Ezequiel 26
Common Language Bible (MYA) vs NVI
1 ငါတို့ပြည်နှင်ဒဏ်ခံသောတစ်ဆယ့်တစ်နှစ် မြောက်၊ ပထမလ၊ လဆန်းတစ်ရက်နေ့၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
1 No décimo primeiro ano, no primeiro dia do mês, veio a mim esta palavra do Senhor:
2 ကိုယ်တော်က``အချင်းလူသား၊ တုရုမြို့သား တို့က`ယေရုရှလင်မြို့တံခါးသည်ပျက်ပြုန်း လေပြီ။ ထိုမြို့၌တံခါးများပွင့်လျက်ရှိ၏။ ထိုမြို့သည်ငါတို့နှင့်ပြိုင်ဘက်မဖြစ်တော့ ပြီ' ဟုဝမ်းမြောက်စွာဟစ်အော်ကြွေးကြော် လျက်နေကြ၏။
2 "Filho do homem, visto que Tiro falou de Jerusalém: ‘Ah! Ah! O portal das nações está quebrado, e as suas portas se me abriram; agora que ela jaz em ruínas, eu prosperarei’,
3 ``သို့ဖြစ်၍ယခုငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အချင်းတုရုမြို့၊ ငါ သည်သင်၏ရန်သူဖြစ်၏။ သင့်အားတိုက်ခိုက် ကြစေရန်လူမျိုးတကာတို့ကိုငါခေါ် ဆောင်ခဲ့မည်။ သူတို့သည်ပင်လယ်လှိုင်းလုံး များသဖွယ်သင်ရှိရာသို့ချီတက်လာ ကြလိမ့်မည်။-
3 por essa razão assim diz o Soberano Senhor: Estou contra você, ó Tiro, e trarei muitas nações contra você; virão como o mar quando eleva as suas ondas.
4 သင်၏မြို့ရိုးတို့ကိုဖျက်ဆီး၍ပြအိုးတို့ ကိုဖြိုချကြလိမ့်မည်။ ထိုအခါငါသည် ထိုမြေမှုန့်တို့ကိုလွင့်စေ၍ ကျောက်သား ပကတိကိုသာလျှင်ကျန်ရှိစေမည်။-
4 Elas destruirão os muros de Tiro e derrubarão suas torres; eu espalharei o seu entulho e farei dela uma rocha nua.
5 ပင်လယ်ရေဝိုင်းရံလျက်ရှိသောထိုကျောက် ၏အပေါ်တွင် ရေလုပ်သားတို့ပိုက်ကွန်များ ကိုလှန်းကြလိမ့်မည်။ ဤကားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။ လူ မျိုးတကာတို့သည်တုရုမြို့ကိုတိုက်ခိုက် လုယက်ကြလိမ့်မည်။-
5 Fora, no mar, ela se tornará um local propício para estender redes de pesca, pois eu falei, palavra do Soberano Senhor. Ela se tornará despojo para as nações,
6 ပြည်မရှိမြို့များမှလူတို့ကိုလည်းဋ္ဌား ဘေးသင့်စေကြလိမ့်မည်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်း တုရုမြို့ သားတို့သိရှိကြလိမ့်မည်'' ဟူ၍တည်း။
6 e em seus territórios no continente será feita grande destruição pela espada. E saberão que eu sou o Senhor.
7 အရှင်ထာဝရဘုရားက``ဘုရင်တကာတို့ တွင် အကြီးမြတ်ဆုံးဖြစ်သည့်ဗာဗုလုန် ဘုရင်နေဗုခဒ်နေဇာအား တုရုမြို့ကို တိုက်ခိုက်ရန်ငါခေါ်ဆောင်ခဲ့မည်။ သူသည် ဘုရင်တကာတို့၏ဘုရင်ဖြစ်လျက်၊ မြင်း များစစ်မြင်းရထားများ၊ မြင်းစီးသူရဲ များနှင့်တကွကြီးမားသောစစ်သည် အလုံးအရင်းနှင့်မြောက်အရပ်မှချီ တက်လာလိမ့်မည်။-
7 "Pois assim diz o Soberano Senhor: Do norte vou trazer contra você, Tiro, o rei da Babilônia, Nabucodonosor, rei de reis, com cavalos e carros, com cavaleiros e um grande exército.
