုစွန့် လွှတ်၍မှန်ရာကောင်းရာကိုပြုကျင့်သော အခါ အသက်ရှင်ခွင့်ကိုရရှိလိမ့်မည်။-
19 Mas se o perverso se desviar de sua perversidade, e fizer aquilo que é lícito e certo, ele viverá assim.
20 သို့ရာတွင်အချင်းဣသရေလအမျိုး သားတို့၊ သင်တို့ကထာဝရဘုရားပြု သောအမှုသည်မဖြောင့်မတ်ဟုဆိုကြ ၏။ ငါသည်သင်တို့ပြုသောအမှုကိုထောက် ၍ သင်တို့အားတရားစီရင်မည်'' ဟုမိန့် တော်မူ၏။
20 Todavia, vós dizeis: O caminho do Senhor não é igual. Ó vós, casa de Israel, julgar-vos-ei a cada um segundo seus caminhos.
21 ငါတို့ပြည်နှင်ဒဏ်ခံသောတစ်ဆယ့်နှစ်နှစ် မြောက်၊ ဒသမလ၊ လဆန်းငါးရက်နေ့၌ ယေရုရှလင်မြို့မှလွတ်မြောက်လာသူတစ် ယောက်သည်လာ၍ငါ့အားယေရုရှလင် မြို့ရန်သူလက်သို့ကျရောက်သွားသည့် အကြောင်းကိုပြောပြ၏။-
21 E sucedeu que, no ano duodécimo do nosso cativeiro, no décimo mês, ao quinto dia do mês, um que havia escapado de Jerusalém veio a mim dizendo: A cidade está ferida.
22 ထိုသူမရောက်မီညနေချမ်းအချိန်၌ ထာဝရဘုရား၏တန်ခိုးတော်သည် ငါ့ကို လွှမ်းမိုး၍နေ၏။ နောက်တစ်နေ့နံနက်ထို သူရောက်ရှိလာချိန်၌ စကားပြောနိုင်စွမ်း ရည်ကိုငါ့အားပြန်၍ပေးတော်မူ၏။ သို့ ဖြစ်၍ငါသည်တိတ်ဆိတ်စွာမနေရ တော့ဘဲစကားပြောနိုင်၏။
22 Agora, a mão do SENHOR estivera sobre à noite, antes que aquele que havia escapado viesse; e ele abrira a minha boca até que viesse a mim pela manhã; e abriu-se a minha boca, e não fiquei mais calado.
23 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
23 Então, a palavra do SENHOR veio a mim, dizendo:
24 ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ ပြည်ရှိပျက်စီးယိုယွင်းနေသောမြို့များတွင် နေထိုင်သူတို့က`အာဗြဟံသည်လူတစ်ဦး မျှသာဖြစ်သော်လည်းဤပြည်တစ်ပြည်လုံး ကိုအပိုင်ရရှိခဲ့၏။ ယခုငါတို့သည်ကား အရေအတွက်အားဖြင့်များသည်ဖြစ်၍ဤ ပြည်ကိုငါတို့အပိုင်ရကြပြီ' ဟုပြောဆို နေကြ၏။
24 Filho do homem, aqueles que habitam nos desertos da terra de Israel, falam dizendo: Abraão era um só, e herdou a terra; mas nós somos muitos, a terra nos é dada por herança.
25 ``သူတို့အားငါအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား သင်တို့သည်အမဲသားနှင့် အတူသွေးကိုလည်းစားကြ၏။ ရုပ်တုများ ကိုဝတ်ပြုရှိခိုးကြ၏။ လူ၏အသက်ကို သတ်ကြ၏။ သို့ပါလျက်ဤပြည်ကိုသင်တို့ အပိုင်ရပြီဟုအဘယ်ကြောင့်ထင်မှတ် ကြသနည်း။-
25 Portanto, dize-lhes: Assim diz o Senhor DEUS: Comeis com o sangue, e levantais os vossos olhos em direção aos seus ídolos, e derramais o sangue! E possuireis a terra?
26 သင်တို့သည်မိမိတို့၏ဋ္ဌားကိုအားကိုး ကြ၏။ သင်တို့အကျင့်များသည်လည်းစက် ဆုပ်ဖွယ်ကောင်း၏။ လူတိုင်းပင်သူတစ်ပါး ၏အိမ်ရာကိုပြစ်မှားကြ၏။ သို့ပါလျက် ဤပြည်ကိုသင်တို့အပိုင်ရပြီဟုအဘယ် ကြောင့်ထင်မှတ်ကြသနည်း။
26 Sobre a vossa espada vos permaneceis, maquinais abominação, e contaminais cada um a esposa de seu vizinho; e possuireis a terra?