8 ပြည်ပရှိမြို့များတွင်နေထိုင်ကြသူတို့ သည်စစ်ပွဲတွင်ကျဆုံးကြလိမ့်မည်။ ရန်သူ များသည်ကတုပ်ကျင်းများကိုတူး၍မြေ ကတုပ်များကိုဖို့ကာဒိုင်းလွှားများကို ကာလျက်သင့်အားတိုက်ခိုက်လိမ့်မည်။-
8 Ele desfechará com a espada um violento ataque contra os seus territórios no continente. Construirá obras de cerco e uma rampa de acesso aos seus muros. E armará uma barreira de escudos contra você.
9 သင်၏မြို့ရိုးတို့ကိုလက်နက်များဖြင့် ထုဖြိုကြလိမ့်မည်။ သင်၏ရဲတိုက်များ ကိုလည်းသံချောင်းများဖြင့်ဖြိုချ ကြလိမ့်မည်။-
9 Ele dirigirá as investidas dos seus aríetes contra os seus muros e com armas de ferro demolirá as suas torres.
10 သူတို့၏မြင်းများကြောင့်လွင့်တက်လာသော မြေမှုန့်တို့သည်သင့်အားဖုံးလွှမ်းလိမ့်မည်။ မြို့တွင်းသို့လူများဝင်သကဲ့သို့ပျက်စီး နေသောမြို့၏တံခါးများကိုဖြတ်၍ မြင်း များလှည်းဆွဲသံ၊ စစ်မြင်းရထားဆွဲသံ တို့သည်သင်၏မြို့ရိုးများကိုတုန်လှုပ် စေလိမ့်မည်။-
10 Seus cavalos serão tantos que cobrirão você de poeira. Seus muros tremerão com o barulho dos cavalos de guerra, das carroças e dos carros, quando ele entrar por suas portas com a facilidade com que se entra numa cidade cujos muros foram derrubados.
11 သူတို့၏မြင်းစီးသူရဲများသည်သင်၏ လမ်းများကိုဖြတ်ကျော်ကာလူတို့အား ဋ္ဌားဖြင့်သတ်ကြလိမ့်မည်။ သင်၏ခိုင်ခံ့ သောကျောက်တိုင်များသည်မြေပေါ်သို့ ပြိုလဲကြလိမ့်မည်။-
11 Os cascos de seus cavalos pisarão em todas as suas ruas; ele matará o seu povo à espada, e as suas resistentes colunas ruirão.
12 ရန်သူများသည်သင်၏ဥစ္စာဘဏ္ဍာနှင့်ကုန် ပစ္စည်းများကိုသိမ်းယူကြလိမ့်မည်။ အုတ် နံရံများကိုဖြိုချ၍ သင်၏လှပသော အိမ်များကိုဖြိုဖျက်ကြလိမ့်မည်။ သင်တို့ ၏ကျောက်များ၊ သစ်သားများနှင့်အိမ် အပျက်အစီးများကိုပင်လယ်ထဲသို့ ပစ်လိမ့်မည်။-
12 Despojarão a sua riqueza e saquearão os seus suprimentos; derrubarão seus muros e demolirão suas lindas casas, e lançarão as suas pedras, o seu madeiramento e todo o entulho ao mar.
13 သင်၏သီချင်းသံများ၊ စောင်းသံများကို ငါရပ်စဲစေမည်။-
13 Porei fim a seus cânticos barulhentos, e não se ouvirá mais a música de suas harpas.
14 ရေလုပ်သားတို့ပိုက်ကွန်လှန်းရန်ကျောက် သားပကတိကိုသာလျှင်ချန်ထားမည်။ မြို့ကိုအဘယ်အခါမျှပြန်လည်တည် ဆောက်ရမည်မဟုတ်ဟု ငါထာဝရဘုရား မိန့်တော်မူ၏။ ဤကားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။''
14 Farei de você uma rocha nua, e você se tornará um local propício para estender redes de pesca. Você jamais será reconstruída, pois eu, o Senhor, falei, palavra do Soberano Senhor.