27 ``ပျက်စီးယိုယွင်းလျက်ရှိသောမြို့များတွင် နေထိုင်ကြသူတို့သည်သတ်ဖြတ်ခြင်းခံရ ကြလိမ့်မည်ဖြစ်ကြောင်း၊ ငါအရှင်ထာဝရ ဘုရားသည်အသက်ရှင်တော်မူသောဘုရား အမှန်ပင်ဖြစ်သည့်အတိုင်းသူတို့အားသတိ ပေးလိုက်ကြောင်းပြောကြားလော့။ ကျေးလက် တို့တွင်နေထိုင်သူများသည်တောတိရစ္ဆာန် တို့၏အစာဖြစ်ရကြလိမ့်မည်။ တောင်များ၊ လိုဏ်ဂူများတွင်ပုန်းအောင်းနေကြသူတို့ သည်ရောဂါကြောင့်သေရကြလိမ့်မည်။-
27 Dirás tu a eles: Assim diz o Senhor DEUS: Como eu vivo, certamente aqueles que estão nos desertos cairão à espada, e o que estiver em campo aberto eu o entregarei aos animais, para ser devorado, e aqueles que estiverem nos fortes e nas cavernas morrerão de peste.
28 ငါသည်ထိုပြည်ကိုလူသူဆိတ်ငြိမ်ရာ အရပ်ဖြစ်စေမည်။ ပြည်သူတို့ဂုဏ်ယူဝါ ကြွားရာဖြစ်သည့်တန်ခိုးအာဏာသည် လည်းဆိတ်သုဉ်းသွားလိမ့်မည်။ မည်သူမျှ ဖြတ်သန်းသွားလာမှုမပြုနိုင်လောက်အောင် ဣသရေလတောင်တို့သည်တောရိုင်းဖြစ် လိမ့်မည်။-
28 Porque eu deixarei a terra mais assolada, e a pompa da sua força cessará; e os montes de Israel ficarão assolados, que ninguém passará por eles.
29 ငါသည်လူတို့အားအပြစ်များအတွက်ဒဏ် ခတ်၍ သူတို့၏ပြည်ကိုလူသူဆိတ်ငြိမ်ရာ အရပ်ဖြစ်စေသောအခါ ငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
29 Então, eles saberão que eu sou o SENHOR, quando eu tiver deixado a terra mais assolada, por causa de todas suas abominações que cometeram.
30 ထာဝရဘုရားက``အချင်းလူသား၊ သင် ၏အမျိုးသားတို့သည်မြို့တံတိုင်းများ အနီး၌သော်လည်းကောင်း၊ မိမိတို့အိမ် တံခါးဝများ၌သော်လည်းကောင်း တွေ့ဆုံ မိကြသောအခါသင်၏အကြောင်းကို ပြောဆိုနေကြ၏။ သူတို့ကထာဝရ ဘုရားအဘယ်သို့အမိန့်တော်ရှိသည်ကို ယခုငါတို့သွား၍နားထောင်ကြကုန် အံ့'' ဟု အချင်းချင်းပြောဆိုကြ၏။-
30 Também tu, ó filho do homem, os filhos do teu povo ainda estão falando contra ti junto às paredes e nas portas das casas; e fala um ao outro, cada um a seu irmão, dizendo: Vinde, eu vos suplico, e ouvi qual é a palavra que vem do SENHOR.
31 သို့ဖြစ်၍ငါ၏လူမျိုးတော်သည်သင်ပြန် ကြားရန် ရှိသည့်အမိန့်တော်ကိုနားထောင် ရန်သင့်ရှေ့သို့စုရုံးလာကြ၏။ သို့ရာတွင် သူတို့သည်သင်ပြောသည့်အတိုင်းမလုပ် ကြ။ ချစ်ဖွယ်သောစကားများပြောဆိုနေ ကြသော်လည်းလောဘစိတ်အတိုင်းကျင့် ကြံကြ၏။-
31 E eles vêm a ti, como o povo vem, e se assentam diante de ti, como meu povo, e ouvem as tuas palavras, mas não as cumprirão; porque com sua boca mostram muito amor, mas o seu coração segue a sua cobiça.
32 သူတို့အဖို့မှာသင်သည်အချစ်သီချင်း များကိုသီဆိုတီးမှုတ်ဖြေဖျော်သူကဲ့ သို့ဖြစ်ပေသည်။ သူတို့သည်သင်ပြောသမျှ သောစကားတို့ကိုနားထောင်ကြသော်လည်း တစ်လုံးတစ်ပါဒကိုမျှမလိုက်နာကြ။-
32 E, eis que tu és para eles como uma canção muito adorável, de quem tem uma voz agradável, e que sabe tocar bem um instrumento; porque ouvem as tuas palavras, mas não as cumprem.
33 သို့ရာတွင်သင်၏ဟောကြားချက်မှန်သမျှ သည်မှန်ကန်လာရမည်ဖြစ်သည့်အတိုင်း အကောင်အထည်ပေါ်လာသောအခါ မိမိ တို့အလယ်တွင်ပရောဖက်တစ်ပါးရောက် ရှိနေကြောင်းသူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
33 E quando isto vier a passar (eis que virá), então eles saberão que um profeta esteve no meio deles.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Ezequiel 33, comparar traduções ou montar um estudo — tudo direto pelo WhatsApp.