15 တုရုမြို့အားအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား``သင့်အားရန်သူတို့တိုက် ခိုက်အောင်မြင်နေချိန်၌ အသတ်ခံရသူတို့ နှင့်ဒဏ်ရာရသူတို့အော်ဟစ်သံများကြောင့် ပင်လယ်ကမ်းခြေတစ်လျှောက်တွင်နေထိုင် ကြသူတို့သည်ကြောက်လန့်တုန်လှုပ်ကြ လိမ့်မည်။-
15 "Assim diz o Soberano Senhor a Tiro: Acaso as regiões litorâneas não tremerão ao som de sua queda, quando o ferido gemer e a matança acontecer em seu meio?
16 ပင်လယ်ရေကြောင်းခရီးသွားလာသော နိုင်ငံတို့၏ဘုရင်အပေါင်းသည်ရာဇပလ္လင် များပေါ်မှဆင်းကြကာ မိမိတို့၏ဝတ်လုံ များနှင့်ပန်းထိုးထည်များကိုချွတ်၍ မြေ ပေါ်တွင်တုန်လှုပ်လျက်ထိုင်ကြလိမ့်မည်။ သင် တွေ့ကြုံရသည့်ကံကြမ္မာကိုမြင်၍ သူတို့ သည်အံ့အားသင့်လျက်အဆက်မပြတ် တုန်လှုပ်နေကြလိမ့်မည်။
16 Então todos os príncipes do litoral descerão do trono e porão de lado seus mantos e tirarão suas roupas bordadas. Vestidos de pavor, se assentarão no chão, tremendo a todo instante, apavorados por sua causa.
17 သို့ဖြစ်၍သူတို့သည်သင့်အားရည်စူး ကာငိုခြင်းသီဆိုသည်မှာ
17 Depois entoarão um lamento acerca de você e lhe dirão: " ‘Como você está destruída, ó cidade de renome, povoada por homens do mar! Você era um poder nos mares, você e os seus cidadãos; você impunha pavor a todos que ali vivem.
18 ယင်းမြို့ပြိုလဲသောနေ့၌ကမ်းခြေဒေသ တို့သည် တုန်လှုပ်ကြကုန်၏။
18 Agora as regiões litorâneas tremem no dia de sua queda; as ilhas do mar estão apavoradas diante de sua ruína’.
19 အရှင်ထာဝရဘုရားက``ငါသည်သင့်အား လူသူမနေသည့်မြို့ပျက်များကဲ့သို့ဖြစ်စေ မည်။ သမုဒ္ဒရာရေကိုယူဆောင်ခဲ့၍ ပင်လယ်ရေ ဖြင့်ဖုံးလွှမ်းစေမည်။-
19 "Assim diz o Soberano Senhor: Quando eu fizer de você uma cidade abandonada, como uma cidade inabitável, e quando eu a cobrir com as vastas águas do abismo,
20 ရှေးပဝေသဏီအခါကအသက်ရှင်ခဲ့ ကြသူတို့နှင့်အတူနေထိုင်ရန် သင့်အား မြေအောက်မရဏာနိုင်ငံသို့ပို့ဆောင်မည်။ ငါသည်သင့်အားထိုမြေအောက်လောကရှိ ထာဝစဉ်ယိုယွင်းပျက်စီးလျက်နေသည့် အရပ်၌မြေတွင်းထဲတွင်နေစေမည်။ သင် သည်ထိုအရပ်မှအဘယ်အခါ၌မျှ အသက်ရှင်သူတို့ရှိရာအရပ်သို့ပြန် လာရလိမ့်မည်မဟုတ်။-
20 então farei você descer com os que descem à cova, para fazer companhia aos antigos. Eu a farei habitar embaixo da terra, como em ruínas antigas, com aqueles que descem à cova, e você não voltará e não retomará o seu lugar na terra dos viventes.
21 ငါသည်သင့်ကိုကြောက်လန့်ဖွယ်ရာဇာတ် သိမ်းခန်းရောက်ရပေတော့အံ့။ လူတို့သည် ရှာသော်လည်းသင့်ကိုတွေ့ရတော့မည်မ ဟုတ်'' ဟုမိန့်တော်မူ၏။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
21 Levarei você a um fim terrível e você já não existirá. Você será procurada, e jamais será achada, palavra do Soberano Senhor".
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Ezequiel 26, comparar traduções ou montar um estudo — tudo direto pelo WhatsApp.